ကာရံApril 23, 20131min011
ငြိမ်သက်နေတဲ့ အခန်းငယ်ထဲမှာ အခုတော့ တစ်ယောက်ထဲ ဆွေးကျန်ရင်း ပြင်းရှရှ ဝိုင်တစ်ခွက်အလည်မှာ ငါ့ ဦးနှောက်တွေ ယစ်မူးနေရောပေါ့ အဖော်မဲ့နေတဲ့ ဂစ်တာလေးလဲ ဟောင်းနွမ်းအတိနဲ့ ယိုင်နေတဲ့ သံဇဉ်တွေကြားမှာ ငါရဲ့အသံကို ဘယ်လိုအစပျိုးရတော့မလဲချစ်သူ လွမ်းနေရော့မလား စန်းရေတွေအောက်မှာ အပန်းမဖြေနိုင်တော့တဲ့ ငါ့ရဲ့ နွမ်းနေတဲ့ နှလုံးသားလေးလဲ အခုတော့ အနမ်းမဝေနိုင်တော့ပါလားလေ ချစ်သူရယ် ငါလွမ်းတိုင်း တစ်ခါ ငိုရတော့မယ်ဆိုရင် အခုဆို မိုးစက်တွေဆိုရင်လေ ငါ့အသည်းတွေပါလားလို့ မင်းတွေးလောက်ပြီပေါ့နော် အထီးကျန်နေတဲ့ ထိုအခန်းငယ်လေးရဲ့ နောက်မှာ မင်းလောက်တစ်ယောက် ရောက်နှင့်နေမယ်ဆိုရင် အဖော်ပြုနေတဲ့ဝိုင်လေးလဲ ပြိုလုလုဖြစ်တည်နေပြီပေါ့…………….                                            ပိတောက်မိုး


ကာရံApril 23, 20131min011
နှလုံးသွေး အေးဆက်နေတဲ့ မင်းတို့ရဲ့လက်တွေက မသိနားမလည်သေးတဲ့ ကလေးငယ်တွေရဲ့စိတ်ဓာတ်ကို သံချေးတက်အောင် မင်းလုပ်နေတာလား အနာဂတ် အလင်းရောင်အောက်မှာ ပျောက်ရှနေတဲ့ သူတို့လေးတွေရဲ့စိတ်ကို မင်းအလေးထားပေးစေချင်တယ် သူငယ်ချင်း ရိုင်းတာကလွယ်ပေမယ့် ယဉ်ကျေးမှုပျောက်တော့မယ့် ငါတို့ တိုင်းပြည်လေးကို ငြိမ်းချမ်းရေး ပန်းခင်းလေးဖြစ်အောင် မင်းပျိုးမပေးနိုင်သေးဘူးလားကွာ မျိုးစေ့တိုင်းက အောင်ပြီးသားပါ လယ်ယာကောင်းအောင်ပြင်ထားပေမယ့် မင်းပျိုးလိုက်တဲ့ မျိုးလေးက သံယောဇဉ် မိုးအေးလေးတွေနဲ့တွေ့ရင်လေ မင်းပျော်နိုင်လောက်ပါတယ် တစ်နေ့မှာ ဖြစ်ပေါ်လာမယ့် အပင်ရဲ့ အရိပ်အောက်မှာ မင်းတစ်ခေါက်ခိုနားနိုင်မယ်ဆိုရင် မျိုးဆက်တိုင်းလဲ ကြည်နူးမဆုံးပြီမို့ သွေးစာနေတဲ့ မင်းရဲ့လက်တစ်စုံကို အေးချမ်းတဲ့ တရားသံတွေအောက်မှာ ဆယ်ဖြာမိုးဦးညွတ်ရင်း ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်ကွာ                                                    ပိတောက်မိုး


kiki miApril 23, 20131min010
အရိုင်းဆန်တဲ့သူ လူတွေကနင်းခြေကျ တန်ဖိုးမဲ့သူ့ဘဝ   ဒါပေမယ့်သူကသဘာဝရဲ့သားသမီး ရှင်သန်မှုရဲ့သင်္ကေတ ကမာ္ဘမြေရဲ့လက်ဆောင်  


