black chawOctober 1, 20121min033
ပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာ အမေရိကားရောက်နေကြတဲ့ ဦးဝင်းဖေ နဲ့ သူ့သမီး အဆိုတော် မီမီဝင်းဖေ တို့ ပြည်တော်ပြန်လာကြတဲ့ သတင်းကို ဂျာနယ်ထဲပါလာလို့ ဖတ်လိုက်ရပါတယ်…။ ဦးဝင်းဖေကို ရုပ်ရှင်ဒါရိုက်တာ အဖြစ် လူသိများပါတယ်…။ 1981 ခုနှစ်မှာ နှင်းဆီနီအိပ်မက် ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်…။ အခု မြန်မာ့ ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာ တစ်ယောက်ဖြစ်နေတဲ့ ဒါရိုက်တာမီးပွား ဟာ ဦးဝင်းဖေရဲ့ တပည့်တစ်ယောက်ပါတဲ့…။ ကိုမီးပွား ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါဗျာ…။ ဆရာရိုက်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ရခဲ့သူတွေလည်း မနည်းလှပါဘူး…။ ဆရာ က ပန်းချီလည်းဆွဲတယ်…။ ဆရာ့ပန်းချီတွေအကြောင်းတော့ ကျွန်တော် သိတ်မသိလှလို့ မပြောတော့ပါဘူးဗျာ…။ ဆရာက စာလည်းရေးပါတယ်…။ အခု အဲဒီ ဆရာရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေအကြောင်း […]


သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။ “ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။” “ဟုတ်ကဲ့..ဒေါ်လေး”  ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် […]


alinsettSeptember 29, 20121min025
တစ်စုံတစ်ယောက်ကို လွမ်းနေရတဲ ့ အဖြစ်ဆိုတာ..သိပ် မုန်းစရာကောင်းတယ် ။ ဒီလို..ညမျိုး….. နောက်ထပ် မကြံ ု ပါရစေနဲ ့ဗျာ.။ ဒါပေမယ့်………… ဝေးကွာခြင်း တစ်ခု ကို အစ ပြု င်္ပြီးပြီ ဆိုမှတော့….. အလွမ်းရဲ ့… ခုတ်ထစ်မှု ဒဏ်ကို…. ခံလိုက်ပေ.ဦးတော့…. အသေအကျေ…။ အပြင်ကို လှမ်းကြည့်လိုက်တော့…… နှင်းတွေ..နှင်းတွေ…… အုံ ့ သည်းဖြာဝေ..လို ့….။ အေးသလား….။ ဟင့်အင်း….။ ရင်ထဲမှာ..ပုူနေပါတယ် ။ နှင်းတွေ..စိုလက် လှပပြီး….. ည ပီသတဲ ့ညတစ်ည ဟာ…. အချစ်နဲ ့မတွေ ့ဖူးသေးတဲ ့ ( ဒါမှ မဟုတ်..) အလွမ်းနဲ ့ မတွေ ့ဖူးသေးတဲ ့လူငယ်တွေ […]


`ဝုတ်…ဝုတ်…ဝုတ်´ သခင်ရောက်လာပြီဆိုတော့ ကျွန်တော့်အသံ ပေးရပြီလေ။ အမြီးလေးတလှုပ်လှုပ်နဲ့ သခင်ပြန်လာရာ လမ်းတစ်လျှောက် ကြိုနေတာ ဘယ်သူလဲလို့ မမေနဲ့။ မောင်မင်းကြီးသား ဂျက်ကီပဲဆိုတာ ကျိန်းသေပေါ့။ ခင်ဗျားတို့ ယောင်ရမ်းပြီး ဗေဒင်မေးရင်တောင် ဆန်ကုန်နေအုံးမယ်။ အဲ့ဒီအချိန်မှာ သခင်က ကျွန်တော့်ကိုလည်း မြင်ရော ဝမ်းသာအားရဖြင့်… `ဂျက်ကီကတော့ အချိန်မှန်နာရီကြီးပဲဟ ဒီမှာရော့… မင်းအတွက် ရှယ်အစားအစာတွေ ဝယ်လာတယ်´ သခင်က လူသားတစ်ယောက်ကို ပြောသလိုပုံစံနဲ့ လက်မှ ဆွဲလာတဲ့ ပါဆယ်ထုပ်ကို ကျွန်တော့်ကို လှမ်းပြတယ်။ အဲ့ဒီက မွှေးကြိုင်လွန်းတဲ့အနံ့က ကျွန်တော် ခန္ဓာကိုယ်ကို အော်တိုမက်တစ် လှုပ်ရှားလာစေတယ်။ ဒါကြောင့် ကျွန်တော် သခင်ဘေးမှာ ငြိမ်ငြိမ်မနေတော့ပဲ ခုန်ပေါက်ပြေးနေလိုက်တာပေါ့။ သခင်ကတော့ သဘောတွေကျလို့။ အဲ့ဒီလိုပါပဲ။ ကျွန်တော်နဲ့ သခင် နှစ်ယောက်တစ်အိမ်မက်ဘဝလေးဟာ အေးအေးချမ်းချမ်းပေါ့။ အပူအပင်မရှိပါဘူး။ […]


