SawAungAugust 25, 20121min012
“ဟဲ့…ဟဲ့ ဟိုမှာ ဟိုမှာ ငါမြင်လိုက်တယ်…..” မီမီအသံစူးစူးက သူလက်ညှိုးထိုးသည့်ဘက်ကို အားလုံး၏အကြည့်များရောက်သွားကြသည်။ သူတို့အားလုံးမြင်လိုက်ရသော မြင်ကွင်းတစ်ခုကတော့……….။ အဖြစ်အပျက်က မြန်ဆန်လွန်းလှရျ် မျက်စိလျင်သောသူသာ တွေ့လိုက်သည့်အဖြစ်ပင် သူတို့ဝိုင်းထိုင်နေသော… အိမ်၏ ခြေရင်းဘက်မှ အရိပ်တစ်ခု ဖြတ်သန်းသွားခြင်းဖြစ်သည်။ “ဟဲ့….ထူးဇင် ဘာတွေလဲဟာ… ငါကြောက်တယ်နော်…. အိမ်ပြန်မယ်ဟာ..” ကြည်ပြာမှ စပြောလေသည်။ အောင်ခန့်ကတားသည်။ “နင်ကလည်း…အချိန်ကိုလည်းကြည့်ဦး… ည(9)နာရီကျော်နေပြီ…သည်နေရာက နည်းနည်းအသွားအလာကျဲတယ်လေ… နင်တစ်ယောက်တည်း ဘယ်လိုဖြစ်မလဲ….” အာကာလည်း တားလေသည်။ “ငါတို့လည်း ရှိတာပဲဟာ…..မကြောက်ပါနဲ့… ဘာမှမလုပ်နိုင်ဘူး နင်အတွေ့အကြုံတောင်ရတယ်..” အားလုံးသည်….မကြောက်တကြောက်သာ ဖြစ်နေကြသည်….ဘီယာလေးကလည်း နည်းနည်းပါးပါး အစွမ်းပြနေဆိုတော့။ “ကဲ….. ငါတို့ကို တစ်ခုခုမလုပ်သရျ်တော့… ဘာမှမဖြစ်ဘူး…. နင်တို့မကြောက်ကြပါနဲ့.. ငါတို့ယောက်ျားလေး လေးယောက်တောင်ရှိတာပဲ…” ဝေဖြိုးက ထပ်ဝင်ပြောပြန်သည်။ အားလုံးက အနည်းငယ်အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်… သည်ပြသနာ ဘယ်ကစဆိုသည်ကို ဖော်ထုတ်ရတော့မည်ဟု […]


SawAungAugust 25, 20121min07
ထိုစဉ်……အိမ်၏ထုပ်တန်းပေါ်မှ တစ်ခုခုကျလာသည်ကို ထူးဇင်တွေ့လိုက်မိသည်……. ဆေးပျယ်စပြုနေသော ဓာတ်ပုံလေးတစ်ပုံ…….မျက်နှာခြမ်းက ပျက်နေပေမယ့်…. မိန်းကလေးတစ်ယောက်၏ ပုံတစ်ပုံမှန်း သူသိလိုက်သည်။ ပုံထဲတွင် ဆံပင်မတိုမရှည်မိန်းကလေးတစ်ယောက်..သူမ၏ဘေးတွင်…ကလေးငယ်လိုလို…. တစ်ယောက်အားလက်ဆွဲထားသည်ကိုတွေ့ရသည်…….။ထိုစဉ်………. “ချွမ်…” နောက်ထပ် တစ်ခုခုကျလာသည်ကိုထူးဇင်တွေ့လိုက်မိသည်………..။ မိန်းကလေး ဆံညှပ်လေးတစ်ခု……..တနေ့ညက တစ်ခုတွေ့သည်…..ယခုတစ်ခု…..ဒါဆိုတစ်စုံပြည့်ပြီပေါ့။ ထူးဇင်အတွေးများဖြင့် ရှုပ်ယှက်ခက်နေသည်…အိမ်ရဲ့ထုတ်တန်းပေါ်…ဒီဆံညှပ်တစ်စုံနဲ့ ဓာတ်ပုံတစ်ပုံက မည်သို့ ရောက်နေသလဲ။ အတွေးများစွာဖြင့် ချာချာလည်နေသည်။ ထိုစဉ်………….