မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် ဂိုဒေါင်ပေါက်ကွဲမှုတွင် ဓါတု အဆိပ်သင့်မှုများ ဖြစ်ပေါ်နေ

နွယ်ပင်December 29, 20111min015

ယနေ ့မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန် ့မြို ့ နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား
ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို ့ နယ်
အချို ့တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။

လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး အရှိန် ကြောင့် မင်္ဂလာ တောင်ညွန် ့မြို ့နယ်၊
တာမွေ မြိ နယ်၊ ဒေါပုံ မြို ့နယ် ၊ သာကေတ မြို ့နယ် ၊ သင်္ဃန် ကျွန်း မြို ့ နယ် တို ့ တွင် ပြာမှုန်
နှင့် မီးခိုး ငွေ ့များ ဖုံး လွှမ်း နေ သည်။

တာမွေ မြို ့နယ် နှင့် မင်္ဂလာ တောင် ညွန် ့ မြို ့နယ် တွင်း နေကြ သူ အချို ့ မှာ ယားယံ ခြင်း နှင့်
အသက် ရှု ကျပ် သည့် ရော ဂါ များ ယနေ ့ မနက် မှ စတင် ခံစား နေကြ ရ သည် ဟု သိရှိ
ရသည်။ မင်္ဂလာ တောင် ညွန် ့မြို ့ နယ် ယုဇန ပလာ ဇာ အနီး တိုက် ခန်း များ နှင့် တာ မွေ
ကျောက် မြောင်း ရှိ ဒေသခံ အချို ့ ဉ် ယား နာ ကဲ့ သို ့ အနီရောင် အဖု လေး များ ထလာ ပြီး
လက် နှင့် မျက် နှာ တစ်ဝိုက် တွင် အဖြစ် များ သည် ဟု တာ မွေ သတိ ပဌာန် လမ်း မှ ဆရာ
ဝန် တစ်ဦး က ပြောသည်။

အချို ့ မှာ မျက် စေ့ စပ် လာ မှု နှင့် မျက် ရည် ပူ များ ကျဆင် း မှု များ ကြုံ တွေ ့ရသည်။

ယနေ ့ မနက် အစော ပိုင်း ပေါက်ကွဲ မီး လောင် မှု ကြောင့် ဒုက္ခ ရောက် ခဲ့ သူများ ကို မြန်မာ
နိုင်ငံ ကြက် ခြေ နီ အသင်း ၊ တပ်မတော် စစ်ဆေးရုံ မှာ တာဝန် ရှိ သူ များ ၊ ကြံ့ဖွံ ပါတီ နှင့်
သရုပ် ဆောင် ရဲတိုက် ၏ ရဲ တိုက် ဖောင်ဒေးရှင်း မှ သွားရောက် ကူညီ လျှက် ရှိ သည်။

မီးလောင်မှု တွင် အိုးအိမ် ပျက်စီး ဆုံး ရှုံး သူများ ကို ပုသိမ်ညွန် ့ ကျောင်း တိုက် နှင့်
အစိုးရ အခြေခံ ပညာ ကျောင်းများ တွင် ယာယီ ခိုလှုံ ခွင့် ပြု ထား သည် ဟု သိရသည်။

ည ၂ ချက် တီး အချိန် က မီးလောင် ပေါက် ကွဲ မှု သည် ဆာလ်ဖြူ ရစ် အက်ဆစ် ဓါတု ကန်
အနီး ဝါယာ ရှော့ခ် ဖြစ်ရာ မှ စတင် ခြင်း ဟု ဆို သော် လည်း အစိုးရ တာဝန် ရှိ သူ များ က
အတိအကျ သတင်း ထုတ် ပြန် မှု မပြု သေးချေ။

မီးလောင်ပေါက် ကွဲ မှု ဖြစ်ပွား ရာ အနီး တစ်ဝိုက် ရှိ နေ အိမ် များ တွင် သောက် ရေ နှင့်
စားသောက် ဖွယ် ရာ များ ကို ဖုံး အုပ် ထား ရန် အတွေ ့အကြုံ ရှိ သည် ့ လူကြီး များက
ယနေ ့ မနက် လမ်း များ ဉ် ဆော် ဩနေသည်။

ယနေ ့ ည ပေါက် ကွဲ မှု ဉ် ည ၁ နာ ရီ ၄၅ မိနစ် မှ ၂ နာရီ ကျော် အထိ ဆက် တိုက် ပေါက် ကွဲ ခဲ့
ပြီး အဆိုပါ ဆန်း ကြယ် သည့် ပေါက် ကွဲ မှု ကို သက်ဆိုင်ရာ က စုံ စမ်း စစ်ဆေး ဆဲ သာ ဖြစ်
သည် ဟု သိရသည်။

ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တစ်ဝိုက် တွင် ၁ဝ ပေ ခန် ့နက် သည့် ကျင်းကြီး များ ဖြစ်
ပေါ် ခဲ့ သည်။

ကူးတို ့ ဆိပ် ရပ် ကွက် တွင် နေသူ များ မှာ ည လုံး ပေါက် မီး ခိုး မှုန်း များ ကြောင့် အသက် ရှု
ကျပ် သည့် ဒဏ် နှင့် ယားယံ မှု များ ကို လည်း ခံ စား နေရသည်။

မီးလောက် ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တွင် တွေ ့ရ သည့် အမိုနီယံ အမှုန် ့များ မှာ လည်း
အန္တရယ် ရှိ သဖြင့် ကိုင် တွယ် ခြင်း မပြု ရန် မီး သတ် တပ် ဖွဲ ့ က ဆော် ဩနေ သည်။

ယနေ ့ နေ ့လည် ၁၂ နာ ရီ နောက် ဆုံး ရ သတင်း များ အရ သေဆုံး သူ ၂ဝ ကျော် ရှိ ပြီး ၁၈ ဦး
ပျောက် ဆုံး နေကာ ၉ဝ ကျော် ဒဏ်ရာ ရရှိ သည်။

ယနေ ့ မီးလောင် ပေါက်ကွဲ မှု တွင် အနည်း ဆုံး အမေရိကန် ဒေါ်လာ သန်း ၅၀ဝ ဖို းခန် ပျက်စီး
ဆုံး ရှုံး နိုင် သည် ဟု ပြည်တွင်း ရေကြောင်း ပို ့ ဆောင် ရေးဌာ န မှ အရာ ရှိ တစ်ဦး က ခန် ့မှန်း
သည်။

မှတ်ချက် ။ ။ Freedom News Group မှဖော်ပြပါသည် ။

15 comments

  • Shwe Tike Soe

    December 29, 2011 at 3:40 pm

    ကျေးဇူးမနွယ်ပင် .. အခုလိုနောက်ဆက်တွဲသတင်း တင်ပေးတာကို …. 😀

    Reply

  • kokothandar

    December 29, 2011 at 3:41 pm

    ဝံကျီးကြော်ဆန်း ကတော့ ဒီသတင်းမျိုးအတိအကျ ထည့်မှာမဟုတ်သလို ပလိပ်တွေအတွက်ဘာမှဆီမလာ
    ပဲမလာအမှု ့မျိုးမို ့ဘာဖြစ်တာပါလိမ့် လို ့တွေးနေရမဲ့ပြည်သူတွေဟာတွေးနေရုံထက်တော့ပိုမသိနိူင်ဖြစ်နေ
    အုံးမယ်ထင်ပါ့

    Reply

  • koyinmaung

    December 29, 2011 at 3:48 pm

    နောက်ဆက်တွဲသတင်းတင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်နွယ်ပင်လေးရေ……

    Reply

  • char too lan

    December 29, 2011 at 3:50 pm

    ကျေးဇူးပါဗျာ …
    ဖတ်ပီးတော့အိမ်နဲ့ အနီးအနားကလူတွေကိုခုပဲ
    ဖုန်းဆက်သတိပေးလိုက်တယ်

    Reply

  • Thel Nu Aye

    December 29, 2011 at 3:53 pm

    အင်းဒါကကျန်းမာရေးဗဟုသုတအများကြီးလိုတယ်။ တာဝန်ရှိသူတွေကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပေး မှရမှာပါ။ သာမန်ပြည်သူတွေအနေနဲ့ဘာမှမတတ်နိုင်တဲ့ကိစ်စပါ။ နိုင်ငံတော်ရဲ့အမျိုးသားရေးတာဝန်တရပ် အနေနဲ့အချိန်မှီဖိဖိစီးစီးလုပ်ပေးသင့်ပါတယ်။

    Reply

  • ဆူး

    December 29, 2011 at 4:39 pm

    သတင်းအတွက် ကျေးဇူးတင်ပါတယ်။
    ရုပ်သံဖိုင်ကတော့ ကြည့်လို့ ရဘူး လိုင်းမကောင်းပါ။

    Reply

  • hmee

    December 29, 2011 at 5:09 pm

    ဖတ်ရတာ ကြည့်ရတာ စိတ်ကို မကောင်းဘူး။ နောက်ဆက်တွဲ ဘာတွေများ ထပ်ဖြစ်ဦးမလဲနော်။

    Reply

  • fatty

    December 29, 2011 at 5:32 pm

    ကျေးဇူးပါ condition ကောင်းတော့အားလုံးကြည့်လို့ရပါတယ် …။
    သတင်းသမားပီသပါပေတယ် ..။

    Reply

  • saiias.027

    December 29, 2011 at 6:20 pm

    တော်တော်ဆိုးတဲ့ ဖြစ်ရပ်ဖြစ်နေပါပြီ ဒီအချိန်မှာ အလွန်ကို သတိနဲ့နေရတော့မယ်…..

