winkyawaungMarch 24, 20121min05
၂ ၂၃-၃-၂၀၁၂ နေ့ နံနက်(၇)နာရီမှစ၍ မကွေးမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ (NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းကြီးနှင့်ကြယ်ဖြူပါ) အလျားပေ(၂၀)၊ အမြင့် (၈) ပေရှိ ရွှေရောင်ခွပ်ဒေါင်းရုပ်ကြီး နှင့် အလျား(၈)ပေ၊ အမြင့်(၄)ပေရှိ ခွပ်ဒေါင်းရုပ်တင်ဆောင်ထားသော ကားနှစ်စီးဖြင့်အတူ မော်တော်ယာဉ်အစီး(၁၅)စီး၊ မော်တော်ဆိုင်ကယ်များအစီး(၃၀)ခန့် သည် မကွေးမြသလွန်ဘုရားသို့သွားရောက်ပူဇော်ကြသည်။ ထိုမှ မြို့ဟောင်းရပ်ကွက်၊ ဈေးလယ်စိုးရပ်ကွက်၊ ဆုံရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကံသာ၊ မြင်သာရပ်ကွက်၊ ရန်ပယ်ရပ်ကွက်များမှ လမ်းမကြီးများနှင့် မကွေးမြို့တွင်းသို့ NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းကြသည်။ မကွေးမြို့နယ်NLD ပါတီ မှ ကြားဖြတ်ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့် ဦးမြင့်သိန်း၏ ကိုယ်ရေးကျဉ်း ပန်းဖလက်များဝေငှခြင်း။ NLD ပါတီအောင်နိုင်ရေးသီချင်းခွေများ၊ တီရှပ်များ၊ စတေကာများ၊ ခေါင်းစည်းများ၊ NLD ပါတီတံဆပ်ပါ အလံ အမျိုးမျိုးတို့အား ရောင်းချဝေငှနေကြောင်း မြင်တွေ့ရ၏။ […]


ကျပ်မပြည့်မင်းတြားကြီး စိုးစံတော်မူတဲ့ နေပြည်တော်မှာ လုံခြုံရေးအခြေအနေ မကောင်းလို့ ရှိတဲ့ မဲဆန္ဒနယ်လေးခုစလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ယူကေဂျီသတင်းဌာနအား ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြသည်။


၂၀၁၂ ခနှစ်၊ ဧပြီလ မှ စတင်ကာ ဝန်ထမ်းများလည်း ဝင်ငွေခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ ဦးစီးအရာရှိအဆင့်မှ စတင်ကာ အခွန်ပေးရမည်ဖြစ်ကာ အမှုထမ်းအဆင့်များကတော့ ပေးဆောင်ဖို့မလိုပါဘူး..။ အခွန်ပေးဆောင်ရမည့် ရာခိုင်နှုန်း၊ ကျသင့်တဲ့ပမာဏတွေ ပြောင်းသွားပါပြီ။ ဒီနေ့ ရုံးမှာ အသိပေးတဲ့အနေနဲ့ ဝေငှတဲ့ စာလေးကို ဂေဇက်ရွာသားများကို အသိပေးလိုက်ပါတယ်ဗျား..။ ရွာစားကျော်