။ “ဝုန်း……” အိမ်အဝင်တံခါးက ရုတ်တရက်ပွင့်လာသည်…….။ “ထူးဇင်……..မင်းဘာလုပ်နေတာလဲ…..” “ဝေဖြိုး…မင်းကွာ အသံမပေး ဘာမပေးနဲ့……” “ငါခေါ်နေတာ တစ်ရာကိုးဆယ့်ရှစ်ခါက်လောက်ရှိပီ မင်းဖာသာမကြားတာ” “ဟင်း…..ငါအတွေးလွန်နေလို့ကွာ…..မင်းသည်ည အိမ်မှာအိပ်ပေး….” “ဘာဖြစ်တာလဲကွ….မင်းကလည်း…..” “သည်လိုကွာ ငါပြောပြမယ်…..” ………………. . ………. …………………. ဝေဖြိုးခမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ “မင်း ပြသနာက ခပ်ဆန်းဆန်းနော်…….. ဒါတိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ဘူးနော်…ထူးဇင်” “ငါလည်း စဉ်းစားနေတာကွ……… သည်အိမ်မှာ […]


(က) တစ် နဲ့ နှစ် ရန်ဖြစ်ကြတယ်။ တစ်ကအာကျယ်ကျယ်နဲ့ ပြောတယ်။ “ငါကအဆင့် တစ်ကွ မင်းထက်သာတယ်၊ ဘာမှတ်လဲ …” နှစ်ကဘာမှ ပြန်မပြောဘူး။ စာရွက်ပေါ်မှာတစ်ခုချရေးပြတယ်။ “၂ > ၁” တဲ့။ နောက်တော့ ဘာတွေဆက်ဖြစ်ကြလဲမသိပါဘူး။ ကျွန်တော်လှည့်ထွက်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် သုညဖြစ်သွားတယ်။ (ခ) အဘိုးအိုကထရီဇာကိုတစ်ချက်ကြည့်ပြီခေါင်းကိုခါရမ်းလိုက်တယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့လည်းသူကဘာမှ ပြန်မပြောဘူး။ ဒီလူဘယ်လိုလူလဲလို့ တွေးပြီး ကျွန်တော်လည်းခေါင်းကိုခါရမ်းလိုက်တယ်။   (ဂ) “မင်းကရင်နင့်အောင်လား” “အင်းလေ” “ငါ့နာမည်လဲရင်နင့်အောင်ဆိုရင် ရင်နင့်အောင် ဘယ်နှစ်ယောက်ဖြစ်သွားမလဲ” “နှစ်ယောက်ပေါ့ဗျာ” “ဒါဆိုဘယ်သူကရင်နင့်အောင် အစစ်လဲ” “ဟ .. ကျွန်တော်ကအစစ်ပေါ့ဗျ” “ဘာလို့လဲ … ငါနာမည်လဲရင်နင့်အောင် ပဲလေ” “ဟာ .. နာမည်နဲ့တော့ အစစ်အတုခွဲလို့ ရမလား” […]


” ကျော်ထက်ဆောင် ” ခေါ်သံကြောင့် လှည့် ကြည့်လိုက်မိသည် ။ ဘာလဲ..ဆိုသော အကြည့်တစ်ချက် ။ မေမီ နှင့်.. အကြော လုံးဝ မတည့်သော… ကျော်ထက်ဆောင်… ကို သိပ် မကြည်ပေ..။ ” နင် ငါ ့ကို.. အခန်းထဲမှာ… သေပြီနော်.သေပြီနော်.ဆိုပြီး.. ဘာလ်ို့် မကြားတကြား အော်တာလဲ..” ” ဘာ.. နင် ့ကို .ဟူတ်လား.။ ယောင်းလိ ု့တောင် မစဉ်းစားမိဘူး ။ ” ကျော်ထက်ဆောင် မျက်နှာက မတည်မကြည်။ (စပ်ဖြဲဖြဲ လုပ်နေတာကို တင်စားခြင်း ဖြစ်သည် ။) အမှန်တကယ် မေမီ ့နာမည် အရင်းမှာ..မေမီဧကရီကျော် ဖြစ်သည် ။ ဒါက်ု ကျော်ထက်ဆောင်က သေပြီ.သေပြီနော်..ဟု.. […]


