ကချင်ပြည်နယ်တွင်း ဧရာဝတီရေကြီး မည့်အခြေအနေရောက်နေ

BayoteJuly 22, 20101min01

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂၄ နာရီအတွင်း ရေကြီးလာနိုင်သည်ဟု မြန်မာစစ်အစိုးရ အာဏာပိုင်များမှ သတိပေး နိုးဆော်ကြေငြာပါသည်။

ဇူလိုင် ၂၁၊ ယနေ့နံနက် မြန်မာစံတော်ချိန် ၁၁ နာရီမှ နေ့လည်မွန်းလွဲ ၁နာရီထိ မရက မှ ဦးဆောင်ကာ သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ကြီးနားမြို့တွင်း နေရာအနှံ့ ကြေငြာနေသည်။

“၂၄ နာရီအတွင်း ရေကြီးလာနိုင်တယ်၊ ပစ္စည်းများထုပ်ပိုးထားရန်” ဟု လိုက်လံ သတိပေးနေကြောင်း မြို့ခံတစ်ဦးမှ ပြောသည်။

ဧရာဝတီမြစ် ရေမျက်နှာပြင်သည် ယမန်နေ့ ဇွန်လိုင် ၂ဝ ရက်နေ့ ညက ရေအမှတ် ၈၀ဝ စင်တီမီတာခန့် စိုးရိမ်အမှတ်ရောက ်ရှိသွား သော ကြောင့်ဖြစ်သည်။

ရေအမှတ် ၁၀၀ဝ စင်တီမီတာ ရောက်လျင် မြစ်ကြီးနား တာရိုး မြို့ဘက်သို့ရေလျှံသွားနိုင်သည်ဟု အာဏာပိုင်များ၏ သတိပေးနိုးဆော်ချက်တွင် ကြေငြာသွားကြောင်း ဒေသခံများပြောသည်။

စီတာပူ ရပ်ကွက်ဘေးမှ အင်ဂျန့်ချောင်းသည် ယမန်နေ့ညမှ ရေပြည့်လျှံသွားခဲ့ပြီး ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် စီတာပူ ဒေသခံများ အိုးအိမ်ပစ္စည်းများနှင့် ရေပြည့်လျှံလာလျင် အသုံးပြုဖို့ ကော်ဗူးများ အရေးကြီးသည့် စာရွက်စာတမ်းများ သိမ်းဆည်းနေကြသည်။

“အိမ်မှာရော၊ အိမ်ဘေးနားမှာရော စီတာပူကတော့ အားလုံးသိမ်းနေကြတယ် အရေးကြီးတဲ့ ဆန်တွေ ပစ္စည်းတွေ၊ မီးသွေးတွေ အပေါ်တင်ထား၊ ရေတွေလည်း ခပ်ထားကြတယ် အလုံးသိမ်းထားကြပြီ၊ အားလုံး သတိနဲ့နေကြတယ်” ဟု စီတာပူ ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းကဲ့သို့ ရေကြီးလာမှုအပါ် ချင်းမိုင်အခြေစိုက် ကချင်ပြည်နယ် သဘာဝထိန်းသိမ်းရေး တာဝန်ရှိသူ ဦးယောနမှ “၉၈ ခုနှစ်ကနေ ၂၀၀၄၊ ၂၀၀၅ နှစ်ကြားအထိ သစ်ခုတ်ထွင်းမှု အစီအစဉ်ကြောင့် ကချင်ပြည်နယ်ကတော့ တစ်ခြားမြို့တွင်နဲ့မတူအောင် ဒီသစ်တွေကို ဖျက်ဆီးလိုက်တာကြောင့် နယ်မြေဒေသ ပြောင်းလဲတာလာကာ ခဏခဏရေကြီးလာခြင်းဖြစ်တယ်၊ သစ်ခုတ်လိုက်တာကြောင့် ကချင်ပြည်နယ်မှာ သစ်တွေကုန်သလောက်ရှိနေပြီလို့လည်း ပြောလို့ရတယ်” ဟု လေ့လာသုံးသပ်ပြသည်။

မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ရရှိရန် ၂၀၀၆ ခုနှစ်မှစကာ အေးရှားဝေါလ် ကုမ္ပဏီမှ ရေကာတာ ရ ခုတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈ နှင့် ၂၀၀၄ ခုနှစ်များတွင် ဧရာဝတီမြစ် ရေကြီးခဲ့ဖူးပါသည်။ ၂၀၀၄ ခုနှစ် ရေကြီးမှုတွင် လူအများပြားသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခ ကြုံခဲ့ရသည်။

Source : http://kachinnews.com/burmese/

One comment

  • fatty

    July 22, 2010 at 1:01 pm

    At this moment Phar Kant is extremely flooded……according to voa news.

    Reply

Leave a Reply

Your email address will not be published.