True FaithJuly 28, 20101min02
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် ၅ ရပ် ချုပ်ဆိုခဲ့ပြီး အိနိ္ဒယက အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ၁၃၆ သန်း ကူညီခဲ့ကြောင်း သိရသည်။ အသေးစား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းခေါင်းစဉ်အောက်မှ ရထားလမ်းများတိုးချဲ့ရေးအတွက် သန်း ၆၀၊ ချင်းပြည်နယ်နှင့် အိနိ္ဒယ အရှေ့မြောက်ပြည်နယ်များ လမ်းပန်းဆက်သွယ်ရေးအတွက် သန်း ၆၀၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ၁ဝ သန်းနှင့် အိနိ္ဒယနယ်စပ် မိုးရေးမြို့မှ အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ မိုက်ကရိုဝေ့ဖ်ဆက်ကြောင်းအတွက် ၆ သန်း ကူညီခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခြားချုပ်ဆိုခဲ့သော စာချုပ်များမှာ နှစ်နိုင်ငံ သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာများ ကူညီထောက်ပံ့ရေး၊ ပုဂံဒေသရှိ […]


ScottJuly 27, 20101min03
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းတွင်  အလှပြင်ခန်း (Beauty Saloon) ဆိုင်းဘုတ်တင်ထားသော အနှိပ်ခန်းများ ပိုမိုများပြားစည်ပင်နေသည်။ အနှိပ်ခန်းများတည်ရှိရာ လမ်းထိပ်များတွင် အနှိပ်ခန်းပွဲစားများ၏ စည်းရုံးလူခေါ်နေမှုများကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။ အနှိပ်ခန်းအမျိုးသမီးငယ်များက အမြင်မသင့်တော်သည့် အဝတ်အစားများဝတ်ကာ လက်ဟန်ခြေဟန်ဖြင့် ဧည့်သည်အား ဆွဲဆောင်နေမှုများသည် အများအမြင်၌ မသင့်တော်ဟု ခရီးသွားများက ပြောသည်။ အောင်မင်္ဂလာကားဝင်းအတွင်းရှိ မော်လမြိုင်လမ်း၊ တနင်္သာရီလမ်း၊ ပုဂံ၊ မြောင်းမြ၊ ဒဂုံ၊ မကွေး၊ စစ်တွေလမ်းတိုင်းလိုလို၌ အဆိုပါ အလှပြင်ခန်းအမည်ခံ (မာဆတ်) အနှိပ်ခန်းများရှိပြီး လူခေါ်ပွဲစားများလည်း ပိုများလာကြောင်း  မျက်မြင်တို့က ပြောသည်။ အဝေးပြေးကားဝင်း ပင်မဝင်ပေါက်နှင့် ပတ္တမြားဆောင်အနီး၌ စွဲလမ်း၊ လင်းလက်၊ တနင်္သာရီလမ်း၌ New Dream, Shine, ဥဿာလမ်း၌ He&She, မိုးဆမ်းပန်း၊ စက်မှုလမ်း၌ […]


True FaithJuly 27, 20101min05
အိနိ္ဒယနိုင်ငံ သမ္မတ Pratibha Patel က မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သူ၏ အိမ်တော်ဝင်းတွင် ယနေ့ နံနက် ၉ နာရီက လက်ခံတွေ့ဆုံခဲ့သည်။ အိနိ္ဒယနိုင်ငံ၏ မြို့တော်နယူးဒေလီမြို့လည်တွင် တည်ရှိသည့် သမ္မတအိမ်တော်ဝင်းတွင် ကော်ဇောနီခင်းကာ မြန်မာစစ်ခေါင်းဆောင်အား တခမ်းတနား ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့်လည်း သမ္မတ အိမ်တော်ဝင်း၌ ဆက်လက်တွေ့ဆုံခဲ့သည်။ ထို့ပြင် အိနိ္ဒယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh နှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ယနေ့ ညနေ အိနိ္ဒယစံတော်ချိန် ၄ နာရီတွင် အစိုးရ ဧည့်ဂေဟာ Hydrabad House တွင် တွေ့ဆုံကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ […]


