NovyDecember 21, 20111min05
လှည်းတန်း မီးပိုင့် အနားက အများသုံး အိမ်သာမှာ ဗုံးပေါက်တယ်လို့ ကြားပါတယ် အခု အိမ်သာ ပတ်လည်နားကိုလည်း အကာတွေနဲ့ ကာထားတယ်လို့ သတင်းရလို့ပါ ဟုတ်မဟုတ်သိတဲ့လူရှိရင် ပြောပေးပါအုံး


manawphyulayDecember 21, 20111min016
ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော လှည်းတန်းလမ်းဆုံ အနီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိပါသည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အသစ်ဆောက်လုပ်ထားတဲ့ အများသုံးအိမ်သာအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။ ပိုစ့်က ဒီနေ့တင်တာ ၃ ခုဖြစ်သွားတဲ့အတွက် သတင်းပေးချင်လို့သာ ထပ်မံတင်လိုက်ပါတယ်။ သူဂျီးပွိုင့်မပေးလည်းရပါတယ်ရှင်။


DaveDecember 19, 20111min00
မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မန ္တလေးမြို့ ၊စက်မှု(၁)၊ ၆၂လမ်းနှင့် ၆၂(ပန်ခြံလမ်း) လမ်းဆုံရှိ မြဝတီမင်းကြီးတိုက် ဘုံပျံတောရတွင် ဒီဇင်ဘာ ၂ဝရက် နေ့တွင် နေလယ် ၁နာရီမှ ၃နာရီထိ မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို ပြန်ပြောင်းအောက်မေ့ကာ ဦးခိုက်ဂါရဝပြုသောအားဖြင့် ထိုတရားပွဲကို ကျင်းပရန် မေတ္တာ Campaign (အထက်မြန်မာပြည်)က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးတရားပွဲမတိုင်မီ ထိုနေ့နံနက် ၁ဝနာရီတွင် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်ရန်လည်း စီစဉ်ထားသည်။ မြန်မာသမိုင်းခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သော ကျောင်းသားများ၏အခန်းကဏ္ဍအပေါ် အလေးအနက်ပြုသော သဝဏ်လွှာများနှင့် သဘောထားအမြင်များဖြင့် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ၊စွန့်လွှတ်အနစ်နာခံဆဲဖြစ်သော ကျောင်းသားများ၏အခန်းကဏ္ဍအပေါ် […]


Diamond KeyDecember 17, 20111min021
 အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ         တစ်လောက ဟိုမှာဒီမှာ မောင်ကောင်း ၊ စံလင်း လက်မှတ်ပါတဲ့ ရှေးပိုက်ဆံတွေ ရှာကြ၊ ရောင်းကြ၊ ဝယ်ကြ နဲ့ အသံစုံ ကြားလိုက်ကြ ရပါသေးတယ်။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အသံတွေ တိမ်ကာ ညိမ်သွားခဲ့ပါတယ်။ ရွာထဲမှာတောင် ပိုက်ဆံပုံတွေ ပြကာရေးခဲ့ကြလို့ ဗဟုသုတ ရလိုက်ပါသေးတယ်။ ဟော..အခု ရက်ပိုင်းပြန်ကြားလာရ ပြန်တာက အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ၊ အင်္ဂလိပ်ခေတ်က ရှေးဟောင်းအောက်လင်းမီးအိမ်တွေ၊ ဟင်္သာပုံ ရှေးဟောင်းအလေးတွေ လိုက်ဝယ်နေကြတဲ့ အကြောင်းပါ။ ဘယ်လိုအနေအထားဆို ဘယ်လောက်တောင်ပေးနေတယ် ဘာညာ ကြားနေရပေမယ့် ကိုယ်နဲ့ အလှမ်းဝေးတော့ စိတ်လည်း သိပ်မဝင်စား ဖြစ်ပါဘူး။ တနေ့က အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တစ်လုံးကို ရောင်းဖို့ဝယ်ဖို့ လုပ်နေတယ်ဆိုလို့ ရွာထဲမှာ သတင်းလေးအဖြစ် ပြောရရင်  […]


True AnswerDecember 16, 20111min015
ရန်ကုန်မြို့ ကြည့်မြင်တိုုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟအား အဆိုပါကျောင်းတိုက်မှ ဖယ်ရှားရန်အပါအဝင် အချက်သုံးချက်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါကြေညာချက်တွင် ”၁။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ ္စတင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ နေ့တွင်ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄ရ ပါးစုံညီအစည်းအဝေးက ဖော်ပြလတံ့ ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။ ဆုံးဖြတ်ချက်ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ – (က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန် (ခ) သံဃအဖွဲ့ […]


