ဂေဇက်ရွာသူ ကြေးမုံလေးအမျိုး Na Li အား ရွာသားကြောင်ကြီးနှင့် ရည်ငံကြည်နူး ချစ်ရည်လူးလျက်ရှိသော ရှာရာပိုဗာ Sharapova မှ ၂၀၁၂ခုနှစ် WTA ၏ Sony Errison ဖလား အင်္ဂါနေ့ ကွာတားဖိုင်နယ်ပွဲစဉ်တခုတွင် နှစ်ပွဲပြတ် ၆-၃ ၆-ဝ ဖြင့် လက်စွမ်းပြ အနိုင်ယူလိုက်သည်။ Na Li သည် မန်းဂေဇက်ရွာ အရှေ့မြောက်ဖက်ရှိ အသူရာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ကြောင်ကြီးချစ်ချစ် ရှရာပိုဗာမှာ အမေရိကန်နိုင်ငံသို့ ငယ်စဉ်ကထဲက ရွှေ့ပြောင်းအခြေချလာသူ ရုရှားနိုင်ငံသူလေးဖြစ်ကြောင်း သတင်းများအရ သိရသည်။ ရှရာပိုဗာလေးသည် ရုရှားနိုင်ငံသူအဖြစ် ဆက်လက်ခံယူထားသော်လည်း အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည်အတွက် အမေရိကန်ပရိတ်သတ်၏ အားပေးမှုကို ခံယူရရှိထားသည်။ ယနေ့ပွဲစဉ် အရှုံးအနိုင်အရ အသူရာနိုင်ငံမှ အမေရိကန်နိုင်ငံအား အကြွေးဖြင့်ဖိ၍ အနိုင်ယူထားသည် ဆိုနေခြင်းမှာ […]


chityimhtooMarch 27, 20121min020
ဟဟ..ကျုပ်တို့တစ်သက်လုံးအားပေးလာတဲ့ အိုင်စီက ကိုလေးဖြူကတော့ ဘယ်ပါတီကိုမဲထည့်ရမလည်းမဆုံးဖြတ်ရသေးဘူးတဲ့ ဗျာ.. ဟုတ်ပါတယ်လူတိုင်းမှာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ကျွန်တော်တို့ကအိုင်စီရဲ့တစ်သက်လုံးပရိတ်သတ်ပါ။ အိုင်စီအခွေဆိုရင်ရအောင်ပြေးဝယ်တယ်။ အိုင်စီစတိတ်ရှိူးဆိုရင် ရှိသမျှပုံအောပြီး အငတ်ခံသွားကြည့်ကျတယ် ။ပြည်သူတွေဘာဖြစ်ချင်တာလည်းကိုတော့ သိသင့်ပါတယ်ဗျာ …ပြည်သူတွေဘာလိုချင်တာလည်းဆိုတာကိုလည်း သိသင့်ပါတယ်။ တစ်သက်လုံး ယူလာပြီးပြီ … ဒီတစ်ခါတော့ ပြည်သူတွေအတွက် ပရိတ်သတ်အတွက် ပြန်ပေးပါဦးဗျာ။


NovyMarch 26, 20121min016
MITT   သီလဝါ ဆိပ်ကမ်းမှာ မီးလောင်းနေတယ်လို့ သတင်းရလို့ပါ သစ်လုံးပုံတွေ မီးလောင်တယ်လို့ ပြောပါတယ် သတင်းမှန်မမှန်ဆိုတာ သိတဲ့လူရှိရင် ပြန်ပြောပေးပါအုံးနော် CJ များ သတင်းယူရန် သွားနိုင်ပါကြောင်း


