တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိ စားဆီတွေတဲ့

evolutionMarch 21, 20121min018

ပြောစရာတွေတော့ပေါ်လာပြန်ပြီဗျာ
ခုလေးတင်သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် http://www.yoyarlay.com/biz/biz/market/24456-2012-03-20-10-28-22 တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိစားဆီတွေပြည်တွင်းဈေးကွက်မှာပြန့်နေတယ်ဆိုပဲ။ ခဲလဲမခဲဘူး တစ်ပိသာကို ၃၃၀ဝ လောက်နဲ့ ဈေးကလဲသက်သာတယ်ဆိုတော့ စားသုံးသူတွေအတွက်တော့မက်လောက်စရာပေါ့။ တစ်ဘက်ကပြန်စဉ်းစားကြည့်ပြန်ရင်လဲ စားဆီက မြေပဲနံ့ထွက်နေတယ်၊ သဘာဝအတိုင်း ခဲသင့်တဲ့အချိန်မခဲဘူးဆိုတော့ ဓာတုပစ္စည်းတွေဘယ်လောက်ပါနေပြီလဲပေါ့။ ကိုယ်တွေအနေနဲ့တော့ ဓာတုပစ္စည်းတွေအကြောင်းစဉ်းစားမိရင်တောင် တိုင်းတာနိုင်ခြင်းမှမရှိပဲ။ ဒီတော့လဲ တာဝန်ရှိတဲ့၊ အမျိုးသားရေးအရ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ စစ်ဆေးပြီးလို့ (ခွင့်ပြုလို့) ဈေးကွက်မှာရောင်းချနေကြ၊ သုံးစွဲနေကြရတာပဲဖြစ်ပါစေလိုသာ ဆုတောင်းရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ပစေ ဝင်ငွေနည်းပါးတဲ့ပြည်သူလူထုကတော့ အနည်းနဲ့အများသုံးစွဲမိကြတော့မှာ။
ဒီတော့…. ကိုယ့်နိုင်ငံကိုတင်သွင်းလာတဲ့ အစားအသောက်နဲ့ဆေးဝါးတွေကို သက်ဆိုင်ရာဌာနဲ့တာဝန်ရှိသူတွေက သေသေချာချာစစ်ဆေးပြီးမှခွင့်ပြုသင့်တယ်ထင်တာပဲ။ ဒါဟာတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စတစ်ရပ်ပဲ။ အားလုံးထိခိုက်ကုန်မှသိရရင် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာပျက်ကွက်ရာရောက်သလို ကို်ယ့်အမျိုးသားရေးကိစ္စကိုလဲ လစ်လူရှုရာရောက်သလိုဖြစ်နေလိမ့်မယ်။ အထူးသဖြင့် အခြားနိုင်ငံကြီးတွေကတောင် မယုံကြည်တဲ့ တရုပ်လိုနိုင်ငံက တင်သွင်းလာတဲ့ အစားနဲ့ဆေးဝါးတွေကို အထူးကြီးကြပ်စစ်ဆေးပြီးမှ ခွင့်ပြုသင့်တယ်။ တရားမဝင် တံဆိပ်မရှိဆိုရင် ဖြစ်သင့်တာက ဈေးကွက်အထိ၊ စားသုံးသူတွေအထိမပြောနဲ့ နယ်စပ်ဂိတ်ကိုတောင်ကျော်ဖြတ်မလာသင့်ဘူးထင်တာပဲ

18 comments

  • Lwin Aung

    March 21, 2012 at 12:45 pm

    Myanmar FDA should Inspect at border check points all import Chinese’s goods.