  “သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..”   ——————————————————————————   ရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ ကျွန်မကို နာကျဉ်စေခဲ့တာက ဟောဒီလမ်းထဲကို တစ်လှမ်းချင်းလျှောက်လာတဲ့ အမျိုးသား တစ်ယောက်ကြောင့်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။ အိပ်မက်အစဉ်ဟာ မဆုံးသော မက်ခြင်းနဲ့ တစ်ရေးနိုးတိုင်း ကျွန်မ သူ့ကို “မောင်” လို့ ခေါ်မိနေတုန်းပါ။   မောင်ရယ် …. အလွမ်းဆိုတာ တကယ်တော့ …. မလိုအပ်တဲ့ နာရီလက်တံက တစ်ချက်ချက် အသံလိုပါပဲ စက္ကန့်တိုင်းမှာ ဘာကို ကျွန်မသတိပေးနေရဦးမလဲ … ဒါမဖြစ်သင့်ပါဘူး….။   ——————————————————————————   “ဟင့်အင်း … ဟင့်အင်း … ကျွန်မ ကျွန်မ စိတ်ညစ်တာပဲ သိတယ် မောင်ရယ် […]


NovySeptember 27, 20121min043
တကယ်ဆိုရင်တော့မပြောချင်ပါဘူး ဘာကြောင့်လည်းဆိုတော့ စာရေးသူကိုအားနာလိုပါ မပြောပြန်ရင်လည်းနောက်လူတွေအမှတ်မှားမယ် စတော်ဘယ်ရီပင်အောက်မှာ ဂီတာတီးတာထက်ပိုဆိုးမယ် 27.09.2012ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ရ မှာဖေါ်ပြထားတဲ့  “ဆေးဖက်ဝင် ပင်မှည့်သီး” ဆိုတဲ့ ပင်မှည့်သီး ဆေးဖက်ဝင်ပုံကိုရေးထားပါတယ် အခါတိုင်းဆိုရင် ဆောင်းပါတွေဖတ်ခဲပါတယ် ဒီနေတော့တိုက်တိုက်ဆိုင်ဆိုင်ပဲဖတ်မိတယ် အမှားကိုတွေတော့လည်းပြောချင်ပါတယ် ဆောင်းပါထဲမှာ ပင်မှည့်ပင်ကိုဒီလိုဖေါ်ပြထားပါတယ် “အပင်က၁၅ပေခန့် အမြင့်ရှိပြီး “ လို့ဖေါ်ပြထားပါတယ် ဒီအချက်ဟာမှားနေပါတယ် မနိုလည်း ပင်မှည့်ပင်ကို စိုက်ဘူးပါတယ် (ပင်မှည့်သီးဖျော်ရည်ကို ကြိုက်လို့ပါ) ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်ဖျော်ပြီးသောက်ပါတယ် လက်ရှိလည်းစိုက်ထားပါတယ် ပင်မှည့်ပင်က နွယ်ပင် အမျိုးအစားဖြစ်ပါတယ် စာရေးသူးတစ်ယောက်အနေနဲ့ မသိရင် မသေချာရင် ဒီအချက်ကိုထဲ့မရေးသင့်ပါဘူး အပင်ကို မမြင်ဘူးတဲ့သူတွေအနေနဲ့ အမှတ်မှားနိုင်ပါတယ် နောက်နေ့ကြုံရင် အပင်ကို ဓာတ်ပုံနဲ့တကွဖေါ်ပြပေးပါအုံးမယ်    


