YE YINT THUAugust 22, 20121min02
လက်ရှိအငြင်းပွားနေတဲ့ လွှတ်တော်နဲ ့ဖွဲ ့စည်းပုံအခြေခံဥပဒေခုံရုံး ကိစ္စမှာ ဘယ်ဖက်က မှန်တယ်လို ့ယတိပြတ် မဝေဖန်လိုပေမယ့် ပြည်ပရောက် ရှေ ့နေ ဦးအောင်ထူးနဲ ့DVB တို ့ရဲ ့အမေးအဖြေကဏ္ဍမှာ ပါတဲ့ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက်ကလေးက တော်တော် လေးစိတ်ဝင်စားဖို ့ကောင်းတဲ့ အတွက် ရွာသား အပေါင်းကို ဗဟုသုတအဖြစ် မျှဝေပေးတာပါ။ မေး။ လက်ရှိဖြစ်နေတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ ့ဆုံးဖြတ်ချက်တွေကို ပြည်သူ ့လွှတ်တော်ကလည်းမကျေနပ်ဘူးလို ့ပြောနေတယ်။ အဲဒါကိုရောဘယ်လိုသုံးသပ်လို ့ရလဲ။ ဥပဒေဆိုင်ရာပေါ့နော်။ ဖြေ။ “ နှစ်ပိုင်းရှိတယ်။ တပိုင်းကပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့က ကော်မတီနဲ ့ကော်မရှင်တွေကို ဘယ်လိုဖွဲ ့စည်းလဲဆိုတာနဲ ့ဆိုင်ပါတယ်။ ပြည်သူ ့လွှတ်တော်နဲ ့အမျိုးသားလွှတ်တော်တို ့ကဖွဲ […]


YE YINT THUAugust 21, 20121min017
KEY NET လို ့ပြောရမလား၊ ရွှေသံလွင်လို ့ဘဲဆိုရမလား??? အခုတစ်လောလူပြောများနေတဲ ့ကိစ္စကတော့ သူ ့ရဲ  ့ဂြိုလ်တုပြောင်းလဲမှာဖြစ်တဲ့အတွက် လစဉ်ကြေးပေးပြီး sky net ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ စလောင်းထိပ်ဖူးပြောင်းလဲ တပ်ဆင်ရမှာမို ့ကျပ် ၈၀၀ဝ ပေးပြီးထိပ်ဖူးပြောင်းရဦးမယ်တဲ့ဗျ။ လူးပါးဝတယ်လို ့ဘဲပြောရမလား? ခြံစည်းရိုးထင်းခွေတယ်လို ့ဘဲဆိုရမလား? သူ ့ဂြိုလ်တုပြောင်းလဲဖို ့အတွက် လစဉ်ကြေးပေးပြီးကြည့်နေတဲ့သူတွေက စရိတ်ခံပေးရမယ့် သဘောပေါ့ဗျာ။ တစ်လုံးကို ၈၀၀ဝ ကျပ်ဆိုရင် အလုံးရေ တစ်သိန်းဆို သိန်းပေါင်း ၈၀၀ဝ ထပ်ရှာတဲ့သဘောပေါ့။ အဲဒီလိုသာ သိန်း ၈၀၀ဝ ထပ်ရှာတာ ၊ ဘောလုံးပွဲတွေကျတော့ အခုထိ အင်္ဂလန် premier league ပွဲတွေကို MRTV4 တို ့chanel 7 တို […]


