Wai PhyoeFebruary 21, 20121min02
အမေရိကန် ကွန်ဂရက် လွှတ်တော် (Capitol) ကို အသေခံ ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် မော်ရိုကန် လူမျိုး အမိုင်း အယ်(လ) ခါလီဖာ (Amine El Khalifi ) FBI တန်ပြန် အကြမ်းဖက် အဖွဲ ့ က ဖမ်းဆီး နိုင်ခဲ့ သည်။ ကနဦး တရား ရုံး တွင် စစ်ဆေး မှု အရ ၎င်း သည် လူ အသေအပျောက် များ စေနိုင် သည့် ပေါက် ကွဲ စေတတ် သော လက်နက် ခဲယမ်း များ သယ်ဆောင် လာ သည် […]


Moe ZFebruary 21, 20121min034
မိဘများသည် မိမိတို့ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေရန်၊ ပညာရေးအဆင့်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ငယ်စဉ်ကပင် မူကြိုကျောင်းများသို့ပို့ကြပါသည်။ မိဘအများစုသည် မိမိတို့နေထိုင်ကြီးပြင်းခဲ့ရသော စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုများနှင့်၊ ညွှန်ကြားမှုအတိုင်းလုပ်ဆောင်ရသော ကျောင်းပတ်ဝန်းကျင်များကိုသာ  နှစ်ခြိုက်ကြပါသည်။ အဆော့သန်သောကလေးများက မိဘများကိုစိတ်ပျက်စေပါသည်။ အံ့ဩစရာကောင်းသောအချက်မှာ ကလေးစိတ်ပညာရှင်များ၏ ကစားခြင်းသည် အကျိုးမဲ့သက်သက်အချိန်ဖြုန်းခြင်းမဟုတ်ဟူသော အဆိုပင်ဖြစ်ပါသည်။ ပညာရှင်များ၏ သုတေသနပြုချက်များအရ ကစားခြင်းသည် ကလေးများအတွက် သင်ယူရာတွင် အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည်ဟုဆိုပါသည်။ကလေးများသည်ကစားနည်းများမှ သူတို့ကိုယ်တိုင်အကြောင်း၊ အခြားသူများနှင့် ပတ်ဝန်းကျင် ကမာ္ဘလောက အကြောင်းကို အခြေခံအကျဆုံးသင်ယူနိုင်ပါသည်။ ကစားခြင်းက ကလေးများ၏ဦးနှောက်ကို ပုံသွင်းတည်ဆောက်ပေး ပါသည်။ အာရုံကြောများ၏ ဆက်နွယ်ဖွဲ့စည်းမှုများကိုလည်း ပို၍သိပ်သည်းအားကောင်းစေပါသည်။ ဦးနှောက်ဆဲလ်များသည် လေ့လာသင်ယူနေသည်နှင့်အမျှ ပို၍သန်မာကြီးထွား ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ကစားခြင်းသည် ကလေးများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံမှကလေးတိုင်း ကစားကြပါသည်။ ကစားနည်းအမျိုးမျိုးရှိကြသလို ကလေးများအား လွတ်လပ်စွာကစားစေခြင်းက […]


PareByokeFebruary 20, 201221min00
  ကနေဒါနိုင်ငံမှာ  နဂါး နှစ် ကြို တံဆိပ်ခေါင်းများ ကို တခမ်း တနား နဲ့ ဖွင့်လှစ်ပြီး ရောင်းကြတယ်  ဒိအပြင် နဂါး တံဆိပ်ပါ ငွေဒင်းဂါး တွေကိုလဲရောင်းကြတယ် နှစ်စဉ်နှစ်တိုင်း အရောင်း သွက် ပြီး လူကြိုက်များ တယ်   Canada  ထုတ်တံဆိပ်ခေါင်းများ      ၂ နှစ်လောက် အချိန်ယူ သုတေသန လုပ်ပြီးမှ နဂါးတံဆိပ်ခေါင်း ဒီဇိုင်းစွဲ တဲ့ပန်းချီ ဆရာ Louis Fishauf   Year of the Dragon stamps unveiled | Toronto & GTA | News | Toronto Sun […]