  (၁) အဲဒီနေ့က စွန်လေး ကျွန်တော်ဆီ ရောက်လာခဲ့သည်။ အဲဒီနေ့က ကောင်းကင်မှာ တိမ်တွေ မရှိခဲ့ဘူး။ နွေဦးရဲ့ ခပ်ပြင်းပြင်းလေတစ်ချို့ကို ခံစားနေချိန်မှာပဲ စွန်လေးက ကျွန်တော့်ဆီရောက်လာခဲ့တာပါ။ “မင်းက ဘယ်သူလဲ၊ ဘယ်ကလဲ” “ကျွန်တော်က စွန်လေးလေ၊ လေတံခွန်လေးဆိုလည်းဟုတ်တယ်၊  ဟိုး … မိုးပေါ်က လာတာပေါ့” စွန်လေးက ကောင်းကင်ရဲ့ တစ်နေရာကို လက်ညိုးထိုးပြပြီး ကျွန်တော့်မေးခွန်းကို ဖြေပါသည်။ “မိုးပေါ်က      ဟုတ်လား” စွန်လေးက ခေါင်းညိမ့်ပြတော့ ကျွန်တော်က မေးခွန်းထုတ်ပါသည်။ “နေပါဦး၊ မင်းက မိုးပေါ်ကလာတာဆိုတော့ ပျံတတ်လို့လား မင်းမှာ အတောင်ပံမှ မပါဘဲ” စွန်လေးက ဘာမှပြန်မပြောဘဲ ပြုံးတုံးတုံးလုပ်နေပါသည်။ သို့သော် သူ့အပြုံးက အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ အပြုံးမျိုး။ “အစ်ကိုကကော ပျံတတ်လား” “ဟင်အင်း” […]


SawAungSeptember 26, 20121min09
ကျွန်မ၏လက်များသည် ကျွန်မအလွန်မြတ်နိုးသည့် စာအုပ်ပေါ်မှ စာမျက်နှာအချို့ကို စုတ်ဖြဲရန် ကြိုးစားနေမိသည်။ စာအုပ်မှစာရွက်များသည် ခေါင်မှတဖြည်းဖြည်း စုတ်ပြဲစပြုလာ၏။ ကျွန်မ၏ အမြင်အာရုံ များသည်လည်း ဝေဝါး လျှက်ရှိသည်။ ကျွန်မ၏ မျက်ဝန်းအိမ်မှတဆင့် မျက်ရည်များသည် မျက်တောင်နှင့် မျက်ခမ်းစပ်အပေါ် တွင် အောက်သို့မကျဘဲ တွဲလဲခိုနေ၍ဖြစ်ပေလိမ့်မည်။ ရင်ထဲက ဆိုနင့်နင့်ခံစားမှုတစ်ခုက လည်ချောင်းအစပ်နားကို တစ်ချက်တစ်ချက် ရှိုက်ရှိုက်တက်လာသည်။ အခန်းအတွင်းရှိ စာအုပ်များပြန့်ကာကျဲလျက်ရှိ၏။   ***                        ***                        ***                        ***   “ရွှေစင်….နင့်မှာလည်း… တစ်နေ့..တစ်နေ့… သည်စာအုပ်ပုံဘေးမှာပဲ… ဟိုကူးရေး..ဒီကူးရေးနဲ့ ဟိုနေ့က အလုပ်အင်တာဗျူးက အခြေအနေဘယ်လိုလဲ”   “ပြန်ဆက်သွယ်မယ်လို့ပြောတယ် အမေရဲ့…..”   “အေး..အေး… မြန်မြန်ဆက်သွယ်ပါစေတော်… ကျောင်းပြီးတော့ ကွန်ပျူတာသင်တန်းတက်… နောက်တော့ ညည်းဒီစာအုပ်ပုံကြားထဲ ပြန်ရောက်တာပဲ… ဟင်းးးး”   […]


