MandalayTharOctober 20, 20101min09
ရဲရွာဆည် ကို မနေ့က spillway ကနေ ရေ လွှတ်တာ အခု အိ လိုက် လာပြီ။ မီတာ ၂၈ဝ ရှိတဲ့ ရေထုဖိအားနဲ့ ကြိုးသွားနိုင်တဲ့အခြေအနေရှိတယ်။ သူ့အောက်မှာ ကြွက်နဖား။ စဉ့်ကိုင်၊ အမရပူရ၊ အင်းဝ၊ မန္တလေးပါ။ ဟိုကလူတွေသိရင်လဲ အချိန်မှီ ရှောင်လို့ရနိုင်အောင် ဟိုကောင်တွေက တော့သတင်းထုတ်ပြန်မှာမဟုတ်ဘူး နီးစပ်ရာ အသိပေးလို့ရအောင်ပါ……


khinmintatthuOctober 20, 20101min02
မြန်မာနိုင်ငံ၏ ဆိပ်ကမ်းသို့ တစ်နှစ်လျှင် အဝင်အထွက်ရှိသည့် ကွန်တိန်နာအရေအတွက်မှာ သိန်းဂဏန်းမျှသာရှိကြောင်း ပင်လယ်ရေကြောင်း စီးပွားရေးနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ လေ့လာသူအချို့က ပြောကြားသည်။ ယင်းပမာဏမှာ ဒေသတွင်းနိုင် ငံဖြစ်သော စင်ကာပူဆိပ်ကမ်းသို့ နှစ်စဉ်အဝင်အထွက်ရှိသည့် ကွန်တိန်နာ အလုံးရေများနှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းလွန်းနေသည့်အပြင် အမှန်တကယ် အလုပ်များသော နိုင်ငံတကာ ဆိပ်ကမ်းကြီးများသို့ နေ့စဉ်အဝင်အထွက်ရှိသော ကွန်တိန်နာပမာဏပင်လျှင် သိန်းချီရှိကြောင်း Shipping Business ပိုင်းဆိုင်ရာ လေ့လာ သူဦးကျော်မျိုးဝင်းကပြောပါသည်။ “ဒီမှာ သင်္ဘောအပိုင်ရှိလို့ပဲဖြစ် စေ၊ ကွန်တိန်နာ အပိုင်ရှိလို့ပဲဖြစ်စေ ကုန်သွယ်ကြတဲ့နေရာမှာ Shipping Line တစ်ခုအနေနဲ့ တစ်ပတ်ကိုမှ ကွန်တိန်နာအလုံးရေ နှစ်လုံး၊ သုံးလုံးလောက်ပဲ ကုန်သွယ်မှုရှိကြတယ်။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍအနေနဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းနေသေးပေမယ့် တစ်နည်းအားဖြင့် ဆိပ်ကမ်း အခန်းကဏ္ဍကိုသာ မြှင့်တင်နိုင်ရင် ကုန်သွယ်မှုလည်း အလိုလိုမြင့်တက်လာမှာပါ […]


khinmintatthuOctober 20, 20103min03
မြန်မာ့ရှေးဟောင်းပုံရိပ်များ ကျွန်တော် စာကြည့်တိုက်မှာ Myanmar Interior Design နဲ့ ပါတ်သတ်ပြီး လေ့လာခဲ့စဉ်က တွေ့ရှိခဲ့သည် ဓါတ်ပုံ အချို့ကို ပြချင်ပါသည်။ အတော့်ကို ရှားပါးနေသည့် ဓါတ်ပုံများပါ။ Max. and Bertha ferrars မှတ်တမ်းပြုခဲ့သည့် ၁၈၉ဝနောက်ပိုင်း ပါတော်မူပြီးကာစ မြန်မာကျေးလက်ဓါတ်ပုံများက ကောက်နှုတ်ချက်တွေပါ။ ပါတော်မမူခင်နှင့် ပါတော်မူပြီးကာစ အခြေအနေများက ဘာမျှ မပြောင်းလဲသေးပါဘူး။ ထိုစဉ်အချိန်အခါက မြန်မာလူမျိုးများ ဘယ်လို နေထိုင် စားသောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါသည်။ ထိုဓါတ်ပုံများက မြန်မာ့ဓလေ့ထုံးတမ်းတွေ လေ့လာချင်သူများအတွက် အတော့်ကို အသုံးဝင်သလို ရှေးခေတ်သရုပ်ဖော် ရုပ်ရှင်ဗွီဒီယို ဖန်တီးသူတွေအတွက်လည်း ဝတ်စားဆင်ယင်မှု၊ ဇာတ်ဝင်ခန်းအသုံးအဆောင် ပစ္စည်းများ အထားအသိုကိုလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် ရှေးဟောင်း မြန်မာ့ဖက်ရှင်ကို လေ့လာချင်လျင်လည်း ရပါသေးသည်။ မူပိုင်ခွင့်အရ […]


