ရွှေညဝါဆရာတော်ကြီးအား အရေးယူရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံမည်

True AnswerDecember 24, 20111min09

ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလ မှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရပါသည်…။

ရွှေညဝါဆရာတော်ကြီး နှင့် သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး

လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်…။

ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားရှိပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း လက်ထောက် ဆရာတော် ဦးသူရိယမှ မိန့်ကြားသွားပါတယ်…။

ရွှေညဝါဆရာတော် ဆရာတော်ကြီးအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..။ အောက်ပါအချက် (၃)ချက်မှာ (က)နဲ့(ဂ) အချက်အား လက်ရှိအနေအထားအရ ဆိုင်းငံ့ထားပြီး။ (ခ)အချက်ပါ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး လာမည့် တပေါင်းလ စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်..။ ယနေ့အထိ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ထုတ်ပြန်ကြေငြာချက်အား ရပ်ဆိုင်းပေးရန် လက်မှတ်ရေးထိုး တောင်းဆိုကြသူ ၅သောင်းနီးပါး ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်..။

ရွှေညဝါဆရာတော်ကြီးသည် ဗန်းမော်ဆရာတော်ကြီး၏ တပည့်တစ်ဦးဖြစ်ပြီး ဗန်းမော်ဆရာတော်ကြီးမှ တပည့်ဖြစ်သူ ရွှေညဝါဆရာတော်ကြီးအား ရဲရင့်တည်ကြည်တဲ့ “ခြင်္သေ့ကြီး” ဆိုပြီး အမြဲခိုင်းနှိုင်း အမည်နာမ သမုတ် ခေါ်တော်မူပါတယ်..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရွှေညဝါဆရာတော်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက ၄ရပါးစုံညီ ထုတ်ပြန်ချက်…

အကြောင်းအရာ…. ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။

ဆုံးဖြတ်ချက်….

ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။

သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။

ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
————————————————————
အများ သိသင့်သည် ဟု ယူဆသဖြင့် သစ်လွင်ထူး ဘလော့မှ တဆင့်ကူးယူဖော်ပြပါသည်။

အမှန်တရားအတွက် အများပြည်သူ အကျိုးစီးပွားအတွက် စတုတ္ထ မဏ္ဍိုင် မီဒီယာအားမှာ အလွန်အရေးကြီးသော အခန်းတွင်ပါဝင်နေကြောင်း ကျွန်တော်တို့နားလည်လျှက် မီဒီယာများအား တတ်နိုင်သမျှ ဘက်မလိုက်သော ယုံကြည်ရသော မီဒီယာများ ပေါ်ထွန်းလာအောင် တတ်နိုင်သမျှ ကူညီကြပါစို့ ။

9 comments

  • etone

    December 24, 2011 at 11:19 am

    တရားကို နတ်စောင့်ပါတယ် … ကိုင်း … မီဒီယာအားကောင်းနေတဲ့ ယနေ့ခေတ်မှာ ဘယ်လို အဆုံးဖြတ်မျိုးများဖြစ်မလဲ…. စိတ်ဝင်တစားစောင့်နေမိပါတော့တယ် ။ 🙂

    Reply

    • ကြောင်ကြီး

      December 24, 2011 at 11:37 am

      အဲဒီနတ်က စစ်တပ်အုပ်ချုပ်စဉ်တုန်းကတော့ မစောင့်ဘူးဗျို့။ အမေရိကန်ဝင်လာမှ ရောယောင်ဝင်လာတာ… 😀