DaveDecember 16, 20111min01
မေတ္တာ Campaign (အထက်မြန်မာပြည်)က မန ္တလေးမြို့တွင် မြန်မာကျောင်းသာများနေ့ကျင်းပရန် စီစဉ်လျက်ရှိသည်။ ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းနှင့် ကျောင်းသားသမဂသမိုင်းတွင် ထင်ရှားခဲ့သော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့သည့် ဒီဇင်ဘာလ ၂ဝရက်နေ့ကို မြန်မာကျောင်းသားများနေ့ဟု သတ်မှတ်ကာ အခမ်းအနားပြုလုပ်ရန် မေတ္တာ Campaign (အထက်မြန်မာပြည်)က အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာကျောင်းသားလူငယ်များ၏ အမျိုးသားရေး၊ငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေး နှင့် ပတ်သက်၍ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းကို ပြန်လည်ဖော်ထုတ်ရန်၊ခေတ်အဆက်ဆက်က ကျဆုံးခဲ့ရသော ကျောင်းသားများနှင့်ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍကို အလေးအနက်ထားအောက်မေ့ကြရန် စသော ရည်ရွယ်ချက်များဖြင့် မြန်မာကျောင်းသားများနေ့ အခမ်းအနားကို ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


moethidasoeDecember 16, 20111min00
HIV/AIDS ဗဟုသုတပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ တင်ပေးချင်လို့ ပါ knowledge fair မနက်ဖန်နေ့လည်မှာတော့ ဖျော်ဖြေရေး အစီအစဉ်မှာ လူငယ်များ ကိုယ်တိုင် ဦးစီး တင်ဆက်မယ့် အငြိမ့်၊ တေးဂီတ ဖျော်ဖြေရေး၊ မျက်လှည့် တို့ ပါ ပါမယ် အားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


KyaemonDecember 15, 20115min05
China says its envoy met Myanmar opposition leader China says its envoy met Myanmar opposition leader – Yahoo! News http://news.yahoo.com/china-says-envoy-met-myanmar-opposition-leader-074253874.html AP – 1 hr 6 mins ago BEIJING (AP) — China says that its ambassador to Myanmar has met Aung San Suu Kyi in the first reported meeting between one of the military regime’s biggest backers and the high-profile opposition leader. Chinese Foreign Ministry spokesman Liu […]


နိုဝင်ဘာလ အတွင်းက ဂျပန်နိုင်ငံက METI(Ministry of Economic, Trade and Industry ) က အရာရှိများ မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန(Ministry of National Planning and Economic Develipment- MNPED ) တွေ့ဆုံပြီး ODA တွေအတွက် ဆွေးနွေးခဲ့ပါတယ်။ ဂျပန်ဘက်က အိုဒီအေနဲ့ ပတ်သက်တာတွေ ပြင်ဆင်လာပေမယ့် မြန်မာဘက်ကတော့ အိုဒီအေနဲ့ ပတ်သက်တဲ့ စာရင်းဇယား၊ ကိုယ်ဘက်က ဘာတွေ စတောင်းဆိုမယ်၊ အရင် အဟောင်းတွေ ဘာရှိတယ် စတာတွေ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူးလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ မြန်မာပြည်ကို အကူအညီပေးဖို့အတွက် စတင်ပြီး လေ့လာ ဆန်းဆစ်တဲ့ အဖွဲ့ပါပဲ။ အခု […]


DaveDecember 13, 20111min01
မေတ္တာCampaign (အထက်မြန်မာပြည်)က ဒေါ်အောင်စုကြည်ထံသို့ ယနေ့နေ့စွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပန်ကြားလွှာ ထုတ်ပြန်လိုက်သည်။ ထိုပန်ကြားလွှာ အပြည့်အစုံကို အောက်ပါအတိုင်း တွေ့ရပါသည်။ ကချင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာCampaign (အထက်မြန်မာပြည်)မှ ပန်ကြားလွှာ မန္တလေးမြို့ ထုတ်ပြန်သည့်နေ့စွဲ။ ။၁၃-၁၂-၁၁ (၁) မြန်မာနိုင်ငံ၊ ကချင်ဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများဖြစ်ပွားသဖြင့် အပြစ်မဲ့ဒေသခံတိုင်းရင်းသားများ ထောင်နှင့်ချီ၍ မိမိတို့ဌာနေရှိ အိုးအိမ်စည်းစိမ်များကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်း ခဲ့ရပါသည်။ (၂) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်တပ်ဖွဲ့များအကြား နားလည်မှုအပြည့်အဝတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက စေ့စပ်ညှိနှိုင်းပေးနေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကောင်းသောအလားအလာပင်ဖြစ်ပါသည်။ (၃) စစ်မက်ကင်းစင်ပြီး အေးချမ်းသာယာသော နိုင်ငံတော်ကိုတည်ထောင်နိုင်ရန်အတွက် ငြိမ်ချမ်းရေးသည် အရေးကြီးသည်ဟု ရှုမြင်မိပါသဖြင့် နိုင်ငံတော်အစိုးရ၏ကြိုးပမ်းမှုကို အလေးအနက်ထားလျက် မြန်မာ့ငြိမ်းချမ်းရေးမိခင်ကြီးဟုဆိုအပ်သော […]


