s0t04August 23, 20101min00
ဆယ်တန်းကျောင်းသား ဘဝ သတ္တဗေဒဆရာမက ကပ်ပါးကောင်(parasite) များ အကြောင်းသင်ခဲ့ဘူးသည်။ ကပ်ပါးကောင်ဆိုကာ လက်ခံကောင် တစ်ခုအပေါ်မှာ အမှီသဟဲ ပြုပြီး ကြီးထွား ရှင်သန်ကြရတဲ့ သဘောမှာ ရှိတယ်လို့ ဆိုတယ်။ လက်ခံကောင် မရှိရင် သို့မဟုတ် လက်ခံကောင်က လက်မခံရင် ကပ်ပါးကောင်ဆိုတာ တကယ်တော့ ဘယ်ဖြစ်တည်နိုင်မလဲ။ ဒါဆိုရင် လက်ခံကောင်က အဓိကမဟုတ်ပေဘူးလား။ ကိုယ့်ကို ကောင်းကျိုးပေးမည့် ကပ်ပါးကောင်လား၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်လား ဆိုတာ ခွဲခြားသုံးသပ်ဖို့ စွမ်းရည်တစ်မျိုးတော့ လိုမှာပေါ့။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ စိတ်အာရုံကို ဖြတ်ကနဲ လှုပ်နှိုးလိုက်သလို ခံစားလိုက်ရပြီး ဒီကနေ့ အလုပ်သွားရအုံးမှာပဲလို့ အသိက အာရုံထဲမှာ ရောက်လာတယ်။ လေးလံနေတဲ့ မျက်လုံး အစုံကို အသာအယာ ဖွင့်လိုက်တယ်။ ဒီနေ့က သောကြာနေ့ ပါလားဆိုတဲ့ အတွေးက […]


s0t04August 23, 20101min07
မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ကြည့်တုံး က စာရေးသူ သဘောကြလွန်းလို့ တဟားဟားနဲ့ ခွက်ထိုးခွက်လန် ဟားတိုက်ပြီးရီတာ။ နောက်ပြီး ရီချင်တဲ့ အခါတိုင်လည်း ထပ်ကာတလဲလဲ ကြည့်တယ်။ ကြည့်တိုင်းလည်း ရီရတယ်။ ကြာတော့ ဇနီးဖြစ်တဲ့သူက စိတ်ဝင်စားပြီး ဘယ်လိုဖြစ်နေတာလည်းပေါ့။ နောက်တော့ သူကလေးလည်း လိုက်ကြည့်တယ်။ ဒါပေမယ့် သူကလေးက ကျွန်တော့်လောက် လိုက်မရီနိုင်ဘူး။ သူမက တောင်ကြီး ဇာတိ။ ဆိုတော့ အချို့ပျက်လုံးတွေ ကို လုံးလုံးလျားလျား နားမလည်ဘူး။ နားလည်ခဲ့သည့်တိုင် မခံစားနိုင်ဘူးပေါ့။ တကယ်ပါ အဲဒီ တစ်ခန်းရပ်ပြဇာတ်ကို အင်တာနက်ပေါ် တင်ပေးတဲ့ သူ(ကိုချမ်းမြစိုး)ကိုလည်း ကျေးဇူးသိပ်တင်တယ်။ ဒါမျိုး သန့်ရှင်းပြီး ပြောင်မြောက်တဲ့ ဟာသတွေနဲ့ မရီရတာ နှစ်တွေကို ချီနေပြီ။ ငယ်ငယ်တုံးက အဘွားနဲ့အတူ ရုပ်သေးဇာတ်တွေကို […]


s0t04August 23, 20101min00
ဆောင်းဝင်လာလေပြီ။ ကြည့်လေရာရာ နေရာတိုင်းက အဖြူထည်များခြုံလွှမ်းထားသည်ကိုသာတွေ့ရသည်။ သက်ရှိသတ္တဝါအားလုံး သဘာဝဆောင်းအောက်တွင် ရှုံးနိမ့်ကျရှုံးကာ မိမိတို့ ခိုအောင်းရာ အသိုက်အမြုံထဲတွင် နွေထွေးမှုကို ရှာ၍ ဆောင်း၏ အအေးဒဏ်ကို အံတုတွန်းလှန်ကြရ၏။ သစ်ပင် သစ်ကိုင်း သစ်ခက်တို့ လည်း ဆောင်း၏ အလိုကို လိုက်ကာ ကိုင်းခက် ပင်စည်တို့တွင် အသီး အရွက် အပွင့်တို့ အစား နှင်းပွင့် နှင်းဖတ် နှင်းခဲတို့ကို ချိတ်ဆွဲထားကြရသည်။ မိခင် ကမ္ဘာမြေကြီးတစ်ခုလုံးသည်လည်း နှင်းပင်လယ်ပြင်ကြီးအောက်တွင် စုံစုံမြုတ်ကာ လူသားတို့ အသက်ဖြစ်တည်မှုကို ဖန်းတီးပေးသော မြေအပြင်သည် လုံးဝဥသုံပျောက်ဆုံးနေလေပြီ။ မျက်စိတစ်ဆုံး ကြည့်ပါမူ အဖြူရောင် နှင်းပင်လယ်ပြင်ကြီးသကဲ့သို့ အဆုံးစွန်း အဖြူရောင်က နေရောင် အဟတ်တွင် မျက်လုံးကို ကျိန်းစေသည်။ သက်ရှိ သတ္တဝါဟူအမျှ ဘာမှ မရှိ၊ […]


