မင်္ဂလာဈေးအနီး မှ (၂)လောင်းပြိုင်လူသတ်မှု

ဂ်စ္စူOctober 18, 20101min09

ရန်ကုန်မြို့ရေတွင်းကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြိုနယ်၊၁၂၁လမ်း၊ရှိရယကဥက္ကဌဦးစံသိန်းဧ။်နေအိမ်ရှေ့တွင်၁၄.၁၀.၂၀၁ဝနေ့ည ၈း၃ဝ နာရီခန့်ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ၁၂၁လမ်းတွင်နေထိုင်သူမောင်ဘိုဘိုမှ၁၂၅လမ်းသပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအားဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။

အချင်းဖြစ်ပွားချိန်တွင်၁၂၁လမ်းတွင်းရှိပြည်သူများရုပ်ရုပ်သဲသဲဖြစ်ပြီးဈေးဆိုင်များလည်းပိတ်ကုန်ကြသည်၊အတန်ကြာမှရဲများရောက်လာပြီးလျှပ်စစ်မီးများထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် ၁၂၁လမ်းတွင်းရှိပြည်သူများပိုမိုထိတ်လန့်ခဲ့ကြသည်။

ယခုအခါအခြေနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့်ရယကဥက္ကဌအိမ်ရှေ့တွင်ဖြစ်ပွားမှု့အား အချိန်မှီသိရှိတားဆီးနှိင်ခြင်းမရှိသည့်အပေါ်၎င်းရယကဥက္ကဌနှင့်ရယကအဖွဲ့အားစိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါအချင်းဖြစ်ပွားသောနေရာနှင့်ရယကရုံးမှာကိုက်၅ဝခန်သာကွာဝေးသည်။

အထက်ပါအဖြစ်အပျက်မဖြစ်ပွားမှီကပင်အဆိုပါရယကဥက္ကဌဦစံသိန်းဧ။်အစ်စလမ်ဘာသာဝင်ဇနီးမှ အစ်စလမ်ဘာသာဝင်များအကြားပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ရန်လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေပြည်သူများမှ မကျေနပ်မှုများရှိနေခဲ့ကြသည်။

ပြည်တွင်းကပေးပို့လာတဲ့စာဖြစ်ပါတယ်။

Ref:Dawnmanhon news

9 comments

  • ဆူး

    October 18, 2010 at 12:33 pm

    ပြည်တွင်းက ပို့တဲ့ သတင်းက ပြည်တွင်းကတောင် မသိဘူး. အခုမှ သိတယ်။

    Reply

  • mG

    October 18, 2010 at 1:57 pm

    ဟုတ်တယ်ဗျ။လသာမှာတောင် အရင်ကလိုမဟုတ်တော့ဘူး။သူခိုးတွေ၊လူသတ်မှုတွေ၊ခါးပိုက်နိုက်တွေ အရင်ကထက်နှစ်ဆ ပိုများလာတယ်။ရွေးကောက်ပွဲကို အားစိုက်နေကျတဲ့ နိုင်ငံအကြီးအကဲ အာဏာပိုင် ပြည့်သူ့ဝန်ထမ်းတွေ တာဝန်ပေါ့လာတယ်လို့ ခံစားရတယ်။သူတို့ရဲ့ ရွေးကောက်ပွဲကို မြန်မာနိုင်ငံက လူတွေကို လူစေ့တတ်ပြီးတော့ မဲပေးစေချင်တယ်ဆိုရင်တော့ ပြည့်သူ့ထမင်းကိုစားနေတဲ့ အတွက်ကြောင့် ပြည်သူတွေကိုတော့လုံခြုံမှုရှိအောင် တချက်တော့ ပြန်ကြည့်ပေးပါနော်။မြို့ထဲတွေမှာ ကြည့်မကောင်း ရှု့မလှအောင် သရုပ်ပျက်နေတယ်။

