I am not easily excited or excitable “ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။ လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း […]