တလောက နိုင်ငံတကာမြို့ပြကြီးတွေမှာ အခွင့်အရေး လှုပ်ရှားသူတွေရဲ့ occupy movement များ ရေပန်း အတော်စားလိုက်တယ်။ သူတို့ပြုပြင်ပြောင်းလဲချင်တဲ့ ရည်မှန်းချက်ရဲ့ အချက်အခြာကျတဲ့ နေရာဒေသများကို လူထုအင်အားပြ ချီတက်သိမ်းပိုက်ခြင်း သင်္ကေတကို နည်းဗျုဟာမျိုးစုံနဲ့ လုပ်ဆောင်ဂျတာပါ။ ရက်ပေါင်းများစွာ သိမ်းပိုက်ဆန္ဒပြတာ ရှိသလို သာမန်လမ်းပေါ်ထွက် ဆန္ဒပြတာလည်း ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ပုံကလည်း သူတို့အပြုအမူကိုလိုက်လို့ အမျိုးမျိုးဖြစ်ပါတယ်။ (အာဏာရှင်နိုင်ငံများမှာလို အဓမ္မရိုက်နှက် သတ်ဖြတ်တာမျိုးတော့ ရှိဘူးပေါ့ဗျာ။ သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူ၊ ငွေဒဏ်တပ် အာမခံပေး ပြန်လွှတ်တာလောက်ပါပဲ။ အဲဒီလှုပ်ရှားမှု တခုထဲနဲ့ လိုချင်တဲ့ ရည်မှန်းချက်ပြည့်ဖို့ မဖြစ်နိုင်ပေမဲ့ အများပြည်သူ အသိအမှတ်ပြုမှု အကြီးအကျယ်ရသွားတယ်၊ လှုပ်ရှားသူအချင်းချင်းကြားမှာ ယုံကြည်မှုခွန်အား တိုးပွားစေတယ်၊ တောင်းဆိုနေတဲ့ ကဏ္ဍနယ်ပယ်များမှာ ပြုပြင်ပြောင်းလဲရေးသမားများကို အားသစ်လောင်း ပေးလိုက်တယ်။ […]


kaiMarch 22, 20121min022
“မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး” ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း Wednesday, 21 March 2012 22:44 ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ရက်နှင့် ၂ဝရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ […]


NAJAMarch 21, 20121min027
အဖြစ်အပျက် အလုံးစုံမသိရသေးပါ.. ကျောက်ပန်းတောင်းဘက်မှ CPP ရေနံကုမ္မဏီ၏ ရာထူးကြီးပိုင်းမှ တရုတ်အမျိုးသားအား ယနေ့နံနက် လေးနာရီခန့်တွင် ဒေသခံရွာသား တစ်ဦးမှ လည်မျိုအား ပြတ်လုနီးသည်အထိ လှီးဖြတ်ခဲ့တယ်လို့ကြားရပါတယ်… အဆိုပါတရုတ်အမျိုးသားမှာမသေသေးပဲ မန္တလေးသို ့ နံနက်တွင်ရောက်ရှိလာပြီး အရေးပေါ်အသက်ကယ်ရန်အတွက် အတူလိုက်ပါလာသောသူများမှ ငွေအလုံးအရင်းသုံးပြီး ကြိုးစားခဲ့တယ်လို့ဆိုပါတယ်… ဒီနေ့ည တရုတ်ပြည်ကို ပြန်ရန်အတွက် လေယာဉ်စင်းလုံးငှါးထားတယ်လို့သိရပါတယ်… အဆိုပါကိစ္စမှာ ဒေသခံများ၏ လယ်မြေများအား သိမ်းယူထားမှုနှင့်ပတ်သက်တယ်လို့ ဆိုပါတယ်..  ထိုဒေသခံရွာသားမှာလဲ လွတ်မြောက်နေတယ်လို့သိရပါတယ်… ဆေးရုံအသိုင်းဝိုင်းမှ ကြားရသမျှဖြစ်ပါတယ်..  အဖြစ်အပျက်ဖြစ်တာတော့ သေချာပါတယ်… အချက်အလက်အသေးစိတ်ကိုတော့ မသိပါ… သိတဲ့လူများ အသေးစိတ်တင်ပေးစေလိုပါတယ်… ရွာသားများ သတင်းဦးဖတ်စေလိုသောကြောင့် ကြားရသမျှကိုတင်ပေးခြင်းဖြစ်ပါတယ်…


