ဖုန်း SIM card ပျက်သွားသောအခါ

myanmarcitizenAugust 6, 20121min014

မနေ့က ဖုန်းကိုကောက်ကိုင်ကြည့်လိုက်တော့ SIM card ထဲ့မထားပါဘူးဆိုပြီး message ပြနေတယ်။ ဒါနဲ့ power ပိတ် ပြန်ဖွင့်ကြည့်တော့လဲ ဖုန်းစုတ်ကဒီအတိုင်းပဲပြနေတယ်။ ဒါနဲ့ နောက် ဖုန်းတစ်လုံးထဲထဲ့တော့ လဲ ထူးမခြားနားပါပဲ။ မနေ့က အဲ့ card ကိုး ဖုန်းသုံးလုံးမှာစမ်းကြည့်ခဲ့တယ်။ SIM card ကိုမသိဘူးပဲ အားလုံးက။ အဲ့တော့ သေချာပြီငါ့ card တော့သွားရှာပြီပေါ့။  ဒါမျိုး အရင်ကတစ်ခါမှကိုမဖြစ်ဘူးပါဘူး။ မကြုံဘူးသေးဘူးပေါ့

ဒါနဲ့ card ကိုဘယ်မှာသွားလဲရမယ်မသိတော့ ရတနာပုံ ခေါစင်တာ ကိုခေါ်ပြီးမေးကြည့်တော့ ရွှေဂုံတိုင်ကိုသွား ပါဆိုလို့ ဒီနေ့မနက် ဖုန်းစာချုပ်လေးတွေအိတ်ထဲထဲ့လို့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး စင်တာကြီးဆီသို့ သွားခဲ့တော့တယ်။

အဲ့ကိုရောက်သွားတော့ ပင်မရုံးကြီးဆီကိုရောက်သွားတယ် အပေါက်ဝမှာ စာရေးမ ဝဝ မမကြီးတစ်ယောက်ထိုင် နေတာတွေ့တော့ မျက်နှာလေး အစွမ်းကုန်ပြုံးပြရင်း “အမ ကျွန်တော့ SIM card ပျက်သွားလို့ဘယ်ကိုသွားရ မလဲ” လို့မေးလိုက်တော့ “ရှေ့ ကရုံးကိုသွားတဲ့” ဒါနဲ့ပဲ ပင်မအအဆောက်အဦးကြီးရှေ့က အဆောင်လေးဆီ ကိုတစ်ဖန်ချီတက်လိုက်ရတယ်။

အဲ့နေရာမှာ ပြူတင်းပေါက် နှစ်ခုနဲ့ နှစ်နေရာလက်ခံနေတယ်။ တစ်ခုက ကဒ်ပျက်၊ ကျန်တစ်ခုက Internet လျောက်တာထင်တယ်။ ဒါနဲ့ ကဒ်ပျက်အတွက် နေရာမှာတန်းစီနေတာတွေ့တော့ နောက်ကနေတန်းစီလိုက် တယ် ကိုယ့်ရှေ့က 10 ယောက်လောက်တော့ရှိမယ်ထင်တယ်။ သိပ်မကြာဘူး ကျွန်တော့အလှည့်ရောက်လာ တယ်။ စာချုပ်၊ မှတ်ပုံတင် မူရင်းနဲ့ ပျက်သွားတဲ့ card ကို စာရေးမကိုပေးလိုက်တယ်။ ခနပါပဲ ကျွန်တော့ကို card အသစ်ပြန်ပေးတယ်။ ဘာပိုက်ဆံမှပေးစရာမလိုသလို။ ဘာစာရွက်စာတမ်းမှလဲ မိတ္တူကူး စရာမလိုပါဘူး။ ရလာတဲ့ကဒ်လေးကို ဖုန်းထဲထဲ့ပြီး စမ်းကြည့်တယ် ဖုန်းက registration fail ဆိုပြီး No service ပြတယ်။ ဒါဆို OK ပြီ။ ဖုန်းကတော့ မနက်ဖြန်လောက်မှသုံးလို့ရမယ်ဆိုပဲ။