YE YINT THUJuly 30, 201219min09
ပေါ်ပြီဗျို  ့- အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်ကြီး တွေကျတော့ နိုင်ငံတော်ကို အခွန်ပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့် ပေးထားတယ်တဲ့ဗျ။ ဒီကိစ္စမဖြစ်သင့်လို ့အမျိုးသားလွှတ်တော် ငွေရေးကြေးရေး နှင့် အခွန်အကောက်ဆိုင်ရာကော်မတီက လွှတ်တော်ကို အကြံပြုတင်ပြထားတယ်ဆိုဘဲ။ ကျွန်တော် စိတ်အဝင်စားဆုံးက ဦးခင်ရွှေ ဗျ။ ဒီအခွန်ကင်းလွတ်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးတွေထဲမှာအဲဒီဘဘ ပါမပါသိချင်တာပါ။ ပါခဲ့ရင်တော့ ဒီပွဲကကြည့်ကောင်းပြီဗျို ့။ သိတဲ့သူတွေသိကြမှာပါ။ သူနဲ ့ဟိုဘဘနဲ ့က ခမီးခမက်တွေတော်နေကြတယ်လေ။ သတင်းအပြည့် အစုံသိချင်တော့ တော့ Eleven Media ရဲ ့On line စာမျက်နှာမှာ ယနေ ့လေ့လာတွေ ့ရှိနိုင်ပါတယ်။ ကျွန်တော်တို ့ပြည်သူအများစု စူပါမားကက်တွေကဝယ်ယူစားသုံးနေ တဲ့ ကိစ္စကျတော့ အခွန်ကောက်မယ်ဘာညာ ဆိုပြီး ဆင်ဖမ်းမယ်ကျားဖမ်းနဲ ့သတင်းထုတ်ပြန်ကြေညာ ပြီးအခုကိုင်တွယ်နေပြီ်ဗျ။ ဒီကိစ္စကိုလည်း လွှတ်တော်နဲ […]


YE YINT THUJuly 16, 20121min08
အခုကျင်းပနေတဲ့ လွတ်တော်ထဲမှာ ဂီတ အနုပညာရှင်တွေ အတော်များတယ်ဗျ။ ဘာလို ့လဲဆိုတော့ ဒေသအသီးသီးကတက်ရောက်လာကြတဲ့ လွတ်တော်ကိုယ်စားလှယ်များကမေးခွန်းမေးရင် အချိန်ကို ဂရုပြုပြီးတော့ လိုရင်းတိုရှင်း ဖြေသူကနည်းပါး ပြီး ဝေ့ကာဝိုက်ကာနဲ ့တယောထိုးတတ်ကြတဲ့ သူတွေများနေလို ့ပါ။ နာမူနာသိချင်ရင်တော့ ဖြစ်စဉ်တစ်ခုပြောပြပါ့မယ်။ ဇူလိုင် ၉ ရက်နေ ့ကကျင်းပတဲ့ ပြည်သူ ့လွှတ်တော်အစည်းအဝေး မေးခွန်းမေးမြန်းခြင်းကဏ္ဍမှာ သင်္ကန်းကျွန်းမဲဆန္ဒနယ်က ဦးသိန်းညွန် ့မေးသွားတာကရှင်းရှင်းလေးပါဗျာ။ “ ပြစ်ဒါဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုကြောင်းမေးခွန်း ကို ပြန်ဖြေသွားတဲ့ ပြည်ထဲရေးဒုဝန်ကြီးရဲ ့အဖြေက ဘာမှကို မဆီမဆိုင်တဲ့ဖြေကြားချက်ကြီးပါဗျာ။ ” ဖြေကြားချက် အသေးစိတ်ပြန်လေ့လာချင်ရင်တော့ 10-7-2012 နေ ့ထုတ်သတင်းစာတွေ ပြန်ဖတ်ကြည့်ကြပါလို ့ဘဲလက်တို ့ပါရစေ။ တစ်ကယ်ဆိုရင်သူဖြေရမှာက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အစီအစဉ် ရှိရင်ရှိတယ်၊ […]


