မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပမည်

DaveDecember 19, 20111min00

မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မန ္တလေးမြို့ ၊စက်မှု(၁)၊ ၆၂လမ်းနှင့် ၆၂(ပန်ခြံလမ်း) လမ်းဆုံရှိ မြဝတီမင်းကြီးတိုက် ဘုံပျံတောရတွင် ဒီဇင်ဘာ ၂ဝရက် နေ့တွင် နေလယ် ၁နာရီမှ ၃နာရီထိ မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို ပြန်ပြောင်းအောက်မေ့ကာ ဦးခိုက်ဂါရဝပြုသောအားဖြင့် ထိုတရားပွဲကို ကျင်းပရန် မေတ္တာ Campaign (အထက်မြန်မာပြည်)က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးတရားပွဲမတိုင်မီ ထိုနေ့နံနက် ၁ဝနာရီတွင် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်ရန်လည်း စီစဉ်ထားသည်။ မြန်မာသမိုင်းခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သော ကျောင်းသားများ၏အခန်းကဏ္ဍအပေါ် အလေးအနက်ပြုသော သဝဏ်လွှာများနှင့် သဘောထားအမြင်များဖြင့် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ၊စွန့်လွှတ်အနစ်နာခံဆဲဖြစ်သော ကျောင်းသားများ၏အခန်းကဏ္ဍအပေါ် အလေးအနက်ပြုသော သဝဏ်လွှာများနှင့် သဘောထားအမြင်များဖြင့် စွန့်လွှတ်အနစ်နာခံခဲ့ကြသော ၊စွန့်လွှတ်အနစ်နာခံဆဲဖြစ်သော ကျောင်းသားများအားဂုဏ်ပြုခြင်းနှင့် ဆုတောင်းခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.