Comment ထဲ ဘာကြောင့် ပုံထည့်မရတာလဲ … ?

ကျနော်တို့ ကွန်မန့်တွေ ပေးကြတဲ့အခါ ပြုံးမဲ့နေတဲ့ ပုံလေးတွေထည့်ဖို့ကတော့ လွယ်ကူပါတယ်။ ကျနော်တို့ တကယ့် ပုံကို ထည့်ချင်တဲ့အခါကျတော့ ထည့်လို့မရပါဘူး။ ထည့်လည်း မထည့်တတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး “သဂျီးကို စိတ်ဆိုးနေသည်” ဆိုတဲ့ ပို့စ်နဲ့ သဂျီးကို အတိအလင်း မေးခဲ့ပါတယ်။ အဲဒီမှာ သဂျီးက အကျိုးသင့် အကြောင့်သင့် ပြောပြသင့်ပေမယ့် မပြောခဲ့ပါဘူး။

အင်တာနက် ဝက်ဘ်ဆိုက်တွေထဲမှာ ပုံထည့်ချင်တဲ့အခါ သူ့ရဲ့ code က <img src=”ပုံရဲ့တည်နေရာ(URL)”> ဖြစ်ပါတယ် …။ အစ ပထမက ကျနော် ဒီ code နဲ့ ကွန်မန့်ထဲမှာ ထည့်ပြီး မန့်ကြည့်ခဲ့တယ်။ သို့ပေသိ ပုံက ပေါ်မလာပါဘူး။ အလျဉ်းသင့်တုန်း ပြောရရင် ကိုယ့်ရဲ့ ကွန်မန့်ထဲမှာ စာလုံးကို အနက်ခြယ်ချင်ရင် ကိုယ် အနက်ခြယ်ချင်တဲ့ စာလုံးတွေကို <b> နဲ့ </b> ကြားမှာ ထားပြီး ရေးရပါတယ်။ ဒါကတော့ မသိသေးသူ၊ code တွေနဲ့ မရင်းနှီးတဲ့ သူတွေအတွက်ပါ။

မနေ့ညကတော့ comment ထဲ ပုံထည့်မရတဲ့ ပြဿနာကို ရှာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတာလည်း တွေ့ခဲ့ပါတယ်။ ဒါကြောင့် အခု comment ထဲမှာ သဂျီးလို ပုံထည့်ချင်တဲ့ ရွာသူားတွေ သိစေရန် ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်တို့ ဂေဇက် ဝက်ဘ်ဆိုက်ကြီးဟာ opening source ကြီး တစ်ခုဖြစ်တဲ့ WordPress ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ ဝက်ဘ်ဆိုက်ကြီး တစ်နည်းအားဖြင့် ဘလော့ဂ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီဂေဇက်မှာ ကျနော်တို့က မန်ဘာဝင်ပြီး ရေးနေကြသူတွေ ဖြစ်ပါတယ်။ သဂျီးကတော့ မန်ဘာ မဟုတ်တော့ဘူး၊ အုံနာ အဆင့်ပေါ့ဗျာ။

WordPress မှာ user အမျိုးအစား (၅) မျိုး ခွဲခြားထားပါတယ်။ ဒါတွေကတော့ –
1. Administrator
2. Editor
3. Author
4. Contributor
5. Subscriber

ဒါတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အောက်ဆုံးကနေ ပြောရရင် Subscriber အမျိုးအစား user တွေက ကျနော်တို့လို Post တွေ တင်လို့မရဘူး။ မန်ဘာ ဝင်ထားတယ် ဆိုရုံ user တွေ ဖြစ်ကြပါတယ်။ အဆင့်အနိမ့်ဆုံး user တွေပါ။ နောက်တစ်ခု Contributor user အမျိုးအစားက Post တွေ တင်လို့ရတယ်။ ဒါပေမယ့် သူ့မှာ ပြန်လည် ပြင်ဆင်ခွင့် မရှိပါဘူး။ ပို့စ် တင်ရုံသာ တင်ခွင့်ရှိတဲ့ user တွေ ဖြစ်ပါတယ်။ ကျနော်တို့ ဂေဇက်က မန်ဘာ အသစ်တွေကို အဲဒီလို user အမျိုးအစား အဖြစ် သတ်မှတ်ပေးပါတယ်။