သူကေလးApril 23, 20131min027
              လမ်းလျှောက်ရင် ဖြတ်နင်းရတဲ့ မြေကြီးသာ အသက်ရှိမယ်ဆို နေပါစေ … မေမေ သမီး လိုရာခရီးရောက်ဖို့ သူ့အသား မနာကျင်စေချင်ဘူး ……..   ကောင်းကင်ကကြယ်ကြွေမှ ဆုတောင်းပြည့်မယ်ဆို နေပါစေ မေမေ သမိး စိတ်ချမ်းသာပျော်ရွှင်ဖို့ သူ, မကြွေလွင့်စေချင်ဘူး ……..   ထွန်းတောက်နေတဲ့နေမင်းကြီးဝင်သွားမှ အေးချမ်းတဲ့ညရောက်မယ်ဆို နေပါစေ မေမေ သမီး အမှောင်ထဲငိုကြွေးဖို့ သူ, အိပ်တန်းမတက်စေချင်ဘူး …….   လမင်းကြီးကွယ်ပျောက်မှ မနက်မိုးသောက်မယ်ဆို နေပါစေ မေမေ သမီး နေမင်းအလင်းရောင်နဲ့ နွေးထွေးဖို့ သူ, အလင်းမမှိန်စေချင်ဘူး ……   နယ်ရုပ်လေးချကျွေးမှ စစ်တုရင်ကစားပွဲမှာ အနိုင်ရယ်ဆို နေပါစေ […]


Mr. MarGaApril 23, 20135min0
– – +++++++++++++++++++++++++++++++++++++++++++++++ ” ဂဇက်ကဗျာချစ်သူများ၏ကဗျာပြခန်းမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ “ +++++++++++++++++++++++++++++++++++++++++++++++   ဒီပို့စ်မှာ မှတ်ချက်ပေးခွင့် မရှိတာကြောင့် ပြခန်းအဝင်ဝကို ပြန်သွားလို့ မှတ်ချက်ပေးကြပါလို့ ထပ်မံ တောင်းဆိုပါတယ်ခင်ဗျာ။   လေးစားစွာဖြင့် ဦးမာဃ (ခေတ္တ လူ့ပြည်)


marblecommetApril 22, 20131min08
နတ်တို့ စံပျော်ရာရေကန် ကို ယုံမှတ်ပြီး …အဲဒီ ကမ်းပါးမှာ မျှော်လင့်ခြင်းကို အတင့်ရဲမိတော့ ဒုက္ခဟာ… လင်ပစ်မ တစ်ယောက်ရဲ့ ညည်းချင်း လို ငါ့ တစ်ကိုယ်ရေ မိုးဦးလေဦး ထဲ မုန်တိုင်းတွေပဲ မြူးထူးကခုန်သွားကြ…။ … … ဝေးလံခေါင်သီလွန်းတဲ့ တောင်တန်းကြီးရဲ့ နောက်ကွယ် က ရွှေမြို့တော်မှာ တစ်သက်လုံး ရှာနေခဲ့ရတဲ့ ငါ့ အလင်းတံခါးလေး ရှိမလား ဆိုပြီးတော့…. ဖောင်ဖျက်မိုက်မှားမိပါတယ် ရိုးရာပုံပြင်တွေပဲဖြစ်လို့…။ … … တစ်ခါတစ်ရံ ချိုချဉ် အရသာလေး ကျွေးဖူးတဲ့ မေးထူးခေါ်ပြော ကံတရားကိုတောင် မုန်းတတ်လာပါပြီ…။ … … အလည်လာသော မိတ်ဆွေရေ့…. ငါကလည်း သင်နဲ့အတူတူပဲဆိုတာ မသိခဲ့တဲ့ စိတ်ကြီးဝင်မှုကို ခွင့်လွှတ်ပါ…။ ။ 22.4.2013 တနင်္လာ […]


naywoon niApril 21, 20131min06
ဘယ်သူကမှု ရှို့ခဲ့တဲ့မီးမဟုတ် ဘယ်သူ့ကြောင့်မှလဲ လောင်တာမဟုတ် စကတည်းကိုက ရှိနှင့်ပြီးသား ဖွဲမီးပမာ ဒါကြောင့်……….. ဘယ်သူလာရှို့တာမှလည်းမဟုတ် ဘယ်သူ ဘယ်ဝါရဲ့ပေါ့ဆမီးလည်းမဟုတ်တဲ့ ဒီသံသယ ဆိုတဲ့ မီးကို အရင်ငြိမ်း နို့မဟုတ်လို့ကတော့ လေတစ်ချက်ဝေ့လိုက်တိုင်း ဒီမီးကထထလောင်နေမှာ…..။ အဲဒိတော့မှ ဟိုလူ့ကြောင့် ဒီလူလုပ်လို့နဲ့ နားငြီးအောင်လာလာမပြောကြပါနဲ့ သံသယ ဆိုတဲ့ မီးကြွင်းမီးကျန်ကို တစ်ခါထဲ ကြိုရှင်းထားမယ်ဆိုရင် အရှိအတိုင်း လက်ခံရာလည်းရောက်ပါတယ်….။ အဲဒိတော့ ခင်ဗျားတို့ ကျုပ်တို့ အရှိကိုအရှိအတိုင်း လက်ခံလိုက်ကြရအောင်……….။ နေဝန်းနီ


