SawAungSeptember 6, 20123min03
“ဒေါင်……..ဒေါင်………………………..” “အငယ်ကောင်….အကြီးကောင် မြန်မြန်လာဟဲ့ နင်တို့ကလည်း ဟိုမှာကျောင်းတက် ခေါင်းလာင်းက ထိုးနေပြီ”           ခပ်သုတ်သုတ်ခြေလှမ်းတွေနှင့် တစ်ဖက်ကလည်း (၂)နှစ်အရွယ်သမီးနှင့်မို့ မနှင်းဝေ မောရမှန်းမသိပေ။ “မြန်မြန်ဝင်….တော်ကြာ ဒဏ်ရိုက်ခံနေရမယ်… နေ့လည် ကျောင်းဆင်းရင် စောင့်နေကျ နေရာမှာပဲ စောင့်နေကြနော်”           ကျောင်းဝန်းထဲပြေးဝင်သွားတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး နဖူးမှချွေးစကို လက်ဖြင့်သုတ်ကာ ဖယ်ချလိုက်သည်။ ခပ်စူးစူးနေရောင်က မနှင်းဝေရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေ၏။ သမီး ကိုချီဖို့ လက်ကိုခပ်ဆွဆွအားယူကာ အိမ်သို့အပြေးနှင်ရဦးမည်။ မနေ့ကကြားသော သတင်းကြာင့် တစ်ညလုံးအိပ်လို့မပျော်သောခန္ဓာကိုယ်ခပ်ယိုင်ယိုင်ဖြစ်နေသည်။ ကားလမ်းတစ် ဖက်ကိုကူးရင်း ကားများရဲ့လေတိုးသော အရှိန်ကလူကိုလွင့်မတတ်ဖြစ်နေသည်။ မနှင်းဝေ ခြေလှမ်းတွေကတော့ ယိုင်နဲ့နဲ့နှင့်ခပ်သွက်သွက်ပင်။ နေ့လည်ကျောင်းဆင်းချိန်အမီ သား နှစ်ယောက်အတွက် ထမင်းချိုင့်အား အမြန်ချက်ပြုတ်ရဦးမည်။                    ****************************************           ငမိုးရိပ်ချောင်းနှင့် လယ်ကွင်းပြင်များမှ တိုက်ခတ်လာသော လေခပ်ပြင်းပြင်းများက […]


si toneAugust 31, 20122min08
အင်း……………. Si Tone ဒီကားလေးကို အရမ်းကြိုက်ပါတယ်….. ရွာထဲက သူငယ်ချင်းတွေလဲ ဒီရှပ်ရုင်လေးကို ကြည့်စေချင်တယ်… ဒီရှပ်ရုင်လေးက friendship နဲ့ love နဲ့ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းလေးပါ……. ဇာတ်ကောင်က Richel (ရစ် ချယ်)ဆိုတဲ့ ကောင်းမလေးရဲ့ ဇာတ်ကောင်ပါ ရိုရှင်းတဲ့ drama ကားလေးပါ…… ဇာတ်လမ်းအကျဉ်းလေး Si Tone ပြောပြမယ်……… Richel ဆိုတဲ့ ကောင်းမလေးနဲ့ Darsy ( ဒေဆီ ) ဆိုတဲ့ကောင်းမလေး တို့က ငယ်ငယ်ကတည်း သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ……… အတူနေ အတူသွား အတူစား အတူအိပ် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ…. သူတို့တွေ အရွယ်တွေရလာတဲ့ အချိန်မှာ… Dex ( ဒက်စ် ) ဆိုတဲ့ […]


si toneAugust 31, 20121min011
အင်း….. ဒီတစ်ခါ Si Tone shopping ထွက်တဲ့အကြောင်းအရင်းကိုပြောပြပါ့မယ်…… ရွာထဲက သူငယ်ချင်းတွေလဲ shopping ထွက်ရတာ ဝါသနာပါမယ်လို့ Si Tone ထင်ပါတယ်…. အဲလိုပဲ.. Si Tone လဲ shopping ထွက်ရတာ ဝါသနာပါ ပါတယ်…. ရွာထဲက သူငယ်ချင်းတွေ shopping ထွက်ပြီးဆိုရင် shopping Mall ထဲမှာ ဘာတွေကို အရင်ကြည့်လဲ……? Si Tone ကတော့ ဘယ် shopping mall တွေပဲ ဝင်ဝင်… music city , music and book စသဖြင့် အဲဒီအပိုင်းထဲကို ဝင်ကြည့်တယ်….. ဘာဖြစ်လဲဆိုတော့ Si Tone က သီချင်းတွေပက်သပ်ရင် အကုန် စိတ်ဝင်စားတယ်…. […]