SawAungAugust 24, 20121min09
ကျွန်မ…..သေချင်တယ်…..။ အလုပ်ကပြန်ပြန်လာချင်း…. ဒိုင်ယာရီစာအုပ်လေးမှာ ကျွန်မရေးလိုက်တဲ့စာသား….။ ကျွန်မဘေးနား က တစ်ယောက်ယောက်ပြောနေသလိုပဲ။ သေချင်ရင်…အလွယ်လေး…တဲ့။ “ဟူး…………………” သက်ပြင်းတစ်ချက်မှုတ်ထုတ်လို့ အသက်တစ်ရက်တိုမယ်ဆို လောကမှာ ကျွန်မနေရမယ့်နှစ်တွေ  တော်တော်လျော့ကုန်တော့မှာပဲ။ ကျွန်မကိုယ်ကျွန်မ မှန်ထဲပြန်ကြည့်မိတယ်…။ အို…. ငါတော်တော်ရင့်ရော် နေပါလား… အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ။ အခုမှ ကျွန်မအသက်(၁၆)နှစ်။ အရမ်းကိုရင့်ကျက်နေပြီလား လို့ ကျွန်မကိုယ်ကျွန်မထင်မိတယ်….။ ဒါပေမယ့် ကျွန်မအလုပ်ဝင်နေရပြီ။ “စပရိန် ရေ…. ထမင်းစားရအောင်….” ဟော့်…ကျွန်မအဖွားခေါ်နေပြီ။ အလုပ်ကပြန်လာကတည်းက ဗိုက်ဆာနေတာ ခုမှသတိရတော့တယ်..။ အဖွားရှိရာ ထမင်းစားခန်းကို ကျွန်မအပြေးလေးထွက်လိုက်တယ်…။ အပြေးလေးသာဆိုတယ် ကျွန်မအခန်းလေးနဲ့ ထမင်းစားခန်းဆိုတဲ့ အိမ်ရှေ့နေရာ ကျွန်မခြေလှမ်း (၃…၄)လှမ်းလောက်ဆို ရောက်သွားတာ…။ ကုလားပဲလေးကို အစေ့လိုက်ဟင်းချိုးလေးချက်ထားတယ်…။ သရက်သီးသနပ်ရယ်…. မနက်က ကျွန်မကိုထမင်းချိုင့်ထည့်ပေးလိုက်တဲ့ ကြာက်သားကြော်အချို့တစ်ဝက်ရယ်..။ ငါးကြော်နည်းနည်း ရယ်။ ဘာပဲဖြစ်ဖြစ်အဖွားချက်တာဆို အကုန်ကောင်းပါတယ်…။ […]


SawAungAugust 24, 20121min07
မိသားစုအားလုံးက ကျွန်တော့်ကိုမော်ကြည့်လို့။ ကျွန်တော်မြင်နေရတဲ့ အမေ့ရဲ့မျက်လုံးတွေက ဝမ်းနည်းနေတာလား။ ဝမ်းသာနေတာလားဆိုတာကိုတော့ ကျွန်တော်မဝေခွဲတတ်ဘူး။ အမေ့မျက်လုံးထဲက မျှော်လင့်ချက်အငွေ့အသက်ကိုတော့ ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော်ကတော့ လက်ကေ့စ်ကိုဆွဲရင်း ရန်ကုန်လေဆိပ်ရဲ့ Check In နေရာကို ရောက်နေပြီ။ မသွားခင်အမေ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ မျက်ရည်တွေဝိုင်းနေတာ ကျွန်တော်တွေ့လိုက် ရတယ်။ ကျွန်တော်ပြန်လာခဲ့မှာပါအမေရယ်။  ဒါတွေက အမေ့အတွက်ပါ။ ကျွန်တော်စိတ်ထဲက ပြောနေမိတယ်။ အို…နိုင်ငံခြားကိုအရမ်းသွားချင်နေတဲ့ကျွန်တော် အခုချိန်ကျမှ ခြေလှမ်းတွေလေး နေရတာလဲ။ အိမ်မှာနေရာတကာ ဆရာကြီးလုပ်တတ်တဲ့ ကျွန်တော့်အစ်မကတော့  အထပ်ထပ်ကျွန်တော့်နားနဲ့ မဆန့်အောင်မှာခဲ့ပြီးပြီ။ “အလုပ်ကိုသေချာလုပ်နော်။ ပိုက်ဆံကိုစုဆောင်းဦး…….. နင့်ကို အတိုးနဲ့ချေးပြီးပို့တယ်ဆိုတာကို လည်း သတိရဦး။” ကျွန်တော်အမေ့မျက်နှာတစ်ချက်ကြည့်လိုက်တယ်။ အမေဘာမှာဦးမလဲဆိုတဲ့ မျက်လုံးနဲ့ပေါ့။ “ကျန်းမာရေးဂရုစိုက်နော် အောင်လေး” ကျွန်တော်ခေါင်းငြိမ့်ယုံသာ ငြိမ့်ပြလိုက်တယ်။ အမေကျွန်တော့်ကို စိတ်ချတယ်ဆိုတာ အမေ သိပါတယ်။ အမေမသွားစေချင်မှန်းလည်းအမေသိတယ်။ ကျွန်တော်ဘာမှမပြောလိုတော့ပါဘူး အမေရယ်။ လူငယ်ဘဝရဲ့ […]


SawAungAugust 22, 20122min028
 မနက်မိုးမလင်းသေးဘူး သည်ရပ်ကွက်လေးထဲမှာ စည်ကားနေပြီ။ ဆောင်းတွင်းဆိုတော့ လည်း နေ့တာတိုပြီး ညတာရှည်နေတော့ နံနက်(၆)နာရီဆိုတာ အရင်ရာသီတွေလိုမဟုတ်ဘဲ မှုန်ပျပျအလင်းရောင် လေးနဲ့ နှင်းမှုန်လိုလို မြူခပ်ဆိုင်းဆိုင်းရယ်ဆိုတော့ လွမ်းမောစရာလေး လိုဖြစ်နေတယ်။ ရန်ကုန်မြို့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုစီဖြစ်တဲ့ မြို့နယ်တွေရဲ့ ရပ်ကွက်လေးတွေထဲမှာ မနက်(၃-၄)နာရီဆိုကတည်းက လှုပ်လှုပ်ရွရွ မဟုတ်လား။ အခြားသူဌေးရပ်ကွက်တွေလိုမဟုတ်ဘဲ ရပ်ကွက်လေးထဲက ပျံကျဈေးလေးရယ်။ အစိုးရက သတ်မှတ်ပေးထားတဲ့ အနည်းငယ်လမ်းလျှောက် ရင် ရောက်နိုင်တဲ့ သတ်မှတ်ဈေးတွေမှာ ဆိုင်ဖွင့်တဲ့ သူတွေမှာတော့ မနက်(၃-၄-၅)နာရီဆိုတာ အိပ်ရာ ထချိန်ဖြစ်နေတယ်။           ကုန်စိမ်းရောင်းမယ့်သူက မနက်စောစောကုန်စိမ်းတွေသယ်တယ်။ လက်သုတ်စုံ(ခေါက်ဆွဲသုတ် ၊ ကြာဇံသုတ်) ရောင်းမယ့်ဆိုင်တွေကတော့ အစောကတည်းက ဟင်းခါးတွေ ဘာတွေညာတွေ ချက်ပြုတ်ကြော် လှော်နေကြတယ်။ ဈေးသည်မဟုတ်တဲ့ အိမ်ရှင်မတွေလည်း မနေသာဘူး မနက်စောစော လာတဲ့ ပဲပြုတ်သည် ကိုစောင့်ရတယ်။ မနက်ခင်းစောစော […]