နံပါတ် (၃) က Author user အမျိုးအစားကတော့ သူက သူတင်တဲ့ ပို့စ်တွေကို ပြန်လည် ပြင်ဆင်ခွင့် ရှိတဲ့ user အမျိုးအစားတွေ ဖြစ်ပါတယ်။ သဂျီးက ရာထူး တိုးပေးတယ်ဆိုတာ Contributor အဆင့်ကနေ Author အဆင့်ကို တိုးမြှင့် ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပို့စ်တွေကို ပြန်လည် ပြင်ဆင်လို့ရအောင်ပေါ့။ အခု ကျနော်ဟာ သဂျီး ကောင်းမှုနဲ့ အဲဒီ Author user တစ်ယောက် ဖြစ်လို့နေပါပြီ။

နောက် နံပါတ် (၂) နဲ့ နံပါတ် (၁) ဖြစ်တဲ့ Editor တွေနဲ့ Administrator ကတော့ အဆင့်မြင့်သွားပါပြီ။ ဂေဇက် ဝက်ဘ်ဆိုက်ကြီးရဲ့ အသွင်အပြင်ကိုတောင် သူတို့က ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်။ ဒီနေရာမှာ ကျနော် ပြောချင်တဲ့ အပိုင်းကို ရောက်လာပါပြီ။

Comment ထဲ ပုံတွေ ထည့်တာနဲ့ ပတ်သက်ပြီး ကျနော် ညက localhost မှာ ကလိကြည့်နေခဲ့ပါတယ်။ internet မရှိတော့ မရှိ ရှိတာလေးနဲ့ ဖြစ်သလို ကလိရတာပေါ့။ အဲလို ကလိလိုက်တော့ (comment ထဲမှာ ရိုးရိုးစင်းစင်းပဲ ပုံထည့်တဲ့ code ထည့်ပဲ မန့်လိုက်တာပါ) ပုံက ပေါ်လာပါတယ်။ အစကတော့ နည်းနည်းတော့ အံ့ဩမိသွားတယ်။ တစ်ကယ့် ဝက်ဘ်ဆိုက်ပေါ်မှာကျတော့ မပေါ်ဘဲနဲ့ localhost မှာကျတော့ လာပေါ်ရသလားပေါ့။

ဒါနဲ့ ဘာဖြစ်လို့လဲ ….၊ WordPress ရဲ့ Theme ကြောင့်လား ဆိုပြီး Theme ပြောင်းကြည့်တယ် …။ ကွန်မန့်ထဲက ပုံကတော့ ပေါ်မြဲ ပေါ်လျှက်ပါပဲ …။ အဲဒီမှာ ဘာကြောင့်လဲ ဆိုတာကို ထပ်ပြီး စဉ်းစားနေရင်း User သဘောတရားကြောင့်လား ဆိုပြီး တွေးလိုက်မိပါတယ်။ အဲဒီမှာပဲ စတွေ့တော့တာပါပဲ …။

Localhost မှာ run နေတဲ့ ဝက်ဘ်ဆိုက်မှာတော့ ကိုယ်က တည်ဆောက်သူဆိုတော့ အမြင့်ဆုံး ရာထူးဖြစ်တဲ့ Administrator ဖြစ်နေတာပေါ့ဗျာ။ ဒါနဲ့ နောက်ထပ် ကျန်တဲ့ user အမျိုးအစား လေးခုကို တစ်ခုချင်း လိုက်စမ်းသပ်ကြည့်ခဲ့ပါတယ်။ စမ်းသပ်တယ်ဆိုတာ comment ထဲမှာ ပုံထည့်တဲ့ code ကို ထည့်သွင်းပြီး မန့်တာကို ပြောတာပါ။

အဲဒီမှာ Contributor ရော Author user တွေနဲ့ စမ်းပေးကြည့်တဲ့ ကွန်မန့်တွေမှာ ပုံ မပေါ်ဘဲနဲ့ Editor နဲ့ Administrator တွေနဲ့ စမ်းပေးကြည့်တဲ့ ကွန်မန့်တွေမှာတော့ ပုံတွေက ကွန်မန့်ထဲ ပေါ်တာကို တွေ့ရပါတယ်။ ပုံထည့်တဲ့ code စာကြောင်းကတော့ အတူတူချည်း ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော် အပါအဝင် ကွန်မန့်ထဲ ပုံထည့်ဖို့ စိတ်ဝင်စားနေကြတဲ့ ရွာသူားအပေါင်း Editor အဆင့် မရောက်သေးသရွှေ့ ကွန်မန့်ထဲ ဘယ်ပုံမှ ထည့်လို့ ပေါ်လာမှာ မဟုတ်ပါဘူး။ ပြုံးရယ်ဟားမဲ့ နေတဲ့ ပုံလေးတွေတော့ မပါဘူးပေါ့နော်။