naywoon niApril 18, 20131min07
ဆင်သွားရင်လမ်းဖြစ်တယ်လို့ ဆိုရိုး စကား ရှိပေငြားလည်း ဒီတော ဒီတောင်ထဲမှာ ရှိတဲ့ ဆင်တွေက စောက်ပျင်းတွေရယ်….။ လမ်းအသစ် ပြောင်းလျှောက်ဖို့ ဝေးစွ ရှိပြီးသား လမ်းဟောင်းပေါ်တောင်မှ ဖြောင့်ဖြောင့်တန်းတန်း မသွားချင်ကြလေပဲ ဘေးဖဲ့ဖဲ့ ဆင်းချင်နေကြသေးလေတော့ လမ်းဟောင်းကြီးက ပေါက်တဲ့နေရာကပေါက် ကုန်းကမူ ခြုံနွယ်တွေပိတ်တဲ့နေရာကပိတ် အရိပ် ဆိုတာကလည်း ကျိုးတို့ကျဲတဲနဲ့ ဆင် ငပျင်းတွေကတော့ လမ်းဟောင်းပေါ်မှာပဲ ယဲ့တဲ့တဲ့ မူရာမာယာ ကောင်းကောင်းနဲ့ ဆက်လျှောက်နေတုန်း နောက်က သတ္တဝါလေးတွေမှာတော့ ခလုပ်တိုက်တဲ့ အကောင်ကတိုက် ချောင်းအရိုက်ခံရတဲ့အကောင်ကရိုက် အမဲအလိုက်ခံရတဲ့အကောင်ကလည်းရှိရဲ့ ဆင်တွေ မစဉ်းစားကြပုံများ ပြောပါတယ် အကောင်တွေ ကြီးသလောက် စဉ်းစားရမဲ့ ကိစ္စကိုတောင်မှ ပျင်းနေပုံ ရှိပြီးသားလမ်းထက် သာလွန်ကောင်းမွန်မဲ့ လမ်းသစ်တစ်ခု အခုပဲဖောက်လိုက် ကြပါတော့လား အင်အားတွေနှမြောနေတာလား ကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှု မရှိလေရော့သလား […]


koyinApril 18, 20131min06
မှောင်မိုက်မိန်းမော မုန်းမေ့မည်… (ပုလဲတစ်တန့် သန္တာတစ်တန့်) စိမ်းစိုစွင့်စွင့်၊ သည်းပန်းပွင့်လျှင်၊ ရွှေရင်ရှိန်းရှ၊ နူးညံ့လှဆို၊ သိုသိပ်သံသာ၊ ရင်သည်းညှာမျက်၊ ရိုးရှည်ရွက်ရင့်၊ သည်းအိုလွင့်ကြွေ၊ ချူခူးခြွေချ၊ နင်းချေမှသာ၊ ရည်ရွယ်ရာရေး၊ ရင်ဖိုဆွေးထိတ်၊ စိုးစိတ်စွေစဉ်၊ သူကြဉ်ရှောင်ဖယ်၊ ပစ်ပယ်ပြေးပုန်း၊ ရင်မှရုန်းထွက်၊ နုံးနံနက်နေ၊ ရတက်ပွေကာ၊ နှောင်းနွေနှယ်နွမ်း၊ လှိုက်ဖိုကျွမ်းပြန်၊ ရှောင်ရှားရန်ရည်၊ လွတ်နိုင်မည်လား၊ ဝေဝါးဝိုးဝင့်၊ ပူလှိုင်းဆင့်ပျိုး၊ ခွဲခွာချိုးချင်၊ မောင့်ရင်ခွင်နွေး၊ ဆည်းဆာဆွေးဆဲ၊ လပျောက်မြဲည၊ တမ်းတတွေတွေ၊ ရင်သည်းဖြေလျှော­့၊ ပြေပြစ်ပျော့ပြောင်း၊ ညင်သာထောင်းဘိ၊ မူးမေ့မိမည်၊ နိုးချိသည်ဆူး၊ ရွှေရင်ရူးရုံ၊ ရာသီကုန်မှ၊ မြေမှုန်မြူမှိုင်း၊ နာကျင်လှိုင်းဒဏ်၊ စိုးစံစေစား၊ သည်နွေခါးချင်၊ ရင်ရဲ့ရိုးရာ၊ နှလုံးနာသင့်၊ ခွဲခွာချစ်ခြင်း၊ အိပ်မက်ရင်းဖွေ၊ ကျွမ်းကာကြေကွဲ၊ ဖြေနိုင်ခဲမီး၊ ညှာညှိုးညည်းညူ၊ သည်းဝေဆူခိုက်၊ မှောင်မိုက်မိန်းမော မုန်းမေ့မည်…။။ တောက […]