    Reply

  • winkyawaung

    October 18, 2010 at 3:03 pm

    ပြည်သူတွေ ဘာဖြစ်ဖြစ် သူတို့စီမံချက် အောင်မြင်ရေးက အဓိက အားစိုက်နေကြတာပေါ့..။

    Reply

  • intro

    October 18, 2010 at 3:12 pm

    အဓိက အင်အားကို အဓိက နေရာမှာ အသုံးချနေတာလေ… ဟိုတစ်ရက်က ကြုံသေးတယ်၊ ရယက ရုံးမှာ လူတွေစုပြီး ဘာလုပ်နေသလဲ မှတ်တယ် ဘောပွဲကြည့်နေတာ၊ လမ်းထိပ်မှာ လူငယ်တွေ ရန်ဖြစ်လို့ ခေါင်းကွဲသွားတာတောင် မှ မသိကြဘူး.

    Reply

  • nay phonehlan

    October 18, 2010 at 7:23 pm

    ဒီသတင်း တွေ အားလုံး အမှန်ဖြစ် မဖြစ်ဆိုတာတော့ အနီးဝင်းကျင် ကလူတွေက ပို သိနိုင်မယ်ထင်ပါတယ် တကယ်သာ အမှန်ဆိုရင် တော့ တစုံတဦးကြောင့် ဆက်နွယ်နေပုံရပါတယ် ဆိုလို တာ က ၂၀၁ဝ အရေးအတွက် ဗြူဟာ တရပ်ဖြစ်နေပါတယ် ဘာ ဘဲဖြစ်ဖြစ် သိရဲ့သားနဲ့ ဥပဒေအရ ရဲက မလုပ် နိုင်ဘူးဆိုတာ ထူးခြားနေပါတယ် ဘာဘဲဖြစ်ဖြစ်ကတော့ ကျွန်တော် တို့၂၀၁ဝ ရွေးကောက်ပွဲအတွက် နအဖ ကိုရော သူနဲ့ ဆက်နွယ် နေတဲ့ အရာတွေ အားလုံး ကို မထောက်ခံရေးဘဲလိုပါတယ် ကဲ မန္တလေးဂေဇက် ပရိတ်သတ်ကတော့ဘယ်လိုဆောင်ရွက် မလဲဆိုတာ အဓိကပါဝင်နေတယ်(ပြည်တွင်းကမဲကိုဆိုလိုတာပါ)…….။

    Reply

  • thidakywewa1

    October 19, 2010 at 2:09 am

    တော်သေးတာပေါ့နော် ။ရယက ရုံးနဲ နီးနေလို့။ ဝေးနေရင် ဘယ်နှစ်လောင်းပြိုင်မလဲမသိဘူး ။

    Reply

  • doekalay

    October 19, 2010 at 8:23 am

    လူသတ်မူဖြစ်သာနဲ့ ဘာဖြစ်လို့မီးတွေ
    ပိတ်ပစ်တာလဲမသိဘူးနော်။
    ဥက္ကဌရုံးနဲ ့ကိုက် 50 ကွာတာတောင်အချက်ပေါင်းများစွာအထိုးခံရတယ်။ရုံးနဲ ့အလှမ်းဝေးတဲ ့နေရာမှာဆို
    ဘယ်လောက်တောင်ထိုးခံရမလဲမသိဘူးနော်။ရပ်ကွက်တိုင်းမှာတင်မကလိုင်းကားတွေပေါ်မှာတောင်ကိုကိုဖွတ်တို့က လိုက်ပြီးမဲဆွယ်
    နေတာတွေ ့ရတယ်။

    Reply

  • nwl

    October 19, 2010 at 8:37 am

    သိရတာကတော့ လူသတ်မူဖြစ်တာက လူငယ်အချင်းချင်း ရည်းစားလုရင်းဖြစ်ကြတာတဲ့ ။ သတ်တဲ့ကောင်လေးက (13) နှစ်ပဲရှိသေးတယ် ။
    အသတ်ခံရတဲ့ကောင်လေးကလဲ အခုမှ (17) နှစ်တဲ့ ။

    Reply

  • Gong Zhu

    October 19, 2010 at 3:13 pm

    လူကြားသူကြားထဲမှာ သတ်တာလား …

    Reply

Leave a Reply

Your email address will not be published.