အေတြးေလးSeptember 26, 20121min08
ကျွန်မလေ…ကျွန်မ  ရင်ကွဲရတော့မယ်ထင်ပါရဲ့ ကျွန်မရဲ့ကလေးတွေလေ  ကျွန်မရှာလိုု့မတွေ့တော့ဘူး။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ကျွန်မရင်ကိုမီးစနဲ့အထိုးခံရသလိုပါပဲရှင်။ကျွန်မသတိထားမိတဲ့နေရာမှန်သမျှကျွန်မ ရှာနေပေမယ့် မတွေ့ဘူး ရှင်အိတ်ကြိုအိတ်ကြား  ချောင်ကလောင်တွေမကျန် အကုန်ရှာတာကိုမတွေ့ဘူးရှင်  တွေ့သမျှအပေါင်းအသင်းအကုန်အကူအညီတောင်း ကြည့်နေတာမတွေ့ရသေးဘူးတဲ့။ဟော  တွေ့ပြီတွေ့ပြီ ကျွန်မကလေးတွေတော့မဟုတ်ဘူး။ကောင်လေးတစ်ယောက်လေ  ကောင်လေးတစ်ယောက်ပေါ့ သူ သေတ္တာလေးဘေးငုတ်တုတ်လေးထိုင်လို့လေ  ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ ဘူး။ကျွန်မအနီးကပ်သွားကြည့်လိူုက်တယ်  သူ့လက်ထဲမှာအိတ်လေးတစ်လုံးတော့  ကျွန်မသေသေချာချာကြည့်လိုက်တယ်။ဟယ်ဝမ်းသာလိုက်တာအိတ်ထဲမှာကျွန်မကလေးတွေလေ။ ဒါပေမဲ့….. ဒါပေမဲ့ရှင်သူကကျွန်မကလေးတွေကိုဘာလုပ်မလို့ပါလိမ့်။ကျွန်မလဲစိုးတထိတ်ထိတ်နဲ့ချောင်လေးထဲကပဲကြည့်နေလိုက်တယ်။ “ကြွက်မကြီးရေ” ဟော ကောင်လေးကျွန်မကိုခေါ်နေတယ်ထင်တယ်။ဘာပြောဦးမလဲမသိဘူး စောင့်ကြည့်ဦးမှဘဲ။ “နင့်ရဲ့ကလေးတွေကို ငါဒီထဲမှာရွှေ့ထားလိုက်တယ် နော် နင့်ကလေးတွေကိုငါမသတ်ပါဘူး  ငါ့ပစ္စည်းတွေက်ိုတော့ဘာမှမလုပ်ပါနဲ့နော်” ကောင်လေးကမျက်နှာငယ်လေးနဲ့တိုင်တည်နေရှာတာပါ။ဟုတ်ပါရဲ့   ဟိုတုန်းကဆိုရင်ဒီအဆောင်ကြီးပေါ်မှာ ဒီကောင်လေးအပါအဝင် လူပေါင်း13ယောက်နေကြတာလေ။ကျွန်မမှတ်မိတာပေါ့  ။ဒီကောင်လေးနာမည်တောင် ကြားဖူးပါရဲ့ ဘာတဲ့ အတွေးလေး ဆိုလား ဘာလား ကောင်လေးကတော့ခပ်နွဲ့နွဲ့ခပ်ငယ်ငယ်ပါ။အဆောင်ပေါကလူတွေထဲမှာသူကငယ်တယ်လို့ထင်ရတာပဲလေ။ ဒီအဆောင်ပေါ်မှာနေရတာကကျျွန်မအတွက်အရမ်းဇိမ်ကျတာရှင့်  ကျွန်မကလေကျွန်မအဖော်တွေလိုမျိုး မြေကျင်းတူးပြီးနေရတာဆိုပေမဲ့ အစားအသောက်အတွက်ကျတော့ပူစရာမလိုဘူးရှင့်  ။ဘာလို့လဲလို့မေးမလို့လား ပြောမှာပေါ့ရှင်  ဒီအဆောင်မှာက တချိုု့ကောင်လေးတွေကညနေပိုင်းဆို ရင် အရက်ဝိုင်းဖွဲ့ကြတယ်လေ။အမြည်း အစုံအလင်ပေါ့ရှင် ။အဲသူတို့ကသောက်ပြီးပြီဆိုရင်ဘယ်တော့မှ […]


