NovyAugust 17, 20121min043
မနေ့က ညနေရုံးကနေ အိမ်ပြန်ရောက်တော့ မေမေရဲ့ ကျန်းမားရေးအခြေအနေက အေးအေးဆေးဆေး ပါပဲ မနိုနဲ့ ဂျူနီယာနိုဗီ ထမင်းစား ပြီးတော့တီဗီကြည့်နေတဲ့ အချိန်မှာတောင် မေမေကစကားပြော ရင်လုပ်စရာရှိတာ လုပ်နေသေးတယ် 8နာရီထိုးတော့ မေမေက အိပ်ယာထဲဝင်တယ် တယ် ဂျူနီယာနိုဗီက စာကျတ် မနိုကတော့ မနက်စာအတွက် ညထဲကပြင်ဆင်ချက်ပြုတ် ပြီးတော့ ဂျုံစေ့ကျိုစားချင်တာနဲ့ ဂျုံစေတွေပြုတ်ပြီးတော့မှ နွားနို့နဲ့ပြန်ကျို ကျတ်သွားတော့ မနက် မေမေဆွမ်းတော်ကပ်ဖို့ ဦးဖယ် ကိုယ်စားဖို့ ပုဂံလေးထဲထဲ့ပြီး ဂျိမ်းစဘွန်းကားလေကြည့် ဂျုံကျိုလေးစားပြီးဇိမ်ယူနေတာပေါ့ ဂျူနီယာနိုဗီကလည်း စာကျတ်ပြီးသွားတော့ တီဗွီကြည့်ရင် ဆော့နေတာပေါ့ အချိန်က ည 10း30 ကျော်နေပြီ မေမေတောင် တရေးနိုးလာပြီ အပေါ့ထသွားရင်နဲ့ သူခေါင်းမူနေတယ်လို့ပြောပြီး လေတွေလဲအန်တယ် ဒါနဲ့ B6 ဒိုင်ဂျင်ကို ့ကွေကာအုပ်လေနဲ့ တိုက်လိုက်တယ် ပြီးတော့ […]


ムラカミAugust 16, 20122min019
လောကဓါတ်ပညာရှင် အူးခိုင်တယောက် … အခုတလော ..အတော် လက်ဆော့လေသည်…။ သို့သော် ယခု လက်ဆော့နည်းမှာကား … အဆန်းတည်း …။ ထိုလက်ဆော့နည်း ကို သူတွေးမိသည်မှာကား …ရွာသူရွာသား တို့ ၏ စနက်လည်း မကင်းပါချေ …   ဟုတ်သည်….။ ထိပ်ဆုံး ဇနပုဒ်သား ၄-၅ယောက် ကို ပုဂံခေတ် တွင် သွားပစ်ချလိုက်ရာ….ရွာသူား အပေါင်းတို့က ကနောင် မင်းသားကြီးကို ဖောရိန်းစတာဒီ လွှတ်မယ် ပြောလိုပြော … ဗိုလ်ချုပ်ကို ကယ်မယ် ဆိုသူဆို ၈လေးလုံးကို ဖျောက်မယ် ကြံသူကြံနှင့် … အူးခိုင် အတွက် အလွန်အင်မတန် အတွေးအခေါ်အသစ်တွေ ..ကွန့်မြူးစရာ … အိုင်ဒီယာ အသစ်တွေ ရရှိလာခဲ့တော့သတည်း…။   သို့သော် […]


  (က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။   (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… […]