    Reply

  • pyaponthu

    March 21, 2012 at 1:00 pm

    မြန်မာ ပြည်ရဲ့ အားနဲချက်တွေက များတယ်။နိ်ုင်ငံခြားက တင်သွင်းရင်လဲ အစားအသောက်ဆို reg nob ,expiry date,address.company စတာတွေပါရတယ်။မြန်မာ ပြည်ကို တရုတ်က တင်သွင်းမယ်ဆိုလဲ တရုတ်စာ အပါအဝင် မြန်မာ စာပါ ပါရမယ်။ဒါတွေကို အစိုးရ က သေချာ ထိန်းချုပ်သင့်တယ်။ခုတော့တရုတ် က လာတဲ့ပစ္စည်းမှန်သမျှ မြန်မာ စာ တလုံးမှမပါဘူး ။တရုတ်စာတွေဘဲ။အထူး သဖြင်းဆေးဝါးနဲ့ ဓာတုပစ္စည်းတွေ ကအရေးကြီးတယ်။ contents,indications,adverse reaction,.contraindicationn and special pracautions ,ဆိုတာတွေ ပါမပါ စစ်သင့်တယ်။စားသုံးကုန်တွေလဲ ဒီလိုဘဲ ပါရမယ်။အဲဒီထဲမှာဘာpreservatives တွေပါလဲဆိုတာ ရေးထားရမယ်။ခုတော့သူတို့က မြန်မာပြည်က လူတွေက်ို လူလို့မှထင်သေးရဲ့လားမသိဘူး။ုလက်ရှိ မြန်မာပြည်သူတွေ ဘယ်အခါ ကံကောင်းမှာလဲမသိ။

    Reply

    • evolution

      March 21, 2012 at 2:02 pm

      ဟုတ်တယ်ဗျ အိမ်မှာက မုန့်ဆိုင်ဖွင့်ထားတယ်။ သိတဲ့အတိုင်းပဲလေ မုန့်ဆိုရင်လည်းတရုတ်ကလာတာ များတယ်။ တခြားယိုးဒယားတို့၊ ဗီယက်နမ်တို့ကလာတဲ့မုန့်တွေဆို သူတို့မိခင်နိုင်ငံစာအပြင် ကမာ္ဘသုံးဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ပါ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲဆိုပြီး ရေးပေးထားတာ။ တရုတ်ကလာတဲ့ မုန့်တွေမှာက တရုတ်စာပဲပါတယ် နောက်ကရက်စွဲကိုပဲအင်္ဂလိပ်လိုရေးတာ။ ထုတ်တဲ့ရက်စွဲမှန်းမသိ၊ သက်တမ်းကုန်ဆုံးရက်စွဲမှန်းမသိ နလှည့်ပလှည့်နဲ့လုပ်နေတာ။ ငယ်ငယ်တုန်းကကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးသလို တရုတ်စာပါသင်ရတော့မယ်နဲ့တူတယ်။ …….
      နိုင်ငံရေးတော့စိတ်မဝင်စားပါဘူးဗျာ အမျိုးသားရေးအရကြည့်မယ်ဆိုရင် ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုးအတွက် ရင်လေးစရာကြီးှဗျ။ ဘာတွေထည့်ထားလို့ ပါတွေပါမှန်းမသိတဲ့ အစားအစာနဲ့ဆေးဝါးတွေကို သေသေချာချာ မစစ်ဆေး၊ မထိန်းကွပ်ပဲနဲ့ပက်စ်ပေး၊ ပြည်သူတွေကသုံးစွဲ။ အဲဒိမှာပါတဲ့ မတည့်တဲ့အရာတွေက ကျတော်တို့ရဲ့သွေးသားတွေထဲမှာလည်ပတ်။ (အချိန်လွန်မှသိ) မျိုးဆက်သစ်တွေစီပါကူးဆက် သက်ဆိုင်ရာဆိုးကျိုး၊ ရောဂါတွေကို တစ်မျိုးသားလုံးခံစား။ အချိန်တန်နောက်မျိုးဆက်တွေအလှည့်လည်းရောက်ရော ကိုယ်စွမ်းအား ဉာဏ်စွမ်းအားတွေကျနေတဲ့ ကျတော်တို့ရဲ့မျိုးဆက်သစ်တွေက တိုင်းပြည်ကိုဘယ်လိုကာကွယ်ကြတော့မလဲ။ အများပြုသမျှနုရမယ့်ဘဝရောက်သွားလိမ့်မယ်။ တစ်နှပ်စားအကျင့်တွေကိုဖျောက်ပြီး ရည်ရှည်အတွက်ကြည့်သင့်နေပြီလို့တော့ထင်တယ်ဗျ။ အရှိန်နဲ့မောင်းနှင်လည်ပတ်နေတဲ့ခေတ်ကြီးတည်းမှာ… ကမာ္ဘနဲ့ရင်ဘောင်တန်းနိုင်အောင်အနိုင်နိုင်ကြိုးစားနေရချိန်မှာ…. အချိန်လွန်မှသိလို့ နောက်ပြန်လှည့်ကြေးဆိုရင်….. အင်း.. စဉ်းစားသာကြည့်ကြပါတော့ဗျာ။