SawAungAugust 31, 20121min06
“Happy Birthday ပါသား….. ရော့သားအတွက်… အဖေ့ရဲ့ မွေးနေ့လက်ဆောင်….” ဖေဖေပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ဆိုတဲ့အရာ ကျွန်တော့်လက်ပေါ်ကိုရောက်လာတယ်…။ “ဟာ…. Iphone …… အဖေသားကို တကယ်ပေးတာနော်…….” ဖေဖေ အောင်မော်ကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်တယ်…။ ကျွန်တော်အရမ်းပျော်သွားသည် ဟန်းဖုန်းလိုချင်နေတာကြာပြီလေ…။ GTC  တက်နေတော့လည်း ကျောင်းမှာ ဟန်းဖုန်းတွေတကိုင်ကိုင်ဆိုတော့ လိုချင်နေခဲ့တာကြာပြီ။ အဖေ့ကိုရော အမေ့ကိုပါ ပူဆာတာ ဝယ်ပေးမယ် မပေးဘူး အဖြေလည်း ပြန်မပေး..။ ခုတော့… မွေးနေ့လက်ဆောင်အဖြစ်ရောက်လာပြီ..။ ပေးမယ့်ပေးတော့လည်း iphone… သူငယ်ချင်းတွေ လျှောက်ကြွားဦးမယ်ဆိုပြီး အောင်မော်အပြင်ကို ထွက်လာမိတယ်….။ “ဟေ့ရောင်….. စိုးမိုး… ဘယ်သွားမလို့လဲကွ…..” စိုးမိုးဆိုတာ အောင်မော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းတူတူတက်နေတဲ့ သူငယ်ချင်းလေ….။ တက္ကသိုလ်ရောက်တော့လည်း တူတူပဲဆိုတော့ အရမ်းခင်တဲ့ သူငယ်ချင်း….။ “ဒီနေ့..ငါ့မွေးနေ့လေကွာ… ဒါကြောင့်ဘုရားသွားမလို့….” “ဟာ…. […]


မိုခ်ိဳAugust 30, 20121min019
“သားရယ် အမေ မပါပဲ ဘယ် ကို ထွက်သွား ရ တာလဲ ” ဆိုတဲ့ အသံ နဲ့ အတူ သူတို့ အိမ် ထဲက မိန်း မ ဝဝကြီး တစ်ယောက် အပြေး အလွှား ထွက် လာ တာ ကို တွေ့ လိုက် ရတယ်…ချည်သား ဘောင်း ဘီ ပွပွ ကြီး ဝတ်လို့ ဆံပင် ဖရိုဖရဲ နဲ့ အဲဒီ မိန်းမကြီး က သူ့ လက်ကို လှမ်း ဆွဲ ခေါ် သွားတော့ သူ့ မှာ မေလေး ကို ပြော စရာ အပြည့် ရှိ တဲ့ […]


မိုခ်ိဳAugust 30, 20121min09
တီးတောင်….တီးတောင်…. ရုံး မဆင်းခင် ၁ဝ မိနစ် ကြိုပေး ထားတဲ့ ဖုန်း alarm သံ လေး မြည် လာ လို့ …..မေလေး…. ရင်ထဲလှိုက် ကနဲ ခုန်သွားတယ်။ ဟုတ်တယ် လေ သူနဲ့ တွေ့ ရ တော့ မှာ ကိုး…..သူ ဆိုတာ က မေလေး တို့လမ်း ထိပ် အိမ် က လူ ပေါ့ ။သူ့ ကို မေလေး သတ်ိထား မိ တာ ၁ လ လောက် ရှိ ရော့ မယ်။ အလုပ်သွား အလုပ် ပြန် လမ်း ထိပ်မှာရပ်တဲ့ ဖယ်ရီစောင့်စီး ရ တဲ့ […]


  စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။ ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။ မျက်နှာများတိုင်း မကောင်းဘူးတော့ […]


SawAungAugust 29, 20121min014
မခင်ချိုမျက်လုံးများကို…. အားယူကာဖွင့်ကြည့်မိသည်။ လှုပ်ရှားလို့မရအောင်ပင် မခင်ချိုတစ်ကိုယ်လုံး အားအင်များချည့်နဲ့နေလေသည်။ မခင်ချိုနားထဲတွင်… မီးရထားသံကြီးတစ်ခု လွှမ်းမိုးနေ၍ မခင်ချိုအသက်လုပြီး ပြေးနေရ၏။ မခင်ချိုအိပ်နေသော အခန်းဝတွင် လူတစ်ယောက်သည် မခင်ချိုအား သွေးစွန်းပေနေသော ခေါင်းအုံး တစ်လုံးအား လာရောက်ကမ်းပေးနေလေသည်။ မခင်ချို ထိုလူပေးသောခေါင်းအုံးအား မယူဘဲ အော်ဟစ်ကာနေလေ တော့သည်…။ အရာရာသည်အမှောင်အတိဖုံးလွှမ်း၍ မခင်ချိုလွင့်မျောချင်ရာ လွင့်မျောနေမိတော့သည်။ ***                        ***                        ***                        *** လူနာကုတင်နံဘေးတွင် အိပ်ငိုက်နေရင်းနှင့်ပင် မသီတာသူကအဒေါ်ဖြစ်သူအား ကြည့်ရင်းပင် တရားရမိသည်။ “ပညာရှိ သတိဖြစ်ခဲ” ဆိုသလိုပင်… အရာရာတွင် ကိန်းကြီးခန်းကြီးနိုင်လှသောအဒေါ်… ကျန်းမာရေးကိုအလွန်ဂရုစိုက် သောအဒေါ်… အသန့်အပြန့်သဲသဲလှုပ်တတ်သော အဒေါ်…. အရာရာကိုငွေကြေးနှင့် တိုင်းတာတတ်သောအဒေါ်…..မခင်ချို၏ အဖြစ်အပျက်စတင်ရာကာလသည်……။ လွန်ခဲ့သော(၃)လခန့်…… ခွဲစိတ်မှုခံယူတော့မည် “ဆေးစစ်ချက်အဖြေအရတော့…မခင်ချိုရဲ့ သည်းခြေမှာကျောက်တည်နေတာပါ….” မခင်ချိုနှင့် ခင်ပွန်းဖြစ်သူကိုမြင့်စိန်တို့နှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။ မခင်ချိုဝမ်းဗိုက်သည် […]


SawAungAugust 28, 20121min05
ပိတ်လှောင်မွန်းကြပ် ကျွန်တော့်ရဲ့ တိုက်ခန်းပြတင်းဝမှာ စိုက်ထားတဲ့ အပင်လေးတွေကို ငေးကြည့်ရင်း …. ကျွန်တော်သူမကို သတိရမိသည်။ ယခုအချိန်တွင် သူမ ဘာတွေလုပ်နေမည်လဲ…..။ ကျွန်တော့်နဘေးတွင် သူမကိုယ်စား ဖြေသိမ့်ရန် သစ်ပင်ငယ်ကလေးများ အနည်းငယ်သာရှိ၏။ ပိတ်လှောင်သော တိုက်ခန်းငယ်လေးထဲတွင် ကျွန်တော်အပန်းဖြေစရာ သူတို့သာရှိနေသည်..။ “နှင်းဆီပန်းလေးတွေက ဆူးသာရှိတာ ကိုရဲရဲ့ သူတို့မှာ အကျိုးအာနိသင်တွေ အများကြီးရှိတယ်။ နှင်းဆီပန်းလေးတွေရဲ့ ပွင့်ဖတ်လေးတွေကို ရေစိမ်ပြီးချိုးရင် အသားအရေလှတယ်။ ပွင့်ဖတ်ခြောက်လေးတွေကို အခြောက်လှန်းပြီး… လက်ဖက်ခြောက်အနေနဲ့လည်း အသုံးပြုလို့ရတယ်လေ…” သစ်ပင်..ပန်းပင်အကြောင်းနှင့်ပတ်သက်လျှင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်သော သူမသည်… တခါတရံ ကျွန်တော့်ကိုပါမေ့နေတတ်၏။ ‘အသွင်တူတော့ အိမ်သူဖြစ်’ ဆိုသောစကားတွင် ကျွန်တော်နှင့်သူမတွင် များစွာခြားနားလျှက်ရှိသည်… ***                        ***                        ***                        *** သူမနှင့် အမှတ်မထင်တွေ့ဆုံခဲ့သောနေ့သည် ကျွန်တော်တို့တက်နေသောကျောင်းမှ သစ်ပင်စုပေါင်း စိုက်ပျိုးပွဲတစ်တစ်ခုမှာ […]