alinsettSeptember 25, 20121min026
ငါကတော့…… ဒီနိုင်ငံမှာပဲ..ဆက်ရှိနေမယ်..နှင်း…..။ အချိန် မမှန်တဲ ့မြို ့ပတ်ရထားတွေ..ပေါ်မှာ… ဆက်ရှိနေမယ် ။ လူတန်းစေ ့ မနေရတဲ ့…. ဘဝတွေကြားမှာ…. ဆက်ရှိနေမယ် ။ မသေသင့်တဲ ့ရောဂါလေးတွေနဲ ့… သေနေရတဲ ့ ဆင်းရဲသား တွေကြားမှာ…..ဆက်ရှိနေမယ် ။ ပညာ မသင်ရပဲ… လမ်းဘေးရောက်နေတဲ ့…… ကလေးငယ်တွေ အတွက်..ပူဆွေးသောကရောက်ရင်.း… သူ တို ့ကို…ဘယ်လို ကူညီပေးနိုင်မလဲ…. လို ့..နည်းလမ်းတွေ…ရှာပေးရင်း…..ဆက်ရှိနေမယ် ဟာ..။ ရှေ ့က..ပြင်………… နောက်က ပျက်တဲ ့ လမ်းတွေ.ပေါ်မှာ….ဆက်ရှိနေမယ် ဝင်ငွေနဲ ့ ထွက်ငွေ မမျှတ တဲ ့ ဘဝတွေ…ထဲမှာ..ဆက်ရှိနေမယ် တစ်ရက် အလုပ် မလုပ်နိုင်ရင်..တစ်ရက် ထမင်း ငတ်တဲ ့….အလုပ်သမား […]


MAUNGSeptember 25, 20121min09
တစ်ခါတုံးကပေါ့ ဗျာ။ ကျွန်တော့မှာ ကောင်မလေး (ရည်းစား) တစ်ယောက်ရှိတယ်။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ တစ်ခါတစ်ခါ စိတ်ကူး ပေါက်ရင် ထင်တာ လျှောက်လျှောက် လုပ်တတ်သဗျ။ ထီးပါ ရက်နဲ့ မိုးရွာထဲမှာကြွတ်စုတ် လို တစ်ယောက်လက်၊ တစ်ယောက် တွဲပြီး လျှောက်သွားတာတို့၊ ဝက်သား ဒုတ်ထိုး စား နေရင်း အူ ပိတ်ကကောင်းတယ်ဆိုလို့ အူ တစ်ချောင်းလုံး ဝယ်ကျွေးတာတို့၊ ဆူးလေ မှာ  ဗံဒါ စေ့ ထုနည်းသွားသင်ပြီး ခွါကျွေး တာတို့ပေါ့ဗျာ ..ဟား..ဟား ..။ တစ်ရက် တော့ ညနေပိုင်း လှည်းတန်း မှာ မုန့်သွားစားရင်း မိုး ပျံ ပူဖောင်းသည် တွေ့ တော့ စိတ်ကူး ပေါက် တာနဲ့ မိုးပျံ […]