YE YINT THUMarch 26, 20121min015
“ ယခုလက်ရှိ မြန်မာပြည်မှာ အချမ်းသာဆုံးပါ  ” လို ့ပြောလို ့ရတဲ့လူတွေကို တန်းစီဇယား ချကြည့်ကြရအောင်။ ကျွန်တော် အမြင် နဲ ့ လေ့လာသိရသလောက် ကို အောက်ပါတိုင်းခန် ့မှန်းထားတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ ့ကြွယ်ဝချမ်းသာမှု ကိုဘယ်သူမှ အတိအကျသိနိုင်ဖို ့မလွယ်ပါဘူး။ ရပ်တည်လုပ်ကိုင်ဆောင်ရွက်မှု နဲ ့ မြင်တွေ ့သိရှိရတဲ့ အချက်တွေ အပေါ်မှာဘဲအခြေခံပြီး   နီးစပ်ဆုံး ခန် ့မှန်း ရတာဖြစ်တဲ့အတွက်တစ်ဦးနဲ ့တစ်ထင်မြင်ချက်တွေ ခန် ့မှန်း ချက်တွေ ကွဲလွဲနိုင်ပါတယ်။ စာရှုသူတို ့ရဲ  ့ထင်မြင်ချက်ကိုလည်းတန်းစီဇယားလေး ချပြပြီး comments ပေးကြပါဦး ။ ၁။ ဦးတေဇ ( Htoo Trading ) ၂။ ဦးထွန်းမြင့်နိုင် ( […]


Alexendre PingpoungMarch 26, 20121min010
ရက်စက်စွာ သတ်ဖြတ်ခြင်း… သူမ၏ အလောင်းကား ကျွန်ုပ်၏ လက်ထဲမှာပင် ရှိနေသည်…။တကယ်ဆိုတော့ သူမကို ကျွန်ုပ်ကိုယ်တိုင် ရက်စက်စွာသတ်လိုက်မိပြီ…။ သူမအား ကျွန်ုပ် အကြောင်းမဲ့ မသတ်ရက်ပါ…။ သို့သော်…အခြေနေက သူမအား သတ်ပစ်ရန်ဖန်တီးလေပြီ…။ကျွန်ုပ်အပေါ် သူမ ထာဝရအနိုင်ယူဆိုးသွမ်းခဲ့သူပင်… ထို့ကြောင့် သူမအား တစ်ညလုံးရှာဖွေမိသည်…။သူမသည် သူမ၏ အသိုင်းအဝိုင်းများကြားတွင် ကျွန်ုပ်လက်မှ လွတ်မြောက်ရန် တစ်ညလုံးလုံး ပုန်းအောင်းခဲ့သည်…။ယခုမူ သူမကို ကျွန်ုပ် ရှာဖွေတွေ့လေပြီ…။သူမကိုတွေ့ပြီ ဆိုလျှင်ပင် ကျွန်ုုပ်၏ ဒေါသအဟုန်မှာ ကြွခုန်နေပြီ…။ဖိစီးလာသောဒေါသအဟုန်ကို ထိန်းချုပ်၍မရတော့ပေ…။ စိတ်လိုက်မာန်ပါပင် သူမကို သတ်လိုက်ပြီး ကျွန်ုပ် ကျုးလွန်မိသည့် အဖြစ်ကို လျစ်လျူရှုလိုက်မိပြီ…။ ဝဋ် ကိုလည်းမလန့် ငရဲကိုလည်းမကြောက် အပယ်ဆိုသည်မှာကို မတွေး ရာဇဝတ်ဘေးပြေးမကြည့် …အို…သူမကိုကျျွန်ုပ် သတ်ပြီးပါပြီ…။သူမသေပါပြီ…။ ကျွန်ုပ် လက်ထဲမှာ သွေးသံတရဲရဲ ဒါကို […]


black chawMarch 26, 20121min018
မနက်ဖြန်မှာ ကျရောက်မယ့် လက်ရှိအခေါ်အဝေါ် တပ်မတော်နေ့၊ သမိုင်းထဲမှာတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့မို့ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပို့စ်လေးတစ်ခုပါဗျာ။ တပ်မတော်စတင်တည်ထောင်တဲ့နေ့က မတ်လ ၂ရ ရက်နေ့ မဟုတ်တာတော့ မှတ်မိနေပါတယ်။ ရေးတေးတေးပါပဲ။ သိကြ မှတ်မိကြတဲ့လူတွေ ပြောကြဆိုကြဖို့ပါဗျာ။ နောက်တစ်ခုက ကျွန်တော် သခင်ဗဟိန်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်ဝင်စားမိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ် ဆိုကတည်းက ဒီလူကြီးဟာ နှယ်နှယ်ရရမဟုတ်တာ သေချာပါတယ်။ တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။ ဆိုတာကို ကြည့်ခြင်းအားဖြင့် […]


