palesweAugust 3, 20101min00
ဘာဘေဒိုးနိုင်ငံတွင် နောက်လ ပြုလုပ်မည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ဝှေ့ကျော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဘာဘေးဒိုး ကျွန်းနိုင်ငံမြို့တော် ဘရစ်ဂျ်တောင်းတွင် စက်တင်ဘာ ၆ ရက်မှ ၁၉  ရက်အထိ AIBA က ပြုလုပ်ကျင်းပမည့် ၆ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ ချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့ ဝင်ပြိုင်မည်ဟု သိရသည်။ မကြူကြူသင်း က ၄၈ ကီလိုတန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မနှင်းမို့မို့နိုင်က ၅၁ ကီလိုတန်း ဝင်ပြိုင်မည်ဖြစ်ကာ နည်းပြအဖြစ် ဦးတင်မောင်ဖေက တာဝန်ယူထားသည်။ သို့သော်လည်း ပြိုင်ပွဲ အတွေ့အကြုံကိုရရေး အဓိကထား၍ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် […]


manawphyulayAugust 2, 20101min07
အအောင်မြင်ဆုံး ပြည်ပဝက်ဘ်ဒီဇိုင်နာများ၏ ဒီဇိုင်း ၁၀၀ဝ ကျော်၊ ကိုယ်တိုင်အွန်လိုင်းမှ ပြင်ဆင်နိုင်ခြင်း၊ စာမျက်နှာကန့်သတ်ချက် မရှိခြင်း၊ ကမ္ဘာ့အကောင်းဆုံး email ၊ မြန်မာ့နံပါတ်တစ် hosting* ကျွမ်းကျင်ပညာရှင်များ၏ အထိရောက်ဆုံး ဝန်ဆောင်မှုတွေလည်း ရရှိမှာ ဖြစ်ပါတယ်။ ကဲ ဘာတွေ လုပ်လို့ရသလဲ ကြည့်ရအောင်နော်။ သင်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပါ တရားဝယ်ဝယ်ယူထားသော ပြည်ပမှ အအောင်မြင်ဆုံး ဝက်ဘ်ဒီဇိုင်းပေါင်း ၁၀၀ဝ ကျော်တွင် သင် ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်ပါသည်။ ဒီဇိုင်းတစ်ခုခြင်းစီသည် agency class ရှိပြီး ပြည်တွင်းဒီဇိုင်းအများစုထက် ပိုမိုသေသပ်လှပရုံသာမက ကုန်ကျစရိတ်လည်း သက်သာပါသည်။ ပါဝင်မည့် စာမျက်နှာများကို သင်ကိုယ်တိုင်ရေးသားပါ သင့်ဝက်ဘ်ဆိုက်တွင် ပါဝင်လိုသော အချက်အလက်များကို ရေးသားရမည် ဖြစ်ပါသည်။ iHost တွင် အခြားဝန်ဆောင်မှုများနှင့် […]


manawphyulayAugust 2, 20101min05
စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူအညီကို လိုအပ်နေကြောင်း သိရသည်။ ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။ ၂၀၀၉ခုနှစ် ဩဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။ ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ […]


khinmintatthuAugust 1, 20101min03
ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်း လေးကောင် သည် လက်ပံတန်း၊ သာယာဝတီ၊ မင်းလှ၊ ဇလွန် နှင့် င်္သာတမြို့နယ်များ အတွင်း ဖြတ်သန်း ဝင်ရောက်ခဲ့လူများကို အန္တရာယ်ပြုခြင်း၊ စိုက်ခင်း များကို ဖျက်ဆီးခြင်း မပြုဘဲအေးချမ်းစွာ ပြန်လည် ထွက်ခွာသွား ခဲ့သည်။ ပဲခူးရိုးမ အတွင်းမှ တောဆင်ရိုင်းလေးကောင် ပါအုပ်စုသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ် အနောက်ဘက်ကမ်း ဇလွန်မြို့ နှင့် ဟင်္သာတမြို့ မြို့သူကြီးဘုရား အနီးသို့ ထူးထူး ခြားခြားဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။ ပဲခူးရိုးမ အတွင်းမှ အမြင့် ၁၁ ပေရှိဆင်မကြီ တစ်ကောင်၊ အမြင့် ၉ ပေရှိ ဆင်ထီး တစ်ကောင်၊ ဆင်မ တစ်ကောင် နှင့်အမြင့် လေးပေရှိ […]


