ကျွန်မရဲ့ဇာတိ ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအပြင်းအထန်ရွာပါတယ်.. မိုးရွာသွန်းမှုကြောင့် ထူးထူးခြားခြား ရေကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်.. ကျွန်မ ဒီအကြောင်းတွေ မရေးချင်ပါဘူး.. ကျွန်မဘလော့ လာတဲ့ သူတွေကို စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေနဲ့ ဆီးကြို ဧည့်ခံတာမျိုး မလုပ်ချင်ပါဘူး.. ဒါကြောင့် ဒီဓာတ်ပုံတွေကို မတင်တော့ဘူးလို့ စဉ်းစားမိပါတယ်.. ဒါပေမဲ့ ဒီလိုနေပြန်ရင် ကိုယ့်ဒေသအပေါ် တာဝန်မကျေရာ ကျမယ်ဆိုတဲ့စိတ်က ဖိစီးထားတော့ မနေနိုင်ဘူး ဖြစ်ပြန်တယ်.. ဒီလို ရေကြီးရေလျှံတာဟာ သဘာဝရာသီဥတုကြောင့် မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ လူတွေရဲ့ ပယောဂကြောင့်ဆိုတာ သိစေချင်တယ်.. ဒီလိုသိလာခြင်းအားဖြင့်လည်း ဖားကန့်ဒေသမှာ စီးပွားရေး လုပ်နေကြသူများရော ဒေသခံများနဲ့ တာဝန်ရှိကြသူများပါ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အသိတရားတစ်စုံတစ်ရာ […]
