ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည် စစ်ဆင်လာ

nyanayJuly 30, 20101min01

ဇူလိုင်လ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)၂၀၁ဝ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သက ဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက် မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့(နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။

နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုး လုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိ အောင် လုပ်ရမယ်”ဟု ကေအိုင်စီကို ပြောသည်။

ယခုဇူလိုင်လတွင် ကရင်ပြည်နယ်နှင့် အခြားသော ကရင်လူမျိုးများ နေထိုင်ရာ နယ်မြေများတွင် နအဖ စစ်တပ်မှ လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုလုပ်ရပ် များ ပိုမို လုပ်ဆောင်လာသည်ဟု ဇူလိုင်လ ၂ရရက်နေ့က ထုတ်ပြန်လိုက်သည့် ကေအဲန်ယူ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီ အေ တပ်ဖွဲ့များ၏ စစ်ရေးပြင် ဆင်မှုများကြောင့် ဇူလိုင်လ (၂၅)ရက်နေ့က ဒေသခံ မိသားစု(၁၀၀)ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ(၂၃)ရက်၌လည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှား နေသည့် နအဖတပ်မှ ထိုဒေသရှိ သဒါးဒဲကျေးရွာ ကို မော်တာလက်နက်ကြီးများ ဖြင့် ပစ်ခဲ့ပြီးနောက် အိမ်ခြေ ၅ဝကျော်၊ ခရစ်ယာန် ဘုရားကျောင်းတကျောင်း နှင့် အလယ်တန်း စာသင်ကျောင်းတကျောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်း ရှောင်နေရသော သဒါးဒဲရွာသူရွာသား ၅၄ဝဦးနှင့် ကျောင်းသူကျောင်း သား ၁၇၈ ဦးတို့သည် ယုခုုမိုးရာသီဖြစ်သဖြင့် နေထိုင်ရေးအတွက် အမိုးအကာနှင့် ဆေးဝါးပစ္စည်းများ လိုအပ်သည့်အပြင့် ဆင်းရဲ ဒုက္ခ အမျိုးမျိုး ရင်ဆိုင်နေ ရသည်ဟု သိရသည်။

အလားတူ ဖာပွန်ခရိုင်မှ နအဖ လှုပ်ရှားတပ်ဖွဲ့ စကခ(၄) လက်အောက်ခံ စစ်ကြောင်း (၂)၊ ခမရ (၇၀၄) တပ်ရင်းမှ သန်းထွန်း ဆိုသူ သည် ပြီးခဲ့သော ဇူလိုင်လ ၁ဝရက်နေ့ညက ခေကော်ရွာသူ အိမ်ထောင်သည် အသက်(၂၇) နှစ်အရွယ်ရှိ ကရင်အမျိုးသမီး တဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

ကရင်လူထုများအပေါ် နအဖ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ရပ်တန့်သွားရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဥရောပနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအနေဖြင့် နအဖစစ်အစိုးရကို ဝိုင်းဝန်း ဖိအားပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဝန်ခံချက်။ ။Karen Information Center မှသတင်း ကိုပြန်လည်မျှဝေသည်။

One comment

  • cobra

    July 30, 2010 at 9:33 am

    လုပ်လာပီ….ခွေးမသားတွေ..။

    Reply

Leave a Reply

Your email address will not be published.