kaiAugust 1, 20101min01
လော့စ်အိန်ဂျလိစ်။  ။ ဂျူလိုင် ၃၁ ယမန်နေ့ညနေ (ရနာရီ)ခန့်က ရွှေ့အမြုတေ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းသည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာနှင့်အတူ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်သို့ အလည်အပါတ်အဖြစ် ရောက်ရှိရာ မန္တလေးဂေဇက်နှင့် သူ၏မိတ်ဆွေများက သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ ပြီးခဲ့သည် မေလအတွင်းက ဘန်ကောက်တွင် နှလုံးရောဂါကုသထားသော ဦးဝင်းငြိမ်းမှာ ကျမ်းမာနေဟန်ရှိပြီး အမေရိကန်ပြည်ထောင်စုရှိ ဆန်ဖရန်စစ်စကို၊ ဝါရှင်တန်၊ ဖလော်ရီဒါပြည်နယ်သို့ သွားရောက်ရန်စီစဉ်ထားကြောင်းနှင့် ရက်သတ္တ၃ပါတ်မျှ နေထိုင်မည်ဖြစ်ကြောင်း ၊ လောလောဆယ်တွင် လော့စ်အိန်ဂျလိစ်ရှိ မိတ်ဆွေနေအိမ်တွင်တည်းခိုနေသော ဦးဝင်းငြိမ်းမှာ Cell Phoneလုပ်ထားဆဲဖြစ်ကြောင်း။ ဒေါ်ပတ္တမြားခင်နေထို်င်သော ဖလော်ရီဒါပြည်နယ်ရောက်ပါက ရွှေအမြုတေပရိသတ်များနှင့် ရေးသူဖတ်သူ စကားပြောပွဲလေး စီစဉ်ထားကြောင်း သိရှိရသည်။


fattyJuly 31, 20101min013
စာရေးဆရာ ဟိန်းလတ်ရဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြီးအကြောင်း ရေးထားတဲ့စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးကသံတမန်တဦးကဈေးကွက်ထဲကလိုက်သိမ်းနေပါတယ်။ အဲဒီစာအုပ်ဟာ စာပေစိစစ်ရေးကခွင့်ပြုပြီးမှထုတ်ဝေတဲ့စာအုပ်လဲဖြစ်ပါတယ်။ စစ်အစိုးရကလဲအဲဒီလိုလုပ်တာကိုသဘောတူပေးပါတယ်။ တန်ဘိုးငွေ ကျပ်သိန်း ၂ဝ လောက် ဆုံးရှံးသွားရပါတယ်။ ကိုယ့်နိုင်ငံက စာရေးဆရာတဦး ရဲ့ဂုဏ်သိက္ခာ ……. မြောက်ကိုရီးယားရဲ့ကျူးကျော်မှု့ကိုခွင့်ပြုတဲ့အစိုးရ ……… ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှမဖြစ်ဘူးသေးတဲ့အဖြစ် ……… ကျုပ်တို့နိုင်ငံဒီလောက်တောင် အောက်တန်းကျနေပြီလား ……………. ဒါတောင် စာရေးသူက အဲဒီခေါင်းဆောင်ကြီးရဲ့တချို့အချက်အလက်တွေကို ထည့်မရေးဘဲချန်ထားပေးသေးတယ်။ သူဟာ သူ့တပ်မှုးတွေရှေ့မှာ ဂျုံကြမ်းကိုသာစားပြပြီး ကွယ်ရာမှာတော့ကိုယ်ပိုင်စားဖိုမှုးနဲ့အစားကျူးတဲ့အကြောင်း ပေါ့ ………


BaKoJuly 31, 20101min01
ပြည်တွင်းနှင့် ပြည်ပမှ လွှင့်တင်ထားသည့် အများသုံးအင်တာနက်ဝက်ဘ်ဆိုက်များတွင် ပြည်တွင်းမှ နောက်ဆုံး ထွက်ရှိသည့် တေးစီးရီးခွေများအား သုံးစွဲလျက်ရှိပြီး  အခမဲ့ကူးယူခွင့်ပေးထားသည့် ဝက်ဘ်ဆိုက်များကြောင့် ထုတ်လုပ် ရေးများဘက်မှ နစ်နာမှုများရှိနေကြောင်း သိရသည်။ “ အခုက ပြောရမယ်ဆိုရင် ထုတ်လုပ်ရေးဘက်က ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို မသိတာ။ တချို့ဝက်ဘ်ဆိုက်တွေဆို တခြားဘာကဏ္ဍမှမပါဘဲ သီချင်းတွေချည်း ခွေလိုက်၊ ခွေလိုက်တင်ကြတာ။ ဒါနဲ့ပတ်သက်ပြီး လိုက်အရေးယူရအောင်လည်း ဒီမှာက ကော်ပီရိုက်တ်က ထိထိ ရောက်ရောက်မရှိတော့ တော်တော်လေးခက်ခဲနေတယ် ” ဟု တေးထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြော သည်။ ယင်းသို့ သီချင်းအသုံးပြုသည့် ဝက်ဘ်ဆိုက်များသည် ပြည်တွင်းပြည်ပမှ လွှင့်တင်ထားသည့် ဝက်ဘ် ဆိုက်များနှင့် ဘလော့အရေအတွက်မှာ စုစုပေါင်း ၃ဝနီးပါးခန့်ရှိပြီး အချို့ဆိုက်များမှာ သီချင်း အသုံးပြုမှု ကြောင့် […]


