လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုအဆင့်ရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီ အုတ်ကထခန့်အပ်လိုက်ကြောင်း သတင်းများ ဖတ်ရတယ်။ အပြောကတော့ ဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေး၊ ပြည်ထောင်စုဝံကျီးများအပါအဝင် ပြည်သူ့ကိုယ်စားလှယ်၊ ဝန်ထမ်းများ စည်းကမ်းလိုက်နာရေး လွှတ်တော်ငှက်ကထနဲ့ ပူးတွဲကြပ်မပ် ဆောင်ရွက်မယ်ပေါ့လေ။ ထားပါတော့ အပြောက ရွှေမန်းဖြစ်ဖြစ် ငွေငန်းဖြစ်ဖြစ် ဘာဆိုတာ များမကြာခင် သိရမှာပါ။ မရှင်းတာ အဲဒီပြည်ထောင်စုအဆင့်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ။ သတင်းများမှာတော့ လွှတ်တော်ငှက်ထ အမိန့်နဲ့ အတည်ပြုပုံရတယ်။ လွှတ်တော် နောက်ဆက်တွဲ ကြေငြာချက်မှာ ပြည်ထောင်စုအဆင့် ကော်မတီသတ်မှတ်တယ် ဆိုတာကိုး။ တလောကတင် ဖွဲ့စည်းစည်းပြီးသား ၂၄ခုသော လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့် တန်းမဝင်ကြောင်း အခြေခံဥပဒေဆိုင်ရာတယားရုံး စီရင်ချက်ရှိတယ်။ အဓိပ္ပါယ်က ပြည်ထောင်စုဝံကျီးများအနေနဲ့ သက်ဆိုင်ရာကော်မတီများရဲ့ စုံစမ်းမေးမြန်းမှုများမှ ကင်းလွတ်ခွင့်ရတယ်။ အခုဒေါ်စုဦးဆောင်တဲ့ ဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီကို ပြသနာအရှာခံရတဲ့ […]