ကျနော် ရေးထားတာတွေထဲမှာ မရှင်းတာတွေ ရှိခဲ့ရင်တော့ ထောက်ပြပါ၊ မေးကြပါလို့။ ကျနော် သိသလောက် ပြန်လည် ရှင်းလင်းသွားပါမယ် ဆိုတဲ့အကြောင်း ပြောကြားရင်း … ကဲဗျာ … ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

ခင်မင်စွာဖြင့်
အံစာတုံး

21 comments

  • water-melon

    March 11, 2012 at 12:00 pm

    ဟီး ဟီး ဟီး ဟီး 😥
    သူဂျီးလိုအဆင့်ရောက်မှလား
    ဟွန့် ဒီလိုမှန်းသိရင် မနေ့က အပင်ပန်းခံ ခေါင်းမူးခံပြီး မရှာပါဘူး
    တော်တော်ဆိုးတဲ့ လူဆိုး :mrgreen:
    တောင်မအံရေ တိုင်းခရူးအေ့

    Reply

    • သဂျီးလို အဆင့်ထိ လိုပါဘူး ဗြဲသီးရယ် …
      ဒို့သဂျီးက ထိပ်ဆုံးမှာ တစ်ပွေတည်း နေတဲ့ သဂျီး ..
      သူ့အောက်က အဆင့် ရောက်တာနဲ့တင် ရပါတယ် …
      ဂယ်လို့ အဲဒီ အဆင့် ရောက်ခဲ့ရင်လည်း မတော်တဆ သဂျီးက အီးပေါက်လိုက်မှဖြင့် ..
      ဗူ .. ပု .. ပူ .. ရှူး … ဒိုင်း … ဂွမ်း .. 😀

      Reply

  • ဆူး

    March 11, 2012 at 12:20 pm

    စမ်းပြီးတာ ကြာပေါ့..
    ဆူး ပိုစ်မှာ သဂျီး ပုံလာတင်လို့ ပုံ ရဲ့ ကုတ် ကို ရှာပြီး စမ်းကြည့်တာ ဘာမှ မထူးခြား (ပုံမပေါ်)
    အဲဒီ မှာကတည်းက သဘောပေါက်တယ်။

    Reply

  • Gipsy

    March 11, 2012 at 12:32 pm

    3. Author အဆင့်ရောက်အောင် ကြိုးစားကြည့်ချင်သလို ဖြစ်လာပြီ …၊
    ကျုပ်ကလဲ စာအရေးအသား အတွေးအခေါ်တွေ စုတ်ပြတ်သတ်နေလေတော့
    ရေးစရာ ပို့စ်တွေလဲ ဗလာနတ္ထိ…၊
    Mandalaygazette မှာ Post တွေ Comment တွေ ရေးနေခဲ့ တာ (၁) နှစ် ရှိပါပြီ…၊
    Admin Kai ပြောတဲ့ အတိုင်း ဇရာ ( သက်တမ်း) မဟုတ် သဘာ ဖြစ်မှသာလျှင် တဲ့….၊
    ဆိုတော့ကာ ….
    ဟေ့ယောင် Gipsy မင်း ကြိုးစား ၊ စားလို့ မရရင် မြိုချ ကွာ …၊ 😥

    Reply

    • ဟိုက်ရှလပါး ..
      ကြိုးစားထားကွ Gipsy ရ..
      မြိုတော့ မချနဲ့နော် ..
      မတော် လည်ချောင်းမှာ အရိုးကြီး ကန့်လန့်လာခံနေမှဖြင့် …
      😀

      Reply

      • Gipsy

        March 11, 2012 at 10:08 pm

        ဟဟ ဟုတ်ဖူးလေဗျာ …၊ Yin Nyine Nway ရေးထားတဲ့ ပို့စ်ထဲ ကလို
        စုန်း အတတ်နဲ့ ဗြုံးကနဲ ဂါထာရွတ် သေးအောင်လုပ်ပြီးမှ မျိုမလို့ပါ …။
        မနောက်ပါနဲ့ ဦးလေးရယ် …။ 🙂