နိုင်ငံရေးအကဲဖျက် အကျွန်ုပ်ဦးကြောင်ကြီး သံမဒကျီးကို ဘယ်သူမှ မယူလို့ကျန်နေတဲ့ အကြံဂေါင်းတခု ပေးချင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲရက် သိပ်နီးနေပြီ။ ရက်ပိုင်းပဲ လိုတော့တယ် သို့ပေသိ မြို့နယ်တိုင်းမှာ မဲစာရင်းကွာဟမှုတွေ ကျော်မကောင်း ကြားမကောင်း ဖြစ်နေတယ်။ အောက်ခြေ ကျေးရွာအတော်များများမှာ မဲဆန္ဒရှင်စာရင်းတောင် မကပ်နိုင်သေးဘူးဖြစ်နေတယ်၊ ကျေးရွာအဆင့်တွေက မြို့နယ်ညွှန်ကြားချက်ကိုစောင့်၊ မြို့နယ်က ခရိုင်၊ ခရိုင်ကတိုင်း၊ တိုင်းကပြည်ထောင်စုကော်မရှင်၊ ကော်မရှင်က ကော်မရှင်ငှက်ကထကိုစောင့်၊ ငှက်ကထက ငှက်ကထကတော်ကိုစောင့် (အိမ်လည်သွားတာ ပြန်လာသေးလို့) အဆင့်ဆင့်စောင့်ကြရင်း နောက်ဆုံး ကုတင်ကျိုးတာပဲ အဖတ်တင်မယ်။ မဲစာရင်း မမှန်မှတော့ ရွေးကောက်ပွဲလုပ်လည်း မထူးဘူး။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်နေပြီ။ ကြားဖြတ်မဲစာရင်းကနေ ဘူးပေါ်သလိုပေါ်လာနေတဲ့ မဲလိမ်မှုသည် သမိုင်းမှတ်တမ်းများဖြစ်လို့ ၂၀၁ဝရွေးကောက်ပွဲ တရားဝင်မှုကို ခြိမ်းခြောက်လို့နေပါတယ်။ ၂၀၁ဝရွေးကောက်ပွဲ ရလဒ်အဖြေကို ထိခိုက်မှာစိုးလို့ လိမ်ထားတဲ့ မဲစာရင်းတွေကို […]


padonmarMarch 26, 20121min063
ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး တစ်ခု ၂၀၁၁၁ ဩဂုတ်လ ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်လေးကို ဦးစီးသူကတော့ Road To Mandalay (ပုဂံညောင်ဦးနဲ့ မန္တလေး ပြေးတဲ့ Shuttle Ship)က ဒေါက်တာ လှထွန်း (1986 batch IM 1) ပါ။ဒေသခံဆရာဝန် ၂ ယောက်လည်း အားဖြည့်ထားပါတယ်။ လူနာတွေကို ဒီဆေးခန်းမှာ ကုသမှုခံယူရင် ကိုယ်နိုင်သလောက် ဆေးဖိုးပေးသွားနိုင်တဲ့သူလည်းပေး၊မပေးနိုင်ကြတဲ့ သူတွေကိုတော့ အခမဲ့ကုပေး ဆိုတဲ့ စနစ်နဲ့ကုပေးပါတယ်။ အများစုကတော့ အခမဲ့ပေါ့။ရွာနီးချုပ်စပ်တွေကပါ လာကုကြပါတယ်။ ပခုက္ကူ၊စလင်းဖက်တွေကတောင် ဧရာဝတီမြစ်ကို လှေနဲ့ ကူးပြီးလာကုကြပါတယ်။ ဆေးခန်း တစ်ပတ်ကို သောကြာ၊စနေ၊တနင်္ဂနွေ ၃ရက်ဖွင့်ပြီးကုပေးနေပါတယ်။လူနာဦးရေ တိုးတိုးလာတာ အခုဆို တစ်နေ့ကို လူနာ […]


