ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းတွင် အလှပြင်ခန်း (Beauty Saloon) ဆိုင်းဘုတ်တင်ထားသော အနှိပ်ခန်းများ ပိုမိုများပြားစည်ပင်နေသည်။ အနှိပ်ခန်းများတည်ရှိရာ လမ်းထိပ်များတွင် အနှိပ်ခန်းပွဲစားများ၏ စည်းရုံးလူခေါ်နေမှုများကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။ အနှိပ်ခန်းအမျိုးသမီးငယ်များက အမြင်မသင့်တော်သည့် အဝတ်အစားများဝတ်ကာ လက်ဟန်ခြေဟန်ဖြင့် ဧည့်သည်အား ဆွဲဆောင်နေမှုများသည် အများအမြင်၌ မသင့်တော်ဟု ခရီးသွားများက ပြောသည်။ အောင်မင်္ဂလာကားဝင်းအတွင်းရှိ မော်လမြိုင်လမ်း၊ တနင်္သာရီလမ်း၊ ပုဂံ၊ မြောင်းမြ၊ ဒဂုံ၊ မကွေး၊ စစ်တွေလမ်းတိုင်းလိုလို၌ အဆိုပါ အလှပြင်ခန်းအမည်ခံ (မာဆတ်) အနှိပ်ခန်းများရှိပြီး လူခေါ်ပွဲစားများလည်း ပိုများလာကြောင်း မျက်မြင်တို့က ပြောသည်။ အဝေးပြေးကားဝင်း ပင်မဝင်ပေါက်နှင့် ပတ္တမြားဆောင်အနီး၌ စွဲလမ်း၊ လင်းလက်၊ တနင်္သာရီလမ်း၌ New Dream, Shine, ဥဿာလမ်း၌ He&She, မိုးဆမ်းပန်း၊ စက်မှုလမ်း၌ […]
