fattySeptember 8, 20101min04
မင်းသားကျော်သူ၏ နာရေးအသင်းကို ကူညီပေးသောကြောင့် ရုပ်ရှင် သရုပ်ဆောင် ညီဂျော် နှင့် ဂွမ်းပုံ ၊ အခြား အနုပညာသည်နှစ်ဦး ပိတ်ပင်ခံရမှုအပေါ် မင်းသားကျော်သူ က ယင်းဖြစ်ရပ် သည် ဥပဒေနှင့်မညီကြောင်း … သူ့အပေါ်ပုဂ္ဂိုလ် ရေးအရ မကြည်ဖြူ မှုကြောင့် သာဖြစ်နိုင်ကြောင်း … ယခင်အပါတ်က ပြောကြားခဲ့သည်။ ….. မနေ့က မင်းသားကျော်သူသည် dvb မှ တဆင့် ယင်းသရုပ်ဆောင်များ ရုပ်ရျင်ရိုက်ကူးခွင့် ပိတ်ပင် ခံရခြင်းမဟုတ်ကြောင်း …… သူ၏သာရေးနာရေးအသင်းအား ကူညီလိုပါက ရုပ်ရှင်အစည်းအရုံး၏ ခွင့်ပြုချက်ရယူ ရမည်ဟု တရားဝင်စာ ထွက်ခြင်းသာဖြစ်ကြောင်း … ပြန်လည်ပြောကြား သွားပါသည်။


estheremsSeptember 8, 20101min04
Game ဝါသနာရှင်များ အတွက် LAN game များကို online မှတဆင့် မြန်မာတစ်နိူင်ငံလုံးရှိ သူငယ်ချင်းများနှင့် ချိတ်ဆက် ကစားနိူင်ရန် ဝန်ဆောင်မှု ပေးနေ တဲ့  website လေးပါ သိပြီးသားလူတွေလဲသိကြမယ်ထင်ပါတယ်။  အသေးစိတ်ကို  website မှာဖတ်ကြည့်ပါ။ World of Warcraft သရဲတွေ ကို ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ  🙂 မိမိ အသုံးပြုနေတဲ့  Browser မှာ  ဒီ proxy နဲ့    port  ကိုထည့်ပြီးကစားလို့  ရပါတယ် ( 203.81.162.185       port က  80 )  အဲ့  proxy ထဲ့လိုက်ပါက  ဒီ website ကိုတန်းရောက်မှာဖြစ်ပါတယ်   link […]


etoneSeptember 8, 20101min03
ဩဂုတ်လနောက်ဆုံးအပါတ်တွင်  ဆိုင်ကယ်ဂိတ်များ၊မြန်မာအများစု ဈေးဝယ်ရာကုန်စုံဆိုင်အနီးတဝိုက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ပြန်ကြေညာချက်များ ကပ်ထားပြီး တရားမဝင်မြန်မာအလုပ်သမားများနှင့် တရားမဝင် အလုပ်သမားများလက္ခံထားသော ထိုင်းအလုပ်ရှင်များကို ပြင်းထန်သော ငွေဒါဏ်၊ထောင်ဒါဏ်များချမှတ် မည်ဖြစ်ကြောင်း ကြောညာပြီး တစ်ရက် အကြာတွင် မဲဆောင်မြို ့တွင် ငါးနှစ် အတွင်း အကြီးအကျယ် ဆုံးသော တရားမဝင် အလုပ်သမား များ ဖမ်းဆီးသည့် စစ်ဆင်ရေး ကို စတင်ခဲ့သည်။ ၂၅၅၂ နှစ် ထိုင်းအက်ဥပဒေအရ တရားမဝင်နိုင်ငံခြားသားများကို လူမှောင်ခိုတင်သွင်းခြင်း ကိုဖမ်းဆီးမိပါက ဒါဏ်ငွေ ဘတ် ၅၀၀၀ဝနှင့် ထောင်ဒါဏ်၅နှစ်။၂၅၅၁ ထိုင်းအလုပ်သမားအက်ဥပဒေအရ လုပ်ငန်းခွင်တွင် တရား မဝင်အလုပ်သမားများကို ဖမ်းဆီးမိ လျင် အလုပ်ရှင်အား ဒါဏ်ငွေ ဘတ်၂၀၀ဝ မှ ၁၀၀၀၀ဝ ထိ။ တရားမဝင်အလုပ်သမားကို ဒါဏ်ငွေ ၂၀၀၀ဝ နှင့် […]


