ပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာ အမေရိကားရောက်နေကြတဲ့ ဦးဝင်းဖေ နဲ့ သူ့သမီး အဆိုတော် မီမီဝင်းဖေ တို့ ပြည်တော်ပြန်လာကြတဲ့ သတင်းကို ဂျာနယ်ထဲပါလာလို့ ဖတ်လိုက်ရပါတယ်…။ ဦးဝင်းဖေကို ရုပ်ရှင်ဒါရိုက်တာ အဖြစ် လူသိများပါတယ်…။ 1981 ခုနှစ်မှာ နှင်းဆီနီအိပ်မက် ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်…။ အခု မြန်မာ့ ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာ တစ်ယောက်ဖြစ်နေတဲ့ ဒါရိုက်တာမီးပွား ဟာ ဦးဝင်းဖေရဲ့ တပည့်တစ်ယောက်ပါတဲ့…။ ကိုမီးပွား ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါဗျာ…။ ဆရာရိုက်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ရခဲ့သူတွေလည်း မနည်းလှပါဘူး…။ ဆရာ က ပန်းချီလည်းဆွဲတယ်…။ ဆရာ့ပန်းချီတွေအကြောင်းတော့ ကျွန်တော် သိတ်မသိလှလို့ မပြောတော့ပါဘူးဗျာ…။ ဆရာက စာလည်းရေးပါတယ်…။ အခု အဲဒီ ဆရာရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေအကြောင်း […]