  “ထီပေါက်ဖို့ဘာလုပ်ရမလဲ” “ထီပေါက်ဖို့ ထီအရင်ထိုးပါ” ရှင်းလိုက်တာဗျာ။ ထီပေါက်ဖို့ ထီအရင်ထိုးတဲ့။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ အဲလိုပါပဲ။ လောကကြီးက ဟုတ်တော့လည်း ဟုတ်နေတာများနဲ့ သဘာဝကျကျ ဖြစ်တည်ပျက်ဆီးနေလေရဲ့။ တစ်နေ့မှာပေါ့။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ကို သဘာဝကျကျ နမ်းပြီး ချစ်ခဲ့ဖူးပါရဲ့။ ကျွန်တော်ကလည်း သဘာဝကျကျကြီး ဘဝင်မြင့်သွားတယ်။ ပြီးတော့ သဘာဝကျကျပဲ သူ့ကို ကျွန်တော် ပြန်နမ်းပစ်လိုက်တယ်။ သူ့ဘာသာနေတဲ့ ပါးကို သူ့ဘာသာနေတဲ့ နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ရာ အားစိုက်ထုတ်မှုတစ်ခုနဲ့ ထိတွေ့တာကို အနမ်းလို့ ဘယ်သူက သဘာဝကျစေခဲ့ပါသလဲ…။ ကျွန်တော် မသိပါ။ နောက်တော့လည်း ကျွန်တော်တို့ရဲ့ အနမ်းတွေက သဘာဝမကျတော့ဘူး။ နမ်းတဲ့ အရာဝတ္ထုတွေနဲ့ အနမ်းခံအရာဝတ္ထုတွေက ပြောင်းလာတော့ သဘာဝမကျတဲ့ အနမ်းတွေ ဖြစ်လာတယ်။ တိမ်မတောက်တဲ့ ညနေခင်းတစ်ခုမှာ […]


SawAungAugust 21, 20121min0
ထူးဇင် နားထဲတွင် အိမ်ပွဲစား၏ အသံများသာတရစပ် ကြားနေရသည်။ “လခရော… အိမ်ပါ အဆင်ပြေပါတယ်အစ်ကိုရာ မျက်စိမှိတ်ပီးသာ ငှားလိုက်ပါ… ” ထူးဇင်လည်း အိမ်ကလေးအား သဘောကျနေမိသည်…နှစ်ထပ်တိုက်ခံအိမ်လေးဖြစ်ပြီး ဝရန်တာလေးပါ ပါသဖြင့် ထူးဇင်သဘောကျခြင်းဖြစ်သည်။ “ကဲ…ဒါဆို ကျွန်တော် တစ်နှစ်စာ ငွေချေလိုက်မယ်လေ…နောက်နေ့ပြောင်းလာလို့ရပြီမဟုတ်လား… အိမ်မှာလည်း လက်ရှိနေတဲ့သူ မရှိဘူးဆိုတော့….” “ဟုတ်ကဲ့….အဆင်ပြေပါတယ်ဗျာ…. အဆင်ပြေပါတယ်… ကဲဒါဆို ကျွန်တော်တို့စာချုပ်ချုပ်ဖို့ အိမ်ရှင်ဆီသွားလိုက်ရအောင်….” သည်လိုနှင့် ထိုအိမ်လေးကို ထူးဇင် တစ်နှစ်စာ စာချုပ်ချုပ်လိုက်သည်။ အိမ်လေးသည် မြို့ထဲနှင့်လည်း သိပ်မဝေး လိုင်းကားလည်း ရောက်သဖြင့် သဘောကျမိခြင်းဖြစ်သည်။ ရပ်ကွယ်အနေအထားလည်း တိတ်ဆိတ်မှုရှိပြီး….. ခြံဝန်းလည်းကျယ်လှသည်။ နောက်တစ်နေ့ ပြောင်းလာတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ****************** တစ်နေကုန် အိမ်ကိုရှင်းလင်း သန့်ရှင်းပြီး နေရာတကျထားရျ် ပင်ပန်းသဖြင့် ထူးဇင် ကြမ်းပြင်ပေါ်လှဲချလိုက်မိသည်။ […]