        Reply

        • Gipsy

          March 11, 2012 at 10:10 pm

          ကျန်နေခဲ့လို့……၊
          … ခင်တဲ့ Gipsy …

  • ကြောင်ကြီး

    March 11, 2012 at 12:40 pm

    အလွယ်ဆုံးနည်းကတော့ သဂျီးသမီးကို ရအောင်ယူဂျပါ… ဒါဆိုရင် အယ်ဒီတာသမက်ဖြစ်လို့ ကြိုက်တာအကုန် လုပ်ခွင့်ရှိပါတယ်…။ ဒက်ကလုပ် ဒက်ကလုပ်….။

    Reply

    • water-melon

      March 11, 2012 at 12:42 pm

      သူကြီးသမီးက ဝါဆိုလို ချောလား တင်းလား ဖြောင့်လား စင်းလား
      တိုတိုကြောင် 😀

      Reply

      • သဂျီး သမီးက ..
        ဖြောင့်လည်း ဖြောင့်တယ် ..
        တောင့်လည်း တောင့်တယ် …
        ခြေသလုံးကလည်း ဆင်ခြေလုံးလောက် ရှိသတဲ့ … 😀

        Reply

  • htoosan

    March 11, 2012 at 12:40 pm

    ကျေးကျေးပါ အံဇာရေ။ ကိုယ် highlight လုပ်ချင်တာလေး ဘိုးလ်ဘဲဖြစ် ဖြစ် ဖရဲသီးလို နောက်ခံ အဖြူလေးဖြစ်ဖြစ်လုပ်တတ်ရင် တော်ပါပြီ။ ပုံ မတင်ရတာ ပြဿနာ မရှိပါဘူး ။ ဒါပေမဲ့ ကိုယ်တွေ ဒီလိုလုပ်ရင် သူကြီးမှာ ဘာဒုက္ခ တက်လာမလည်းဆိုတာလည်း ပူရသေးတယ် ။ ဥပမာ .. memory တွေ စားကုန်မလားပေါ့ ။ ကွန်ပြူတာ ဆိုတာ လက်နဲ့ ရိုက်ရင် စာလုံးပေါ်တယ်ဆိုတာလောက်ဘဲ သိတဲ့ ကျွန်တော်တို့ ကတော့ သိပ် မပူဆာရဲဘူးရယ ်.. 😀

    Reply

    • ကိုထူးဆန်းရေ ..
      ဒီရွာကြီးမှာတော့ သဂျီးက မိဘ၊ ကျုပ်တို့က သားသမီးတွေ ..
      ဒီတော့ မိဘကို သားသမီးက ပူဆာတာ အပြစ်မှ မဟုတ်တာ …
      ပူဆာတာကို လိုက်လျောတာ၊ မလိုက်လျောတာက မိဘ အပေါ် မူတည်တာပဲ …
      ကျုပ်ကတော့ သဂျီးကို အမြဲတမ်း ပူဆာနေမှာပဲ .. ကလေးဆိုးကြီးပေါ့ .. အဟီး .. 😀
      နောက် မန်မိုရီတွေ ဘာတွေလည်း ထည့်တွက် မနေပါနဲ့ဗျာ .. သဂျီးက သဋ္ဌိန်းပါဗျ .. ဟုတ်တယ်နော် သဂျီး 😀

      Reply

  • padonmar

    March 11, 2012 at 1:18 pm

    Bold လုပ်လို့ရတဲ့နည်း ပြောပြတာကျေးကျေး။
    သူကြီးနှယ် ရှင်းရှင်းပြောလိုက်ပြီးရော။
    ဖရဲ ရွာလည်နေတာနဲ့ ပိုွင့်တွေတောင် လျော့သွားရှာပြီ။
    ကွန်မန့်ထဲ quote လုပ်တာလေးရှာပေးပါအုံး။
    အန်တီတို့ log in တော့ S2 member ဆိုတာ ဘာလဲ၊
    အရင်က Citizen Journalist တဲ့။

    Reply

    • အန်တီ ပဒုမ္မာရေ ..
      ကွန်မန့်ထဲ quote လုပ်တာလေးက ဒီလို လေးလားလား သိဘူး

      ဟုတ်တယ် ဆိုရင်တော့ …
      <blockquote> နဲ့ </blockquote> ကြားမှာ ကိုယ်လုပ်ချင်တဲ့ စာသားတွေကို ထားရေးလိုက်ပါလို့ ..။