s0t04August 23, 20101min06
စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။ တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။ နောက်ပိုင်း ဆက်သွယ်ရေးတွေ […]


လင်းဝေAugust 23, 20101min010
မေးလ်ထဲကို ပို့လာတာပါ။ ပို့ပေးတဲ့သူက တော်ရုံတန်ရုံ လျှောက်ပို့တတ်တဲ့သူမဟုတ်လို့ ယုံကြည်မိသလို အဲဒီ ပါမောက္ခချုပ်ဆိုပြီး ဒေါက်တာဘွဲ့ကိုမြန်မာပြည်ထဲ ဘယ်နားက ကောက်တပ်လိုက်မှန်းမသိတဲ့ သူအကြောင်းကောင်းကောင်းလည်းသိနေမိလို့ တင်လိုက်ပါတယ်။YECO/ YCEO ကိုတော့ ဘာအတိုကောက်မှန်းမသိပါ။ ထင်တာတော့ Yangon Eco ကိုပြောချင်နေတာနေမှာပါ။ ကျနော်တို့တုန်းကတော့ YIE ပါပဲ။ Yangon Institute of Economics ပါပဲ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ဖြစ်ပါသည်။ …..ငွေကြေးမပြည့်စုံသဖြင့်ငိုကြွေးနေသောမိသားစုတစ်စုအကြောင်းပါ။ ~~~~~~~~~~~~ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) YECO တွင် ၂၉.၇.၂၀၁ဝ နေ ့တွင် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပပါသည်။မိုးသည်းထန်စွာရွာသဖြင့်အနည်းငယ်သာစိုက်ပျိုးဖြစ်ပါသည်။ ၃၀.၇.၂၀၁ဝ နေ ့တွင်ပါမောက္ခချုပ်နှင့်ဝန်ထမ်းထုတွေ ့ဆုံပွဲတွင် ယခုတက္ကသိုလ်၏အကြီးဆုံးသော ပါမောက္ခ ချုပ် ဒေါက်တာကံဇော် သည် ၃၁.၇.၂၀၁၀(စနေနေ ့)နှင့် ၁.၈.၂၀၁ဝ (တနင်္ဂနွေ) နေ ့တွင် YCEO […]


VisesaAugust 22, 20102min06
8月27号晚上,你将看到两个月亮。。。下次发生是2287年了 ဩဂုတ်လ-၂၇-ရက်နေ ့ညမှာ လနှစ်စင်းကိုမြင်ရလိမ့်မယ်။၂၂၈၇-ခုနှစ်ကျမှသာ နောက်တစ်ခါ ဖြစ်ပေါ်လိမ့်မယ်။ 8月27日星期五,在你月历上标示一下,晚上你可以看到两个月亮。你这一生肯定只发生这一次,火星距离地球约五千五百公里,晚上用肉眼看起来像满月一样大。下次发生是2287年了。凌晨0:30仰望天空,就会看到地球有两个月亮,今天活着的人将再也不会看到这一奇观。 ဩဂုတ်လ-၂၇-ရက်၊သောကြာနေ ့ မှာ၊လအပိုင်းခြားပြ ပြက္ခဒိန်မှာခဏဖေါ်ပြထားလိုက်ပါဦး။ ညပိုင်းမှာ လနှစ်စင်းကိုမြင်ရပါလိမ့်မယ်။သင့်ရဲတစ်သက်တာမှာတစ်ကြိမ်သာဖြစ်ပေါ်မဲ့အရာပါ။ လကမ္ဘာ(အင်္ဂါဂြိုဟ်)ဟာကမ္ဘာမြေကနေကီလိုမီတာ(၅၅၀၀)ခန ့်ဝေးပါတယ်။ညပိုင်းမှာ ရိုးရိုးပုံမှန် မျက်စေ့နဲ ့ကြည့်တာတောင်မှ လပြည့်နေ ့လိုပဲ ဝိုင်းစက်ပေါ်လွင်နေပါလိမ့်မယ်။နောက်တစ်ကြိ်မ် ဖြစ်ပေါ်မှာကတော့သက္ကရာဇ်-၂၂၈၇-ခု ကျမှပါ။မနက်မိုးလင်းကာနီး(ဝး၃၀Am)လောက်မှာ ကောင်းကင်ကိုမျှော်ကြည ့်ကြည့်ပါ။ကမ္ဘာပေါ်မှာ လနှစ်စင်းထွက်နေတာကိုမြင်နိုင်ပါလိ့မ်မယ်။ ဒီနေ ့အသက်ရှင်နေကြတဲ့သူတွေဟာ နောက်တစ်ကြိမ် ဒီလိုဆန်းကြယ်တဲ့မြင်ကွင်းကိုတွေ ့နိုင် ကြတော့မှာမဟုတ်ပါဘူး။  ။ (တရုတ်သတင်းတစ်ခုမှတွေ ့ရှိချက်ကိုဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။ဘယ်ဌာနကကျေညာ တယ်-လို ့တော့မတွေ ့ရပါဘူး။)