MandalayTharAugust 14, 20121min06
ရန်ကင်းတောင်နဲ့ ရေစက်ကို ပါတာလို့ဘဲပြောရမှာဘဲ… ငယ်ငယ်တုန်းက မန္တလေးနဲ့ နီးနေတော့ မန္တလေးတောင်ကို တကူးတက မသွားဖြစ်ဘူး။ ဒါပေမဲ့လည်း ရန်ကင်းတောင်ကျတော့ အောင်ပင်လယ် လယ်ပြင်ကြီးကို ဖြတ်ပြီး တကူးတကသွားဖြစ်လို့လားမသိဘူး။ နှစ်စဉ်နွေရာသီကျောင်းပိတ်လို့ ကျောင်းဖွင့်ခါနီးဆို အမြဲလိုလို အိမ်ကလိုက်ပို့ပြီး သွားဖြစ်ကြတယ်။ သွားတိုင်းလည်း တိုက်ဆိုင်လို့လား မသိဘူး အမြဲမိုးရွာတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် စိမ်းနေတဲ့ အောင်ပင်လယ် လယ်ကွင်းတွေ ပေါ်မှာ မိုးတွေကွက်ပြီး ရွာနေတဲ့ ရှုခင်းတွေက ဒီနေ့အထိ အမှတ်ရနေခဲ့တယ်။ အိမ်က လူကြီးတွေက နှစ်စဉ်နွေရာသီဆို တနေရာမဟုတ်တနေရာပို့ပေးတယ်။ နေ့ချင်းပြန်တွေပေါ့။ ကျောက်ဆည် ကျောက်သင်္ဘောတို့၊ မုံရွာ ဘောဒိတစ်ထောင်တို့၊ စစ်ကိုင်းတို့၊ မင်းကွန်းတို့၊ အင်းဝတို့ တနေရာမဟုတ်တနေရာ ပို့ပေးတယ်။ ဝမ်းကွဲ ညီအစ်ကိုတွေ တသိုက်နဲ့ သွားခဲ့တဲ့ မိသားစု ပျော်ပွဲစားလေးပေါ့။ […]


ムラカミAugust 14, 20121min032
ဒီမယ်… နှင်းကေသရာ ကျုပ်တို့ တိုက်နေတဲ့ စစ်တွေ ဘယ်တော့များမှ အဆုံးသတ်မလဲလို့မေးလာရင် ကျုပ်တို့အရှင် သုရှင် ကိုယ်တော်ကြီး က များပြားလှစွာသော ခေါဘဏီ တပ်ကြီးကိုစီမံပြီးသကာလ ဟောဒီ ဇမ္ဗူတခွင်လုံးက တိုင်းပြည်တွေကို အောင်နိုင်ပြီး တဲ့ အခါ လို့ ပဲ ကျုပ်ဖြေမယ်… ကဲကဲ… ကျုပ်သွားမယ် နှင်းကေသရာ…   အံကိုတင်းတင်းကြိတ်… အဲမောင်းကို မြဲမြဲစွဲလို့ …ယောက်ျားပီပီသသ ..တလှမ်းချင်း မြင်းရှိရာကို ထွက်သွားသူက … မွန်သူရဲကောင်း မတ်သံလုံ…. ထိုစဉ်… ကောင်းကင်ပြင်၌ လျှပ်ပန်းလျှပ်နွယ်များ..ပေါ်လာပြီးနောက် ..သူရဲကောင်း မတ်သံလုံတယောက် ကမာ္ဘမြေမှ ပျောက်ကွယ်သွားလေတော့ သတည်း..။   ပိတ်သတ်ကြီး သိကြတဲ့အတိုင်းဖြစ်ပါသည်…. ။ အိုင်းစတိုင်းအိ သီအိုရီများ ..ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်များ စသည်ကို အလုံးစုံ […]