YE YINT THUApril 26, 20121min017
NLD အမတ်လောင်းများ ယနေ ့အထိ လွှတ်တော် မတက်နိုင်သေးတာသိရလို ့ကိုယ့်နိုင်ငံ အတွက် ကြားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်တို ့က လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးခဲ့တာပါ။ ဒီင်္လိုမှန်းအစကသာသိခဲ့ရင် ပြည်သူ ့အတွက်လွှတ်တော်ထဲဝင်ပြီး တကယ် အလုပ်အကျွေးပြုချင်တဲ့ တစ်ခြားပါတီက ဝါရင့်သဘာရင့်ပုဂ္ဂိုလ်တွေကိုဘဲမဲပေးမှာပေါ့ဗျာ။ ဒီကိစ္စနဲ ့ပတ်သက်ပြီး ရလိုက်တဲ့သင်ခန်းစာကတော့ နောက်တစ်ခါရွေးကောက်ပွဲလုပ်ရင်တော့ လွှတ်တော်ထဲကို တကယ်သတ္တိ ရှိရှိနဲ ့သွားမယ့်သူ၊ ဥပဒေဘောင်ထဲကနေ သိက္ခာရှိရှိ အလုပ်လုပ်မယ့်သူကိုဘဲမဲပေးတော့မယ် NLD ရေ။ ဒါပေမယ့် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကိုတော့ သိစေချင်တယ်။ မြန်မာနိုင်ငံ သမိုင်းမှာရှိခဲ့ဘူးတဲ့ ဖွဲ ့စည်းပုံအခြေခံတွေထဲ မှာပြီးပြည့်စုံတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေ ဆိုတာ မရှိခဲ့ပါဘူး။ အနည်းနဲ ့အများတော့ ချို ့ယွင်းချက်အားနည်းချက်ကလေးတွေတော့ပါ ခဲ့တာ ဟာသမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်တို ့ရှိစဉ်အခါကရေးဆွဲခဲ့တဲ့ […]


YE YINT THUMarch 26, 20121min015
“ ယခုလက်ရှိ မြန်မာပြည်မှာ အချမ်းသာဆုံးပါ  ” လို ့ပြောလို ့ရတဲ့လူတွေကို တန်းစီဇယား ချကြည့်ကြရအောင်။ ကျွန်တော် အမြင် နဲ ့ လေ့လာသိရသလောက် ကို အောက်ပါတိုင်းခန် ့မှန်းထားတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ ့ကြွယ်ဝချမ်းသာမှု ကိုဘယ်သူမှ အတိအကျသိနိုင်ဖို ့မလွယ်ပါဘူး။ ရပ်တည်လုပ်ကိုင်ဆောင်ရွက်မှု နဲ ့ မြင်တွေ ့သိရှိရတဲ့ အချက်တွေ အပေါ်မှာဘဲအခြေခံပြီး   နီးစပ်ဆုံး ခန် ့မှန်း ရတာဖြစ်တဲ့အတွက်တစ်ဦးနဲ ့တစ်ထင်မြင်ချက်တွေ ခန် ့မှန်း ချက်တွေ ကွဲလွဲနိုင်ပါတယ်။ စာရှုသူတို ့ရဲ  ့ထင်မြင်ချက်ကိုလည်းတန်းစီဇယားလေး ချပြပြီး comments ပေးကြပါဦး ။ ၁။ ဦးတေဇ ( Htoo Trading ) ၂။ ဦးထွန်းမြင့်နိုင် ( […]


YE YINT THUMarch 21, 20121min03
သတ္တုတွင်းဝန်ကြီးဋ္ဌာနက The voice Journal ကို မမှန်မကန်ရေးသားဖေါ်ပြလို ့တရားစွဲမယ်လို ့၁၄.၃.၂၀၁၂ နေ ့ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာထည့်သွင်းသတင်းဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စလေးကိုစိတ်ဝင်စားလို ့The Voice Journal ဝယ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော နိုင်ငံပိုင် သတင်းစာများနဲ ့The Voice ကိုတော့ အခုလိုသတင်းဖွပေးတဲ့ အတွက်ကျေးဇူးတင်တယ်ဗျို ့။ အားလုံးက အသာလေးငြိမ်နေရင်အခုလို ဟိုလေးတကျော်ကျော် မဖြစ်နိုင်ပါဘူး။ အမှတ်(၁) သတ္တတွင်းလုပ်ငန်းကပိုင်တဲ့ မုံရွာကြေးနီစီမံကိန်းရဲ့ ဒေါ်လာသန်းတစ်ရာတန်ဖိုးရှိ အစုရှယ်ရာ ၅ဝ % ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကိုရောင်းချခဲ့ရာမှာ ဝယ်သူဖြစ်တဲ့မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခု  ဖြစ်တဲ့ Wanbo Mining ( Hongkong) copper limited က ငွေပေးချေခဲ့ခြင်းဖြစ်ကြောင်း weekly eleven ရဲ ့on […]


