ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည် ကိုစိုးရိမ်သူများ ရှိနေ

etoneOctober 19, 20101min06

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုလ်ဘဲငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်
လာမည် ကိုစိုးရိမ် သူများက စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေးသားပေးပို ့
ပြီးဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးခြင်းမပြုရန် ကန် ့ကွက်ကြသည် ဟု Freedom News Group
မှ စုံစမ်းသိရှိရသည်။
စစ်အစိုးရမှ ကမကထ လုပ်မည့် ရွေးကောက်ပွဲ ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ထောက်ခံ သည့်
တတိယ အုပ်စု အမည်ခံ လိုလားသူ ဆယ့်ငါးဦးခန် ့က အောက်တိုဘာလ ၁၅ ရက်နေ ့စွဲ
ဖြင့် နေပြည်တော်မြို ့တွင် နေထိုင်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ရေး ပို ့သည့်စာ တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပါက စစ်အစိုးရ၏  ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
အတွက် ပိုမိုကြန် ့ကြာစေ နိုင်မည် ဟု အစ ချီပြီး ရွေးကောက်ပွဲ ရလာဒ် ပါ ပျက်စီးရာပျက်စီး
ကြောင်း ဖြစ်စေ နိုင်မည် ဟုအဆုံး သတ် ကာ လက်ရှိ ရွေးကောက်ပွဲ ဝင်မည် ဟု ကြေငြာထား
သည့် နာမည် ကျော် ပုဂ္ဂိုလ် တစ်ချို ့နှင့် အခြား လူပုဂ္ဂိုလ် များ က လက်မှတ် ထိုးပြီးတောင်းဆိုထား
သည် ဟု သိရသည်။

ရွေးကောက်ပွဲ ဝင်မည့် တတိယ အုပ်စု ကိုယ်စားလှယ် လောင်း အချို ့သည် မြန်မာ နိုင်ငံ အပြောင်း
အလဲ အတွက် ၎င်း တို ့က ဆောင်ရွက် နိုင်သည် ဟု အထင်ရှိကာ မဲဆွယ် သည့် နေရာများတွင်
နိုင်ငံပြောင်းလဲရေး အတွက် ဆောင်ရွက် နိုင်သူများ ဟု ကြုံးဝါးကြွေးကျော်ကြသည်။

မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ပွဲ တွင် ပါဝင်မဲဆန္ဒပေး ပိုင်ခွင့်ရှိသည်
ဟု ကြေငြာပြီးနောက် ရွေးကောက်ပွဲ ပြီးနောက် ပိုင်းတွင် လည်း ပြန်လည် လွှတ်ပေးမည် ဟု ကြေညာ
ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က မူရွေးကောက် ပွဲတွင် ပါဝင်မဲပေးရန် ငြင်းဆိုထားသည်။

သူမ လွတ်မြောက် လာမည် ကို မလို လားသူ များက ထိုသို ့တောင်းဆိုခြင်း သည် မြန်မာဒီမိုက
ရေစီ လိုလား သူများ ၏ ရန်သူ ဟု ထောင်ထဲတွင် ကျ ဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း
တစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

Freedom News Group မှ တိုက်ရိုက်ကူးချထားတဲ့သတင်းလေးပါ ။ ဖတ်ပြီးစိတ်မကောင်းဖြစ်ရပါတယ် ။ အမြန်ဆုံးလွတ်လပ်ပါစေလို့ပဲ ဆုတောင်းပါတယ် ။

