နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်နှင့် သိုက်ချောင်းလမ်းဆုံ Baggy Bus များ စတင်ပြေးဆွဲ

Yin Nyine NwayAugust 31, 20101min00


”နေပြည်တော် အထိမ်းအမှတ် ဥယျာဉ်ကြီးကို ရပ်ဝေးရပ်နီးမှ လာရောက် ကြည့်ရှုလေ့လာအပန်းဖြေသူများသွားလာမှု အခက်အခဲမရှိစေရေးရည်ရွယ်ပြီး ရန်ကုန်- မန္တလေးလမ်းထိပ် သိုက်ချောင်းလမ်းဆုံက နေ အမျိုးသားဥယျာဉ်အတွင်း မိန်းဂိတ်ဝ အထိ ခရီးသည်၂၂ဦးဆံ့ Baggy Busတွေနဲ့ ခေါက်ပြန်လူတစ်ဦး ကျပ်၂၀ဝနှုန်းနဲ့ပြေးဆွဲ ပေးနေပါတယ်”ဟု နေပြည်တော်အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အုပ်ချုပ်မှုမန်နေဂျာ ဦးဇေယျာမြင့်ဆွေကပြောသည်။
အမျိုးသားဥယျာဉ်ကြီး၏စီစဉ်မှုဖြင့် လူ၂၂ဦးဆံ့ Baggy Bus များကို ဩဂုတ် ၁၃ ရက်မှစတင်၍ သိုက်ချောင်းလမ်းဆုံမှ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ နေ့စဉ် လွန်းပြန်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရ သည်။
”သိုက်ချောင်းလမ်းဆုံကနေ အမျိုး သားဥယျာဉ်ကြီးအထိ Baggy Bus တွေ ပြေးဆွဲပေးနေတော့ လာရောက်အပန်းဖြေ လေ့လာကြည့်ရှုသူတွေ၊ ရပ်နီးရပ်ဝေး အများသူငါတွေအတွက် အများကြီးအဆင် ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ သိုက်ချောင်းလမ်းဆုံကနေ အမျိုးသား ဥယျာဉ်ကြီးအထိ ခရီးအတော်လှမ်းတယ်။ လမ်းလျှောက်သွားဖို့ မလွယ်ဘူး။ သုံးမိုင်၊ လေးမိုင်လောက် ဝေးသေးတယ်။ ဒီသိုက် ချောင်းလမ်းဆုံနဲ့ အမျိုးသား ဥယျာဉ်ဘက် သွားတဲ့လိုင်းကားဆိုလို့ တော်ဝင်ဘတ်စ် ကားတွေပဲမြင်တယ်။ တော်ဝင်ဘတ်စ် ကားက အမျိုးသားဥယျာဉ် အဝင်မုခ်ဦးအ ထိပဲ။ မုခ်ဦးကနေ အတွင်းမိန်းဂိတ်ရောက် အောင် အတော်သွားရသေးတယ်။ လိုင်း ကားစီးပြီးလာတဲ့သူတွေအတွက် အခက် တွေ့တယ်။ လိုင်းကားဆိုတာက သိုက် ချောင်းလမ်းဆုံမှာတင်ချပေးတာ။ ဟိုဘက် ဆက်သွားဖို့ကားမရှိဘူး။ အခု Baggy Bus တွေထားပေးတော့ အမျိုးသားဥယျာဉ်  လာရောက်လေ့လာကြည့်ရှုအပန်းဖြေသူ တွေအတွက် အများကြီးအထောက်အကူ ဖြစ်တယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published.