YE YINT THUMarch 15, 20121min016
ကြားဖြတ်ရွေးကောက်ပွဲအတွက် ယမန်နေ ့ညက ဒေါ်စုရဲ  ့NLD ပါတီ မဲဆွယ်ဟောပြောမှု  ထုတ်လွှင့်ချက်ကို မြဝတီချန်နယ် ကနေကြည့်ဖြစ်ခဲ့ပါတယ်။ ခေတ်စကားနဲ ့ပြောရရင်တော့ မြဝတီ Channel ကတော်တော်လေး ထင်သာမြင်သာ ရှိတယ်လို ့ပြောရမှာပါ။ ခန် ့မှန်း အချိန် ည 9:25 လောက်မှာဒေါ်စုဟောပြောချက်က ရုတ်တစ်ရက်လိုင်းပြတ်သွားခဲ့ ပြီးနောက်တစ်ပါတီ ဟောပြောတဲ့ အလှည့်ကျမှဘဲ လိုင်းပြန်ကောင်း သွားခဲ့ပါ တယ်။ သူ ့ပါတီကိုယ့်ပါတီ အနိုင်ရရှိရေးအတွက် ဥပဒေဘောင်ထဲကနေ တရားနည်းလမ်းတစ်ကျ မဲဆွယ်စည်းရုံးခွင့်ကို နိုင်ငံတော်ကတောင်ခွင့်ပြုပေးတာဘဲ။ တစ်ကယ်ဆို ဒီလိုသူရဲဘောကြောင် အောက်တန်းကျတဲ့ စိတ်ဓါတ်မျိုးနဲ ့လိုင်းဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးလုံးဝ မလုပ်သင့်မလုပ်ထိုက်ပါဘူး။ အဲဒီလိုဖြတ်လိုက်လို ့ရောဒေါ်စုရဲ ့ဟောပြောချက်တွေကပြည်သူတွေထံကိုမရောက်ဘဲပျောက် ပျက်သွားမှားလား??? ဆိုတာစဉ်းစားသင့်တယ်။


YE YINT THUMarch 3, 20121min06
မန္တလေးမြို ့လည်ခေါင်အချို ့လမ်းမကြီးများပေါ်မှာ သွားလာနေကြတဲ့ မိဘ ပြည်သူများ အနေနဲ ့ကန် ့သတ်နယ်မြေအတွင်းမှာ ကား။ ဆိုင်ကယ် ယာဉ်ရပ်နား မယ်ဆိုရင်ရပ်နားခ ပေးဆောင်ကြရပါတယ်။ ယခုလက်ရှိ တရားဝင်သတ်မှတ်ထားတဲ့နှုန်းများ ကလည်း အောက်ပါအတိုင်း သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ပေးဆောင်ရသူ အနေနဲ ့သင့်တင့်မျှတ တဲ့နှုန်းထားများ လို ့ဆိုနိုင် ပါတယ်။ (၁) ဆိုင်ကယ်တစ်စီးတစ်နာရီထိရပ်နားခ    ( ၅ဝ ကျပ်နှုန်း) တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ (၁၀ဝ ကျပ် နှုန်း ) (၂) ကားတစ်စီး တစ်နာရီထိရပ်နားခ     ( ၁၀ဝ ကျပ်နျုန်း)  တစ်နာရီထက်မည်မျှကျော်လွန်သည်ဖြစ်စေ ( ၂၀ဝ ကျပ်နှုန်း ) ပြည်သူတွေပေးဆောင်နေတဲ့ အခွန်အခရှိမှလည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်နိုင်မှာဖြစ်တဲ့ အတွက် ဒါကိုလည်းပြည်သူတွေဖက်က […]