6 comments

  • bigcat

    October 19, 2010 at 3:08 am

    နာမည်အတိအကျလေးလုပ်ပါအုံး။ ဘယ်ကငမိုက်သားတွေလဲလို့ သိရအောင်။

    Reply

  • michaelaungpu

    October 19, 2010 at 3:21 am

    ပြောသာပြောနေကြတာပါ ကိုယ့်အမြင်လေးကို ရိုးရိုးသားသား တင်ပြကြည့်တာပါ
    သူမအနေနဲ ့လည်း စိတ်ဓာတ်ကြံ ့ခိုင်ပါတယ်ဆိုပေမယ့် ယိုင်နဲ ့နဲ ့ဘဲကျန်တော့မယ်ဆိုတာပြောရင်တော့ လွန်မလားမသိဘူး
    ဦးတင်ဦးဆိုရင်လဲဒီအတိုင်းဘာပဲ
    သူတို ့တွေ အချိန်တွေ ဘဝတွေပေးပြီး ကြံ ့ကြံ ့ခံနေသလောက် ကျုပ်တို ့နောက်လိုက်တွေဘက်က တယ်မညီညွတ်ကြဘူးလေ
    အဆိုးဆုံးက ဟိုခွေးမသား စောက်ပါတီဝင် သမ္မတရူးတွေက ကြက်ဖွတ်ကို သွားယှဉ်ပြိုင်ကြတယ်ဆိုတော့ ကြက်ဖွတ်ကို တရားဝင်အနိုင်ရအောင်
    ဝိုင်းလုပ်ပေးကြတဲ့ဖြစ်ရပ်ကြီးကို မြင်ရတဲ ့သူတို ့နေရာမှာလည်းနေကြည့်ကြပေတော့
    ဒီတော့ကာ ခင်ဗျားတို ့အားလုံးလဲ အဲ့သည်ခွေးမသားတွေ စောက်ရူးထပြီး သွားပြိုင်တာကို စောက်ရူးထပြီး မဲသွားထည့်ရင် ခင်ဗျားတို ့လည်း ခွေးမသားပြည်သူတွေဘဲဖြစ်မှာဘဲ ဘာမှတရားမျှတမှုမရှိတဲ့ပွဲကို တမင်သက်သက် သွားဝင်ပြိုင်တဲ့ကောင်တွေဟာ တစ်နေ ့ကြရင်
    နယ်မြေအလိုက် အမတ်လောင်းခွေးသတောင်းစားတွေဖြစ်လာပြီး ခင်ဗျားတို ့ကို
    ဘယ်လိုနှိပ်စက်တာကို ခံရဘို ့သာပြင်ဆင်ထားကြ အခုကတည်းက မဲရုံတွေကို ရုပ်သံ မှတ်တမ်းတင်ခွင့်မရှိဘူးဆိုတာကို ခင်ဗျားတို ့ကို ကျုပ်ရှင်းပြနေစရာမလိုဘူး
    တိုင်းပြည်တွက် အရှေ ့ကမနေရဲရင် အနောက်က အနောက်ကမနေရဲရင် ညာသံလေးလောက်တော့ပေးရမှာဘဲ
    လက်သီးလက်မောင်းတန်းပြီး လမ်းမပေါ်မထွက်ရဲရင်တောင် လုံးဝတရားမမျှတတဲ့ ဒီရွေးကောက်ပွဲကိုလုံးဝမဲမထည့်နဲ ့
    ပြောတာတောင်နောက်ကျနေပါပြီး
    အခုဆိုကြက်ဖွတ်တွေနိုင်နှင့်နေပြီ အဲဒါ လောဘသားလူတစ်စုကျွေးတာကို စားတဲ့ ခွေးမသားယှဉ်ပြိုင်ပါတီတွေကြောင့်ဘဲ
    ဘယ်သူဘာထင်ထင် ငါ မိုက်ကယ်ဂျော်နီအောင်ပု ပြာတယ် ဘာဖြစ်လဲ

    Reply

  • winkyawaung

    October 19, 2010 at 4:35 am

    လက်မှတ်ထိုးတဲ့ အကောင်တွေရဲ့ နာမည်သိရင် ပြောကြပါအုံး။

    Reply

  • kai

    October 19, 2010 at 5:45 am

    ကြည့်ရတာလွှတ်တော့မယ်နဲ့တူတယ်..။ Searching fire လုပ်လွှတ်လိုက်ပြီ။
    တုံ ့ပြန်ချက်တွေကြည့်ပြီး… မီးစင်ကြည့်က, မဲ့ပုံ…။

    Reply

  • intro

    October 19, 2010 at 10:35 am

    စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ၊ ဒါထက် ဘာမဆိုင် ညာမဆိုင် connection မနှေးရင်ကောင်းမယ်။

    Reply

  • winkhant

    October 19, 2010 at 6:56 pm

    michaelaungpu ခင်ဗျား
    ကျွန်တော့အထင်ပြောတာပါ အခုရွေးကောက်ပွဲက ကြံ့ဖွတ်တွေနိုင်မယ်ဆိုတာ သိသာနေပါတယ်
    ဒါပေမယ့် ဒီတိုင်းမဲမပေးပဲ နေမှာထက်စာရင် နအဖရဲ့ ကြံ့ဖွတ်ကိုမလိုလားသူတွေအားလုံး
    တစ်ခြားပါတီတွေကို မဲပေးသင့်တယ်လို့ ယူဆမိပါတယ်။ တကယ်ဆိုရင် တခြားပါတီတွေကို မဲပေးခြင်းအားဖြင့် ကြံ့ဖွတ်တွေကို ဆန့်ကျင်ရာရောက်တယ်လို့ ကျွန်တော် ယူဆမိပါတယ်။
    ပြောတဲ့ထဲမှာ အမှားပါရင် ခွင့်လွှတ်ပါ

    Reply

Leave a Reply

Your email address will not be published.