သတ္တုတွင်းဝန်ကြီးဌာနက the Voice Weekly ဂျာနယ်ကို တရားစွဲမတဲ့ ဟူသော ခေါင်းစဉ်နဲ့ ပို့စ်ရဲ့ အဆက်လို့ပဲ ပြောပါရစေတော့ သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားပါပြီ။ သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခဲ့လို့ တရားရုံးကဆင့်ခေါ်စာကို မတ်လ ၂ဝ ရက်နေ့ နံနက် ၁၁ ခန့်မှာ ဂျာနယ်ရဲ့ စာဝင်ဌာနက လက်ခံရရှိခဲ့ပါတယ်တဲ့။ မတ်လ ၂၂ ရက်နေ့တွင် ၎င်းအမှုကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရပါတယ်။ The Voice ဂျာနယ် အင်တာနက်စာမျက်နှာမှာ အကျယ်ဖတ်ကြည့်ကြပါ.. Eleven Media Group […]


Kyi LwinMarch 21, 20121min08
တို့များဒီမနက်ရုံးအလာ မထသ ဘတ်စ်ကားပေါ်က အတွေ့အကြုံက ဒီစာရေးရခြင်းအကြောင်းရင်းပေပဲ။ တို့က ပြည်သူထဲက ပြည်သူမို့ ပြည်သူစီးရတဲ့ ဘတ်စ်ကားနဲ့ အမြဲတန်း တိုးဝှေ့ ကြပ် ညပ်ပြီး စီးနေကျ။ နေရာရရန် အလို့ငှာတော့ ရုံးဆင်းချိန်မှာ ဘတ်စ်ကားကို တစ်မှတ် တိုင် ကြိုပြီးစီးတဲ့ စနစ်လေ။ ကား ပတ်စီးတယ်လို့ခေါ်တာပေါ့။( ရွာသားတွေထဲမှာ ဘတ်စ်ကားမစီးဘူးတဲ့သူပါရင်နားလည်အောင်နော်။) ၅ဝ ကျပ်ပိုပေးပြိး နေရာယူတဲ့စနစ်ပေါ့။ ခုံမှာ စတိုင်လေးနဲ့ထိုင် စာအုပ်ဖတ်ချင်ရင်ဖတ်၊ ပြတင်းပေါက်ဖက် နေရာရတဲ့အခါ အပြင်ဖက်ငေးချင်ငေး ။ဒါမှမဟုတ် အလယ်လမ်းဘေးဖက်လုံဆိုရင်တော့ကားပေါ်မှာ စီးလာတဲ့ ခရီးသည်တေါရဲ့မျက်နှကြို ဥပတိရုပ်ဖတ်တဲ့ပညာနဲ့ ဥပတိရုပ်ဖတ်ပေါ့။ ဟော ဟိုကောင်မလေး ဝတ်စားထားတဲ့ပုံစံက ဘယ်လိ ု…။ ဟိုလူကတော့ကြည့်ရတာဘယ်ပုံ…။ ဒါကလည်း ဘတ်စ်ကားစီးရင်းပညာယူနည်းလေ။ (တွံ သင်တို့သည် ဂဏှာဟိ မှတ်လေတော့။) တို့များက […]


black chawMarch 21, 20123min060
စိတ်ကို ကိုက်မယ့် ခြင် ကိုယ်တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင် အမုန်းများဝေးသွား ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ် ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား ဆိုနေမယ်ချစ်သီချင်းလေး… ချစ်သူလေး.. ကိုငှက်နဲ့ အောင်ရင်တို့ ကျားကျားခြင်းစုံတွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း ဆိုတဲ့ သီချင်းထဲက စာသားအချို့ပါ ကျောင်းဒကာ။ မျက်စိနောက်နေကြမှာစိုးလို့ ဝေ့မနေတော့ပါဘူး။ အဲဒီသီချင်းကိုရေးတဲ့လူက ကိုငှက်ရဲ့ သူငယ်ချင်း ကိုကြွက်နီပါ။ အဲဒီ ကိုကြွက်နီက ကိုငှက်တို့ ကျောင်းသားဘဝမှာ ဒရမ်မာတဲ့ နော်ဟေ့လူ ဘာမှတ်နေလဲ။ ထူးဆန်းတာက ရှားရှားပါးပါး ထူးအိမ်သင် သူငယ်ချင်းဖြစ်ပါလျက်နဲ့ ဒီသီချင်းတစ်ပုဒ်ထဲ ရေးပြီး ကျေနပ်နေတတ်ခဲ့သူပါ။ နောက်တော့ စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး ဂျာနယ်အယ်ဒီတာဘဝ၊ မဂ္ဂဇင်းစာရေးဆရာဘဝနဲ့ အခုအချိန်ထိဖြတ်သန်းနေပါတယ်ဗျာ။ စာပေလောကထဲမှာကျတော့ သူ့ကလောင်နာမည်က သိမ်းတင်သားတဲ့။ ပုဆိုးတိုတို၊ ရှပ်အင်္ကျ ီ လက်တို၊ ဘေးမှာလွယ်အိတ်တစ်လုံးလွယ်ပြီး မုတ်ဆိတ်မွှေးဗရဗျစ်နဲ့ […]