      Reply

  • Thel Nu Aye

    March 21, 2012 at 1:44 pm

    အင်း မြန်မာပြည်ကတရုတ်တွေကိုတော့အားနာပါရဲ့။ တရုတ်တွေမျိုးပြုတ်ကုန်ရင်ကောင်းမယ်။ မြန်မာပြည် ကတရုတ်တွေမပါဘူးနော်။ ပြည်ကြီးကတရုတ်တွေပြောပါတယ်။ ဒါ့ကြောင့်လဲ မဟုတ်တရုတ် ဆိုတဲ့စကားပေါ် လာတာဖြစ်မယ်။

    Reply

    • evolution

      March 21, 2012 at 2:48 pm

      ဟုတ်တော့ဟုတ်တယ်ဗျ၊ ဒါပေမယ်ဆုတောင်းနေလို့တော့မပြီးဘူး။ သူတို့မရိုးသားတာကိုသိပြီဆိုမှတော့ သူတို့ပစ္စည်းတွေကိုတက်နိုင်သလောက်လျှော့သုံး၊ ဒါမှမဟုတ် မသုံးကြနဲ့ပေါ့ဗျာ။ အစားအသောက်ဆိုရင်လည်းပြည်တွင်းဖြစ် တွေအများကြီးပါ။ လျှပ်စစ်ပစ္စည်းနဲ့ပက်သက်ရင်လည်း ပြည်တွင်းဖြစ်ကိုဦးစားပေးသုံးပေါ့။ နောက်ရှိသေးတယ် တရုတ်ကလာတဲ့လျှပ်စစ်ပစ္စည်းတွေမှာဆိုရင် အမှန်တစ်ကယ်မလိုအပ်ပဲနဲ့ ပျက်စီးလွယ်တဲ့အစိတ်အပိုင်းတွေထည့်ထားတာလဲရှိသေးတယ်။ အဲလိုလုပ်ရင်လည်းသူတို့က ပြန်ပြင်ပြီးသုံးတဲ့ပစ္စည်းမျိုးမှာမလုပ်ဘူး၊ ပျက်သွားရင်လွှင်ပစ်တက်တဲ့ ပစ္စည်းမျိုးမှာထည့်တာဗျ။ ဥပမာ မီးချောင်းချုပ်ပေါ့ဗျာ။ ချုပ်ကျွှန်းတယ်ဆိုရင် များသောအားဖြင့်က အဲမှာပါလာတဲ့ ကွန်နက်စာလေးတစ်လုံးကျွှန်းသွားတာများတယ်။ အဲဒါကိုကျတော်တို့ရွှေမြန်မာတွေက ဖွင့်မကြည့်၊ ပြန်ပြင်မသုံး၊ လွှင့်ပစ်ပြီး ၁၆၀ဝ လောက်နဲ့ဆိုင်သွားဝယ်တာကိုး။ ဝယ်တာကတော့မြန်မာဆိုင် ဒါပေမယ့်အဲပစ္စည်းကဘယ်ကလာတာလဲ တွေးကြည့် (တရုတ်က)။ အဲဒိတော့ကိုယ် တရုတ်ပစ္စည်းတစ်ခုသုံးတိုင်း ကိုယ်နိုင်ငံတည်းကနေ တရုတ်ကိုငွေဘယ်လောက်ပေးလိုက်ရပြီလဲဆိုတာတွေးကြည့်လို့ရတယ်ဗျ။ နောက်ရှိသေးတယ်ဗျာ ပွဲတော်တွေ။ အခုသင်္ကြန်နီးပြီ။ အိမ်က ကလေးပူလို့ ရေသေနတ်သွားဝယ်ပေးမလား ဟိုပြည်မကြီးက ဦးပေါက်ဖော်ကြီးတွေက အိတ်ဖွင့်ပြီးအသင့်စောင့်နေမှာ အဲဒိသေနတ်တွေကသူတိုတင်သွင်းထားတာလေ တစ်ခုဝယ်လိုက်တာနဲ့ သူတို့ဘဏ်အကောင့်တည်းကိုငွေဝင်ပြီးသားပဲ။ ဘာမှလုပ်မနေနဲ့ သင်္ကြန်ကလေးရက်တည်း ပြည်တွင်းဖြစ်အပေါစားသာသယ်ပေးလိုက်။
      ဟော သင်္ကြန်ပြီးလို့ သီတင်းကျွတ်ရောက်တော့ကော သူတို့ပဲ၊ ဦးပေါက်ဖော်ကြီးတို့ပါပဲ။ ဗျောက်အိုးတစ်ချက်ဖေါက်လိုက်တာက သူတို့ကိုဘဏ်အကောင့်တစ်ခု ဖွင့်ပေးလိုက်သလိုပဲ………
      ဆိုတော့
      ပြောတာတွေတော့များသွားပြီဗျာ
      နည်းပညာတွေလေ့လာပြီး ပြည်တွင်းဖြစ်တွေများများထုတ်လုပ်၊ ကိုယ်တွေကလည်း ပြည်တွင်းဖြစ်တွေကို ဦးစားပေးသုံးနိုင်ရင်တော့အကောင်းဆုံးပေါ့

