Wai Aung Chan MyoApril 5, 20121min04
စဉ့်အိုးအလတ် (ဖွဲနု ၆ပြည်၊ ရပြည်စာဝင်) တစ်လုံးတွင် ဖွဲနု ၃ပြည် ထည့်ပါ။ ထို့နောက် အချဉ်ဖောက်ပြီးသော ဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည်ကို အိုး၏ ၃ပုံ၂ပုံခန့် ဖြည့်ပါ။ အချဉ်မြန်မြန်ဖောက်ချင်လျှင် သကြား ၃ပုံ၁ပုံခန့်ရောရမည်။ ထို့နောက်အိုးကို အဝတ်ပါးဖြင့် အုပ်၍ စီးထားပါ။ အိုးကို ၁ရက် အနည်းဆုံး ၃ကြိမ်ခန့် လှုပ်လှုပ်ပေးပြီး ၂ပတ်၊ ၃ပတ်ခန့် အေး၍ အရိပ်ရ သော နေရာအောက်တွင် ထားပါ။ ဆေးဖြန်းနည်းမှာ အထက်ပါဆေးနည်းများကဲ့သို့ပင် ဖြစ်သည်။


ဒီပို့စ်လေးဟာ ကျွမ်းကျင်သူ၊ သိပြီး တတ်ပြီးသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မသိသေးသူများ သိစေရန်အတွက် တစ်နည်းအားဖြင့် အထောက်အကူ ရစေရန်အတွက် ကျနော် အနေနဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ မျှဝေတယ် (share) ဆိုကတည်းက ဆရာကြီး လုပ်တာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ အချို့သော သူများက ဒီလို နည်းပညာ မျှဝေတာကို ဆရာကြီး လုပ်ချင်တယ်လို့ ထင်တတ်ကြလို့ပါ။     မျှဝေခြင်း တစ်နည်း share ခြင်းကို ဥပမာ အနေနဲ့ အနည်းငယ် ပြောချင်ပါသေးတယ်။ တစ်နေရာမှာပေါ့ လူငါးယောက် စုပြီး စကားပြောနေကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က သူတို့ဆီ ပြေးလာပြီး အကိုတို့ရေ ဟိုဘက်ရပ်ကွက်မှာ မီးလောင်နေတယ်ဗျို့ လို့ ပြောပြီး ပြေးထွက်သွားပြန်ပါရော။ စုပြီး […]


kaiApril 4, 20121min03
မိုင်းဆိုသည်မှာ မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ မိုင်းအသုံးပြုမှု သမိုင်းကြောင်း ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ် အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ […]


KyaemonApril 2, 201224min026
ဒေါ်စုက ကော့မှူးမြို့နယ်မှာ အလွယ်တကူနိုင်ပြီ အားပေးသူမဲဆန်ဒရှင်များအား ထိန်းထိန်းသိမ်းသိမ်းရှိဘို့ မှာ ကြား ပါတီအဖွဲ့ချုပ်မှာ ဩဘာပေး  ကခုန် ပျော်ရွှင်ကြ အားပေးသူ မဲဆန်ဒရှင် ဆိုင်ရှင်တဦးက “သူတို့ကိုသင်ခန်းစာပေးလိုက်ပြီ” လို့ ဖော်ကျူး Burma’s Aung San Suu Kyi wins by-election: NLD party http://www.bbc.co.uk/news/world-asia-17577620 Burma’s Nobel laureate Aung San Suu Kyi has won a by-election for parliament, her party says, after a landmark vote that saw 45 seats contested.   Ms Suu […]


ဆူးMarch 30, 20121min027
ရွှေထား မနက်မနက်ဆို လမ်းလျှောက်ဖြစ်တယ် … အိမ်နဲ့မနီးမဝေးတဲ့ အင်းလျားကန်ဘောင်မှာပေါ့ …. မနက်ဝေလီဝေလင်း ၅ နာရီ ၁၅ လောက်ဆို ထွက်လျှောက်တယ် .. ဘယ်သူမှမပါပါဘူး … တစ်ယောက်တည်း လျှောက်တာပါ … အိမ်ကနေ ကန်ဘောင်ကို အလွန်ဆုံးမိနစ် ၂ဝ လောက်လျှောက်ရတတ်ပါတယ် … ဆိုတော့ ကန်ဘောင်ကိုရောက်ရင် ၅ နာရီ ၃၅ မိနစ်ပေါ့.. အဲ့လိုအချိန်ဆို သူလို ကိုယ်လို လမ်းလျှောက်တဲ့လူတွေ တော်တော်ရောက်နေပါပြီ …. မိုးမလင်းခင် လမ်းလျှောက်တဲ့လူတွေလည်း ရှိသလို လမ်းမလျှောက်ပဲ ချိန်းတွေ့နေတဲ့ အတွဲလေးတွေလည်းရှိတတ်ပါရဲ့ …. ထားပါတော့ … အရင်တွေက စိတ်အနှောက်အယှက် မဖြစ်ခဲ့ဖူးဘူး … ဒီနေ့ကျတော့ ငထားလည်း စောနိုးနေတာနဲ့ ၄ နာရီ […]