အဲ့မှာ တန်းစီနေတုန်း အချက်နှစ်ခုပဲ တွေ့ခဲ့ရတယ်။ လူငယ်တစ်ယောက်က ရောက်လာပြီးကျွန်တော့ရှေ့ကလူ (သူလဲလူငယ်တစ်ယောက်ပါပဲ) ကို ရုံးကိုအရေးတကြီးတစ်နာရီအရောက်သွားရမှာမို့လို့ သူ့ကိုရှေ့ကနေဝင် ခွင့်ပေးပါလို့ပြောတယ်။ အဲ့တော့ လူငယ်က “ကျွန်တော့ တစ်ယောက်ထဲ တန်းစီတာမဟုတ်တဲ့အတွက် နောက်ကလူတွေကိုပါပြောတဲ့” ကောင်းလိုက်တဲ့စကား နောက်က အားလုံး OK ရင်သူလဲ OK တဲ့သဘော ပြောလိုက်တော့ သကောင့်သား မလှုပ်တော့ဘူး။

နောက်တစ်ချက်ကတော့ ပွဲစားတွေက မကြာမကြာဆိုသလို ကြားဖြတ်ဝင်တယ်။ အမျိုးသမီးပဲ ကျွန်တော့ရှေ့ ကအဲ့တစ်ယောက်နဲ့ပဲထပ်တွေ့တာပဲ။ အဲ့အမျိုးသမီးက သူလဲမှားသေးတယ် အဲ့လူငယ်ကိုလဲ ပြန်ဟောက် တော့။ လူငယ်လဲတင်းသွားတယ်ထင်တယ် သွားတိုင်လိုက်ရမလား လို့ပြောလိုက်မှငြိမ်သွားတယ်။

(အဲ့ဒါလေးနှစ်ခုပဲ တွေ့ခဲ့ရတယ်။ အခွင့်အရေးသမားနဲ့ ပွဲစား မပျောက်သေးပါလား)

ခုမှအရေးကြီးတာလာပါပြီ။ ဖုန်းကဒ်ပျက် လဲချင်ရင်ဘာလိုလဲဆိုတာလေးပါ။

SIM CARD အပျက်လဲလှယ်ရန် …

၁။ တယ်လီဖုန်းစာချုပ်မှုရင်း

၂။ မူလပိုင်ရှင်၏မှတ်ပုံတင်မူရင်း

၃။ ကိုယ်စားလှယ်၏မှတ်ပုံတင်မှုရင်း

၄။ ကိုယ်စားလှယ်လွှဲစာ

စသည့်တို့ပြည်စုံစွာယူဆောင်လာပါရန်။

ဆိုပြီးရေးထားပါကြောင်း။ ကဒ်ပျက် လဲရန်လိုအပ်လာပါကသိရှိရန်မျှဝေလိုက်ပါကြောင်း …..

14 comments

  • myanmarcitizen

    August 6, 2012 at 2:53 pm

    သဂျီးရေ ကိုးနတ်ရှင် မကောင်းတာနဲ့ post ကနှစ်ခုထပ်သွားတယ်ဗျာ။ ကျေးဇူးပြုပြီးတစ်ခုကို ဖျက်ပေးပါလား။ မျက်စိနောက်နေလို့ပါ။

    Reply

  • we R one

    August 6, 2012 at 2:58 pm

    Simcard တော့ မပျက်ဖူးဘူး..။ ဝယ်ထားပြီး ၂ ပတ်အကြာမှာ အဆောင်ကို သူခိုးဝင်လို့ ဖုန်းရော ပိုက်ပိုက်ရော ပါသွားတယ်..။
    နောက်တစ်နေ့မှာ ရတနာပုံ မှာ သွားပြီးပိတ်တာ ၂ သောင်းပေးရပါတယ်..။ ၃ ပတ်ကြာယင်ရမယ်လို့ ပြောပါတယ်..။ ပြီးခဲ့တဲ့ သောကြာနေ့ Simcard ပြန်ရတယ်..။ Sim card မှာ ကျန်တဲ့ ပိုက်ဆံရော အင်တာနက်ချိတ်ထားတာရော အကုန်ပြန်ရပါတယ်..။ လောလော ဆယ်တော့ Handset မဝယ်နိုင်သေးပါသဖြင့် သူခိုးဆီက ရဲတွေသိမ်းထားတဲ့ Handset ကိုစောင့်ရင်း ဖုန်းဆက်ချင်ရင် သူများဆီ က handset ကို ခန ငှားဆက်နေရတဲ့ အဖြစ်ပါကွယ်……