SawAungAugust 20, 20121min04
ရန်ကုန်မြို့ရဲ့ညအမှောင်က မှိန်ပျပျနဲ့ လူတွေအားလုံးရှင်းနေတယ်။ ရှင်းနေမှာပေါ့ ည (၁၀)နာရီ ကျော်နေပြီ။ အခုထိ ကျွန်မပန်းဆိုးတန်းကားဂိတ်မှာ ရှိတုန်းပဲ။ ပန်းဆိုးတန်းကားဂိတ်ကနေ တစ်ဖက်က ဆူးလေဘုရားကို မီးရောင်တွေနဲ့ ကြည်ညိုစွာမြင်နေရတယ်။ ကျွန်မစိတ်ထဲမှာ အိမ်ပြန်စိတ်ကပဲ လွှမ်းမိုးနေတုန်း။ အိမ်အပြန် မှတ်တိုင်ရောက်မယ့် ကားကိုပဲ ကျွန်မမျှော်နေမိတယ်။ ဒီအချိန် သည်လိုနေရာမျိုးမှာ မိန်းကလေးတစယောက် အနေနဲက မရှိသင့်တာတေ့အမှန်ပဲ ဒါပေမယ့် ဒီနေ့ကျမှ ရုံးဆင်းချိန်က နောက်ကျတာကိုး။ စနေနေ့ဆိုတော့ လည်း စာရင်းတွေအားလုံးရှင်းရတယ်ဆိုတော့ အမြဲတမ်းလိုလို စနေနေ့ဆိုတာ ကျွန်မအတွက် ရုံးဆင်းချိန် နောက်ကျနေကြ။ ရန်ကုန်မြို့လမ်းပေါ်မှာတော့ ကားတွေက တဝီဝီသွားနေဆဲပဲ ကျွန်မအတွက်က ဘတ်(စ်)ကားကိုပဲ အားထားရတာ ဆိုတော့ ဆူးလေဘုရားဘက်ရှိရာ ဘတ်(စ်)ကားလာရာကိုပဲ မျှော်နေမိ တယ်။ လက်ကလည်း ဆွဲခြင်းတောင်းကို တင်းတင်းဆုပ်လို့ပေါ့။ ဒါတွေဟာ ကျွန်မအတွက်မဆန်းတော့ပါဘူး။ […]


SawAungAugust 20, 20121min08
သည်ရပ်ကွက်ထဲမှာ ဘကြီးအောင်ကို မသိသူမရှိသလောက်ဘဲ……။ ဘကြီးအောင်ဆိုတာကလည်း… ဒီမြို့နယ်လေးမှာပဲ မွေးခဲ့တာဆိုတော့…. လူဟောင်း၊လူသစ်အကုန်သိနေတာပေါ့…..။ ဘကြီးမှမဟုတ်ပါဘူး..။ ဘကြီးအောင်တို့ အဖေ၊ အမေ၊ အဖိုးတို့ကတည်းက သည်မြို့နယ်လေးမှာနေခဲ့တာကိုး….။ တောင်ဥက္ကလာ ဆိုတဲ့ သည်မြို့နယ်လေးကလည်း….အရင်တုန်းက ခုလိုဘယ်ဟုတ်မလဲ….။ မြို့သစ်ဆိုတဲ့အတိုင်း ဖုန်တထောင်း…ဖုတ်တထောင်းထောင်းနဲ့ အိမ်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်ပဲ ရှိသေးဆဲပေါ့….။ အဲသည်ကတည်းက ဘကြီးအောင်တို့ အဖိုးတွေက သားသမီးတွေနဲ့ မြို့သစ်ကလေးမှာ နေလာခဲ့ကြာတာ လေ။ ဘကြီးအောင်ကြီးလာတဲ့အထိပဲ… ။ ကျောင်းပိတ်ရက်တွေ ၊ လသာတဲ့ညဘက်တွေဆို…. ဘကြီးအောင်ရဲ့ အိမ်ခြံဝန်းလေးထဲမှာ ကလေးတွေမှ တပြုံကြီး….