    Reply

  • နွယ်ပင်

    December 30, 2011 at 9:21 am

    မီးငြှိမ်းသတ်ရင်းသေဆုံးခဲ့သောမီးသတ်တပ်ဖွဲ့ဝင်ငါးဦးကို ဒီဇင်ဘာ ၂၉ ရက်ညနေပိုင်းတွင်မီးသဂြိုဟ်ခဲ့တဲ့
    Movie ဖိုင်လေးပါ

    http://drlunswe.blogspot.com/2011/12/blog-post_1544.html

    Reply

    • zarlay

      December 30, 2011 at 11:24 am

      အခုမီးလောင်ပေါက်ကွဲမှုမှာ အားကြိုးမာန်တက် အသက်ပေးကူညီဆောင်ရွက်ပေးကြတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များကို အရမ်းကိုလှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်
      နောက်ပြီး ဘုရားရှိခိုးရင်း နောင်ကို ဒီလိုအဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ပါရစေနဲ့လို့လည်း ဆုတောင်းမိပါတယ်
      ဒီဖြစ်ရပ်ကြောင့် သေဆုံးသွားကြတဲ့ လူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များရဲ့ မိသားစုများနှင့်အတူ ဝမ်းနည်းပူဆွေးရပါကြောင်းလည်း ပြောချင်ပါတယ်

      Reply

  • နွယ်ပင်

    December 30, 2011 at 2:54 pm

    နောက်ဆုံးရ သေဆုံးသူများစာရင်း။ (သတင်း.. 7Day News Journal)

    ၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
    ၂။ မောင်မောင်ကြီး (၁၀)နှစ်
    ၃။ မောင်သိန်းဇော် (၉) နှစ်
    ၄။ မစဝ်ခွန်ချို (၅) လ
    ၅။ မပုံ့ပုံ့ (၂၁) နှစ်
    ၆။ မယုဇအောင် (၂၃) နှစ်
    ၇။ ဦးသိန်းစိုး (၅၀) နှစ်
    ၈။ ကိုသန်းလှိုင် (၃၆) နှစ်
    ၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
    ၁၀။ မရီလွင် (၃၃) နှစ်
    ၁၁။ မနွယ်လေးဟန်(၇) နှစ်
    ၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
    ၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
    ၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
    ၁၅။ ဦးပြည်ဇော်ဌေး( ၅၀) နှစ် (မီးသတ်)
    ၁၆။ မောင်သော်ဇင်မျိုးထက် (၂၁) နှစ်(မီးသတ်)
    ၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
    ၁၈။ PR (လူ့အသားစများ)

    အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။ အမှတ်စဉ် ၁၃ မှ ၁ရ အထိ ၅ ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။ နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။ နောက်ဆုံးအချက်အလက်များ ထပ်မံရရှိပါကလည်း ဆက်လက်ဖော်ပြပါမည်။

    နောက်ဆုံးရသတင်းအရ လူနာစုစုပေါင်းမှာ ကျား- (၆၈) ဦး၊ မ- (၁၆) ဦး ဖြစ်ပြီး ယင်းလူနာများကို ရန်ကုန်ဆေးရုံကြီး အဆောင်(၅၊ ၆၊ ၇၊ ၈)၊ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီး၊ အလုပ်သမား ဆေးရုံကြီးတို့တွင် တင်ပို့ ကုသလျှက်ရှိသည်။

    Reply

  • windtalker

    January 1, 2012 at 7:41 pm

    ဟိုက်ရှားလပတ်
    ဒေါ်လာသန်းငါးရာဖိုးတဲ့
    နည်းဘူးကော

    Reply

  • Onyx

    January 3, 2012 at 12:40 pm

    ဘာတွေကြောင့်ဒီလောက် အကြီးကြီး ဖြစ်သွားရတာလဲ ဆိုတာကို သိချင်ပါတယ်။
    သေသေချာချာလေး နဲ့ ဘာကြောင့်ဆိုတာကို သက်ဆိုင်ရာက ကြေငြာမှ ဖြစ်မယ် ။
    ဒါမှ နောက်ဆို ဒီလို အဖြစ်ဆိုးကြီးတွေ အကြုံရအောင် ကြိုတင် ကာကွယ် တက်ကြမှာပေါ့
    နို့မို့ဆို ဘယ်လိုလုပ်ကြမတုန်းဗျာ နော်

    Reply

Leave a Reply

Your email address will not be published.