      Reply

      • ကြောင်လေး

        March 22, 2012 at 7:15 am

        တရုပ်ပစ္စည်းနဲ့လွတ်တာ ဘာမှကိုမရှိပါဘူးကွယ် လက်ရှိဈေးကွက် ကိုပေါချောင်ညံ့ပစ္စည်းတွေနဲ့ ထိုးဖောက်နေတာပါ၊ စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်လိုက်ရင်တော့ အခြားနိုင်ငံတွေက အရေအသွေးကောင်းတဲ့ ပစ္စည်းတွေဝင်လာလိမ့်မယ်ထင်ပါတယ်။

        Reply

  • star flower

    March 21, 2012 at 2:16 pm

    တချို့ပြည်တွင်းက နာမည်ကြီးဆီ အမှတ်တံဆိပ်တွေလည်း အနံ့တွေထည့်၊ ဆီတွေရောနဲ့။ မြေပဲဆီမစစ်တော့ဘူးနော်။

    Reply

  • Khin Kha

    March 21, 2012 at 3:57 pm

    နယ်စပ်ဂိတ်ကစစ်တဲ့သူတွေက စကားမပြောတတ်ဘူးလေ။
    မသိဘူးလား။
    သူတို့ကိုကုန်သည်တွေက ငွေထုတ်နဲ့ရိုက်ထားလို့။
    အသံတောင်မထွက်နိုင်ကြဘူး။

    Reply

  • အသူရာ

    March 21, 2012 at 5:04 pm

    အင်း း း း တရုတ်တရုတ် တို့မြန်မာပြည်ကို လုံးပါးပါးအောင် လုပ်နေတာလား ??????????

    Reply

    • Foreign Resident

      March 21, 2012 at 7:36 pm

      ဟာသ အနေနှင့်ပြောတာပါ ။
      အသူရာ ဆိုလို့ပါ ။
      စစ်ဖက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ၊
      ပုံမှန်မေးလေ့ရှိတဲ ပုစာ္ဆ က ။
      အနောက်မြောက်ထောင့် မှ
      အသူရာ အင်အား တစ်သိန်း စစ်ချီလာသည် ၊
      နှင့် စလေ့ရှိတယ်ဗျ ။