Kaung Myat HtutMarch 28, 20121min013
မြန်မာနိုင်ငံ အစိုးရကျောင်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကျောင်းများတွင်ဖြစ်စေ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် UK နိုင်ငံတွင် ဆက်လက်ပညာဆည်းပူးလိုပါက Regent Education Group နှင့် Shernorne School တို့က ပူးပေါင်းပြီး “How to join top independent boarding schools in the UK for 13 to 16 years old students” ခေါင်းစဉ်ဖြင့် UK နိုင်ငံ Sherborne School မှ Dr. Christopher Greenfield, Principal, International College, Sherborne School မှကိုယ်တိုင်ဟောပြောမည်ဖြစ်သည်။     Guest Speaker : Dr. […]


ကျွန်တော်စာရေးဆရာတစ်ဦးမဟုတ်သလို… ပညာရှင်တစ်ဦးလဲမဟုတ်ပါဘူး..ဒါပေမဲ့စာဖတ်ဝါသနာပါတော့ သူများရေးသမျှစာတွေတတ်နိုင်သလောက်ဖတ်တယ်… အဲဒီမှာ.. ကိုယ့်အတွေး ကိုယ့်အယူအဆနဲ့ ကိုက်တာတွေ့လာတော့တစ်ဆင့်ဖေါက်သယ်မချဘဲ မနေနိုင်ပြန်ဘူး…ကိုယ်တိုင်လည်း သူတို့လိုတွေးမိပေမဲ့ စာရေးဖြစ်တဲ့အထိရောက်မလာဘူး.. အဓိကကတော့စားဝတ်နေရေးကိစ္စတွေနဲ့ ရွာလည်နေပြီး အချိန်မရတာဘဲ…ခုလည်းဖတ်ခဲ့ရတဲ့ ဆောင်းပါလေးတစ်ပုဒ်ကိုနှစ်ချိုက်လွန်းအားကြီးလို့ ဂေဇက်ပေါ်တင်ဘို့ကြိုးစားလိုက်တာပါ…ု အခုတလောကြားကြပါလိမ့်မယ်…ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီတက္ကသိုလ်ကြီးဖြစ်အောင် ဆောင်ရွက်ကြတော့မယ်ဆိုတဲ့အသံတွေ..ဘယ်နိုင်ငံက ဘယ်လောက်ကူညီမယ်ဆိုတာတွေ…အဲဒီလိုပညာရေး အဆင့်မြင့်မာရေးကိုအားလုံးစိတ်ဝင်စားနေကြချိန်မှာ… ကျွန်တော်မလွတ်တန်းဖတ်သော..ကျွန်တော်နှစ်ချိုက်သော ဂျာနယ်တစ်စောင်ဖြစ်တဲ့ ၂၂ရက် မတ်လထုတ်“ပြည်သူ့ခေတ်” ဂျာနယ်မှာအခန်းဆက်ရေးနေတဲ့ ဆရာကောင်းဆက်နိုင်ရဲ့ “အံ့ဩလွန်းလို့သေတော့မယ်-၂” မှာပညာရေးနဲ့ ပါတ်သက်တဲ့ အတွေးအမြင်လေးကိုဖတ်လိုက်ရတော့.. ကျုပ်တို့ရွာသူရွာသားတွေကို ချပြပြီး ဆွေးနွေးကြစေချင်လာမိပြန်ပါရော..ဒွတ်ခ… ဒွတ်ခ… ပထမဆုံးကျွန်တော်ပြောချင်တာက သူတင်ထားတဲ့ ခေါင်းစီး… ဘာတဲ့ “အံ့ဩလွန်းလို့သေတော့မယ်” တဲ့…ကြိုက်သဗျာ အဲဒီခေါင်းစဉ်တတ်ထားတာကိုအကြိုက်ဆုံးဘဲ….. ဟုတ်ပါရဲ့ဗျာ..ကျုပ်တို့တိုင်းပြည်မှာလဲ တွေ့နေရ မြင်နေရ ကြားနေရသမျှတွေ ကမ္ဘာပေါ်ကဘယ်တိုင်းပြည်မှာမှ မတွေ့ဖူး မမြင်ဖူး မကြားဖူးတာတွေဘဲ ဖြစ်နေတော့ကာမယ်… သူခေါင်းစဉ်တတ်တာ လုံးဝ လက်တွေ့ကျတယ်ဗျ… ကိုင်း စာရေးသူရဲ့အာဘော်ကို […]