VisesaSeptember 8, 20101min00
သုံးနှစ်ကြာပြီးသည့်အချိန်။ `အင်း။သုံးနှစ် ပြည့်လို ့ကျောင်းပြီးသွားပြီ ဆိုတဲ့အချိန်ကို ရောက်ချင်လှပါပြီ ဦးဇင်းရယ်။´- ဟု၊ခါးကိုလိန်တွန် ့ကာ အကြောဖြေရင်း၊မိမိအား နောနော်ကပြောလိုက်သည်။မိမိ က ဆွမ်း ထည့်ထားသော ပန်းကန်ကိုလက်ဖြင့်ကိုင်လျက် နေ ့ဆွမ်းဘုဉ်းပေးနေရင်းက၊`အောင်မယ်၊ ရောက်လာမှာပါလေ။အခုတောင် ဘာလိုလိုနဲ ့ တစ်နှစ်ပြည့်ခဲ့ပြီ မဟုတ်လား။´-လို ့၊သူ ့စကား ကိုပြန်၍ဖြေလိုက်ရပါသည်။ အကယ်တွင်လည်း ၊ ယနေ ့၂၀၁၀-ခု၊စက်တင်ဘာလ(၅)ရက်နေ ့တွင် ၊ မိမိ တို ့မြန်မာ ပြည်၊ မန္တလေးမြို ့မှ တရုတ်ပြည်၊ယူနန်ပြည်နယ် ၊ကူမင်းမြို ့၊ယူနန်တက္ကသိုလ် သို ့ပညာသင် ရောက်ရှိလာခဲ့ကြသည်မှာ တစ်နှစ်ကျော်၍ (၃)ရက်စွန်းခဲ့ပါပြီ။အဘယ့်ကြောင့်ဆိုသော် ၊ပြီးခဲ့ သော ၂၀၀၉-ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ ့ကမိမိနှင့်အတူ၊နောနော်၊ဆရာမဒေါ်ညိုညိုစန်း၊ ဆုစန္ဒာ၊ဇူးလဲ့ဖြူတို ့သည် မန္တလေးမြို့၊အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ လေယာဉ်ဖြင့်ညနေ (၂)နာရီထွက်ခဲ့ကာ၊ကူမင်းမြို ့၊လေဆိပ်သို […]


VisesaSeptember 6, 20101min00
မြန်မာ(၁၂)လရာသီပွဲတော်(၆) တော်သလင်းလ ၊ လှေပြိုင်ပွဲနှင့်ဂရုဓမ္မ အခါတော်နေ ့ မြန်မာ(၁၂)လရာသီတွင် တော်သလင်းလ သည် (၆)လမြောက်ဖြစ်ပါသည်။ခရစ်နှစ် အားဖြင့်မူ ဇူလိုင်၊ ဩဂုတ် ၊စက်တင်ဘာလများ အတွင်းကျရောက်လေ့ရှိပါသည်။တော်သ လင်းလ၌ မြန်မာပြည်၏ ရာသီဥတုသည် အထူးသာယာကြည်လင်ပါသည်။ နေရောင်ခြည် ထွန်းလင်းတောက်ပ၍ အပူရှိန်ပြင်းလှသောကြောင့် `တော်သလင်းနေ ၊ ပုဇွန်သေ ။´-ဟု ၊ ရှေးသူဟောင်းတို ့က ဆိုရိုးပြုခဲ့ကြပါသည်။မြန်မာပြည်အတွင်း စီးဆင်းရာ မြစ်ရေပြင်တို ့၌ လှိုင်း လေ ငြိမ်သက်ကင်းစင်၍ ပြန် ့ပျုးညီညာနေသောကြောင့် `လ တော်သလင်း ၊ မြစ် အတွင်း ၊ သင်ဖြူးခင်း။´-ဟူ၍လည်း ၊ဆိုခဲ့ကြပြန်ပါသည်။မြေအစိုဓါတ် မပြတ်ရှိနေ၍ မည် သည့်သစ်ပင်ကိုပင်စိုက်စိုက် အမြစ်ပွားကာ ရှင်သန်ကြီးထွားလွယ်သောကြောင့်`တော်သ လင်း ၊ လူပျင်း ကွမ်းစိုက်။´-ဟူ၍ […]


စက်တင်ဘာ ၅ ရက် ဒီနေ့ နေ့စွဲနဲ့ ဗွီအိုအေ မြန်မာပိုင် မှာ မအေးအေးမာ တင်ထားတဲ့ ပဲခုူး သတင်းပါ။ ပွိုင့်ရဖို့ မရည်ရွယ်ဘဲ ပြည်တွင်းသတင်း မသိသေးသူ အများ သတိပြုမိစေရန်ပါ။ By မအေးအေးမာ တနင်္ဂနွေ, 05 စက်တင်ဘာ 2010 http://www.voanews.com/burmese/news/myanmar-army-shot-bago-102253094.html ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ နေထိုင်တဲ့ အရပ်သား လူငယ်တွေနဲ့ ခလရ ၅၉ စစ်တပ်က စစ်သားတွေ ဆိုင်ကယ်ချင်း တိုက်မိပြီး စကားများကြပြီးတဲ့နောက် စစ်တပ်က လိုက်လာပြီး ရပ်ကွက်လမ်းထိပ်မှာပဲ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ဦးကို လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် လူငယ် ၂ […]