      အဲဒီမှာ အသူရာ ဆိုတာ တရုတ် ကိုရည်ညွန်းတာဗျ ။

      Reply

      • အသူရာ

        March 21, 2012 at 10:46 pm

        အဲ့ဒါချို နာမည်ပြောင်းတော့မယ်ဂျာ

        Reply

  • evolution

    March 21, 2012 at 8:53 pm

    တစ်ကယ်တော့ တရုတ်၊ ယိုးဒယားဆိုပြီးတော့လိုက်ပြောနေလို့တော့မရဘူးဗျ။ ဘယ်သူမဆိုသူတို့ဘက်ကကြည့်ရင် သူတို့အမှန်ပဲထွက်လိမ့်မယ်။ အဓိက ကကိုယ့်ဘက်ကအပြင်အစဉ်ပဲ။ တိုက်တဲ့သူက တိုက်မဲ့နည်းကိုဗျူဟာဆွဲသလို ကို်ယ့်ဘက်ကလဲအနည်းဆုံးတော့ ခံတပ်ကောင်းကောင်းပြင်ထားဆိုသလိုပေါ့။ တာဝန်ရှိသူတွေအနေနဲ့က အမြင်ကြီးကြီးထားဘို့တော့လိုလိမ့်မယ်။ ရည်ရှည်အတွက်ထည့်စဉ်းစား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်တာဝန်အပေါ်မှာ စေတနာထားပြီးဆောင်ရွက်၊ ပြည်သူတွေကလဲနလပိန်းတုံးမနေဘဲနဲ့ မျက်စိဖွင့် နားစွင့်ပြီး အမှားအမှန်ခွဲခြားဆာင်ရွက်မယ်ဆိုရင် အနည်းဆုံးတော့သူများညှပ်ချတာကိုမခံရတော့ဘူးပေါ့ဗျာ။ ကိုယ့်ဘက်မှာ ခံတပ်ကောင်းတစ်ခုဆောက်လိုက်သလိုတော့ ဖြစ်နိုင်မယ်ထင်တာပဲ။ အခုတော့ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ သူတို့ဘက်ကကြည့်ရင် ရွှေမြန်မာတွေ ဘာမှမသိပါဘူးကွာ၊ နလပိန်းတုံးတွေပါ ချသာချ ဆိုပြီးတော့များပြောနေကြမလားပဲ။

    Reply

  • unclegyi1974

    March 21, 2012 at 10:42 pm

    အစားအသောက်ကိုအရင်ထက်ပိုပြီးစစ်ဆေးလာသော်လည်းလိုအပ်ချက်များစွာရှိနေတာ
    လူတိုင်သိရှိပြီးဖြစ်ပါတယ်
    အရင်တေဇတဦးတည်းစားအုန်းဆီတင်သွင်းခွင့်ရှိတုန်းကဈေးအပေါဆုံးဆီတွေသွင်း
    လာတာကိုတောင်ဘာမှမပြောနိုင်ခဲ့တဲ့စစ်ဆေးရေးအဖွဲ့က
    စားသုံးသင့်တဲ့စားအုန်းဆီအဆင့်သတ်မှတ်ချက်တွေအခုထုတ်ပေးနိုင်ပါပြီ
    မြန်မာပြည်သူတွေလည်းအဆီပိတ်နှလုံးရောဂါရသွေးတိုးဖြစ်နဲ့အထူးကုဆေးခန်းတွေလည်း
    အတော်အလုပ်ဖြစ်နေကြပါပြီ
    ဒီလိုမစားသင့်တဲ့စားအုန်းဆီတွေတင်သွင်းတဲ့သူကသွင်းခွင့်ပြုတဲ့သူကပြုခဲ့တာဘယ်နိုင်ငံသားတွေလည်းမသိဖူးနော်

    Reply

  • Foreign Resident

    March 22, 2012 at 3:23 am

    အဘ စဉ်းစားကြစေလိုပါတယ် ( ၁၃ ) မှာ
    နဲနဲ တို့ထိထားပါတယ်ကွယ် ။
    အားပေးကြပါအုန်း ။

    Reply

  • ကြောင်ကြီး

    March 22, 2012 at 8:11 am

    ဟိုဆြာပြောတော့ တရုတ်ကြီးက သိပ်ရိုးသားကြိုးစားဆို… ဒီအတိုင်းဆို တဝက်ပဲမှန်ဒယ်ထင်ပါ့..။

    Reply

  • Gipsy

    March 22, 2012 at 9:34 am

    ရောဂါတွေကလဲ ထူပြောလာတယ်
    ဘယ်အစားအသောက် ကိုမဆို ကျန်းမာရေးသတိနဲ့ ယှဉ်တွဲကြည့်ပြီးမှ
    ဝယ်ယူ စားသုံးတာ အကောင်းဆုံးပါဗျာ
    မသန့်ဘူး ထင်ရင် မသုံးဆောင်သင့်ကြောင်းပါ ။

    Reply

Leave a Reply

Your email address will not be published.