Wai PhyoeFebruary 19, 20121min015
ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြောင့် ယခုလ ရ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။ “ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ […]


weiweiFebruary 18, 20123min037
ဒီကနေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ILBC Preschool Annual Concert ကို သွားကြည့်ရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ဖြစ်ပါတယ် … နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာမှ အမျိုးသားဇာတ်ရုံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ် … ကျောင်းသားတွေ မိဘတွေ အဘိုးအဘွားနဲ့ ဆွေမျိုးတွေ ပျော်ရွှင်ဂုဏ်ယူနေတဲ့ အပြုံးတွေနဲ့ ပျော်စရာ ကျောင်းကပွဲလေးတစ်ခုဖြစ်ခဲ့ပါတယ် … ဦးဦးပါလေရာရဲ့ ဘယ်ကျောင်းမှာထားမှာလဲဆိုတဲ့ပို့စ်နဲ့ အနဲငယ်ဆက်စပ်တွေးနိုင်တာမို့ တိုက်ဆိုင်တာနဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ် … we are STRONG, we are PROUD, we are ILBC.


PareByokeFebruary 18, 201219min02
ကုလသမဂ္ဂ ထုတ်တံဆိပ်ခေါင်း Australia  ထုတ်တံဆိပ်ခေါင်းများ   The 2012 Lunar New Year – Year of the Dragon stamp issue features the revered Dragon from Chinese legend. The Year of the Dragon is considered the luckiest and those born in that year are likely to be brave, tempestuous, powerful, wise and perfectionists. The stamps show the development of […]


Wai PhyoeFebruary 18, 20121min011
     ဘန်နက်တန်ကတော့ အဲဒီကန်ပိန်းကြော်ငြာပုံတွေက မုန်းတီးမှုတွေကို ဆန့်ကျင်တွန်းလှန် တိုက်ဖျက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ခေါင်းဆောင် အလက်ဇန္ဒရို ဘန်နက်တန်က “အနမ်းဆိုတာက ချစ်ချင်းမေတ္တာရဲ့ သင်္ကေတဆိုတာ တကမ္ဘာလုံးကလူတွေသိပါတယ်၊ ကျနော်တို့အဓိကပေးချင်တဲ့ သတင်းစကားက ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆွေတွေကြားမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာတရားတွေ ထားရှိကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုဖြန့်ချီရတာဖြစ်တယ်” လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးတို့ နမ်းရှိုက်နေတဲ့ပုံကိုတော့ အီတလီနိုင်ငံရဲ့မြို့တော် ရောမမြို့ထဲက တံတားပေါ်မှာ လွင့်ထူချိတ်ဆွဲထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားကမ္ဘာကျော် ခေါင်းဆောင်တွေ နမ်းရှိုက်နေကြတဲ့ပုံတွေကိုလည်း အီတလီနိုင်ငံရဲ့ တခြားမြို့တွေမှာ ချိတ်ဆွဲခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ အဲဒီပုံတွေထဲကမှ မီလန်မြို့မှာဆို အမေရိကန်သမ္မတ အိုဘားမားနဲ့ ဗင်နီဇွဲလားသမ္မတ ဟူဂိုရှာဗဲစ်၊ ပြီးတော့ အိုဘားမားနဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း၊ အစ္စရေး […]


