အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန-ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဇနီးတို့ (၂၈-၇-၂၀၁၂) (စနေနေ့)က သန်လျင်မြို့၊ ဘုရားကုန်း သဘာဝတရားရိပ်သာသို့ လာရောက်ပြီး သဘာဝတရားရိပ်သာအတွက် အလှူငွေကျပ် ၁ဝသိန်း၊ ဆန်အိတ် ၁၈၉ အိတ် နှင့် အဝတ်အထည် ၅၀ဝ တို့ကို လာရောက်လှူဒါန်း ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် လှူဒါန်းပွဲ အစီအစဉ်အခမ်းအနား တစ်ရပ်ကို နေ့လည် (၂း၃၀) တွင်သန်လျင်သဘာဝတရားရိပ်သာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သဘာဝတရားရိပ်သာမှ လုပ်ဆောင်နေသော ပရဟိတလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် လုပ်ဆောင်မည့် လုပ်ဆောင်မှုမျိုးများဖြစ်နေသည့်အပြင် မိမိဝန်ကြီးဌာနမှ မလုပ်ဆောင်နိုင်သော တရားဓမ္မသင်ကြားပေးခြင်းအလုပ်ကိုပါ လုပ်ဆောင်ပေးနေသဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် သဘာဝတရားရိပ်သာအား အစွမ်းကုန်အကူအညီပေးသွားမည်ဖြစ်ကြောင်း ဆရာတော်အားလျှောက်ထားတင်ပြသွားပါသည်။ ဆရာတော်ဦးဥတ္တမသာရ မှ သဘာဝတရားရိပ်သာကို […]