YE YINT THUFebruary 29, 20121min09
မကြာမီရက်ပိုင်း အတွင်းဒေါ်စု မန္တလေးသို ့လာမည်ဖြစ်၍ မတ်လ ၁ ၊ ၂ ၊ ၃  ၊ ၄ ၊ ၅ ရက်များအတွင်း ဘာ့ကြောင့် မှန်းမသိရသောအကြောင်းများကြောင်း internet connection များနှေးကွေးနိုင်သည်ဖြစ် ၍ အရေးကြီးသော မိမိတို ့၏ ကိစ္စများကို internet အသုံးပြု ဆောင်ရွက်လိုပါက ၎င်းရက်များ ကျော်လွန်ပြီးမှသာအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်ခန် ့မှန်းအသိပေးအပ်ပါသည်။


YE YINT THUFebruary 28, 20121min07
ရပ်ကွက် (သို ့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ၂၅ ရက်နေ ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ အခုလို ဖေါ်ပြထားပါတယ်။ အဆိုပါဥပဒေ၏ အခန်း (၁၅) အပိုဒ် ၃၃။ တွင် “ ရပ်ကွက် သို ့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေး တစ်စုံတစ်ရာကောက်ခံခြင်းမပြုရ။ ”   လို ့ဆိုထားပါတယ်။ သို ့သော်လည်း မန္တလေး ပြည်ကြီးတံခွန် မြို့နယ်  ကျွဲဆည်ကန်ကားကြီးကွင်းတည်ရှိရာ  ချမ်းမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာတော့ ယနေ ့အထိ ဧည့်စာရင်းတိုင်ကြားခ တောင်းကောင်း နေတုန်းပါဘဲ။   ဧည့်စာရင်းတိုင်သူ များထံမှ လူတစ်ဦး (၇) ရက် တစ်ပါတ်စာတိုင်လျှင် ၁၀ဝ ကျပ် […]


YE YINT THUFebruary 21, 20121min017
MPT ရေ  face book မှာဒီနေ ့ကြားရတဲ့  သတင်းအရ ကြံ့ဖွံ ့က ၅၀၀ဝ ဆင်းကဒ် ကိစ္စကို အခုကျင်းပနေတဲ့ လွှတ်တော်မှာ proposal တင်ပြီးဆွေးနွေးတော့ မယ်တဲ့နော်။ ဥပဒေအရ လောလောဆယ် မဖြစ်နိုင်သေးပါဘူး လို ့တွင်တွင်အော်ပြီးငြင်းချက်ထုတ် မင်း  အကာအကွယ် ပေးနေတဲ့  ကုမ္ပဏီ ၂၃ ခုရဲ့  အကျိုးစီးပွားအတွက်  ဘယ်လိုဆက်ပြီးဆင်ခြေပေးရမလဲဆိုတာ စဉ်းစားထား ပေတော့။ အကယ်၍သာ ၅၀၀ဝ ဆင်းကဒ်ကိစ္စကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖေါ် ဖို ့များ လွှတ်တော်ကဆုံးဖြတ်ခဲ့ရင်မင်းရဲ့စိတ်ကူးယဉ်ထားတဲ့အိပ်မက်တွေ…မြောင်းဘေးရောက်သွားမှာဘဲ…………….။ ကြုံကြိုက်တုန်း သိချင်တာတစ်ခုလောက်မေးချင်တာက  မင်းဆီက အင်ဂျင်နီယာတွေကဘဲ တကယ်မ တတ်တာလား???  အရည်အချင်းမရှိတာလား???     ကမ္ဘာနဲ ့အဝှမ်းပေါ်ပေါက် သုံးစွဲနေတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာတွေကို မသိတာလား??? တိုု ့ထက်ဆင်းရဲတဲ့ […]