      ခင်တဲ့ .. အံစာတုံး

      Reply

  • ချစ်ရင်ထူးနှစ်

    March 11, 2012 at 3:49 pm

    ကျေးဇူးတင်ပါတယ် ခင်ဗျာ.. ခုလိုပြောပြပေးလို့
    ကျွန်တော်လဲ သိချင်နေတာ ကြာပါပြီ ..
    5 ကြောင်းမြောက်မှာလေ “သူကြီးကို စိတ်ဆိုးနေသည် ” အဲဒါလေး ကရော ဘယ်လိုရေးတာလဲ ဟင်…

    Reply

    • 5 ကြောင်းမြောက်မှာလေ “သူကြီးကို စိတ်ဆိုးနေသည် ” အဲဒါလေး ကရော ဘယ်လိုရေးတာလဲ ဟင်…

      ဒါက ကျနော် ရိုးရိုးပဲ ရေးထားတာပါ ကိုချစ်ရေ …
      အဲ … ထူးခြားတာကတော့ အဲဒီ စာကို Link ထည့်ထားတာပါ။ ဒါကြောင့် ပုံစံက တခြားစာတွေကြားမှာ ထူးခြားပေါ်လွင်နေတာပါ …။

      Reply

  • Soe Min Thu

    March 11, 2012 at 4:06 pm

    bold (bold) ဆိုတဲ့စာလုံးလေးကို bold လုပ်ကြည့်တာပါ။ မှန်လားတေ့ာ မသိဘူး။ နောက်ပြီးတော့ တခြား website တွေ (eg. facebook ) မှာ ကော အဲလိုပဲ bold လုပ်လို့ရလား။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ member အသစ်ပါ။ post လည်း တစ်ခုမှ မတင်ဖူးပါဘူး။ gazette ကို တော့ ပုံမှန်အားပေးဖြစ်ပါတယ်။

    Reply

    • ကိုစိုးမင်းသူရေ ….
      မန်ဘာ အသစ်ဆိုတော့ ပထမဆုံး အနေနဲ့ ကျနော် နွေးထွေးစွာ ကြိုဆိုပါတယ်လို့ ပြောပါရစေ …
      bold လုပ်တာလေးက မှန်ပါတယ် ခင်ဗျာ …
      facebook ရဲ့ update status မှာတော့ အခု ကျနော် စမ်းကြည့်လိုက်တာ မရဘူး ခင်ဗျ …။
      ဒါပေသိ ဝက်ဘ်ဆိုက် အတော်များများမှာတော့ ဒီလို code တွေကို လက်ခံပါတယ် ခင်ဗျ ..။
      ပို့စ်တွေလည်း တင်ပါဦးလို့ ….။

      ခင်တဲ့ … အံစာတုံး

      Reply

  • mg mg

    March 11, 2012 at 8:43 pm

    ကိုကြောင်ကြီး အားပေးနေတယ်၊ အဆင်ပြေလျင်မမေ့ပါနဲ့

    Reply

  • manawphyulay

    March 12, 2012 at 1:34 pm

    အင်း ဒီပြင်ဖိုရမ်တွေမှာတော့ ကော့မန့်တွေအတွက် အဆင်ပြေအောင် ပုံတွေကို တင်ခွင့်ပေးထားတယ်။ ဒီမှာက ပိတ်ထားတော့ တင်လို့မရဘူးပေါ့။

    Reply

  • etone

    March 12, 2012 at 3:10 pm

    အော… ကို အံစာတုံးပြောပြမှပဲ .. သိတော့တယ် … ။ ဒါကြောင့် ဟိုးတစ်လောက .. ပို့စ်အက်ဒစ်လုပ်ချင်လို့ …လာမေးတဲ့ ရွာထဲက တစ်ယောက်ကို …. အောက်ဆုံးထောင့်မှာရှိတယ်လို့ ပြောလိုက်တာ … ။ သူက မရဘူး ၊ မတွေ့ဘူးတဲ့ … ကိုယ်ကလည်း ရတယ် သေချာကြည့် ဆိုင်း အောက်လုပ်ပြီး .. ဆိုင်းအင်လုပ်ကြည့်စတာတွေနဲ့… ပွားလိုက်သေးတယ် … ။ နောက်တော့ …ကိုယ်ပြောသလို သူလည်း လုပ်မရတာနဲ့ ဒီတိုင်း … ထားလိုက်ရသတဲ့ … ။ 😛

    Reply

Leave a Reply

Your email address will not be published.