naywoon niApril 17, 20131min08
တို့လူမျိုးတွေ ကိုယ် ၌က ပွဲဆိုရင်ကြိုက်တတ်ကြတာကလား….။ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက နေရာဦးပြီးကြည့်ရမှကျေနပ်ကြတာ ပွဲ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ညစာရှိတာ မရှိတာအသာထား ဗေထိမြည်တဲ့နေရာပြေးကြည့်လိုက်ကြတာပဲ…..။ ပွဲခင်းမှာ ကနေတဲ့ဇာတ်ရုပ် တစ်ကယ်မဟုတ်မှန်းလည်းသိရက်နဲ့ မျက်ရည်လေး တစ်စမ်းစမ်းနဲ့ ဝမ်းနည်းတတ်သူလည်းရှိရဲ့…..။ ဇာတ်ထဲက ဗီလိမ်ကို ကြည့်ပြီး ဒေါသ အမျက်ခြောင်းခြောင်းနဲ့ ပြောင်ဖူးရိုးနဲ့ပေါက်သူလည်းရှိရဲ့ အတော်ကို ဗရုတ်ဗရက် နိုင်လိုက်ပုံများ မကြာခင် ကန့်လန့်ကာ ချ ဆိုင်းက ပတ်စာခွာမှ သန်းဝေပြီး ဖျာသိမ်းထလာမယ် အိုဘယ့် ပွဲကြိုက်တဲ့သူရေ ရောက်လေရာ တွေ့တဲ့သူနဲ့ ညကပွဲအကြောင်းပြောပြီး နေ့လည်ဘက်ငိုက်လိုက်ဦးမယ်….. နောက်ညတွေကျတော့ကော ပွဲဆိုရင် ရှေ့ဆုံးကရောက်လာကြတာပါပဲ….. အဲဒီလိုနဲ့ ကြည့်လိုက်ရတဲ့ပွဲတွေ တစ်ညတစ်လေမှမနား မွေးကတည်းက သေတဲ့အထိအောင်ပါပဲ…………..။ နေဝန်းနီ


အရိပ္စစ္April 16, 20131min05
နွေနေပူတဲ့ သင်္ကြန်ရက်ထဲမှာ အမေ့ရဲ့ စုဘူးလေးကွဲခဲ့ အဲဒီနေ့ အတာဆေးမိုးများ ရွာသွန်းခဲ့ပါရဲ့လား ခြေချခဲ့ ရှူရှိူက်ခဲ့ ရင်ငွေ့လှူံပြီး ဂျီကျခဲ့တာတွေလည်း ရှိခဲ့ ခြေလှမ်းသင်ကာစ  ပစ်ထားတုန်းက အမေ့ရဲ့ ဒုက္ခအိုးလေးဟာ ခြေလှမ်းတွေလည်း ကျဲလာတတ် အဖေကတော့ အဖေပီသစွာပဲ သူ့ချစ်ခြင်းကို ပါးပါးလေး အုံဖွဲ့ပြတယ် ဆက်ရန်တွေ တောထလွန်းတဲ့ အထဲ မှာတမ်းတွေ ခြွေပါရစေ ဒီလိုနေ့ရဲ့ အဆုံးသတ် တစ်နေ့မှာတော့ ကိုယ့်သားသမီးကို ယုံကြည်နေကျအတိုင်း ကောင်းရာပဲ ရောက်လိမ့်မယ်လို့ ဖော့ပြီးတွေးပေးပေါ့ ရေတွင်းကြီးကြီးတစ်ခု မတူးပေးနိုင်ပေမယ့် ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ဖို့ ကြိုးစားခဲ့တယ်လေ ဟိုးးဝေးဝေးက  သူငယ်ချင်းရေ နင် ကြွေးကြော်တာကို ငါ အရင်သွားဖြစ်ခဲ့ရင် စိတ်တော့ မဆိုးနဲ့ ငါ့ နှလုံးသားလေးကတော့ တော်ရာမှာ ပျော်အောင် နေ နေတတ်ပါလိမ့်မယ် […]