      Reply

      • etone

        February 18, 2012 at 11:52 am

        ခေါက်ဆွဲကြိုက်တဲ့ နတ်ပဲဖြစ်မယ် .. အဟဲ

        Reply

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 24, 2011 at 12:11 pm

    အဲ့ဒါဘဲ အဲ့ဒါဘဲ
    ရဟန်းတွေအရာကို လူတွေက ဝင်ပြီးချဲ့ကားတော့ ရှုပ်ကုန်တာပေါ့
    ဆရာတော်တွေရဲ့ စာတွေ ဝါတွေကိုလည်း နားလည်ကြမှပေါ့
    ကိုယ့်ဘာသာ လိုသလို လိုက်အော်နေကြတာ
    ဟိုက ရဟန်းသံဃာတွေဗျ
    လက်လွှတ်စပါယ် လုပ်မလား ခင်ဗျားတို့လို ကိလေသာအတွေးဟိုကရှိတာမဟုတ်ဘူး
    ဆြာတော်များကို ကျွန်ုပ် ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
    ( ဟမလေး ကိုယ့်နာမည် ကိုယ်ပြန်ခေါ်ရတာ ရေတောင်ငတ်တယ် ရှည်ချက်ကတော့ 😀 )
    မှ သတိပေးလိုက်ပါတယ်
    အဟမ်း ( မကြောက်ပါနဲ့ ဖျဲပြဒါ )
    ထိပ်ပြောင်တို့အဖွဲ့ကို တရုပ်တွေလိုသဘောထား
    NLD ကို အမေရိကန်လိုသဘောထား
    သံဃာစုကို မြန်မာပြည်လို သဘောထား
    တရုတ်နဲ့ အမေရိကန် တို့ရဲ့ လှုပ်ရှားမှု့တွေထဲမှာ မြန်မာပြည်ဟာ
    ဘာဖြစ်နေသလဲ မြင်အောင်ကြည့်ဘို့ပါ
    မြင်အောင်ကြည့်ပါ တွေ့အောင်ကြည့်ပါ ဖျဲကြည့်ကြပါ
    မှတ်ချက်။ ။ ကျွန်ုပ် ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု ၏ သတိပေးချက်ကို
    ဘယ်ကောင်မှ စောက်ခွက်ဝင်မပြောင်ရ
    ပုံ………………
    …………………ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    Reply

    • windtalker

      December 24, 2011 at 7:40 pm

      ကျေးဇူး ထူးကဲလှကြောင်းဘာ ဖလာ့

      Reply

  • mggwa

    December 24, 2011 at 3:55 pm

    မပူကြပါနဲ့ ဗန်းမော်ဦးကုမာရဆရာတော်ကြီးက တပည့်ကို ကယ်မှာပါ။ သူ့တပည့်ကို။ မကယ်ရင် ဆရာမကောင်း တပည့်ခေါင်းပေါ့။ တခြားသူဆိုရင်တော့ ကယ် မကယ်မပြောတတ်ဘူး။

    Reply

  • kthwinzayarmyo

    February 18, 2012 at 11:13 am

    ကိုနီအောင်ပု ရေ
    (ဦးဘဇင်း လို့ မခေါ်ချင်ဘူး. အဆုံး 3 ကြောင်းမြောက် က အရေးအသားတွေကြောင့်)
    သမုတိ သံဃာတွေမှာ ကိလေသာမြူ ဘယ်လောက်ထူမယ်ဆိုတာ ………
    လက်လွှတ်စပါယ် လုပ်နိုင်ချေ များတာပေါ့( မီဒီယာအား မကောင်းရင် )
    လက်မှတ်ရေးထိုး တောင်းဆိုကြသူ ၅သောင်းနီးပါး မျက်နှာ မကြည့်ရင်တောင်
    ဘုရားမျက်နှာ ကြည့်မိကြပါစေလို့
    (ပုံထဲက ကား အသစ်ကြီးမျက်နှာ ကြည့်မိသွားရင်တော့……)
    ဆရာတော့် ကံ(မျက်စိနောက်အောင်လုပ်မိတဲ့)ပေါ့လေ

    Reply

  • Foreign Resident

    February 18, 2012 at 2:45 pm

    မဟန ကလည်း ဆိတ် ဟိုဒင်း လိုပဲ
    ဟိုဖက်ကပ်လိုက် ဒီဖက်ကပ်လိုက် နှင့် ။

    အခု အစိုးရ ကော ၊ မဟန ကော ၊ တွေ့နေရတာက ၊
    ပြည်သူ့ အသံနားထောင်တယ် ၊ ပြည်သူ့ အသံနားထောင်တယ် ဆိုပြီး ။
    လူ ပြောများရင် ၊ ရှောင်ရှောင် သွားတာတွေ့နေရတယ် ။
    အစိုးရ ကို သနားတောင် သနား လာပြီ ။

