မေတ္တာ Campaign (အထက်မြန်မာပြည်)က ဦးဆောင်၍ မြန်မာနိုင်ငံကျောင်းသားများနေ့အစဉ်အလာဖော်ထုတ်

DaveDecember 21, 20111min00

ဒီဇင်ဘာ ၂ဝရက် နေ့က မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မန ္တလေးမြို့ ၊စက်မှု(၁)၊ ၆၂လမ်းနှင့် ၆၂(ပန်ခြံလမ်း) လမ်းဆုံရှိ မြဝတီမင်းကြီးတိုက် ဘုံပျံတောရတွင် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပသည်။

… ရှေးဦးစွာ ထိုနေ့နံနက် ၁ဝနာရီတွင် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည်။

နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို ပြန်ပြောင်းအောက်မေ့ကာ ဦးခိုက်ဂါရဝပြုသောအားဖြင့် အစီအစဉ် ၁၂ခုဖြင့် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာ တက္ကသိုလ်၊ကောလိပ်နှင့် အခြားကျောင်းအသီးသီးမှ ၁၉၇ဝပြည့်လွန်၊ ၁၉၈၈ခုနှစ်နောက်ပိုင်း ကျောင်းသားဟောင်းများနှင့် ကျောင်းသားခေါင်းဆောင်ဟောင်းများ၊မန ္တလေးတိုင်းNLD ပါတီ မှ အင်အားစုများနှင့် ကျောင်းသားအရေး အာပေးထောက်ခံသူများ စုစုပေါင်း ၁၀ဝဦးကျော် တက်ရောက်ခဲ့သည်။

ယခင်က မြန်မာနို်ငံအနှံ့အပြားတွင် ဗိုလ်အောင်ကျော်နေ့၊ မင်းကိုနို်င်မွေးနေ့ စသည်ဖြင့် လူပုဂ္ဂိုလ်ကို အစွဲပြုကာ ဂုဏ်ပြုလေ့ရှိကြ ပြီး မေတ္တာ Campaign (အထက်မြန်မာပြည်)က တိုင်းပြည်နှင့်လူမျိုးကောင်းစားရေးအတွက် အသက်ကို ပဓာနမထားဘဲ လှုပ်ရှားဆောင်ရွက်ခဲ့သော ကျောင်းသားအားလုံးကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် နို်င်ငံတကာ ကျောင်းသားများနေ့ရှိသကဲ့သို့ မြန်မာနို်င်ငံကျောင်းသားများနေ့ သတ်မှတ်သင့်သည်ဟု ယုံကြည်သောကြောင့် ယင်းအစဉ်အလာကို ဖော်ထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.