။ ဗဟုသုတ ပုံတိုပတ်စလေးတွေ ပြောတတ်တဲ့ ဘကြီးအောင်နားမှာ ကလေးတွေ ဝိုင်းနေတာပေါ့…။ မိုးအကုန် ဆောင်းအကူး မြောက်ပြန်လေအေးအေးတိုက် နေတဲ့….ညနေခင်းတစ်ခုမှာ…. ဘကြီးအောင် အရင်ကအကြောင်းတွေတောင် ပြန်စဉ်းစားမိနေသေးတယ်…..။ ကြာခဲ့ပါပြီဆိုတော့လည်း….. ဘကြီးအောင်တော့ အမှတ်ရနေတုန်း……။ […]


kaiAugust 20, 20121min05
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၂) အခန်း (၁၂) အေးဂျင့် Miller ဆီမှာ မေးခွန်း နောက်တခု ရှိနေပါသေးတယ်။ “ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုကို ကျွန်တော် စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ကို်ယ်ပျောက်လူတွေနဲ့ ပျောက်ကွယ် သွားတဲ့ သင်္ဘောင်္ကြး အကြောင်းပဲ။ ဒီကိစ္စနှစ်ရပ်အကြားမှာ ဆက်စပ်မှု ရှိနိုင်သလား” ” အဲဒီဆက်စပ်မှုကို ကျွန်မပြောပြီးပြီလေ။ Gravity ပဲပေါ့။ Unified Field Theory ကို မှတ်မိတယ် မဟုတ်လား။ anti-gravity field ကို ဖန်တီးနိုင်ရင် ဒါက time, space နဲ့ light ကို […]


  အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် သက်တန့်တစ်ခုက အလွမ်းဟု ကြေငြာစာတမ်းထိုးလိုက်ပါပြီ။ ဟုတ်ပါသည်။ ကျွန်တော် သူ့ကို လွမ်းပါသည်။ ထိုအလွမ်းကို နေဝင်ချိန်များက အသိအမှတ်ပြုကြသည်။ အိပ်တန်းတက်ငှက်တို့က အသိအမှတ်ပြုကြသည်။ လေတိုက်ရာ ယိမ်းထိုးနေသော သစ်အိုပင်ကြီးများက အသိအမှတ်ပြုကြသည်။ ကုန်ကုန်ပြောရပါလျှင် ရေကန်များ၊ အင်းအိုင်များ၊ တောင်တန်းများ အားလုံးက အသိအမှတ်ပြုလိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို လွမ်းပါသည်။ ကောင်းကင်နှင့် မလွတ်သော ကြယ်များက ခေါင်းငြိမ့်ထောက်ခံကြသည်။ နာရီလက်တံများက နောက်ပြန်ဆုတ်ရင်း အရည်ပျော်ကျသွားကြသည်။ သို့သော် သူကတော့ ကျွန်တော်ဆီ ရောက်မလာ။ ကျွန်တော် ထပ်ဆင့် လွမ်းရပြန်သည်။ ကျွန်တော်က အလွမ်းတွင် အက္ခရာမပါဘဲဖြင့် ဘဝဟူသော ဝါကျကို တည်ဆောက်ခဲ့သည်။ ပင်လယ်များက ကျွန်တော့်အတွက် ငိုကြသည်။ ကမာ္ဘက ကျွန်တော့်အတွက် မိုးချုပ်ပေးသည်။ […]