wunnaJuly 27, 20101min02
အခု လာမယ့် ရွေးကောက်ပွဲကို တရားမျှ တစွာလုပ်ပေးမယ်ဆိုပဲ။ ကျွန်တော့် အမြင်ကတော့ မတရားကြီး တရားမျှှတသော ရွေးကောက်ပွဲကြီး ထပ်လာတော့မယ်။ အသေအချာကို လာတော့မှာပါ။ လမ်းခင်းပေးမည်ဟုဆိုကာ ကြံဖွံ့ပါတီ ကြိုတင်မဲ ကောက်ခံ နယူးဒေလီ (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် စစ်အစိုးရ ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသည်  လမ်းခင်းပေးမည်ဟုဆိုကာ ပါတီဝင် အရေအတွက်တိုးရေးနှင့် ကြိုတင်မဲရရှိရေး ကြိုးပမ်းလျှက် ရှိသည်ဟု ဒေသခံများက ပြောသည်။ စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းပေးမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် လမ်းထဲတွင်နေသူများက ကြံ့ဖွံ့ပါတီသို့ ဝင်ရောက်လိုက ဝင်ရောက်နိုင်ပြီး ကြိုတင်မဲ ၁၅ မဲ အနည်းဆုံး ပေးအပ်ဖို့လိုသည်ဟု တောင်းခံနေသည်။ ”ကျနော်တို့ကလည်း ကိုယ့်ရပ်ကွက်လမ်းတွေ ကောင်းဖို့အတွက် မဲပေးရတာက အပမ်းမကြီးဘူးလေ၊ ပေးကြမယ်လို့ […]


wailynnooJuly 23, 20101min03
“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ။ “ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။ အမေရိကန်အစိုးရက “နှစ် ၂ဝ ရှိပြီ မင်းတို့လို အသုံးမကျတဲ့အတိုက်အခံတွေကို ထောက်ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ဝါရှင်တန်ဒီစီမှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရ အဖွဲ့ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ် နေရတဲ့ အဖြစ်ပါ။ ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့ အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြသေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။ ကိုယ့်စားရိတ်နဲ့ […]


BayoteJuly 22, 20101min01
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂၄ နာရီအတွင်း ရေကြီးလာနိုင်သည်ဟု မြန်မာစစ်အစိုးရ အာဏာပိုင်များမှ သတိပေး နိုးဆော်ကြေငြာပါသည်။ ဇူလိုင် ၂၁၊ ယနေ့နံနက် မြန်မာစံတော်ချိန် ၁၁ နာရီမှ နေ့လည်မွန်းလွဲ ၁နာရီထိ မရက မှ ဦးဆောင်ကာ သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ကြီးနားမြို့တွင်း နေရာအနှံ့ ကြေငြာနေသည်။ “၂၄ နာရီအတွင်း ရေကြီးလာနိုင်တယ်၊ ပစ္စည်းများထုပ်ပိုးထားရန်” ဟု လိုက်လံ သတိပေးနေကြောင်း မြို့ခံတစ်ဦးမှ ပြောသည်။ ဧရာဝတီမြစ် ရေမျက်နှာပြင်သည် ယမန်နေ့ ဇွန်လိုင် ၂ဝ ရက်နေ့ ညက ရေအမှတ် ၈၀ဝ စင်တီမီတာခန့် စိုးရိမ်အမှတ်ရောက ်ရှိသွား သော ကြောင့်ဖြစ်သည်။ ရေအမှတ် ၁၀၀ဝ စင်တီမီတာ ရောက်လျင် မြစ်ကြီးနား တာရိုး မြို့ဘက်သို့ရေလျှံသွားနိုင်သည်ဟု အာဏာပိုင်များ၏ […]


True FaithJuly 21, 20101min06
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်တဲ့ဆောင်းပါး ဖော်ပြတဲ့အတွက် The Voice ဂျာနယ်ကို စိစစ်ရေးက ၂ ပတ် ပိတ်လိုက်ကြောင်းသိရပါတယ်။ ဆောင်းပါးရှင် အောင်ထွဋ်ရေးသားတဲ့ “Concept နှင့် Process” ဆိုတဲ့ ဆောင်းပါးကြောင့် ပိတ်လိုက်တာဖြစ်ပြီး ထူးခြားချက်တခုကတော့ စိစစ်ရေးက ခွင့်ပြုလို့ ဈေးကွက်ထဲကို ဂျာနယ်ရောက်ပြီးကာမှ တရားရုံးက ညွွှန်ကြားလို့ စိစစ်ရေးက အရေးယူရတာဖြစ်ပါတယ်။ အောင်ထွဋ္ဋ်အမည်ခံပြီး ဆောင်းပါးရေးသားသူကတော့ ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တွေကို ထုတ်ဝေနေတဲ့ ဒေါက်တာနေဝင်းမောင်ပဲ ဖြစ်ပါတယ်။ The Voice ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မင်းသမီး ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ ဖြစ်တဲ့ကိစ္စကို ဂျာနယ်မျက်နှာဖုံး သတင်းဦးအဖြစ် ဖော်ပြတဲ့အတွက် စိစစ်ရေးက ၁ […]