Alexendre PingpoungMarch 27, 20121min014
မဖြေတတ်ရင် နာပြီ ပဲ မှတ်  ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’ အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။ ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’ အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။ ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။ အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တချီဆော်လိုက်တယ်…) အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် […]


ဆူးMarch 21, 20121min023
မြန်မာပြည်ကတွေ ရဲ့ စည်းကမ်းပိုင်း ကတော့ သိတဲ့ အတိုင်းပဲ အမှိုက်ကိစ္စ အတွက် မြို့က လူတွေ ပွက်လော ပွက်လော ပြောလာကြပြီး မြောင်းတွေပိတ်လို့ ရေတွေ ကြီးလို့ စိတ်ပျက်နေကြတာတွေ အမှိုက်ကား မလာလို့ စိတ်ညစ်ရ ကိုယ့်အမှိုက် ကိစ္စ ကိုယ့်တာဝန် မယူချင်တော့တဲ့ အခါ ကြုံတဲ့ နေရာမှာ ပုံကြရင်းနဲ့ ကြီးထွားလာတဲ့ အမှိုက်ပုံတွေ သိမ်းလိုက်ကြ ပုံလိုက်ကြနဲ့ သံသရာလည်နေကြပါတယ်။ ရန်ကုန်မြို့မှာ လူနေထူထပ်လို့ ပိုဆိုးလား ထင်မိပါသော်လည်း နယ်မြို့တွေကို ခရီးထွက်တဲ့ အခါ ပိုမို ဆိုးရွားနေတာကို သတိထားမိခဲ့ပါတယ်။ နယ်မြို့တွေမှာ လူနေမထူထပ်တဲ့ အတွက် မြေနေရာ ကျယ်ကျယ် နဲ့ စားပြီး သောက်ပြီး ပြစ်ဖို့ နေရာ ကတော့ အိမ်အောက်မှာ […]


TTNUMarch 21, 20122min045
Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား (ကျမ်းကိုး။ Idiom drills by George P. McCallum 1990.) IDIOMS (DRILL 2) A: Every now and then I get hungry for French food. ခဏခဏဆိုသလို ငါပြင်သစ်အစားအစာစားချင်တယ်။ B: There’s a good French restaurant near here. Let’s go sometime. ဒီနားတင်ပြင်သစ်စားသောက်ဆိုင်ကောင်းကောင်းရှိတယ်၊ တစ်ခါလောက်သွားစားကြရအောင်။ A: Why not tonight? ဒီညသွားမလား။ B: No, not tonight. You have to make […]


April StarMarch 17, 20121min015
သူငယ်ချင်းတို ့ သင်ဟာသင့်ချစ်သူအပေါ်ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာမှန်းကြည့်ချင်လား။ ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။ မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။ ကိုယ်ရွေးလိုက်တဲ့အဖြေရဲ ့ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။ ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို ့မလိုပါဘူး။ မေးခွန်းတိုင်းဖြေဖို ့မလိုပါဘူး။ 1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။ ပေကျင်း – go to question 2 တိုကျို – go to question 3 ပဲရစ် – go to question 4 2 ။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား? ငိုတတ်တယ် – go to question 4 မငိုတတ်ဘူး – […]


