ရွှေတိဂုံ စေတီတော်အား ၂ဝ၁၃ တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည်

Mon LayAugust 3, 20121min01

ရွှေတိဂုံ စေတီတော်အား လာမည့် ၂ဝ၁၃ ခုနှစ်တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်မည်
ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ငါးနှစ်လျှင် တကြိမ် ပုံမှန်ပြုလုပ်လေ့ရှိသည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်နိုင်ရန်အတွက် ငြမ်းထိုး ပြင်ဆင်မှုကို ယခုနှစ် အောက်တိုဘာလတွင် စတင်ပြုလုပ်မည် ဖြစ်သည်။

ရွှေတိဂုံ စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူထားမှုများ ရှိနေသေးသည့်အတွက် နောင်တော်ကြီးစေတီနှင့် အထက်ပစ္စယံရှိ စေတီ ၆၈ ဆူကိုသာ ရွှေသင်္ကန်း ကပ်လှူရန် စီစဉ်ထားပြီး ငွေကျပ်သိန်းပေါင်း တသောင်း သုံးထောင်ကျော် နှင့် တလက်မ ပတ်လည် ရွှေရာဆိုင်း (တလက်မ ပတ်လည် အရွယ်ရှိ ရွှေမျက်ပါး အရွက်တရာ) သုံးသောင်းကျော် အကုန်ကျခံ အသုံးပြုရန် စီစဉ်ထားကြောင်း ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။

ကုန်ကျစရိတ်များကို အလှူရှင်များ လှူဒါန်းသည့် အလှူငွေမှ ထုတ်ယူ အသုံးပြုမည် ဖြစ်သည်။

ရွှေသင်္ကန်းကပ်လှူမှုကို ၂ဝ၁၃ ခုနှစ်၊ မြန်မာ နှစ်ဆန်း တရက်နေ့တွင် အပြီး ကပ်လှူမည် ဖြစ်ကာ နောင်တော်ကြီးစေတီတော်နှင့် စေတီအရံ ၂၄ ဆူအား ရွှေဆိုင်းပေါင်း ၁၄,၆၅၁ ဆိုင်းနှင့် အထက်ပစ္စယံရှိ စေတီရံများအားရွှေဆိုင်းပေါင်း ၁၆,၇၅ဝ ကပ်လှူမည် ဖြစ်သည်။

အထက်ပစ္စယံရှိ မုခ်ဦး လေးဆူအား ရွှေသင်္ကန်းကပ်လှူသည့်အခါ ရာသီဥတုဘေး အန္တရာယ် ခံနိုင်ရန်အတွက်အောက်ခြေမှတဆင့် ကြေးဘောင်ကြေးပြား ကပ်ပြီးမှသာ ရွှေမျက်ပါး ကပ်လှူမည် ဖြစ်သည်။

One comment

  • maungmoenyo

    August 4, 2012 at 8:14 am

    အင်း………………………………………………………………………………………………………………………..။

    Reply

Leave a Reply

Your email address will not be published.