True FaithAugust 19, 20101min09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD က နိုဝင်ဘာလ ရ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ဆုံးဖြတ်လိုက်ကြသည်။ ပါတီ ဒု – ဥက္ကဋ္ဌ ဦးတင်ဦးနေအိမ်တွင် ပါတီ ဗဟိုအလုပ်မှုဆောင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံ စည်းဝေးပြီးနောက် ယခုလို ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ရရှိရေးကို ဦးမတည်သဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်း ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြည်ပအခြေစိုက် မဇ္ဈိမ သတင်းဌာနကို ပြောကြားသည်။ ယနေ့ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ ရွေးကောက်ပွဲ သပိတ်မှောက်ရန်နှင့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဘဲ နေလိုက နေနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသေးသည်။ […]


Yin Nyine NwayAugust 19, 20101min00
ရန်ကုန်နှင့် မန္တလေးမြို့အတွင်း အသုံးပြု၍ရသည့် ကျပ် (၅) သိန်းတန် 800 MHz ဝိုင်ယာလက်စ် ဖုန်းများကို စစ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ချပေးနေသော်လည်း ကျပ် (၅) သိန်း မသုံးစွဲနိုင်သူများအတွက် ဖုန်းအငှားဈေးကွက် ပေါ်ပေါက်နေသည်။ အလုံမြို့နယ်မှ ဖုန်းငှားစားသူတဦးက “အခု အစိုးရက (၅) သိန်းတန် ဖုန်းတွေကို လွယ်လွယ်ကူကူ ချပေးနေတယ်။ ဒါပေမယ့် ဖုန်းလည်း လိုအပ်နေပြီး ကျပ် (၅) သိန်းလည်း မတတ်နိုင်တဲ့သူတွေက အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ဖုန်းဝယ်ပြီး ငှားစားတဲ့သူတွေ၊ ဖုန်းကို ငှားပြီး သုံးတဲ့သူတွေ ပေါ်လာတယ်။ လက်ရှိ ပေါက်ဈေးက အဲဒီဖုန်းကို ငှားရင် စဘော်ငွေ ကျပ် (၁) သိန်း ပေးထားရမယ်။ လစဉ်ကြေးက (၁) […]


Yin Nyine NwayAugust 19, 20101min01
တက္ကသိုလ်စာမေးပွဲများကို ရွေးကောက်ပွဲကျင်းပရက် မတိုင်ခင် အပြီးသတ်စစ်ဆေးသွားရန် ယခုနှစ်စာမေးပွဲများကို စော၍ပြုလုပ်မည်ဟု သိရသည်။ တက္ကသိုလ် ဌာနမှူးတဦးက “စက်တင်ဘာ (၁၅) ရက်နေ့မတိုင်ခင် တက္ကသိုလ်ကျောင်းတိုင်း စဖြေရမယ်။ ဒါမှ အဖြေလွှာစစ်တာတို့ ပြီးရင် အဝေးသင် စာမေးပွဲ စနိုင်အောင် ပြင်ဆင်ရဦးမယ်။ နိုဝင်ဘာ (၇) ရက် မတိုင်ခင် အားလုံး ပြီးနေရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ ထိုသို့ သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးရန် အချိန်တိုတောင်းသောကြောင့် ဆရာ ဆရာမများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု အဆိုပါဌာနမှူးက ပြောသည်။ ၎င်းက “ဒေးကျောင်းသားတွေရဲ့ အဖြေလွှာစစ်ဖို့ ဆရာတွေမှာ တပတ်ပဲ အချိန်ရတယ်လေ။ စက်တင်ဘာ နောက်ဆုံးအပတ်မှာ အပြီး စစ်ပေးရမယ်။ ပြီးတာနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာ အဝေးသင်တွေအတွက် […]