evolutionMarch 21, 20121min018
ပြောစရာတွေတော့ပေါ်လာပြန်ပြီဗျာ ခုလေးတင်သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် http://www.yoyarlay.com/biz/biz/market/24456-2012-03-20-10-28-22 တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိစားဆီတွေပြည်တွင်းဈေးကွက်မှာပြန့်နေတယ်ဆိုပဲ။ ခဲလဲမခဲဘူး တစ်ပိသာကို ၃၃၀ဝ လောက်နဲ့ ဈေးကလဲသက်သာတယ်ဆိုတော့ စားသုံးသူတွေအတွက်တော့မက်လောက်စရာပေါ့။ တစ်ဘက်ကပြန်စဉ်းစားကြည့်ပြန်ရင်လဲ စားဆီက မြေပဲနံ့ထွက်နေတယ်၊ သဘာဝအတိုင်း ခဲသင့်တဲ့အချိန်မခဲဘူးဆိုတော့ ဓာတုပစ္စည်းတွေဘယ်လောက်ပါနေပြီလဲပေါ့။ ကိုယ်တွေအနေနဲ့တော့ ဓာတုပစ္စည်းတွေအကြောင်းစဉ်းစားမိရင်တောင် တိုင်းတာနိုင်ခြင်းမှမရှိပဲ။ ဒီတော့လဲ တာဝန်ရှိတဲ့၊ အမျိုးသားရေးအရ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ စစ်ဆေးပြီးလို့ (ခွင့်ပြုလို့) ဈေးကွက်မှာရောင်းချနေကြ၊ သုံးစွဲနေကြရတာပဲဖြစ်ပါစေလိုသာ ဆုတောင်းရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ပစေ ဝင်ငွေနည်းပါးတဲ့ပြည်သူလူထုကတော့ အနည်းနဲ့အများသုံးစွဲမိကြတော့မှာ။ ဒီတော့…. ကိုယ့်နိုင်ငံကိုတင်သွင်းလာတဲ့ အစားအသောက်နဲ့ဆေးဝါးတွေကို သက်ဆိုင်ရာဌာနဲ့တာဝန်ရှိသူတွေက သေသေချာချာစစ်ဆေးပြီးမှခွင့်ပြုသင့်တယ်ထင်တာပဲ။ ဒါဟာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စတစ်ရပ်ပဲ။ အားလုံးထိခိုက်ကုန်မှသိရရင် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာပျက်ကွက်ရာရောက်သလို ကို်ယ့်အမျိုးသားရေးကိစ္စကိုလဲ လစ်လူရှုရာရောက်သလိုဖြစ်နေလိမ့်မယ်။ အထူးသဖြင့် အခြားနိုင်ငံကြီးတွေကတောင် မယုံကြည်တဲ့ တရုပ်လိုနိုင်ငံက တင်သွင်းလာတဲ့ အစားနဲ့ဆေးဝါးတွေကို အထူးကြီးကြပ်စစ်ဆေးပြီးမှ ခွင့်ပြုသင့်တယ်။ တရားမဝင် […]