    ပြည်သူ့ အသံနားထောင်တာ Generally ကောင်းပါတယ် ။
    ဒါပေမယ့် လူအများ တောင်းဆိုတိုင်း ၊ ယူဆတိုင်း ၊
    အမှန် ၊ တရားမျှတတယ် ၊ လိုက်လုပ်ရမယ် ၊ လို့တော့ မဟုတ်သေးဘူးနော် ။

    ဥပမာ ဝန်ထမ်း လစာတိုး ကိစ္စပဲကြည့် ၊
    သူရရွှေမန်း ပြောတဲ့ ကောင်းကောင်းပေး ၊ လာဘ်ယူရင်ဆော် ၊ မှန်တယ် ။
    ဝန်ထမ်း လစာ တွေကလည်း တကယ် တိုးပေးသင့်နေပြီ ။
    မှန်တယ် ။ လက်ခံတယ် ။

    ဒါပေမယ့် ၊
    ပြည်ထောင်စုကော ၊ ပြည်နယ်တွေပါ ၊ ဘတ်ဂျက် လိုငွေ အကြီးအကျယ် ပြနေတဲ့ ။
    နိုင်ငံခြား ကြွေးမြီ 11 Billion Dollars တင်နေတဲ့ ။
    သူများ နိုင်ငံမှာ ၁ဝ ယောက် ထဲ နှင့် လုပ်တဲ့ အလုပ်ကို
    အစိုးရဝန်ထမ်း အယောက် ၂၀ဝ လောက်က ဝိုင်းလုပ်နေတဲ့ ။
    အဲဒီ ပိုလျှံနေတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်မပြစ်ရဲပဲနှင့် ။
    အစိုးရက ရသင့်ရထိုက်တဲ့ အခွန်တွေကို
    ကြပ်ကြပ် မတ်မတ် မကောက်နိုင် ၊ မကောက်ရဲပဲနှင် ။
    မနက်ဖြန်ပဲ ရတော့မလိုလို ၊ သဘက်ခါပဲ ရတော့မလိုလို ၊
    နိုင်ငံတကာက အကူ အညီတွေ နိုင်ငံထဲ တကယ် မရ သေးပဲနှင့် ။

    ဘယ်လိုလုပ်ပြီး လစာတိုးနိုင်မှာလည်း ။
    တဖြေးဖြေးချင်း အပေါ်ကဟာတွေ ပြောင်းလဲပြီးမှ တိုးလို့ ရမပေါ့ ။

    အခု ဥရောပ ၊ ဂရိ မှာဖြစ်တာပဲကြည့်လေ ၊
    လွှတ်တော် ကိုယ်စားလှယ် အမတ်မင်းများက ၊
    ပြည်သူ လူများစု အကြိုက် ၊ ငါ မဲ ရရင်ပြီးရော ဆိုပြီး ၊
    တိုင်းပြည် စီးပွားရေး အခြေမခိုင်ပဲ နှင့် ၊
    အလုပ်သမားတွေကို အခွင့်အရေးတွေ ပိုပေးမိတာ ၊
    အခု နိုင်ငံပါ ဒေဝါလီခံရ ( Default ) တော့မယ် ။

    ပြည်သူ့ အသံနားထောင်တာထက်စာရင် ၊
    နိုင်ငံ့ အကျိုးကို တကယ်လိုလားတဲ့ ၊ အဂတိ ကင်းရှင်းတဲ့ ၊
    ပညာတတ် အစစ်ကြီးတွေရဲ့ အသံကို နားထောင်တာကမှ ၊
    တိုင်းပြည် အတွက် အကျိုး ပိုရှိမယ် ထင်မိတယ် ။

    Reply

    • Foreign Resident

      February 18, 2012 at 5:18 pm

      Sorry ပါဗျာ Post အဟောင်းကြီးမှာ မန့် လိုက်မိတယ် ။

      Reply

Leave a Reply

Your email address will not be published.