    Reply

    • myanmarcitizen

      August 6, 2012 at 5:11 pm

      ဝယ်ထားပြီး နှစ်ပတ်အကြာ ဆိုတော့ တော်တော်လေးခံစားလိုက်ရတယ်ပေါ့။ Handset ကိုရဲတွေသိမ်းထားတယ်ဆိုတော့ကာ သူခိုးကိုမိလို့ ပေါ့ ဟုတ်လား ??

      Reply

      • we R one

        August 6, 2012 at 5:18 pm

        ဟုတ်ပါ့ ၂ ပတ်အကြာဆိုတာ အဖြစ်ပြောရတယ် တကယ်တမ်းတော့ ၃ ရက်နေ့ ဝယ် ၁၅ ရက်နေ့ မနက် အခိုးခံရတာပဲ.. အင်တာနက်လျှောက်ပြီး ၅ ရက်အကြာလေ..။ ခံစားချက်ကတော့ ပြောစရာတောင်မလိုဘူး..။ နှမြောဆုံးက တော့ ဟန်းဆက်ပဲ..။ မရှိမဲ ရှိမဲ့စုပြီး ဝယ်ထားရတာ… ။ ပြောရင် နိုချင်လာပြီ.. အဟင့်

        Reply

  • နွေဦး

    August 6, 2012 at 3:25 pm

    ရှေးခေတ်ဟောင်းသီချင်းလား.. လွယ်သည်လဲရှိသည်..ခက်သည်လဲရှိသည် ပေါ့..။
    myanmarcitizen သွားတဲ့နေ့က လူကြီးလမ်းကြောင်းရှိလို့ထင်ပါရဲ့ ။ ကံကောင်းတာပေါ့ ။
    ပုံမှန်ဆို ၂သောင်းဘဲ ..း((။

    Reply

    • myanmarcitizen

      August 6, 2012 at 4:48 pm

      မဟုတ်ဘူးဗျ။ ပျောက်ရင် 20000 ကျပ်။ ပျက်ရင် free ခင်ဗျ။ တရားဝင်ကိုထုတ်ပြန်ထားတာ။ 1-5-2012 ရက်ကပဲအဲ့နှုန်းနဲ့သွားနေတာ လို့မှတ်သားရပါကြောင်း

      Reply

  • ko khin kha

    August 6, 2012 at 4:05 pm

    Simcard အဟောင်းအပျက်လက်ထဲမှာရှိပြီး အပ်နှံလျှေက်ထားရင် စာရွက်စာတမ်းစုံပါက လုံးဝမပေးရပါ၊
    Simcard အဟောင်းအပျက် လုံးဝအပ်နှံနိုင်ခြင်းမရှိတဲ့ ပျောက်ဆုံးမှု့အတွက်သာ
    ငွေကျပ်နှစ်သောင်းပေးသွင်း ရပါကြောင်း ကြေငြာထားတာဖတ်ဖူးပါသည်။

    Reply

  • etone

    August 6, 2012 at 4:06 pm

    ဗဟုသုတအနေနဲ့ ဖတ်သွားပါတယ်နော် ။
    ကျွန်မ ဖုန်းကဒ်တော့ မပျက်ဖူးသေးပါဘူး … ။ အရင်ကတော့ ဖြုတ်လိုက် တပ်လိုက် ခဏခဏ လုပ်တယ် …. ။ အဲ့ဒီအချိန်တုန်းက … ကွီးကွီး( အရင်က …အာဖျံကွီးအနေနဲ့သူစာတွေ ရေးဖူးပေမယ့် .. အခုတော့ ရွာနဲ့ဝေးတဲ့တနေရာဆီရောက်နေတဲ့ သူငယ်ချင်းမလေးပါ ။ ) က ပြောတယ် … သူ့ကဒ်ပျက်တုန်းက … ကဒ်ပြန်ရဖို့ တသိန်းပေးရတဲ ့အပြင် ၊ သုံးပတ်စောင့်ရပါသတဲ့ ….. ။ တသိန်းလည်း ထပ်မပေးချင် ၊ သုံးပတ်လည်း မစောင့်ချင်တာကြောင့်.. ဟမ်းဆက်တွေလဲထည့် … မသုံးတော့ပါဘူး ။