နွယ်ပင်March 21, 20121min012
အမေရိကန် ပါမောက္ခ ရောဘတ်လိုင်ဘာမင် ရိုက်ကူးခဲ့သော မှတ်တမ်းတင် ရုပ်ရှင်ဇာတ် ကားဖြစ်သည့် They call it Myanmar:Lifting the Curtain ကို အမေရိကန်ပြည် ထောင်စု၏ ရွေးချယ် သတ်မှတ်ထားသောရုံ များတွင် စတင် ပြသလျက် ရှိနေသည် ဟု အေပီ သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကား ကို ပါမောက္ခ ရောဘတ်လိုင်ဘာမင်သည် မြန်မာနိုင်ငံသို့ ပြည်တွင်းမှ ရုပ်ရှင် ထုတ်လုပ်သူများ အားလေ့ကျင့်ပေးရန် သွား ရောက်ရာ တွင် ၎င်း၏ ကိုယ်ပိုင် မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုဇာတ်ကားက သတိမူမိစေရန် ပြုထား သည်မှာ မကြာသေးမီက မြန်မာနိုင်ငံသည် စွန့်စားမှုနှင့် မကင်းသောပြုပြင်ပြောင်းလဲမှုများ […]


YE YINT THUMarch 21, 20121min03
သတ္တုတွင်းဝန်ကြီးဋ္ဌာနက The voice Journal ကို မမှန်မကန်ရေးသားဖေါ်ပြလို ့တရားစွဲမယ်လို ့၁၄.၃.၂၀၁၂ နေ ့ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာထည့်သွင်းသတင်းဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စလေးကိုစိတ်ဝင်စားလို ့The Voice Journal ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော နိုင်ငံပိုင် သတင်းစာများနဲ ့The Voice ကိုတော့ အခုလိုသတင်းဖွပေးတဲ့ အတွက်ကျေးဇူးတင်တယ်ဗျို ့။ အားလုံးက အသာလေးငြိမ်နေရင်အခုလို ဟိုလေးတကျော်ကျော် မဖြစ်နိုင်ပါဘူး။ အမှတ်(၁) သတ္တတွင်းလုပ်ငန်းကပိုင်တဲ့ မုံရွာကြေးနီစီမံကိန်းရဲ့ ဒေါ်လာသန်းတစ်ရာတန်ဖိုးရှိ အစုရှယ်ရာ ၅ဝ % ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကိုရောင်းချခဲ့ရာမှာ ဝယ်သူဖြစ်တဲ့မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခု  ဖြစ်တဲ့ Wanbo Mining ( Hongkong) copper limited က ငွေပေးချေခဲ့ခြင်းဖြစ်ကြောင်း weekly eleven ရဲ ့on […]


thandwetharMarch 21, 20121min010
၁၇-၃-၂၀၁၂ စနေနေ့တွင် ဒွါရာဝတီမြို့သစ် ရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်  ဒွါရာဝတီမြို့သစ် အုပ်ချုပ်ရေးမှုး၊ အံတော် အုပ်ချုပ်ရေးမှုး ၂ ဦး ရွေးချယ်တင်မြှေုာက်ပွဲ တရပ် ပြုလုပ်ခဲ့သည် ။ ၎င်း ရွေးချယ်ပွဲ တွင် ဒွါရာဝတီမြို့သစ် အုပ်ချုပ်ရေးမှုးဟောင်းကို ဆက်လက် ခန့်အပ်ခဲ့ပြီး ၊ အံတော်ကျေးရွာမှုးအဖြစ် ဦးစိုးအောင် အားခန့်အပ် ခဲ့ပါသည်။ သံတွဲခရိုင် အုပ်ချုပ်ရေးမှုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ကြီးမှုးပြီးပြုလုပ်သော အထက်ပါရွေးကောက်ပွဲ မှာ ဥပဒေ ပြဋ္ဌာန်း ချက်နှင့်အညီ မပြုလုပ်ပဲ လက်သင့်သလို လူများ ( ကပ်တီးမူးလဲ များ ) ဖိတ်ကြားလျက် တိုးတိတ်သဘောဆောင် ပြုလုပ်ခဲ့သဖြင့် ဒွါရာဝတီမြို့သစ် နှင့် အံတော်ကျေးရွာနေ ပြည်သူအများ စု မှာ […]