politicalviewJuly 20, 20101min02
မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပပြုလုပ်မည့် Navitas’ International Education Exhibition ကို ၂၀၁ဝ ဇူလိုင်လ (၂၁) ရက် ဗုဒ္ဓပာူးနေ့တွင် ရန်ကုန်သည်ကြီးများပာိုတယ် Myanmar Ballroom တွင် နံနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ကျင်းပပြုလုပ်မည်ပာု သိရှိရသည်။ အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန် နှင့် ဩစတြေးလျ ကျောင်းများကို တစ်ရက်တည်းတစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တက်ရောက်တွေ့ဆုံမေးမြန်းစုံစမ်း နိုင်စေရန် ရည်ရွယ်၍ Navitas မှစီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ Navitas သည် နိုင်ငံတစ်နိုင်ငံမှ ကျောင်းတစ်ခု မပာုတ်ဘဲ  အမေရိကန် ၊ ကနေဒါ ၊ အင်္ဂလန်၊ ဩစတြေးလျ နှင့် စင်ကာပူနိုင်ငံများမှ တက္ကသိုလ်များပါဝင်သည့် နိုင်ငံတကာ […]


politicalviewJuly 20, 20101min00
“နာမည်ကျော်” ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဖျက်သိမ်းလိုက်ပြီး အသင်းပိုင်ပစ္စည်းများ အားလုံးကို  ကြံ့ဖွံ့ပါတီသို့ လွှဲအပ်နေကြောင်း အသင်း ပြောခွင့်ရပုဂ္ဂိုလ်ဟု ဆိုသူ သူရ ဦးမြင့်ဦးက ဘီဘီစီ မြန်မာဌာနကို ပြောသည်။ ထိုအသင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အသင်းဝင်ပေါင်း သန်း ၂ဝ ကျော် ရှိသည် ဆိုသော အသင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် နှင့် ကြာသပတေးနေ့က ဆက်သွယ် မေးမြန်း ထုတ်လွှင့်ချက် အသံဖိုင်ကို မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် ကူးယူ ရေးသား ဖော်ပြလိုက်သည်။ မေး  –  ကြံ့ခိုင်ဖွံ့ဖြိုးရေး  အသင်းကို ဖျက်မယ် ဆိုပြီး ပြောနေလို့။ အဲဒါ ဟုတ်ပါသလား။ ဖြေ – ကျနော်တို့ အသင်းက ဖျက်သိမ်းခွင့် […]


khinmintatthuJuly 16, 20101min01
ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီနှင့် ကုန်တင် မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ရန်ကုန် တိုင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံရေး ချောမွေ့စေရန် ကုန်တင်ယာဉ်၊ ကုန်သေတ္တာ ယာဉ်နှင့် သစ်လုံးတင် ယာဉ်ကြီးများ သွားလာရမည့် လမ်း ကြောင်းများကို သတ်မှတ်လိုက် ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရုံး ဦးစီးဌာန ရှိ တာဝန်ရှိသူက ပြောသည်။ ဒီယာဉ်ကြီးတွေ က သွား လာရမဲ့ လမ်းကြောင်း တွေကို အရင်ကတည်းက သတ်မှတ်တာ ရှိပါတယ်။ အခု မသိသေးတဲ့ လူတွေ ပြန်သိရအောင် မြေပုံနဲ့ တကွ လမ်းကြောင်း တွေ ပြန်လည် ထုတ်ပြန် ပေးတာပါ။ သတ်မှတ် ထားတဲ့ […]


manawphyulayJuly 16, 20102min011
ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က […]