စကားတော့ ‘အ’ နေတဲ့ လူတွေကလွဲပြီး လူတိုင်းနီးပါး ပြောတတ်ကြတာပဲ …။ စကားပြောတာများ အဆန်းလုပ်လို့ …… နော့ … 😀 အခု ကျနော် ဆိုလိုချင်တာ စကားကို ပြောရုံ ပြောတတ်တာကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ကျနော့် ပတ်ဝန်းကျင်က လူအများစု စကားပြောတာကို သတိထားပြီး ကြည့်ကြည့်တဲ့အခါ များသောအားဖြင့် စကားကို ‘လု’ ပြောနေကြတာက များပါတယ်။ တစ်ယောက်က စကားစ မပြတ်သေးဘူး။ နောက်တစ်ယောက် က ‘ဖြတ်’ ပြောပြီ။ ဒီလူမျိုးကို အများနဲ့ စကားပြောတတ်သူလို့ ပြောလို့ မရပါဘူး။ သူက တစ်ယောက်တည်းပဲ စကားပြောတတ်သူလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ တစ်ချို့များကျတော့ သူတစ်ယောက်တည်းပဲ ပြောနေတယ်။ အခြားသူတွေကို စကားပြောဖို့ အခွင့်မပေးပါဘူး။ […]


Phaung PhaungMarch 13, 20121min0
ဒီခေါင်းစဉ်ကို ဘာကြောင့်ပြောချင်ရတာလဲဆိုတော့ ဒီလိုပါ…. ဈေးထဲမှာ ဈေးဝယ်ရင်းခင်မင်ရင်းနှီးမိတဲ့ ဝက်သားသည်အမျိုးသမီးလေးရဲ့ခင်ပွန်းသေဆုံးသွားရတဲ့အကြောင်းလေး။ မထူးဆန်းပေမယ့် မဖြစ်သင့်တဲ့ကိစ္စလေးမို့ပါ။ သူ့ယောက်ျားက ဆေးခြောက်ရောင်းတယ်ဆိုတဲ့အမှုနဲ့ ရဲကဖမ်းသွားတယ်တဲ့။(4)လကြာတဲ့အခါ ထောင်ထဲမှာပဲဆုံးသွားတယ်ဆိုတော့ အံ့ဩလိုက်တာ။ လူကအကောင်းကြီးရှိသေးတာ။ နောက်ဆုံးတော့ ဘာကြောင့်ဆိုတာသိရတယ်။ ရဲဖမ်းသွားတဲ့အချိန်မှာ ရဲက ရိုက်နှက်စစ်ဆေးတော့ ခေါင်းကိုရိုက်လိုက်တာ ချက်ချင်းအဖုကြီးအကြီးကြီးထသွားတယ်တဲ့။ သူတို့ကလဲပိုက်ဆံရှိတော့ ရှေ့နေတွေ၊ဘာတွေနဲ့ရုံးချိန်းလိုက်တာပေါ့လေ။ ရိုက်တဲ့ရဲက သူရိုက်တာဘယ်သူ့မှမပြောနဲ့လို့ပြောတယ်တဲ့။ နောက် အဖုကပိန်သွားတော့ ဘာမှမဖြစ်ဘူးဆိုပြီးနေတာပေါ့လေ။ အင်းစိန်ထောင်ကိုပြောင်းပြီး သေခါနီး တစ်လလောက်မှာ ခေါင်းတွေအုံ၊ခေါင်းတွေမူး၊ ဇက်ကြောတွေတက်နဲ့ နောက်ဆုံးလေဖြတ်ပြီး စကားမပြောနိုင်တော့ဘူး။ ခေါင်းကဒဏ်ရာကအထဲမှာ အသားကြေပြီး ပြည်တည်နေရာကနေဖြစ်တာလို့သိရတယ်။ အမလေးးး…. 4 လပဲကြာလိုက်တယ်နော်။ အော်……..ဒုက္ခ။ အသက်ကလည်း 27 ပဲရှိသေးတာ။ ရဲတွေကိုပဲအပြစ်တင်ရမလား။ ခိုးမှု၊ဆေးမှု၊မဒိန်းမှုတို့ဆို ရဲကလဲဆော်မယ်…လာထားဆိုတာချည်းပဲ။ လူသတ်မှုဆိုရင်တော့ နဲနဲလန့်မယ်ထင်တယ်။ အဲလောက်ရိုက်နှက်စစ်ဆေးရဲပါ့မလားလို့။ နှစ်လုံး၊သုံးလုံးသမားတွေကျတော့လည်း ပိုက်ဆံရတော့ သိပ်ရိုက်မှာမဟုတ်ဘူးနော်။ ဘာပဲဖြစ်ဖြစ် […]