BayoteOctober 20, 20101min07
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက လေထုမငြိမ်သက်မှုဟာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာပြီ။ ထိုင်း.. အိနိ္ဒယ.. မိုးလေဝသဌာနများက ကြေငြာပြီ။ ပိုမို အားကောင်းလာနိုင်သည့် အပြင် မြန်မာ့ ကမ်းရိုးတန်းနှင့်လည်း နီးကပ်နေသဖြင့် ကြိုတင်ပြင်ဆင် သတိရှိရန်လိုအပ်။ Kalpana-1 မိုးလေဝသဂြိုဟ်တုက (၁၉-၁၀-၂၀၁၀)ရက်နေ့ ညနေ(၆)နာရီခွဲမှာ ရိုက်ယူပေးတဲ့တိမ်ပုံမှာတော့ ပြောင်းလဲမှု(၂)ခုတွေ့ရပါတယ်။ ပထမအချက်ကတော့ ပြန့်ကျဲနေတဲ့တိမ်တွေဟာ ပိုစုစည်းလာပါတယ်။ အင်အားလျော့မသွားပါဘူး CTT -70°C ပါဘဲ။ (၂) တိမ်ဟာ ပိုပြီး စုစည်း(organize)ဖြစ်လာပါတယ်။ Low level inflow, high level outflow တွေ တွေ့လာရပါတယ်။ ဒါဟာ ဒီလေထုမငြိမ်သက်မှုဖြစ်စဉ်ဟာ ဇာတ်စကားနဲ့ပြောရရင် “ပြည်တည်”နေပြီလို့ ဆိုနိုင်ပါတယ်။ (၁၉-၁၀-၂၀၁၀)ရက်နေ့လယ်ပိုင်းကတည်းက စောင့်ကြည့်အဖြစ်သတ်မှတ်ထားခဲ့တဲ့ အဲဒီ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက လေထုမငြိမ်သက်မှုဟာ ညနေ(၆)နာရီခွဲအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာတာကို ထိုင်းနိုင်ငံ မိုးလေဝသဌာနကဖေါ်ပြထားပါတယ်။ ဒီကနေ့ […]


ဂ်စ္စူOctober 20, 20101min00
မြန်မာနိုင်ငံထဲက သတင်းလွတ်လပ်ခွင့်ဟာ ၂၀၀၉ ခုနှစ်ကထက် ပိုဆိုးပြီး အဆင့် ၃ ဆင့်ကို နိမ့်ကျသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြောလိုက်ပါတယ်။ RSF ရဲ့ သတင်းလွတ်လပ်မှုမရှိတဲ့ နိုင်ငံများ စာရင်းမှာ ၂၀၀၉ ခုနှစ်က ၁၇၁ နိုင်ငံမြောက်မှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁ဝ စာရင်းမှာ ၁၇၄ နိုင်ငံကို ကျသွားပါတယ်။ ဘယ်လိုကြောင့် အခုလို ကျဆင်းသွားရတာပါလဲ၊ ဘယ်လိုအခြေအနေမှာ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။ ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဆင့် အညွှန်းစာတမ်းမှာ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၁ဝ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ […]


ဆူးOctober 20, 20101min08
ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအဝင်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမာ္ဘအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀ဝလောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယကဝင်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေဝါးတဲ့သူက ဝါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ဝင်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ဝါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ […]


PareByokeOctober 20, 201010min02
How about setting aside some donations for the VERY DESERVING Burmese Migrants at the Thai Burmese borders, especially those working in the trash dumps? The monks in the videos are really NOBLE. You can compare their deeds and speeches with other monks. Some monks always advertise themselves. You can see them including themselves in the videos […]


etoneOctober 20, 20101min0
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဧ။် အစီစဉ်ဖြင့် GSM ဖုန်းများတွင်အင်တာနက်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်ရန် လိုင်းစနစ်များမြင့်တင့်နေလျှက်ရှိရာ ယခင်အသုံးပြုခဲ့သော 2G စနစ်နှင့် 2.5G စနစ်အဆင့်များမှ 2.75Gအဆင့်သို တိုးမြင့်အသုံးပြုလာနိုင်မည်ဖြစ်သည်။ အင်တာနက်အသုံးပြုပြီး ဗွီဒီယိုဖိုင်များပါ ကြည့်ရှူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင်သုံးသော စီဒီအမ်အေ 800MHz ဖုန်းများတွင် သုံးစွဲနိုင်ဦးမည်မဟုတ်ကြောင်းသိရသည်။


BayoteOctober 19, 20101min015
အသက် ၁၈ နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့ လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်းစာတမ်းထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်..


ဆူးOctober 19, 20101min05
၂၇-၉-၂၀၁ဝ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀ဝ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃ဝ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။ […]


နွယ်ပင်October 19, 20101min017
အရင်ခေတ်ထဲက ခုလိုပုံစံမျိုး ထမီတွေပေါ်နေပြီနော် အခုခေတ် စကတ်အကွဲ ဒီဇိုင်းမျိုးလေးပေါ့ ဒါကလဲ အရင်ခေတ်က စတိုင်ထင်တယ် ဆေးပေါ့လိပ်နဲ့လေ ရေခပ်ဆင်းတာကလဲ အလန်းပဲနော် အခုခေတ် ရင်စည်း အကျီင်္ဒီဇိုင်းမျိုးက အရင်ကတည်းက ခေတ်စားတဲ့ ဒီဇိုင်းထင်တယ် ဒီပုံလေးကလဲ အရင်ခေတ်က အမျိုးတစ်ဦးရဲ့ စိတ်ကြိုက်ဖက်ရှင်တစ်ခုဖြစ်ပုံရတယ်နော်


etoneOctober 19, 20101min01
ကြံ့ဖွံ့မှ ဆိုက်ထူမည့် ကြော်ငြာဘုတ်များတွင် ပါဝင်မည့် ကတိပြုချက်စာသားများမှာ အောက်ပါအတိုင်းဖြစ်သည် ။ ထိုပြင် logo လည်းပါဝင်မည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မည်။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားမည်။ အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်။ တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ တို့ ဖြစ်သည်။