သန်လျင်သဘာဝတရားရိပ်သာသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ အလှူငွေ၊ ဆန်အိတ်၊ အဝတ်အထည်များလာရောက်လှူဒါန်း

True AnswerAugust 2, 20121min06

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန-ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဇနီးတို့ (၂၈-၇-၂၀၁၂) (စနေနေ့)က သန်လျင်မြို့၊ ဘုရားကုန်း သဘာဝတရားရိပ်သာသို့ လာရောက်ပြီး သဘာဝတရားရိပ်သာအတွက် အလှူငွေကျပ် ၁ဝသိန်း၊ ဆန်အိတ် ၁၈၉ အိတ် နှင့် အဝတ်အထည် ၅၀ဝ တို့ကို လာရောက်လှူဒါန်း ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် လှူဒါန်းပွဲ အစီအစဉ်အခမ်းအနား တစ်ရပ်ကို နေ့လည် (၂း၃၀) တွင်သန်လျင်သဘာဝတရားရိပ်သာတွင် ကျင်းပခဲ့ပါသည်။

လှူဖွယ်ပစ္စည်းများပိုစတာ

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သဘာဝတရားရိပ်သာမှ
လုပ်ဆောင်နေသော ပရဟိတလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် လုပ်ဆောင်မည့် လုပ်ဆောင်မှုမျိုးများဖြစ်နေသည့်အပြင် မိမိဝန်ကြီးဌာနမှ မလုပ်ဆောင်နိုင်သော တရားဓမ္မသင်ကြားပေးခြင်းအလုပ်ကိုပါ လုပ်ဆောင်ပေးနေသဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် သဘာဝတရားရိပ်သာအား အစွမ်းကုန်အကူအညီပေးသွားမည်ဖြစ်ကြောင်း ဆရာတော်အားလျှောက်ထားတင်ပြသွားပါသည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်မှ ဆရာတော်အားလျှောက်ထားစဉ်

ဆရာတော်ဦးဥတ္တမသာရ မှ သဘာဝတရားရိပ်သာကို ဘုရားရှင်၏ သာသနာ (ဝါ) သစ္စာတရားအမှန်တရား ကို မှန်ကန်စွာသိရှိရေး လေးလေးနက်နက်နားလည်စေရေးအတွက် အဓိကထား-တရားရိပ်သာဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း…။
သို့သော် စွန့်လွှတ်-အနစ်နာခံနိုင်မှုစွမ်းအားများဖြင့် ရိပ်သာကို တည်ဆောက်ထားခြင်း ဖြစ်သဖြင့် သစ္စာတရားများ ဟောပြောသင်ကြားပေးမှုအပြင်
ဆင်းရဲဒုက္ခရောက်နေသူ များကိုလည်း လူမျိုး၊ဘာသာမရွေး ၊ ဆင်းရဲ-ချမ်းသာမရွေး၊ လူကောင်း-လူမမာမရွေး၊ သက်ကြီး-သက်ငယ်မရွး၊ ရည်အနည်း-အများမရွေး မခွဲခြား မကန့်သတ်ပဲ ကူညီစောင့်ရှောက်ပေးထားနိုင်ခြင်းဖြစ်ကြောင်း၊ ဥပေဒနှင့် စောင့်ရှောက်ခြင်း ကူညီခြင်း၊ ထိန်းချုပ်ခြင်းမျိုးထက်၊ နားလည်မှု၊ စာနာမှု၊ မေတ္တာထားမှု၊ ကရုဏာထားမှု၊ အများအတွက် အဆုံးရှုံးအနစ်နာခံနိုင်မှု၊ စွန့်လွှတ်ရဲမှု စွမ်းအားများဖြင့် စောင့်ရှောက်ခြင်း အကူအညီပေးထားခြင်းဖြစ်ကြောင်း ရှင်းလင်းဟောကြားပြကာ သာဓုအနုမောဒနာ တရားချီးမြှင့်ခဲ့ပါသည်။

ဆရာတော်မှ သန်လျင်သဘာဝတရားရိပ်သာကို စွန့်လွှတ်အနစ်နာခံနိုင်မှုစွမ်းအားများဖြင့် တည်ဆောင်ထားကြောင်း ရှင်းပြစဉ်

ထို့နောက်ဝန်ကြီးနှင့် အဖွဲ့ဝင်များအား ကော်ဖီ နှင့် မုန့်များဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ၄း၃ဝ ခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် နှင့် သဘာဝတရားရိပ်သာဆရာတော်ဦးဥတ္တမသာရ တို့ တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဇနီး တို့အား သဘာဝတရားရိပ်သာမှ ဧည့်ခံကျွေးမွေးစဉ်

(News from ThaBarWa Centre by SWH)

6 comments

  • ပင်လယ် ပျော်

    August 2, 2012 at 6:32 pm

    ဪ…လှူနိုင်လိုက်ကြတာ…အလကားရထားတာကြနေတာပဲ…ဘာပဲဖြစ်ဖြစ်ဗျာ လှူတဲ့အတွက်ကို သာဓု ခေါ်ပါတယ်ဗျာ……..

    Reply

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:35 pm

    သာဓု … သာဓု … သာဓု

    Reply

  • ကြောင်ကြီး

    August 3, 2012 at 9:21 am

    အနတ္တသာသနာ
    မှတ်ကြဘာသာ
    ဘဝဂ်ထအာဏာ
    လာဘ်ပွရွာသာ..။
    သာဓု သာဓု သာဓုပါဗျို့…ကျုပ်သမတဂျီးဖြစ်ရင် ဦးအောင်ကြည်ကို ဝံကျီးဆက်ခန့်မယ်။ ဒါနဲ့ သူ့မှာ သမီးရှိဘူးနဲ့တူတယ်၊ ဒါဆိုရင်တော့ ဌာနကောင်းပေးဖို့ နှစ်ခါစဉ်းစားရမယ်။
    အီကြောင်
    ဒီမောင်
    ဖီယောင်
    ဆီပြောင်၊
    ညီနောင်
    တီကောင်
    ရီအောင်
    ဝီထောင်..။

    Reply

  • P chogyi

    August 3, 2012 at 10:25 am

    ကုသိုလ်တစ်ပဲ
    ငရဲကတစ်ပိသာတဲ့။
    အဲဒီလိုမဖြစ်အောင်လှူကြလို့ပြောတာပါ။

    Reply

  • မောင်ပေ

    August 3, 2012 at 9:04 pm

    ဝန်ကြီးက စလှူတယ်ဆိုတော့
    အဲဒီဌာနက ဝန်ထမ်းတွေ လဲ လိုက်လှူကြတော့မယ်
    အဲဒီဌာန နဲ ့ပတ်သက်နေတဲ့ လုပ်ငန်းရှင်တွေ လိုက်လှူကြမယ်
    ကောင်းပေစွ

    Reply

  • surmi

    August 4, 2012 at 1:03 pm

    တရားရိပ်သာကို တစ်ခေါက်လောက်လာခဲ ့ပါဦးမယ်
    ရွာထဲမှာလဲ အရင်ကလို လာရောက်ဆွေးနွေးပေးပါဦး

    Reply

Leave a Reply

Your email address will not be published.