        ဤစာရေးဖြစ်ခြင်း၏အကြောင်းရင်းကား   တခုတည်းသာ.. ဦးပါလေရာတယောက် စာအလွန်ရေးချင်နေသောကြောင့်သာတည်း။ အခြေအနေပေးလျှင်ပေးသလို လွန်စွာစကားများလှသော ဦးပါလေရာသည် မန်းဂေဇက်တည်းဟူသောရွာသို့ ဝင်ရောက်လည်ပတ်ရာ၌လဲ သူများရေးတာငြိမ်ငြိမ်ဖတ်ရုံဖြင့်အားမရ- မိမ်ိဉာဏ်တစ်ထွာတမိုက်မျှဖြင့် ဟိုစပ်စပ်သည်စပ်စပ် ရေးချင်ပြောချင်ပြန်သေးသည်။   ထို့ကြောင့် ရေးရန်အကြောင်းရှာ၏။ ဘာအကြောင်းရေးရပါ့မလဲ ?? သူများကို အပြစ်ပြောခြင်းနှင့် သူများကိုဩဝါဒပေးခြင်း တည်းဟူသော လောကတွင်အလွယ်ဆုံးအလုပ်နှစ်မျိုးရှိလေရာ ဒုတိယအမျိုးအစားကိုကားမလုပ်ဝံ့..။ ဒီဆိုက်ထဲဝင်ဖတ်မိကတည်းက ဒီရွာသားတွေ နှယ်နှယ်ရရမဟုတ်မှန်းလောက်တော့ ခန့်မှန်းမိပါ၏။ ထို့ကြောင့် ပထမအမျိုးအစားကို ရွေးချယ်ရန် အားထုတ်၏။ အမြင်မတော်သော ဌာနများကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုရန် ဟန်ပြင်၏။   သို့ရာတွင်- မဖြစ်သေး …. ဦးပါလေရာကား သူ့သူငယ်ချင်းနှစ်ဦးဖြစ်သော ရဲဘော်ဟောင်း နှင့် ဗေဒင်ဆရာ တို့ကဲ့သို့ သေသေဝပ်ဝပ်နေသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်းမင်လှသဖြင့် ဟိုလူနှင့်တွေ့ချင် ဒီလူနှင့်တွေ့ချင် […]


Wai PhyoeFebruary 17, 20121min00
ချင်းမိုင် (မဇ္ဈိမ) ။        ။ သံဃာအပါး ၉၀ဝ ကျော်ရှိသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်၏ တိုက်ကြပ်ဆရာတော်ဖြစ်သည့် ရွှေညဝါ ဆရာတော် (ခေါ်) အရှင်ပညာသီဟက မိမိကို ကျောင်းတိုက်မှ ဖယ်ရှားခိုင်းခြင်းသည် စာသင်သား သံဃာများနှင့် သာသနာပြုလုပ်ငန်းများအတွက် အခက်တွေ့စေနိုင်ကြောင်း ကွန်ပျူတာ အသုံးအနှုန်းဖြင့် “ကျုပ်ကို Hack (ကွန်ပျူတာ ထဲသို့ဝင်ရောက် အချက်အလက်များ ခိုးယူ၊ ဖျက်ဆီးပစ်ခြင်း) ချင်ရင် ကျုပ် Disk ထဲမှာရှိတဲ့ Data တွေကိုလည်း ကြည့်ဖို့လိုပါတယ်ဗျ။ Data တွေက ဘယ်လောက်ရှိနေသလဲ၊ ဘယ်လောက် ကြီးသလဲဆိုတာလဲ နည်းနည်းကြည့်ကြဦးပေါ့ဗျ။” ဟု ပြောဆို တုန့်ပြန်လိုက်သည်။ ရွှေညဝါ ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို တရားပွဲများအတွင်း ထည့်သွင်း […]


Wai PhyoeFebruary 17, 20121min011
ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ် နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။ “ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ။ သူက တခုပဲ ပြောတယ်ဗျ ဝေးလံသီခေါင်သော ဒေသများတွင် သွားရောက်လုပ်ကိုင်နေသော ဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာ ရှိတယ်ပေါ့။ ဒီ ဦးရွှေမန်းတင်ပြတဲ့ ဝန်ထမ်းအားလုံး လစာတိုးဖို့ကိစ္စကတော့ ၂ဝ၁၃-၂ဝ၁၄ ကျမှပဲ စဉ်းစားပါရစေဆိုပြီး ပြောတယ်” ဟု လသာမြို့နယ်မှ အောက်လွှတ်တော် အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။ ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် […]