marblecommetAugust 28, 20121min022
ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေတဲ့ အိပ်မက်အသေတစ်ခုထဲက နိုးလာတယ်။ မနက် (၆)နာရီ။ ထုံးစံအတိုင်း တန်းလန်းကျန်နေသေးတဲ့ အိပ်မက်အသေကိုပဲ ဆယ့်ငါးမိနစ်လောက် ဆွဲဆန့်ထားကြည့်ပြန်တယ်။ ပြီးတော့ ထုံးစံအတိုင်းပါပဲ အဲဒီ အိပ်မက်ကို စိတ်ပျက်လက်ပျက်နဲ့ ခြင်ထောင်ကြိုးတန်းပေါ်ကို လုံးထွေး ပစ်တင်လိုက်တယ်။ လမ်းလှမ်းမီရာ အိပ်ရာဘေးက ရေဘူးကို လှမ်းဆွဲလိုက်တော့ ဆေးလိပ်ပြာခွက်ကို တိုက်မိပြီး မွကြေနေတဲ့ ဆေးလိပ်အတိုအစတွေနဲ့ ပြန်မှုန်တွေ အိပ်ရာဘေးမှာ ပြန့်ကြဲသွားတယ်။ ပြီးတော့မှ ရေဘူးကို ဖမ်းဆုပ်မိပြီး စိတ်အချဉ်ပေါက်ချင်နေတဲ့အတွေးတွေနဲ့ အားရပါးရရောသောက် ပစ်လိုက်တယ်။ ငါ တစ်နေ့ နိုုးထရပြန်ပြီ…..။ …………xxx……….. ထုံးစံအတိုင်း အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တော့ ဝရန်ဒါလက်ရမ်းမှာ ခိုနားနေကြတဲ့ စာကလေးတွေကလည်း အမှတ်မရှိ ကြောက်လန့်တကြားနဲ့ ပျံပြေးသွားကြတယ်။ ပြီးတော့ ညက်ကနဲ တိုးဝင်လာတဲ့လေညှင်းတစ်အုပ်ကို အမှတ်မရှိ ကြက်သီးထစွာနဲ့ အငမ်းမရရှူရှိုက်မိပြန်ပါ […]


