manawphyulayDecember 29, 20111min02
မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေးဒုက္ခသည်များအတွက်….. အဝတ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်….ဒီဖုန်းတွေကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အလှူနှိုးဆော်လိုက်ရပါတယ်။…. ဆက်သွယ်ရန်ဖုန်း 095155891., 095104850, 095077986, … ဒီမှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။ http://odfmyanmar.org/donate/


နွယ်ပင်December 29, 20111min015
ယနေ ့မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန် ့မြို ့ နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို ့ နယ် အချို ့တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။ လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး […]


mashwetoteDecember 29, 20111min04
ရန်ကုန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်တယ်ဆိုလို့ Facebook မှာကြည့်လိုက်တော့ သတင်းတွေတက်နေပါပြီ။ မင်္ဂလာတောင်ညွန့်ဘက်က ဂိုဒေါင်ပေါက်ကွဲတာလို့ကြားရပါတယ်။ ဒီနေ့မနက် ၂နာရီလောက်ကပေါက်တာပါ။ လူ ၁၅ယောက်လောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၂ယောက်ခန့်ရှိတယ်လို့ ကြားရပါတယ်။ သတင်းအတိအကျကိုဖတ်ချင်ရင်တော့ ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီသတင်းကတော့ အဆစ်ပါ။ ပေါက်ကွဲမှု သတင်းအတွက် Facebook တက်တုန်း တွေ့လိုက်ရလို့ ရွာသားတွေစိတ်ဝင်စားမယ်ထင်လို့ပါ။ စိတ်ဝင်စားရင်တော့ ဒီမှာ ဖတ်ပေါ့နော်။


ေမွာ္ဆရာDecember 28, 20111min011
ဗုံးတရားခံကို မြောက်ဥက္ကလာမှာ ဖမ်းမိတယ်လို့ အီလဲဗင်း မီဒီယာ ဂရုရဲ့ ဝက်ဆိုက်မှာ ရေးသားထားပါတယ်..။ ဒါပေမယ့် ကျွန်တော်လဲ ညံ့လို့လားမသိ..။ ဖတ်ရတာ မရှင်းဘူးဗျ … နဲနဲတော့ ကူးပြမယ်နော် .. >>> ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂ဝ ရက်နေ့တွင် ဖောက်ခွဲ ရေးသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဟံသာဝတီခရိုင် သုံးဆယ်မြို့ရဲတပ်ဖွဲ့မှ ကိုစိုင်းတင်မင်းထွန်း တောင်ကြီးမြို့တွင်နေသူအား စစ်ဆေးဖော်ထုတ်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်ကာ ဖုန်းအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းတင်မင်းကို၏ နေအိမ်တွင် မိုင်းနှစ်လုံးထားရှိခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ <<< ကိုစိုင်းမင်းထွန်း က တောင်ကြီးက ၊ မြောက်ဥက္ကလာက ကိုစိုင်းတင်မင်းကို အိမ်မှာ မိုင်းနှစ်လုံးထားခဲ့တယ်..။အဲဒီလိုဆိုတော့ ဘယ်လိုဖြစ်လို့ […]


pyiminluDecember 26, 20111min019
ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘဝကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။ ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး […]


“၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ” မနက်က လက်ဖက်ရည်ဆိုင်ထိုင်တော့ ဂျာနယ်တွေချထားပေးတော့ ကောက်ဖတ်မိပါတယ်။ အခုခေတ်ဂျာနယ်တွေ အတော်အသင့်လွတ်လပ်ခွင့်ရလာပြန်တော့ အရင်က မမြင်ဘူးတာတွေမြင်ရ ၊ မဖတ်ဘူးတဲ့စကားလုံးတွေဖတ်ရ၊ မကြားဘူးတာတွေကြားရတာတော့ အမှန်။ အဲဒီအထဲမှာ တစ်နိုင်ငံလုံးကချစ်တဲ့ ကမ္ဘာကအသိအမှတ်ပြုတဲ့ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ရုပ်ရှင်ကားမှာ ဝင်ပြိးသရုပ်ဆောင်ချင်တဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့မွေးနေ့ တူတဲ့ ဖေဖော်ဝါရီ13မှာမွေးတဲ့ကလေး ပုံကိုမြင်လိုက်ရပြန်ပါတယ်။ ထိုင်နေရင်းအတွေးဆက်သွားတာကတော့အင်မတန်အလုပ်လုပ်လို့ကောင်းတဲ့အရွယ်မှာ သူများလက်ချက်ကြောင့်ကွယ်လွန်ခဲ့လို့ အာဇာနည် အဖြစ်အခုထက်ထိတည်ရှိနေတာပါဘဲ။ အာဇာနည်ဆိုတော့ တိုင်းပြည်အတွက်အသက်ပေးလို့ကာကွယ်ခဲ့သူများကိုထိုက်တန်စွာ ပေးအပ်ထားတဲ့ နာမယ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ကျဆုံးခဲ့တဲ့အာဇာနည်ပေါင်းများစွာရှိပါတယ်။ အထူးခြားဆုံးသော နှစ်ကတော့ မြန်မာတွေ နိုင်ငံအဝှမ်း နိုင်ငံရေးအသိစိတ်နိုးကြားခဲ့တဲ့ ၁၃၀ဝ ပြည့်နှစ်။ အဲဒီနှစ်မှာအရေးတော်ပုံတွေဖြစ်ခဲ့ နိုင်ငံရဲ့သားကောင်းတွေကျဆုံးကွယ်လွန်ခဲ့။ တကယ်မမေ့စကောင်းတဲ့အကြောင်းတွေဆိုတာအသေအချာပါဘဲ။ ဒီနှစ်မှာဘဲ မန်းလေးက အာဇာနည် (၁ရ)ဦးလဲ ကျဆုံးကွယ်လွန်ခဲ့တာကိုသတိရမိပါတယ်။ သတိရဆို […]


True AnswerDecember 24, 20111min09
ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလ မှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရပါသည်…။ လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်…။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားရှိပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း လက်ထောက် ဆရာတော် ဦးသူရိယမှ မိန့်ကြားသွားပါတယ်…။ ရွှေညဝါဆရာတော် ဆရာတော်ကြီးအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ […]


“ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”   မနေ့ညက အင်တာနက်ဆိုင်ရောက်နေတုံး အပြင်မှာ အုံးကနဲ့အသံကြားတော့ အားလုံးထွက်ကြည့်ကြပါတယ်။ ဆိုင်ကယ်တစ်စီး က လမ်းအလယ်ခေါင်က သဲအိတ်တွေကို ဝင်တို်က်ပြီးလဲသွားတာပါ။ လူလဲနာ မီးခွက်ကွဲ ဆိုင်ကယ်လဲကျိုးပဲ့ပေါ့။ မန်းလေးစစ်ကိုင်းလမ်းမ ကန်တော်ကြီးအဝင်လမ်းမရောက်ခင် မှာပါ။ ဒီစစ်ကိုင်းလမ်းကိုချဲ့ဘို့အတွက်အိမ်တွေကိုနောက်ဆုတ်။ လမ်းမြေကိုကျုးထားတယ်ဆိုတဲ့နေရာတွေကိုဖယ်ခိုင်းထားပါတယ်။ ဖြစ်ချင်တော့ ဒီလမ်းက အနိမ့် အရှေ့ဘက်က အိမ်တွေကအမြင့်။ လမ်းဖျက် မြေတူး လမ်းချဲ့ မြောင်းတူး တဲ့အလုပ်တွေလုပ်တာနှစ်ပေါက်အောင်ကြာပါတယ်။ ပြီးခဲ့တဲ့လပိုင်းကတော့ လမ်းခင်းပြီးသွားပါတယ်။ ဒါပေမယ့် နိမ့်ဆင်းနေတဲ့လမ်းကို အမြင့်မှာရှိနေတဲ့အိမ်တွေက ယာယီတံတားခင်းပြီး ဆင်းကြတက်ကြ အတော်လေးဒုက္ခရောက်ကြပါတယ်။ လမ်းပြီးသွားတော့ ရွှေတစ်ချောင်းနဲ့ဆက်နေတဲ့လမ်းလယ်က ရေမြောင်းကြီးကကြာနေပြန်ရော။ ရေမြောင်းကို အကြာကြီးပိတ်ထားရာကနေ ဘေးဘောင်တွေခင်းပြီးသွားပေမယ့် အခုဓါတ်ပုံထဲ ပါတဲ့မြောင်းပေါက်ကြီးက ဒီအတိုင်းကျန်နေပြန်ပါတယ်။ နဂိုရ်ကထဲက သစ်ပင်တွေအုပ်ဆိုင်းနေလို့ နေ့မှာတောင်မှောင်နေတဲ့လမ်း ညမှာဆို လမ်းမီးရောင်က […]