fattySeptember 2, 20101min018
အနုပညာသည်များဖြစ်ကြသော ညီဂျော် တက္ကသိုလ် ဂွမ်းပုံ နှင့် အခြား အနုပညာသည် နှစ်ဦး တို့အား အနုပညာ တင်ဆက် ခွင့်အကန့်အသတ် မရှိ ပိတ်ပင်လိုက်ကြောင်း ယနေ့ သတင်း ရရှိပါသည်။ ယင်း အနုပညာသည် များမှာ သာရေး နာရေး ကူညီမှုအသင်း မင်းသား ကျော်သူ ၏ သရုပ်ဆောင် သင်တန်း သို့ သွားရောက် ကူညီ ခဲ့သောကြောင့် ဖြစ်ကြောင်း သိရသည်။ မင်းသားကျော်သူက ယင်းဖြစ်ရပ်သည် ဥပဒေနှင့် မညီသောဖြစ်ရပ်ဖြစ်ကြောင်း ….. အနုပညာ သည် ပြည်သူ အတွက် ဟုဆိုကြသော်လည်း အနုပညာသည်များ ပြည်သူ့အကျိုး သည်ပိုး ရာတွင် အမျိုးမျိုးသော နှောက်ယှက်မှုများနှင့် ကြုံ တွေ့နေရကြောင်း .. ယခုကိစ္စ မှာလည်း […]


lu ta loneSeptember 2, 20101min013
ကျွန်တော်နဲ့ ဘာဆိုင်လဲလို့ မေးရင် ဆိုင်တော့ ဆိုင်ပါဘူး… ဒါပေမဲ့ ဖွေးဖွေးတုန်းကလိုပဲ အမှတ်မှားမှာ စိုးလို့ပါ… 😀 အောက်က လင့်တွေမှာ ပုံတွေကို ဒေါင်းလုပ် လုပ်ပြီး ကြည့်နို်င်ပါတယ်… Download Link: http://www.4shared.com/photo/e4xk8TSz/Ma_Soe.html http://www.4shared.com/photo/D2HSBqvb/Ma_Soe2.html http://www.4shared.com/photo/QqVoYZn3/Ma_Soe3.html http://www.4shared.com/photo/m8ugnT7n/Ma_Soe4.html


drwinthanSeptember 2, 20101min04
တာချီလိတ် အာဏာပိုင်များ၏ မတရား လာဘ်စားမှုများ နှင့် နိုင်ထက်စီးနင်း ပြုမှုများကို တိုင်ကြားတဲ့ စာဖြစ်ပါတယ် ။


Good IdeaSeptember 1, 20101min07
ဩဂုတ် ၂ရ ရက်က မြန်မာသတင်းမီဒီယာတွေအားလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ စစ်အာဏာရှင်ထိပ်တန်းခေါင်းဆောင် တွေ အနားယူတဲ့သတင်းဟာ ဒီကနေ့မှာတော့ ရှင်းရှင်းကြီး မှားမှန်းသိလိုက်ရပါပြီ။ ဘာလို့လဲဆိုတော့ ဒီကနေ့ ၃၁ ရက်ထုတ် မြန်မာသတင်းစာမှာ မလေးရှားနိုင်ငံဘုရင်ဆီကို လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် ဥက္ကဌနေရာကနေ သဝဏ်လွှာပို့ထားတာကို တွေ့ရလို့ပါပဲ။ အညာနွေတမာမြေက ကြားတဲ့သတင်းတခုကို အသိပေးလိုပါတယ်။ ခိုင်လုံတယ် မခိုင်လုံဘူးဆိုတာတော့ စာဖတ်သူပဲဆုံးဖြတ်ပါ။ ရွေးကောက်ပွဲနီးလာလေလေ နအဖဘက်က ကြိုတင်စီစဉ်ထားတဲ့ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သတင်းအမှားတွေကို ပြည်ပမီဒီယာတွေဆီကိုထည့်ပြီး ပြည်သူက ပြည်ပမီဒီယာတွေကို အထင်သေးအောင် လုပ်ဆောင်လာနေတဲ့အချိန်ဆိုတော့ အစစအရာရာ ကိုယ့်ဘက်က သတိထားမှ တော်ယုံပဲရှိမှာပါ။ ယခု ထိပ်ပိုင်းခေါင်းဆောင်တွေ အနားယူလိုက်တဲ့ သတင်းရဲ့ နောက်ကွယ်က ဖြစ်စဉ်လေးတခုကို တင်ပြချင်ပါတယ်။ နယ်ခြားစောင့်တပ်ပြောင်းလဲရေးမှာ ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရဲမြင့်ဟာ […]