ခင္ခAugust 13, 20121min012
ဝဿုန္ဒေနတ်မင်းလည်း ငိုရှာပြီ။ မနေ့က နေ့လည်ဖက် မြောက်ပြင်ဘက်က သူငယ်ချင်းတစ်ယောက်ဆီ သွားရင်းနဲ့ အပြန် မာမီစံရဲ့ ပန်းလက်ဆောင်    ရောင်းတဲ့ဆိုင်ကို ဝင်ခဲ့လိုက်တယ်၊ မန္တလေးမှာ ကျုံးမြို့ရိုးှနှင့် နန်းတော်ကိုအခြေပြုပြီး နန်းတော်၏ အရှေ့အရပ် ၌  နေသူ များကို နန်းရှေ့ ၊ နန်းတော်၏ မြောက်အရပ်၌ နေသူများကို မြောက်ပြင် စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ မာမီစံရဲ့ Flower Gift Shop ဆိုင်ကို တံခါးလေးဖွင့်ဝင်လိုက်တာနဲ့ မာမီစံ – ဟယ် ခင်ခ မပေါ်လာအတော်ကြာတာ အခုဘယ်ကနေ မျက်စိလည်လာတာတုံး။ ကျွန်တော် – ဘယ်ကမှ လည်လာတာမဟုတ်တ်ပါဘူး မာမီစီကိုဘဲလာတာပါ၊ မွေးနေ့က ဆုတောင်းလက်ဆောင်ပန်းပို့ပေး လိုက်တာ ရတဲ့အကြာင်းနဲ့ ကျေးဇူးတင်ကြောင်းလာပြောတာ။ သတိတရပို့ပေးလို့ ကျေးဇူးနော်။ မာမီစံ – […]


alinsettAugust 12, 20122min014
  ”  မိအေး..။ ညည်း  ..နီတာလေးကို သွားချောင်းပြိီ  ….. ပြန်လာတာ မဟုတ်လား..”   မိအေးက  ..  ခေါင်းပေါ်မှ အကြော် ဗန်းကို   ဂွမ်းခနဲ ပစ်ချလိုက်ပြီး….   ”    အမေကလည်း..ကျွန်မ သမီးလေးကို  လွမ်း.လွန်းလို ့ပါ… ”  ဟု ပြန်ပြောသည် ။   ဒေါ်စိန်တင်က   သမီးဖြစ်သူ မိအေး၏   အပူသည်ရုပ်ကို ကြည့်ရင်း… ”  မိအေးရယ် ..။ ညည်းကိုလည်း..ငါ နေ့ ့တိုင်းကို ပြောနေရတာပဲ.  အေ…။  ဒီ ကလေးကို သံယောဇဉ်..ဖြတ်ပါတော့…ဆို ..။   ငါလည်း.ဒီကလေးကို ချစ်တာပဲ.။  ငါ့ မြေးမ လေးပဲ..။  ဒါပေမယ် ့  ဟိုအကောင့်  ကို […]


Ko out of...August 7, 20121min06
ဦးသော်ကောင်းနှင့် မောင်ဇေယျာ စီစဉ်တဲ့..ဦးသန့်ရဲ့လက်ရွှေးစင် စာစုထဲက ဝတ္ထုတိုလေးပါ… – တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်တဲ့ အတွက် သူငယ်ချင်း ၄-၅ ယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာပြီး ထွေရာလေးပါးပြောကြပါသည်… တယောက်ပြီးတယောက် မိမိတို့ တသက်တွင် မှတ်သားစရာ အကောင်းဆုံးအကြောင်းအရာ များကို ပြန်ပြောကြရာ..ကဲဗျာ..ကိုစိုးသိမ်း..ခင်ဗျာတစ်ယောက်ဘဲ ကျန်တော့တယ်..ကဲကဲ လုပ်ပါဦး.. ” ကဲ..နားထောင်ကြ..ကျွန်တော်ပြောပါ့မယ်…. ကျွန်တော်ဆယ်တန်းအောင်တုံး ဆယ်တန်း ပထမနှစ်တုံးက လမ်းမတော် ဝိုင်အမ်စီအေမှာ တစ်နှစ်နေခဲ့ရတယ်…ဆန်းတာ တခုက ကျွန်တော်အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ…အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူရဲ့ မျက်နှာတခုလို ထင်နေတယ်…အုတ်ချပ်ကွာတာတော့ အများကြီးပေါ့..ဒါပေမဲ့ ဒီကွာကျတဲ့ အုတ်ကွက် တကွက် တည်းက ဆန်းနေတာ..သိပ်အံ့ဩစရာ ကောင်းတာဘဲ… မနက်အိပ်ရာထထချင်း ပြုတင်းပေါက်က နေရောင်ထိုးပြီဆိုရင် ဒီမျက်နှာဟာ တကယ့် […]