naywoon niApril 15, 20131min010
သေချာတာကတော့ ဒါဟာ မိမိအားအင်တွေကိုဖြုန်းတီပစ်ခြင်းပဲ……။ ပျော်တယ်ဆိုတာက တစ်ကယ်ကော ပျော်ကြရရဲ့လား …. ကိုယ့်ကိုကိုယ် သေသေချာချာပြန်မေးကြည့်ကြပါဦး….. မင်းတို့ ငါတို့ တစ်တွေ သူများယောင်လို့ လိုက်ယောင်ခဲ့တာ နှစ်ပေါင်းများစွာလည်းကြာခဲ့ပေါ့…. တစ်နှစ်မှ တစ်ခါပါဆိုလာသူရယ်နဲ့ မင်းတို့ရဲ့တစ်ခါကလည်း တစ်နှစ်လုံးပါပဲလား အပျော်ကျူး လိုက်ကြတာက တစ်ယောက်ကစ တစ်ရာတောင်မကပါဘူး ဘာကြောင့်ဆိုတာကိုလည်း သေချာမစဉ်းစား စဉ်းစားတယ်ဆိုတာလည်း ခေါင်းစဉ်တပ်ပေးလိုက်ရုံနဲ့ စာလုံးတွေထွက်ကျလာတာမဟုတ်….. ကိုယ်ဖြတ်သန်းလာခဲ့တဲ့ခေတ်နဲ့ထင်ဟတ်ပြီး တွေးတောကြံဆနေ မယ်ဆိုရင် အရင်က အမှားဟောင်းတွေကိုပဲ ထပ်ကာတစ်လဲလဲ ပြန်မှားနေမယ်ဆိုတာက သေချာနေတာပဲ……။ ဒီတော့ သေချာခြင်းတွေ ဝေသီဖို့ ရေရာခြင်းတွေ ခိုင်မာစေဖို့ သမိုင်းပုံရိပ်တွေနဲ့တင်မလုံလောက် ကမ္ဘာလုံးနဲ့ချီ အစကောက်ပေမှ တို့တစ်တွေရဲ့အတွေးတွေ သေချာခြင်းဘက်ကိုရောက်လာလိမ့်မယ်….။ နေဝန်းနီ


    သကြားလုံးကို သင်ကြားဖူးပါသလား။ အချိုဆိုသော ဝေါဟာရကို သင်ကြားဖူးပါသလား။ ဒီနှစ်ခုလုံးကို သင်မကြားဖူးပါက သင့်ကို ကျွန်တော် သကြားလုံး ကျွေးမည်။ သင် ထိုအရသာကို ကျွန်တော့်ကို ပြန်ပြောပြပါ။ ကျွန်တော်တို့အားလုံး ကဗျာတွေ၊ စာတွေ ရေးကြသည်။ LP ကို ဘယ်သူ တင်သွင်းသည်။ Neo ကို ဘယ်သူ တီထွင်သည်။ တစ်ချို့က Digital Poetry စသဖြင့် ကဗျာတွေ ပုံစံစုံသလို အက်ဆေးပိုင်း၊ ဝတ္ထုပိုင်းတွင်လည်း ပုံစံအသစ်၊ အကြောင်းအရာ သစ်တွေကို တင်သွင်းသူ တင်သွင်းလာကြသလို၊ မြန်မာမှု မြန်မာ့ဟန်များနှင့် ပေါင်းစပ် ဖန်တီးလာကြသည်။ ကျွန်တော်ကတော့ သကြားလုံးနှင့် အချိုအကြောင်း မသိသူလိုသာ သူတို့ ပြောသမျှ ဘာမှန်းလည်း သေချာမသိ။ ကျွန်တော်ပြန်ပြောပြလျှင်လည်း […]