BaKoJuly 31, 20101min02
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နှင့် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသတင်းဌာန များ၏ သတင်းများ အရသိရသည်။ အဆိုပါ သဘောတူစာချုပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ၎င်းပြင် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ပေးမည့် လမ်းဖောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆ဝ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။ မြန်မာနှင့် အိန္ဒိယတို့သည် စီးပွားရေးပူးပေါင်း ဆောင်ရွက်သည့် စာချုပ်များအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် လက်နက်နှင့် […]


nyanayJuly 30, 20101min00
ဝ ပြည်သွေးစည်းညီညွတ်ရေး နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် တခြားပါတီများ လာရောက် စည်းရုံးခွင့် ပိတ်ပင်ထားတယ်လို့ ဝ ထိပ်ပိုင်းအရာရှိတဦးက RFA ကိုပြောပါတယ်။ လွန်ခဲ့တဲ့လအတွင်းက ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီအတွင်း ဦးထွန်းလူ ခေါင်းဆောင်တဲ့ ဝ ဒီမိုကရက်တစ် ပါတီနဲ့ ဦးဇီးလစ်စံ ဦးဆောင်တဲ့ ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့ ရွေးကောက်ပွဲ အတွက် ဝ နယ်မြေအတွင်း စည်းရုံးရေး ဆင်းဖ ို့ လာရောက်ခွင့် တောင်းခံတာကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ ဝ အရာရှိအဆိုအရ စစ်အစိုးရ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီက လက်ခံတယ်လို့ စစ်အစိုးရကို ပြောဆိုထားပေမဲ့ လတ်တလော မိမိတို့နယ်မြေအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှား ဆောင်ရွက်မှုမှ မရှိသေးဘူးလို့ […]


nyanayJuly 30, 20101min01
ဇူလိုင်လ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)၂၀၁ဝ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သက ဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက် မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့(နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုး လုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိ အောင် လုပ်ရမယ်”ဟု […]


nyanayJuly 30, 20101min06
FNG | အိန္ဒိယနိုင်ငံသို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း Freedom News Group မှ စုံစမ်း သိရှိ ရသည်။ အိနိ္ဒယနိုင်ငံ ကို ခြောက်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ ရောက်ရှိ […]


lu ta loneJuly 30, 20101min00
နောနော် ရဲ့ တတိယ တစ်ကိုယ်တော် စီးရီး အိပ်မက်ထဲကလူ “အတိုင်းထက် အလွန်” ၊ ” အကန့်အသတ် မရှိ” စတဲ့ တစ်ကိုယ်တော် စီးရီး နှစ်ခွေနဲ့ ကျော်ကြားလာခဲ့တဲ့ အဆိုတော် နောနော်က သူ့ရဲ့ တတိယ တစ်ကိုယ်တော် ခွေဖြစ်တဲ့ “အိပ်မက်ထဲကလူ” ကို ဇူလိုင်လ တတိယ အပတ်အတွင်းက စတင်ဖြန့်ချီခဲ့ပါတယ်။ ဒီခွေထဲမှာ စုစုပေါင်း သီချင်း (၁၂) ပုဒ် ပါဝင်ပြီး၊ သီချင်းတွေကို နောနော် နှင့်အတူ ဂျပန်၊ မိဂျူး၊ မွန်ဘွဲ့၊ ဇော်လင်း၊ ညလင်းထယ်၊ စောကြီး နဲ့ လပြည့် တို့က ရေးသားထားကြပါတယ်။ ၁။ ဖက်ထားမယ် ၂။ တံခါးပိတ်လိုက်ပါဦး ၃။ အဖြည့်ခံ ၄။ […]


True FaithJuly 29, 20101min06
၂ရ နှစ်ကျော်ကြာအောင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားသည့် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပြန်လည် ဆက်သွယ်ခဲ့သည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-chun သည် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို လေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ ပထမဆုံး သံတမန်ရေးရာ ပြန်လည်ဆက်ဆံခြင်းဖြစ်သည်။ မြောက်ကိုရီးယားဝန်ကြီး မစ္စတာ ပတ်ခ်သည် မြန်မာနိုင်ငံတွင် ၄ ရက်ကြာမြင့်မည်ဖြစ်ပြီး နေပြည်တော်တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် အခြား ထိပ်သီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။ ယနေ့တွင် မစ္စတာ ပတ်ခ်သည် ရွှေတိဂုံဘုရားသို့ တက်ရောက်ဖူးမျှော်ပြီး အမျိုးသားပြတိုက်ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် […]