ပြီးခဲ့သောတစ်ပတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်က ဖြစ်လေသည်။ ကျနော် ရွာစားကျော်သည် စိတ်အားလက်အားရှိသည့်အလျောက် ရုံးဖွင့်ရက်တွေမှာ သေချာငုံ့မကြည့်ဘဲ ခိုင်းချင်သလိုခိုင်းထားသည့် စီးတော်ယာဉ်မော်တော်ဖွတ်ချက်လေး၏ ကြံ့ခိုင်ရေးကို စစ်ဆေးကြည့်မိသည်။ ကျနော့ဆိုင်ကယ်နောက်ဘီးမှာ လေထိုးပါသော်လည်း မကြာ ပြန်ကာ ပြားပြားသွားနေသလို ဘရိတ်ကလည်း အတော်နင်းမှ မိချင်ချင်ဖြစ်နေပါသည်။ ဘီးပေါက်သလို ထိုးသမျှလေ အကုန်ထွက်တာလည်း မဟုတ်..။ သေချာကြည့်တော့ ဘားတိုင်က လေထွက်နေတာ ဖြစ်သည်။ ကျွတ်အဟောင်း တစ်ခုက ဘားဆံလေးနဲ့ လဲသုံးလို့ အိုကေနိုင်သေးသည်။ ဘရိတ်မမိတာကတော့ ဘရိတ်ရှူး အသစ်လဲမှကောင်းမည် ဆုံးဖြတ်ကာ လိုတဲ့ပစ္စည်းပြေးဝယ်လို့ ကိုယ်တိုင် ပြင်ဆင်ဖို့ လုပ်ပါတယ်…။ ရာသီဥတုက မိုးလေးတစိုစိုကြောင့် လမ်းကလျှော်တတ်တာမို့ အနာ္တရာယ်ကင်းဖို့လည်း ဂရုထားရပေမည်မဟုတ်ပါလား။ ကျနော် တကုပ်ကုပ်နဲ့ ဘီးဖြုတ်၊ ဘာဖြုတ်လုပ်နေတော့ ဇနီးသည် ရှင်မွေးလွန်းက ခွလေးယူပေး၊ […]


etoneAugust 3, 20121min032
စိတ်ထဲမှာ တစ်ခုခုခံစားမှု ဖြစ်လာတိုင်း ရွာထဲဝင်ပြီးရေးဖြစ်တဲ့ အကျင့်လေးရှိတာမို့ ဒီတစ်ခါလည်း စိတ်ထဲမှာ ပြင်းပြင်းပြပြဝေဒနာစွဲကပ်နေတာကြောင့် မျက်နှာပူပူနဲ့ပဲ ရွာထဲမှာ ရင်ဖွင့်ခဲ့ပါတယ် ။ ကျွန်မလက်တလောခံစားနေရတဲ့ ဝေဒနာက စွဲလမ်းမှုဝေဒနာပါ ။ ဒီလိုဝေဒနာမျိုး စိတ်ထဲ ပြင်းပြင်းပြပြခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိပါတယ် ။ စွဲလမ်းစိတ်နဲ့ ရူးချင်ချင်တောင်ဖြစ်နေမိတာ ပွင့်လင်းစွာနဲ့ ဝန်ခံပါတယ် ။ ပြောလျှင်တောင် ယုံကြမယ်မထင်ဘူး … ကျွန်မသူ့ကို တကြိမ်တစ်ခါမှ မမြင်ဖူးပဲနဲ့ အသံကြားရုံနဲ့ စွဲလမ်းမိပါတယ် ။ သူ့ကိုစွဲလမ်းတယ်လို့ ပြောရမှာထက် … သူ့အသံကို စွဲလမ်းမိတယ်လို့ ပြောလျှင ်ပိုမှန်ပါလိမ့်မယ် ။ ကြားလိုက်တာနဲ့ ကျွန်မအတွက်တော့ …. လန်းဆန်းပျော်ရွှင်စိတ်ကို ဖြစ်စေနိုင်တဲ့ အသံမျိုးပါ ။ သူ့အသံကြားရလျှင်ပဲ ရင်ခုန်နှုန်းတွေမြန်သွားပြီး ပျော်လာသလိုလို တဆက်တည်းခံစားမိပြန်တယ် […]


