ဖေဖေတဲ့………………………………။ ဘောလ်ပင်နဲ့စာရွက်အကွာအဝေးကပဲ ကျွန်မအတွက် ကမ္ဘာခြားလွန်းနေ သလိုလို။ ဆို့နင့်လာတဲ့လည်ချောင်းဝကနေ ကျွန်မအားတင်းပြီး ခေါ်ကြည့်မိသည်။ “ဖေဖေ……….”။ ထိုနာမ်စားအား ကျွန်မနှုတ်ဖျားက ခေါ်ခွင့်မရခဲ့တာ နှစ်ပေါင်း(၂၁)နှစ်ရှိတော့မယ်။ စာရွက်ပေါ်မှာရေးမိတဲ့ စာသားတွေက ဝတ္တုတစ်ပုဒ်မဟုတ်ဘဲ ဖေဖေဆိုတဲ့စာသားတွေဖြစ်နေမိတာ ကျွန်မ မမှားပေ။ တစ်ချက်သာ ရှိုက်ပြီး မျက်ဝန်းထောင့်က မျက်ရည်တစ်စသာ စာရွက်ပေါ်ကို ဖောက်ကနဲ ကျသွားသည်။ စာရေးဖို့ ဘော်လ်ပင်ကိုင်ထားတဲ့ ကျွန်မလက်ဖျားတွေက တုန်ခါလို့ စားပွဲခုံပေါ်သာ ကျွန်မခေါင်းငိုက်စိုက် ကျသွား၏။ နောက်နေ့အမေ့ကို အဖေ့အကြောင်းသေချာ မေးရဦးမည်။ စာရေးဝါသနာပါသောကျွန်မ အွန်လိုင်းပေါ်ကဆိုရှယ်ဝက်ဆိုက်ဒ်များမှာ ဝါသနာရှင်ကလောင်လေးကို သွေးရင်း သွေးရင်း စာများကိုအနည်းငယ် ရေးဖြစ်ခဲ့သည်။ တစ်ရက်တော့ သတင်းတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မဆီ ရောက်လို့လာခဲ့သည်။ “ဟေးးးးးးးးးး….ဆူး” “ဟေးးးးးးးးးးးးးးးးဖြူ” “နေကောင်းလား…ဆူး ငါနင့်ကိုသတင်းတစ်ခုပေးမလို့” “အင်း..ကောင်းပါတယ်.. ဘာသတင်းလဲဟ” “အော်….. […]