SawAungAugust 27, 20123min015
  အလုပ်မှပြန်ရောက်ရောက်ချင်းပင်… အိပ်ရာထဲသို့ ပစ်လှဲချလိုက်သည်။ နံရံပေါ်တွင်ချိတ်ထားသည့် ပြက္ခဒိန်ကိုတစ်ချက်ကြည့်မိသည်။ ဒီကိုရောက်တာ သုံးလပင်မပြည့်သေး။ အိမ်မှာအမေအဆင်ပြေရဲ့လားမသိ။ သမီးလေးရော နေကောင်းရဲ့လား….။ လှဲနေရင်းနှင့်ပင် ဖုန်းလေးကို ကျွန်မကောက်ကိုင်လိုက်မိသည်။ ဖုန်းထဲတွင်ကျန်သော ပိုက်ဆံမှာတစ်မိနစ်စာလောက်ပင် ရှိတော့၏။ မြန်မာပြည်တွင် ကျန်ခဲ့သည့် သမီးလေးနှင့်စကားပြောချင်တာတောင် တစ်လတစ်ခါမျှသာ ကံတရားက ကျွန်မကိုကန့်သတ်ခဲ့သလား ထင်မိသည်။ ဖုန်းကိုသာ ကျွန်မငေးကြည့်နေရင်း မျက်ရည်များအလိုလိုကျလာမိသည်။ လွန်ခဲ့သည့်လတုန်းက ကျွန်မအားပါဆယ်နှင့်ပို့လိုက်သော ကျွန်မသမီး၊တူမလေး၊မောင်လေးနှင့်အမေ့ပုံကိုသာ ပွတ်သပ်ကြည့်ရင်း ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ အတားအဆီးမရှိ စီးဆင်းနေတော့သည်။ “ မဂျူး ငိုနေပြန်ပြီလား…. မငိုပါနဲ့.. မဂျူးငိုရင် သမီးလည်းငိုချင်တယ်…”           ကျွန်မနှင့်အတူ ကျွန်မညီမလေးဝမ်းကွဲပါ သူတစ်ပါးနိုင်ငံတွင် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့သည် မဟုတ် လား။ ကျွန်မအတန်းပညာ (၅)တန်းသာတက်ခဲ့သည်။ ညီမလေးမှာ တက္ကသိုလ်တွင် Chemistry နှင့် ဘွဲ့ရ ပြီးသား….။ ယခင်က […]


SawAungAugust 26, 20121min013
“ဟဲ့…ဟိုမှာ … ဟိုမှာ…အမေရ…သမီးကြောက်တယ်…” မီမီ၏ အသံစူစူးသည်.. အားလုံးကို လန့်ဖျန့်သွားစေသည်… မီမီညွှန်ပြရာ အားလုံးကြည့်လိုက်သောအခါ…အိမ်ခြေရင်းမှ..ဝိုးတိုးဝါးတားအရိပ်တစ်ခုသည် သူတို့အားလုံးဆီသို့.. ဦးတည်ရျ်… လာနေသည်ကို တွေ့ရသည်။ “သဇင်..ငါကြောက်တယ်…ငါကြောက်တယ် လုပ်ပါဦး..” ကြည်ပြာမှ သဇင့်ကို အကူအညီတောင်းလေသည်…။ သဇင်လည်း ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ထားပုံရသည်…..။ ထိုအရိပ်သည်… တဖြည်းဖြည်းနီးကပ်ရျ်လာလေသည်…။ အားလုံးသည်….တုန်လှုပ်စွာကြည့်နေကြလေတော့သည်…..။ “ဝှစ်………” အသံအနည်းငယ်သာ မြည်သွားသည်….။ ထိုအရိပ်သည် ပရိတ်ကြိုးနားရောက်သောအခါ ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ အားလုံးပြိုင်တူ သက်ပြင်းချမိလေသည်….။ တစ်ယောက်နှင့်တစ်ယောက်….. တိတ်ဆိတ်စွာကြည့်နေကြသည်…..စိတ်ထဲတွင် အလိုလို နားလည်ကြသည်။ ထူးဇင်တို့အားလုံး ဘာလုပ်ရမည်နည်း…………။ ************************************************** ထိုစဉ်…….. ဝရန်တာတွင်…ရှိနေသော အရာတစ်ခုသည် ထူးဇင်တို့အား ကြည့်နေမည်ကို အားလုံးသိခဲ့ပါမှု……။ “ကဲ….ခုချိန်မှာ ငါတို့စဉ်းစားဖို့အချိန်ရပြီ… ငါလည်း ပြောမယ့်သာပြောတာ ကြောက်နေမိတယ်..” သဇင်က ပြောလေသည်….။ “ခုထိ အန္တရာယ် […]


si toneAugust 25, 20121min020
*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်…………. တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့ လာခေါ်တော့ Si Tone သူ ့ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ ့စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်………….. တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်…. တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပါွယ် မရှိတဲ့နေရာလေးပါ.. Si […]