teekockFebruary 17, 20122min017
ခုတလောလေးမှာ သူငယ်ချင်းအများစုက တီးကော့ခ်ဆီမှာ ယုန်မွေးဖို့အကြောင်းတိုင်ပင်ကြတာ မေးမြန်းကြတာရှိလာတယ်။ တိရိစာ္ဆန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်လို့မေးတယ်ဆိုတာထက် ယုန်ကို ကိုယ်တိုင်ကိုယ်ကျမွေးနေသူ၊ ယုန်များရှင်တစ်ယောက်အနေနဲ့ စနည်းနာတဲ့အနေနဲ့ မေးကြပြုကြတယ်ပေါ့။ ဒီတော့ တီးကော့ခ်ရဲ့ နေ့စဉ်အတွေ့အကြုံ၊ ဖတ်ဖူးသမျှ သိထားသမျှဗဟုသုတလေးတွေကို အရင်းအတိုင်း ဒီမှာပဲ ဖောက်သည်ချပါရစေ။ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်သွားမှာစိုးတဲ့အတွက် အများကြီး Detail ကြီးတော့မဟုတ်ပါဘူး။ အတိုချုံးပြီး လိုအပ်မယ်ထင်တာလောက်ပါပဲ… အဓိကအချက်အနေနဲ့ ပထမဆုံးပြောချင်တာလေးကတော့ ယုန်မွေးမယ်ဆိုရင် ယုန်မွေးချင်စိတ် တကယ် ရှိရဲ့လား လို့ ကိုယ့်ဟာကိုယ်ပြန်မေးပေးပါ။ ဘယ်လောက်ထိ အနွံတာခံနိုင်မလဲ၊ ဘယ်လောက် စိတ်ရှည်နိုင်မလဲ၊ ဒီယုန်လေးကို ဘယ်အချိန်ကာလအထိမွေးထားနိုင်မလဲ၊ ဒီယုန်လေးအတွက် အနာဂတ် ဘယ်လိုစဉ်းစားထားသလဲ… စသဖြင့်ပေါ့။ ယုန်နဲ့ပတ်သတ်တဲ့ မိမိရဲ့စိတ်ကိုယ် မိမိသေချာအောင်အရင်လုပ်စေချင်ပါတယ်။ (ဟေမာနေဝင်းရဲ့ မောင်…ဘယ်လောက်ထိချစ်မှာလဲ? မောင်..ဘယ်အထိဆက်ချစ်နိုင်မလဲ? မောင်… တစ်သက်လုံးပဲချစ်မှာလား… ကျွန်မကမလှရင်ရော….ဆိုတဲ့သီချင်းလေးအမြဲညည်းပါ။ မောင်… နေရာတွင် “ယုန်” […]


black chawFebruary 16, 20121min031
ဒီရက်ပိုင်း ကျွန်တော် ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ကို မကြာခဏရောက်ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ စာကြည့်တိုက်အကြောင်းရေးမိတယ် ဆိုပါတော့ဗျာ။ ကျွန်တော် တို့ နိုင်ငံမှာ စာကြည့်တိုက်တွေ မကြာခဏဖွင့်နေတာ သတင်းစာတွေမှာ ဖတ်နေရပါတယ်။ အဲဒီစာကြည့်တိုက်တွေမှာ ရှိသင့်ရှိထိုက်တဲ့ စာအုပ်တွေ ရှိနေပါရဲ့လား။ အဲဒီ စာကြည့်တိုက်တွေဟာ ပြည်သူလူထုနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ရှိနေပါရဲ့လား။ ပြည်သူလူထု ဟာ စာကြည့်တိုက်တွေကို သုံးစွဲရကောင်းမှန်းရော သိကြပါရဲ့လား။ စာကြည့်တိုက်တွေ ဖွင့်နေတာက အမှန်တကယ်ကောင်းပါတယ်။ အဲဒီစာကြည့်တိုက်တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာလေးကိုလည်း ပြည်သူလူထု နှင့် မိတ်ဆက်ပေးသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ပညာ ဆည်းပူးနေကြတဲ့ လူငယ်လူရွယ် တွေကို မေးကြည့်မယ်ဆိုရင် စာကြည့်တိုက်ဆိုတာ ရည်းဇားနဲ့ ကျူရမယ့် နေရာလို့ ဖြေကြပါလိမ့်မယ်။ သူတို့မှာလည်း အပြစ်မရှိရှာ ကြပါဘူး။ […]