ကထူးဆန္းMarch 25, 20121min024
http://www.facebook.com/thevoiceweekly http://www.facebook.com/notes/the-voice-weekly/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3-%E1%82%94%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD/410800058946830 ရန်ကုန် ၊ မတ် ၂၅ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြိတ်ကျွန်းစု ဒေသ သို့ စည်းရုံးရေးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် Air Mandalay လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ၆ နာရီ၁ဝမိနစ် ခန့်တွင် ရန်ကုန် လေဆိပ် သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါသွားသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အပြန် ခရီးစဉ်၌ လေယာဉ်ပေါ်တွင် လေးကြိမ်ခန့်အန်ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ xxxxxxxxxxxxxxx ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂ရ ၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်က ကြေညာချက်ထုတ်ပြန်သည်။ […]


chityimhtooMarch 25, 20121min023
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ ့က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန် ့ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို ့ ပို ့အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၎င်းတို ့တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် က…ိုသံခေ…ျာင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန် ့ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ ့ ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို ့ အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။ ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ ့ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ ့ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို […]


မနေ့က သတင်းမှာဖတ်ရတယ် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း ကချင်ပြည်နယ် သုံးမြို့နယ်မှာ လုံခြုံရေး အခြေအနေအရ ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တယ်တဲ့။ အဲဒီအကြောင်းပြချက် နောက်ကွယ်မှာ ဘာတွေရှိနိုင်မလဲ။ ဝိုင်းစဉ်းစားကြည့်ရအောင်… ၁။ လူမျိုးစုပြည်နယ်ဖြစ်တယ်… လူမျိုးစုပြည်နယ် အများအပြားရှိပေမဲ့ စစ်တပ်အတွက် နီးစပ်တယ်လို့ ခံစားရပုံခြင်း တူချင်မှတူလိမ့်မယ်။ ကချင်တွေကို အနောက်အုပ်စုနဲ့ သိပ်နီးစပ်လွန်းတယ်လို့ စစ်တပ်အနေနဲ့ တွက်ထားဖို့များတယ်။ အတိုက်အခံ အားကောင်းတာခြင်းအတူတူ အဲလိုဒေသမျိုးတွေမှာ စစ်အုပ်စုအတွက် အန္တရာယ်ဖြစ်နိုင်သူ ဒါမှမဟုတ် ရှင်းထုတ်ရခက်တဲ့သူဆို တရားဝင်နေရာပေးဖို့ အဆင်သင့်ဖြစ်ပုံမရဘူး။ ကေအိုင်အို ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာကို ၂၀၁ဝရွေးကောက်ပွဲ အဝင်မခံတာ အသိသာဆုံးပဲ။ ၂။ မဟာဗျူဟာအရ အရေးပါတဲ့ ရှေ့တန်းခံတပ်တွေ ဖြစ်ပုံရတယ်။ ဗန်းမော်ဆိုရင် ဗလမင်းထင် တရုတ်နဲ့ စစ်တိုက်တုန်းက ခံတပ်မြို့ဖြစ်ခဲ့တယ်လို့ မှတ်မိသလိုပဲ။ (ကောင်းတုံ […]


black chawMarch 24, 20122min027
ဓါတ်ပုံ ၃ ပုံနဲ့ ပို့စ်တစ်ပုဒ်တင်သွားတယ်လို့ ပြောရင်လည်း ခံရတော့မှာပဲဗျာ။ ဒီနေ့ ဘယ်လိုမှ ဓါတ်ပုံတင်လို့ မရဘူး ဖြစ်နေပါတယ်။ အဲဒီတော့ ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့တာနဲ့ ဒီသုံးပုံနဲ့ ပဲလွှတ်လိုက်တော့မယ်ဗျာ။ ပြောချင်တာက မြတ်မြတ်နိုးနိုး ပိုးမွေးသလို တယုတယ စိုက်ပျိုးခဲ့ကြတဲ့ ကြက်ဆူပင်တွေကို အခု ရက်ရက်စက်စက် ခုတ်ပစ်နေတဲ့ အကြောင်း။ မြန်မာနိုင်ငံ စာနယ်ဇင်း အရေးပေါ်ညီလာခံ ဆိုင်းဘုတ်လေး အကြောင်း။ ကြံတော ကားပွဲစားတန်းနားမှာ အသစ်ဖွင့်လိုက်တဲ့ Junction Square အကြောင်း။ လက်လျှော့ပါပြီ ကော်နက်ရှင်ရေ။


လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ဝန်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News […]