နေ့လည် ၁၂ နာရီလောက်ကတည်းက ဖုန်းပြောရတာ လိုင်းပျောက်သွားလို့ ဘာဖြစ်ပါလိမ့် နဲ့ သတိထားမိလိုက်တယ်။ နောက် ဆားဗစ်မရှိတော့ဘူး no network coverage ဆိုပြီး ပေါ်လာနေလို့ ဘာတွေဖြစ်ပါလိမ့်နဲ့ ဖုန်းကို ကလိကြည့်လည်း မထူးခြားလာပါဘူး။ စိတ်ထဲ လိုင်းမမိလည်း နားအေးတာပေါ့ ဆိုပြီး ထားရင်းမှ ဘာဖြစ်တာလည်း သိချင်လာတယ်။ တော်ကြာ ကိုယ့် ကဒ်များ ထပြီးပျက်သွားရင် အလကားနေ ပိုက်ဆံကုန်မှာမို့ ဖုန်းဆိုင်ကိုသွားတော့ ဖုန်းဆိုင်က မုတ်ဆိတ်က အစ်ကိုနဲ့ဆို လေးယောက်ရှိသွားပြီတဲ့။ ဝ၉ ၅၀— တွေ အကုန်ဖြစ်နေတာတဲ့။ ဒါပေမယ့် ဖုန်းဆိုင်မှာ ငယ်သူငယ်ချင်းတစ်ယောက်လည်း သူ့ဖုန်းလိုင်းပျောက်နေလို့ ဆိုပြီး လာပြနေပါတယ်။ သူ့ဖုန်းက ဝ၉ ၅၃— ပါပဲ။ အဲဒါနဲ့ ဖုန်းဆိုင်က အိတ်ချိန်းကို လှမ်းမေးတော့ […]


moethidasoeDecember 13, 20111min04
HIV/AIDS ဗဟုသုတပွဲတော် ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် ၂၄၉ ရှိ ဆရာဝန်အသင်း ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ မှ ၁ရ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အခမ်းအနားဖွင့်ပွဲကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ မြန်မာနိုင်ငံကြက်ခြေနီ၊ MSI, AFXB, MBCA, UNFPA တို့မှ HIV/AIDS ဆိုင်ရာ ဗဟုသုတ ပြခန်းများ ပြသထားမှာဖြစ်ပါတယ်။ ပြခန်းများ အပြင် HIV/AIDS ဆိုင်ရာ ဗဟုသုတ ညာဏ်စမ်းပြိုင်ပွဲ၊ ပြခန်းတိုင်းကို ကြည့်ရှုမှတ်သားပြီး ဖြေဆိုနိုင်မယ့် ရှာပုံတော်ဖွင့်မယ်၊ ဗဟုသုတဖြစ်ဖွယ်ရာ ဗီဒီယို ပြကွက်၊ တိုးတိုးတိတ်တိတ် […]


DaveDecember 12, 20111min01
မန ္တလေးမှ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူများ စုစည်းတည်ထောင်ထားသည့် မေတ္တာ Campign (အထက်မြန်မာပြည်) သည် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သော မေတ္တာအခါတော်နေ့၌ ငြိမ်းချမ်းရေးစကားဝိုင်းစတင် ပြုလုပ်သည်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်ကျင်းပသော ထိုစကားဝိုင်းတွင် မေတ္တာ Campign (အထက်မြန်မာပြည်) ၏ ရှေ့လုပ်ငန်းစဉ်များ၊ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားကြမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ အပတ်စဉ်ဆက်လက်ပြုလုပ်သွားမည့်ထိုစကားဝိုင်းတွင် ငြိမ်းချမ်းရေးစာတမ်းများ၊ သတင်းထုတ်ပြန်ချက် ကျေညာချက်များကိုလည်း အတည်ပြုမှတ်တမ်းတင်သွားမည်ဖြစ်သည်။ ထိုနေ့တွင် တင်သွင်းသော ငြိမ်းချမ်းရေးစာတမ်း တစ်စောင်ကို အများဖတ်ရှုလေ့လာနိုင်ရန် အောက်တွင် တစ်ပါတည်း ဖော်ပြပေးလိုက်ပါသည်။ စာတမ်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအညွှန်းကိန်းကို ယေဘုယျချဉ်းကပ်လေ့လာခြင်း ရေးသားတင်သွင်းသူ- သင်းဆက်ကျော်ရှိန် ရည်ရွယ်ချက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းရေးကိုထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် မိမိတို့အခန်းကဏ္ဍအလိုက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိသည်။ ယင်းကြိုးပမ်းမှု၏ အကျိူးရလဒ်နှင့်ပတ်သက်၍ […]