Yin Nyine NwayAugust 31, 20101min00
”နေပြည်တော် အထိမ်းအမှတ် ဥယျာဉ်ကြီးကို ရပ်ဝေးရပ်နီးမှ လာရောက် ကြည့်ရှုလေ့လာအပန်းဖြေသူများသွားလာမှု အခက်အခဲမရှိစေရေးရည်ရွယ်ပြီး ရန်ကုန်- မန္တလေးလမ်းထိပ် သိုက်ချောင်းလမ်းဆုံက နေ အမျိုးသားဥယျာဉ်အတွင်း မိန်းဂိတ်ဝ အထိ ခရီးသည်၂၂ဦးဆံ့ Baggy Busတွေနဲ့ ခေါက်ပြန်လူတစ်ဦး ကျပ်၂၀ဝနှုန်းနဲ့ပြေးဆွဲ ပေးနေပါတယ်”ဟု နေပြည်တော်အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အုပ်ချုပ်မှုမန်နေဂျာ ဦးဇေယျာမြင့်ဆွေကပြောသည်။ အမျိုးသားဥယျာဉ်ကြီး၏စီစဉ်မှုဖြင့် လူ၂၂ဦးဆံ့ Baggy Bus များကို ဩဂုတ် ၁၃ ရက်မှစတင်၍ သိုက်ချောင်းလမ်းဆုံမှ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ နေ့စဉ် လွန်းပြန်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရ သည်။ ”သိုက်ချောင်းလမ်းဆုံကနေ အမျိုး သားဥယျာဉ်ကြီးအထိ Baggy Bus တွေ ပြေးဆွဲပေးနေတော့ လာရောက်အပန်းဖြေ လေ့လာကြည့်ရှုသူတွေ၊ ရပ်နီးရပ်ဝေး အများသူငါတွေအတွက် အများကြီးအဆင် ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ သိုက်ချောင်းလမ်းဆုံကနေ အမျိုးသား […]


Yin Nyine NwayAugust 29, 20101min00
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ သဘက် ချောင်းရေကို သောက်သုံး မှုကြောင့် ကျေးရွာလေး ရွာခန့်မှ ဒေသခံရွာသားအများအပြား ဝမ်းရောဂါဖြစ်ပွားပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ယင်းသည် သတ္တုရိုင်း တူးဖော်မှုနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နှစ်လခန့်က ဝမ်းရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံနှင့် နီးစပ်သူတဦးက ယခုလို ပြောသည်။ “ဖြစ်တာက နောင်ကား၊ နောင်ပစ်၊ ဟမ်းစူးရွာတို့ပေါ့နော်။ အဲဒီချောင်းမှာ မှီခိုနေတဲ့ လူတွေ ပေါ့နော်။ တချို့က ရွာနဲ့နည်းနည်းဝေးပေမယ့်လည်း ချောင်းမှာ လယ်တွေ သွားလုပ်၊ ယာတွေ သွားလုပ်တော့ အဲမှာ သောက်ကြတာပေါ့နော်။ အထူးသဖြင့် အဲဒီချောင်း တလျှောက်မှာ ရှိတဲ့ ရွာတွေပေါ့နော်။ ဒီအ ပေါ်မှာပိုင်းမှာရှိတဲ့ ရွာတွေက အဲလိုမျိုး ဖြစ်ကြတယ်။ ဝမ်းလျော ကြတယ်၊ […]


zaw mgAugust 28, 20101min01
မြန်မာအမျိုးသမီး လက်ဝှေ့ကျော်နှစ်ဦး…. ကမ္ဘာ့အဆင့် ဝင်ပြိုင်မည် ဘာဘေဒိုးနိုင်ငံတွင် စက်တင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ဝှေ့ကျော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟုမဇ္ဖိုမသတင်းမှသိရသည်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဘာဘေးဒိုး ကျွန်းနိုင်ငံမြို့တော် ဘရစ်ဂျ်တောင်းတွင် စက်တင်ဘာ ၆ ရက်မှ ၁၉  ရက်အထိ AIBA က ပြုလုပ်ကျင်းပမည့် ၆ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ ချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့ ဝင်ပြိုင်မည်ဖြစ်ဟု သိရသည်။ မကြူကြူသင်း က ၄၈ ကီလိုတန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မနှင်းမို့မို့နိုင်က ၅၁ ကီလိုတန်း ဝင်ပြိုင်မည်ဖြစ်ကာ နည်းပြအဖြစ် ဦးတင်မောင်ဖေက တာဝန်ယူထားသည်။ သို့သော်လည်း ပြိုင်ပွဲ အတွေ့အကြုံကိုရရေး အဓိကထား၍ သွားရောက်ယှဉ်ပြိုင်မှာ […]