SawAungSeptember 25, 20123min08
အုံ့မှိုင်းမှိုင်းရာသီဥတုရဲ့ နေ့လည်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ မွန်းကြပ်နေသလိုလိုပင်။ ထိုင်နေကြ လမ်းထိပ်ရဲ့ခရေပင်သုံးပင်အောက်မှာ ဝေဖြိုးရယ် ကျွန်တော်ရယ်ရှိနေ၏။ ခပ်မှိုင်းမှိုင်းရာသီဥတုမှာ လေးအေးတစ်ချက် တိုက်ခိုက်သွားတိုင်း ခရေပန်းရနံ့က တစ်ချက်တစ်ချက် ပျံ့သင်းသွားသည်။ ဝေဖြိုးကို ကျွန်တော်တစ်ချက်လှည့်ကြည့်တော့ ခေါင်းငိုက်စိုက်ကျလျက်။ မွန်းကြပ်နေသည့်ကြားမှ စကားတစ်ခွန်းပြော ရန် လေကိုတစ်ဝကြီး တစ်ချက်ရှူလိုက်သည်။ “သားကြီး….. မင်းသိပ်စိတ်ဓာတ်မကျသွားနဲ့ဦး။ မင်းလည်း ဗဟုသုတရှိပြီးသားပဲကွာ”   ကျွန်တော့်ပြောစကားကို ခေါင်းတစ်ချက်သာ ငြိတ်ပြတဲ့ ဝေဖြိုးကိုပုခုံးဖက်ကာ နှစ်သိမ့်ပေးနေမိသည်။ ကျွန်တော့်ပုခုံးကိုမှီရင်း ဝေဖြိုးရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ ဝေဖြိုးအား နှစ်သိမ့်ပေးနေရင်း ဝေဖြိုးလက်ဖျံ ရိုးပေါ်ရှိ (FRIENDS) ဆိုသည့် ကနုတ်များဖြင့်အလှဆင်ထားသည့် တက်တူးအားကြည့်ရင်း ကျွန်တော့်အမြင် အာရုံများ ဝေဝါးလာသည်။ အကျီ င်္လက်ရှည်အား ခေါက်တင်၍ ကျွန်တော့်ဘယ်ဘက်လက်ဖျံရိုးပေါ် တက်တူး အား ကျွန်တော့်ကြည့်ကား တစ်ချက်ပြုံးလိုက်မိရင်း ဝေဖြိုးလက်မောင်းကိုပုတ်ကာညှစ်ရင်း […]


SawAungSeptember 24, 20121min020
သူမ အကြောင်းတွေးတိုင်း ကျွန်တော့်နှလုံးသားတွေ ဝုန်းဒိုင်းကျဲခုန်နေတုန်းပင်ဖြစ်သည်။ သူနှင့်ကျွန်တော့်ဇာတ်လမ်းသည် ဘယ်သို့ဘယ်ပုံဟု ပြောရမှန်းမသိအောင် ကျွန်တော့်ရာဇဝင်တွင် ပြောစမှတ်တွင်ခဲ့သည်။ ကျွန်တော့်အချစ်သည် တစ်ဖက်သတ်အချစ်လား၊ ဘယ်လိုအချစ်လဲ ကျွန်တော်ကိုယ်တိုင်ပင် နာမည်မတပ်နိုင်ခဲ့ချေ….။ ထိုအချစ်တို့၏ မြစ်ဖျားခံရာသည်…………… သည်နေ့အလုပ်အသစ်ဝင်ရမည်ဆိုသောကြောင့် ကျွန်တော့်စိတ်များလှုပ်ရှားနေ၏။ ကားဂိတ်မှ အဆင်း ကျွန်တော်အလုပ်လုပ်ရမည့် ရုံးရှိရာသို့အလာတွင်…… “ဟေ့…… မနေ့က ရုံးကခန့်လိုက်တဲ့ လူသစ်လား….” အသံရှိရာသို့ ကျွန်တော်လှည့်ကြည့်မိလိုက်သည်။ ဂျင်းဘောင်းဘီဒူးဖုံးအကျပ်ကလေးနှင့် ခေတ်ပေါ်အဝတ်အစားလေးကို ကျကျနနဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်…အသားကဖြူဖြူနှင့် တရုတ်မလေးဖြစ်မည်ဟု ကျွန်တော်တွေးလိုက်မိသည်..။ “ဟုတ်ပါတယ်…. အစ်မက ……….” “ငါက….. ဒီမှာ မာကတ်တင်း(Marketing) လေ….. နင့်နာမည်က….” “ပိုင်ထက်အောင် ပါ……… အစ်မနာမည်က ” “ယမင်းအောင်ပါ……….” စစတွေ့ချင်းမှာပဲ ကျွန်တော်သူမကို မှတ်ချက်ချခဲ့ဖူးသည်…။ နှခေါင်းပြားပြားနှင့်… မည်သို့မျှမလှသော တရုတ်မလေးဟုပင် သတ်မှတ်ခဲ့သည်….။ ************************************ […]