may flowersAugust 1, 20125min019
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအဝိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေး စားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မ ကြောင့်မကျ မတောင့်မတ ဘဝမျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘဝကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။ ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေ ရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ဝိပသနာတရားစခန်းတွေကို လည်းမကြာခ ဏ အလျှင်းသင့်သလို ဝင်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီး နဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ […]


kaiAugust 1, 201230min05
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၁) အခန်း (၁၁) ကျွန်မတို့တွေ အိမ်ထဲပြန်ဝင်သွားကြပါတယ်။ အဖိုးက နံနက်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတုန်းမှာပဲ အေးဂျင့် Miller က စကားကို ဆက်ပါတယ်။ “ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တချို့ဖိုင်တွေက ထိပ်တန်းလျှို့ဝှက်ဖိုင်တွေ ဖြစ်နေတာကြောင့် ကျွန်တော့်လို အေးဂျင့်တယောက်အနေနဲ့ ဖတ်ရှုခွင့် မရှိပါဘူး။ ဒီလို classified files တွေကို ဖတ်ခွင့်ရှိတာ သမ္မတနဲ့ သူ့ရဲ့ ထိပ်တန်းအကြံပေး ပုဂိ္ဂုလ်တွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် hackers တွေကမှလဲ ဒီဖိုင်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ တချို့ဖိုင်တွေဟာ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ စာတွေလဲ ပါဝင်ပါတယ်။ […]


marblecommetAugust 1, 20121min013
ပဉ္စဂုဏံ အဟံ ဝန္ဒာမိ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တည်းဟူသော အနန္တောအနန္ဒ ငါးပါး ဟူသည်လတ်ကား ကျွန်ုပ်၏ ကိုးကွယ် ဆည်းကပ်ရာပါပေ။ အကျွန်ုပ်၏ နှလုံးသည်းပွတ်သည်ကား ဤအရာ ငါးပါး၌ သိပ်သည်းပျော်ဝင်ပါပေါ ဘိ၏။ သို့မို့ကလိုကြောင့် အနှီလို ဘုရား၊ တရား၊ သံဃာ၊ မိဘ တည်းဟူသော ကျေးဇူးတော်ရှင်များကို ဦးထိပ်မှာ ထားပြီး သကာလ ဆရာတည်းဟူသော ကျေးဇူး ရှင်သည်လည်း ကျွန်ုပ်ဘဝ၌ များမြောင်လှစွာသော ကျေးဇူးအနန္ဒကို ပြုခဲ့ကြသူများ ဖြစ်ပါချေဘိ၏။ xxxxxxx အခု ကျွန်ုပ်ရည်ညွှန်းလိုဘိသည့် ဆရာတစ်ပါး ရှိချေ၏။ အကျွန်ုပ်တည်းဟူသော အပုပ်ကောင် ရုပ်ဆောင်သည့် အကုသိုလ် အတုံးအခဲလေး၏ ပကတိ ပစ္စုပ္ပုန် လက်ရှိအခု အစာအာဟာရ မှီခိုရာ […]