KingDecember 22, 20111min013
ဆောင်းတွင်းရဲ့အေးချမ်းမှု၊ လွင့်ပျံလာတဲ့ တရားဓမ္မသံ၊ လွှမ်းဆွတ်အောင် ညို့ငင်နိုင်စွမ်းလောက်အောင် စွမ်းဆောင်မှုပြည့်ဝလွန်းတဲ့ တစ်ချက်ချက် တွန်ကြူးတဲ့ ရွှေဥဩ သံလေးကြောင့် မနက်ခင်း အိပ်ရာထဟာ အေးချမ်း ကြည်နှုး လွမ်းဆွတ်စွာနဲ့ နိုးထ လာခဲ့ပါတော့တယ် … ဒီဇင်ဘာ လူထု အားကစားလ ဆိုတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်ဖို့ ပြည်သူ့ရင်ပြင်ဆီသို့ ချီတက် လာခဲ့ပါတော့တယ် …. ကျွန်တော်နေတဲ့ အောက်ကြည့်မြင်တိုင်လမ်း အဲသည်ကနေ မအိတုံ ပြောနေကြ ဟုမ်းလမ်း … ပြီးတော့ ရှမ်းလမ်းခေါ် (ဗဟိုလမ်းပေါ့) အဲဒါပြီးတော့ အရင်တုံးကတော့ ဝင်စာလမ်းလို့ ခေါ်တာပဲ အခုတော့ ဓမ္မစေတီလမ်းလားမသိ အဲသည်လမ်းအတိုင်း ပြည်လမ်းအထိ ပြေးပြီး ပြည်သူ့ရင်ပြင်ကို အသွား/အပြန် ချီတက်လေ့ရှိပါတယ် … ဒီနေ့ဗျာ ဝင်စာလမ်းသို့မဟုတ် ဓမ္မစေတီလမ်းထဲမှာက ဟိုတယ်တွေကလည်း […]


AnonymousDecember 22, 20111min07
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က မီးသတ်လုပ်ငန်းဟာ အများအကျိုးဆောင်တဲ့ စွန့်လွှတ် စွန့်စားရတဲ့ သူရဲကောင်းများရဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ၊ အမှန်တကယ်လည်းပဲ မီးသတ်တပ်ဖွဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ် နဲ့ ဥစ္စာပစ္စည်းတွေကို မီးဘေး အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။          ဒါပေမယ့် ခေတ်တွေ စနစ်တွေ ပြောင်းလဲလာမှုနဲ့ အတူ မီသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေလဲ ပြောင်းလဲ လာခဲ့ပါတယ်။   မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျွမ်းကျင်မှုရှိစေဖို့အတွက် မီးသတ်သင်တန်းတွေ လေ့ကျင့် သင်ကြားပေးနေရာကနေ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အား ဆိုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစစ်ပညာတွေ ၊ လက်နက်ငယ်ကိုင်တွ ပစ်ခတ်နည်းတွေကို သင်ကြားပို့ချလာပါတယ်။  မီးသတ်ပိုက် ကိုင်တဲ့ လက်တွေဟာ သေနတ်တွေကို ကိုင်လာရပါတယ်။  လက်ထိပ်တွေ ကိုင်လာရပါတယ် နံပါတ်ဒုတ်တွေ ကိုင်လာရပါတယ် ဧည့်စာရင်းတွေစစ် လုံခြုံရေးတွေစစ် ယာဉ်ထိန်းအလုပ်တွေ […]


DaveDecember 21, 20111min00
ဒီဇင်ဘာ ၂ဝရက် နေ့က မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မန ္တလေးမြို့ ၊စက်မှု(၁)၊ ၆၂လမ်းနှင့် ၆၂(ပန်ခြံလမ်း) လမ်းဆုံရှိ မြဝတီမင်းကြီးတိုက် ဘုံပျံတောရတွင် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပသည်။ … ရှေးဦးစွာ ထိုနေ့နံနက် ၁ဝနာရီတွင် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို ပြန်ပြောင်းအောက်မေ့ကာ ဦးခိုက်ဂါရဝပြုသောအားဖြင့် အစီအစဉ် ၁၂ခုဖြင့် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာ တက္ကသိုလ်၊ကောလိပ်နှင့် အခြားကျောင်းအသီးသီးမှ ၁၉၇ဝပြည့်လွန်၊ ၁၉၈၈ခုနှစ်နောက်ပိုင်း ကျောင်းသားဟောင်းများနှင့် ကျောင်းသားခေါင်းဆောင်ဟောင်းများ၊မန ္တလေးတိုင်းNLD ပါတီ မှ အင်အားစုများနှင့် ကျောင်းသားအရေး အာပေးထောက်ခံသူများ စုစုပေါင်း […]