    ကျွန်မ ညီမလေးဖုန်းကတော့ … အောက်ပြုတ်ကျရုံလေးနဲ့ …ကဒ်ဘလော့ဆိုပြီး ဖြစ်သွားရာက … ကဒ်ပျက်သွားခဲ့တယ်လေ … ။ ဆက်သွယ်ရေးမှာ သွားမတိုးချင်တာနဲ့ .. စာရွက်တွေပေးပြီး … Elite မှာ ခြောက်ထောင်ပေးရပြီး ၊ တပတ်စောင့်ရတယ် ….. ကဒ်အသစ်ပြန်ရတယ် … ။
    အခုလို နေ့ချင်းပြီးသာလုပ်ပေးတယ်ဆို .. လူစောင့်ရလည်း … အဆင်ပြေပါတယ် .. ။ 🙄

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 6, 2012 at 4:24 pm

    ကျုပ်တို့ရွာမှာတော့ ကတ် ပလာဘလမ်သွားရင်
    စင်တာကို လူဘဲသွားရတယ် ဘာစာရွက်မှမလိုဘူး
    ဟိုရောက်ရင်မေးတယ်
    ဘယ်နေ့မှာပျောက်တယ်
    နောက်ဆုံးဘယ်နံပါတ်ကို ဆက်ထားတယ် ဘယ်နံပါတ်အဝင်ရှိတယ်
    နောက်ဆုံးဖုံးထဲကို ပိုက်ဆံဘယ်လောက်ထည့်ထားဒယ် ဒီလောက်ဘဲ
    ဆိုလိုတာက ကိုယ့်နံပါတ်ဖြစ်ကြောင်း အထောက်ထားပြောနိုင်ရင်
    သူ့ဖာသာ ခလုပ်နှိပ်ပြီးချက်ကင်လုပ်လိုက်ရင် ဘီဒီယိုထဲကလို ကွက်တိဘဲ
    ဒါနဲ့
    ဇဂါးမစပ် ဟို ငါးထောင်တန်ကတ်အခြေနေ ဘယ်လိုရှိသေးသဒုံးဗျ 😀

    Reply

    • myanmarcitizen

      August 6, 2012 at 5:02 pm

      ခုနေတော့ ၅၀၀ဝ တန်အခြေအနေက လှုပ်လှုပ်ရှားရှားသိပ်မရှိလှဘူး ငြိမ်နေသဗျ။

      Reply

  • ချစ်ရင်ထူး II

    August 6, 2012 at 9:02 pm

    သားလည်း နှစ်သောင်း ပေးရကြောင်းပါ … နှစ်ပတ်ကျော်ကျော် စောင့်ရပါတယ် ပြည်မှာ ပြန်လျှောက်ရပါတယ် ..

    Reply

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:57 am

    အင် းးးးးးးးပျောက်ရင် လေးသောင်း။ပျက်လျှင် နှစ်သောင်းပေးရသဗျာ။နှစ်ပတ်လောက်ကြာပါသည်။
    သံတွဲမှ စစ်တွေ။စစ်တွေမှ ရန်ကုန်၊ရန်ကုန်မှ စစ်တွေ၊စစ်တွေ မှသံတွဲ တစ်ဆင့်ပြီးတစ်ဆင့် သွားရပါ၏

    Reply

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:57 am

    အင် းးးးးးးးပျောက်ရင် လေးသောင်း။ပျက်လျှင် နှစ်သောင်းပေးရသဗျာ။နှစ်ပတ်လောက်ကြာပါသည်။
    သံတွဲမှ စစ်တွေ။စစ်တွေမှ ရန်ကုန်၊ရန်ကုန်မှ စစ်တွေ၊စစ်တွေ မှသံတွဲ တစ်ဆင့်ပြီးတစ်ဆင့် သွားရပါ၏

    Reply

  • Nadi Mg

    August 7, 2012 at 9:53 am

    ဟုတ်ပါ၏

    Reply

Leave a Reply

Your email address will not be published.