politicalviewAugust 19, 20101min03
နိုဝင်ဘာ 7 ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်။ နောက်ပြီးသိတဲ့ အတိုင်းဘဲ နိုဝင်ဘာ 14 ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရမယ့် နေ့ရက်ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက ဒီ Post လေးဟာ Post တစ်ခုဆိုတာထက် ဆွေးနွေးပွဲလေးတစ်ခုလို့သဘောထားရအောင်။ myanmargazette.net မှာ ရှိတဲ့ members တွေအားလုံးပေါ့ (ဖြစ်နိုင်ရင်) ပါဝင်ဆွေးနွေးပေးပါလို့။ အဓိက ကျွန်တော် တို့ ဆွေးနွေးမယ့် အကြောင်းအရာလေးက ဘာလဲဆိုတော့ နိုဝင်ဘာ 14 ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တကယ်ဘဲလွှတ်မလား။ ဒါမှမဟုတ်အကြောင်းပြချက်တစ်ခုခုနဲ့ထပ်ပြီး ချုပ်နှောင်မလားဆိုတာပါ။ အကယ်၍ လွှတ်မယ်လို့ထင်တယ် ဆိုရင်ဘယ်အချက်တွေကြောင့်လဲ။ မလွှတ်ဘူးလို့ ထင်မြင်တယ်ဆိုရင်လဲ ဘယ်အချက်တွေကြောင့်လဲဆိုတာကို ဆွေးနွေးပွဲ လေးမှာ တင်ပြပေးပါ။ ကျွန်တော်အားလုံးရဲ့ ကိုယ်ပိုင်ထင်မြင်ချက်လေးတွေပေါ့ဗျာ။ ကဲဆွေးနွေးပွဲလေးကို စလိုက်ရအောင်။


fattyAugust 19, 20101min02
မြန်မာပြည် စစ်အစိုးရ၏ စစ်ရာဇဝတ် ဆိုင်ရာပြစ်မှု ကျူးလွန်ေဖေါက်ဖျက် မှုများ နှင့် လူသားဖြစ်ထွန်းမှုအားဆန့်ကျင်မှုဆိုင်ရာ ရာဇဝတ် ပြစ်မှုများ ကို ……………. နိုင်ငံတကာ စုံစမ်း စစ် ဆေး ရေး ကော်မတီ ဖွဲ့ ရျ် စစ်ဆေး စုံစမ်း မှု ပြုရန် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံ ငါး နိုင်ငံ မှ ထောက်ခံလိုက်ပြီ ဖြစ်ကြောင်း …. သိရပါသည်။ အမေရိကန် နိုင်ငံ ပါဝင်ထောက်ခံသဖြင့် အခြားနိုင်ငံများလည်း ပါဝင်လာနိုင် ဖွယ်ရှိကြောင်း …သိရသည်။


Yin Nyine NwayAugust 18, 20101min00
တောင်ကြီးကွင်းတွင် ဒေသခံ ပရိသတ်များ၏ ယဉ်ကျေး သိမ်မွေ့စွာ အားပေးသည့် အပြုအမူများကို သွားရောက် ကြည့်ရှု ခဲ့သည့် တာဝန်ရှိသူ များနှင့် မီဒီယာ များက ချီးကျုးခဲ့ ကြကြောင်း သိရသည်။ “အရမ်း ချစ်စရာ ကောင်းတဲ့ ပရိသတ် တွေပါပဲ။ သူများ အသင်းကိုလည်း မတိုက်ခိုက်ဘူး။ ဆဲတာဆိုတာ ရိုင်းပြတာ မျိုးလည်း မရှိဘူး။ ကိုယ့်အသင်းကို ကိုယ်ပဲ အားတက် သရော အားပေးကြတဲ့ ဓလေ့လေးက လေးစားဖို့ ကောင်းပါတယ်။ အိမ်ရှင်လုပ်တဲ့ ကွင်းတိုင်း မှာသာ ဒီလိုပုံစံမျိုး အားပေး နိုင်ကြမယ် ဆိုရင် မြန်မာ နေရှင်နယ်လိဂ် ပွဲတွေ အခုထက် ပိုပြီး ကောင်းလာမှာ သေချာပါတယ်။ ကစားသမား တွေလည်း စိတ်ချမ်းချမ်း သာသာ […]