“အတု အစစ်နှင့် ….. အစစ် အတု”

(က)

တစ် နဲ့ နှစ် ရန်ဖြစ်ကြတယ်။ တစ်ကအာကျယ်ကျယ်နဲ့ ပြောတယ်။

“ငါကအဆင့် တစ်ကွ

မင်းထက်သာတယ်၊ ဘာမှတ်လဲ …”

နှစ်ကဘာမှ ပြန်မပြောဘူး။ စာရွက်ပေါ်မှာတစ်ခုချရေးပြတယ်။

“၂ > ၁” တဲ့။

နောက်တော့ ဘာတွေဆက်ဖြစ်ကြလဲမသိပါဘူး။ ကျွန်တော်လှည့်ထွက်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် သုညဖြစ်သွားတယ်။

(ခ)

အဘိုးအိုကထရီဇာကိုတစ်ချက်ကြည့်ပြီခေါင်းကိုခါရမ်းလိုက်တယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့လည်းသူကဘာမှ ပြန်မပြောဘူး။ ဒီလူဘယ်လိုလူလဲလို့ တွေးပြီး ကျွန်တော်လည်းခေါင်းကိုခါရမ်းလိုက်တယ်။

 

(ဂ)

“မင်းကရင်နင့်အောင်လား”

“အင်းလေ”

“ငါ့နာမည်လဲရင်နင့်အောင်ဆိုရင် ရင်နင့်အောင် ဘယ်နှစ်ယောက်ဖြစ်သွားမလဲ”

“နှစ်ယောက်ပေါ့ဗျာ”

“ဒါဆိုဘယ်သူကရင်နင့်အောင် အစစ်လဲ”

“ဟ .. ကျွန်တော်ကအစစ်ပေါ့ဗျ”

“ဘာလို့လဲ … ငါနာမည်လဲရင်နင့်အောင် ပဲလေ”

“ဟာ .. နာမည်နဲ့တော့ အစစ်အတုခွဲလို့ ရမလား”

“ဒါဆိုမင်းကဘာနဲ့ အတုအစစ်ခွဲမှာလဲ”

“ ………………..”

ကျွန်တော်မသိတော့ဘူးဗျာ။ ခင်များတို့ ခွဲခြားနည်းသိရင်လည်းလာပြောကြဦး။

 

(ဃ)

ထမင်းဆိုင်မှာထမင်းစားနေတုန်းရင်နင့်အောင် ဆိုတဲ့ လူတစ်ယောက် အပေါင်းအပါတွေနဲ့ရောက်လာတယ်။ သူတို့ အချင်းချင်းတီးတိုးပြောနေကြတယ်။

“တွေ့လားဟိုးဘက် ဝိုင်းမှာ ထိုင်နေတဲ့ ကောင်”

ကျွန်တော်ကိုမေးငေါ့ပြပြီးသူကဆက်ပြောတယ်။

“လူပုံကဘာကောင်မှန်းမသိဘူး

သူ့ကိုယ်သူရင်နင့်အောင်တဲ့

ဒီခေတ်ကြီးမှာရင်နင့်အောင် အတုတွေကလည်းပေါပါဘိသနဲ့

မင်းတို့လည်းရင်နင့်အောင်အတုတွေနဲ့ သိပ်မပေါင်းကြနဲ့ ကြားလား”

ကျွန်တော် ဒေါသထွက်ထွက်နဲ့ ထမင်းဆိုင်ထဲမှာထအော်လိုက်တယ်။

          “ငါကရင်နင့်အောင် အစစ်ကွ”

ထမင်းစားနေတဲ့ လူတွေအကုန် ကျွန်တော့်ကိုအူကြောင်ကြောင်နဲ့ လှည့်ကြည့်ကြတာပေါ့။ ခဏနေတော့မှ အားလုံးကသဘောပေါက်သွားပုံရပါတယ်။

ဝါး..ဟားဟား ဆိုပြီး ဝိုင်းရယ်ကြရော။

 

ရင်နင့်အောင်

5 comments

  • YE YINT HLAING

    August 25, 2012 at 11:12 am

    အတု အစစ်
    အဖု အထစ်
    ဘယ်သူ့ အပြစ်
    အထု အဆစ်
    ဂျပု အပြစ်
    ဂလု ဂလစ်
    ကျလိ ကျလိ ။ ။

    ဘာရယ် ဟုတ်ဘူး — ကိုကြောင် တို့ ကိုပေ တို့ကို အားကျလို့ ။

    Reply

  • မောင်မောင်ဂေါက်

    August 25, 2012 at 11:48 am

    နာမည်တူ၊ လူတူ မရှားဒဲ့ …
    ခညားက ရင်နင့်အောင် ..
    ကျုပ်လည်း ရင်နင့်အောင်ဘဲ ..
    သို့ပေမယ့် ကျုပ်က ဂေါက်နေဒဲ့ ရင်နင့်အောင် .. :mrgreen:

    Reply

  • မောင်ပေ

    August 25, 2012 at 12:28 pm

    ကိုရင်နင့်အောင် အစစ် ထုဆစ်ထားတဲ့
    စကားလုံးတွေကြားမှာ
    ကျုပ်ကိုယ်တိုင်လဲ အစစ်ဖြစ်ရဲ ့လားလို ့
    အတွေးပွားရင်းးးး….။

    Reply

    • နေဝန်းနီ

      August 25, 2012 at 9:55 pm

      မောင်ပေ အစစ် ဟုတ်/ မဟုတ် မဒမ်ပေ့ကို ပြန်မေးကြည့်ပေါ့…။ ကပေရဲ့….. 😛 😛

      Reply

  • ကိုသင်း

    August 25, 2012 at 11:25 pm

    တစ်ခါက သူငယ်ချင်း တစ်ယောက်ပါ၊ ဆေးပေါ့လိပ်
    တစ်အားသောက်တယ် ၊ သူသောက်တာက ခြသေ့်
    သုံးကောင် ၊ကွမ်းယာဆိုင်မှာဝယ်လို ့ အစစ်မဟုတ်
    ရင် အားမနာဘူး၊ဖွာကြည့်ပြိး ရှေ ့မှာတင်ချိ ုးပစ်တာ
    တစ်ရက် ကျွန်တော် ခြသေ့်သုံးကောင်ပင်ရင်းကို
    ရောက်တော့ သူ့ ့ကိုသတိရလို ့ဆေးလိပ် ငါးဆယ်စည်း
    တစ်ထုတ်ဝယ်လာပြိး လက်ဆောင်ပေးလိုက်တယ်
    နောက်တစ်နေ ့သူဘာပြောတယ်မှတ်သလဲ……..
    “မင်းတော်တော်ဆိုးတဲ့ကောင် နောက်စရာရှားလို ့
    ဆေးလိပ်အတုတွေ ဝယ်လာပြိးနောက်ရ သလားတဲ့”
    ဒါဆို အရင်သူသောက်နေတာတွေက……….?

    ကိုမြကြိး သိချင်းလေး သတိရတယ်ဗျာ၊ ဘာတဲ့
    “သခ်ါရကို အစဉ်ထာဝရမှတ်ရင် သင် အနာတရဖြစ်မည်”

    Reply

Leave a Reply

Your email address will not be published.