အရှိအတိုင်း လက်ခံလိုက်ပါ

naywoon niApril 21, 20131min06

ဘယ်သူကမှု ရှို့ခဲ့တဲ့မီးမဟုတ်
ဘယ်သူ့ကြောင့်မှလဲ လောင်တာမဟုတ်
စကတည်းကိုက ရှိနှင့်ပြီးသား ဖွဲမီးပမာ
ဒါကြောင့်………..
ဘယ်သူလာရှို့တာမှလည်းမဟုတ်
ဘယ်သူ ဘယ်ဝါရဲ့ပေါ့ဆမီးလည်းမဟုတ်တဲ့
ဒီသံသယ ဆိုတဲ့ မီးကို အရင်ငြိမ်း
နို့မဟုတ်လို့ကတော့
လေတစ်ချက်ဝေ့လိုက်တိုင်း
ဒီမီးကထထလောင်နေမှာ…..။
အဲဒိတော့မှ
ဟိုလူ့ကြောင့် ဒီလူလုပ်လို့နဲ့
နားငြီးအောင်လာလာမပြောကြပါနဲ့
သံသယ ဆိုတဲ့ မီးကြွင်းမီးကျန်ကို
တစ်ခါထဲ ကြိုရှင်းထားမယ်ဆိုရင်
အရှိအတိုင်း လက်ခံရာလည်းရောက်ပါတယ်….။
အဲဒိတော့ ခင်ဗျားတို့ ကျုပ်တို့
အရှိကိုအရှိအတိုင်း လက်ခံလိုက်ကြရအောင်……….။
နေဝန်းနီ

6 comments

  • ဦးကြောင်ကြီး

    April 22, 2013 at 5:27 am

    အရှိတိုင်းလက်ခံ
    ငါးပိလှိုင်းဆက်ရန်
    ဂလိသိုင်းထက်သန်
    ကဝိဟိုင်းလက်လန်
    တပည့်ဆိုင်းနတ်ထံ
    စတိပိုင်းအပ်နှံ
    လဇိတိုင်းဓာတ်မှန်
    ယတိပြိုင်းရှက်ဟန်..။

    Reply

  • KZ

    April 22, 2013 at 7:50 am

    အရှိကို အရှိအတိုင်း လက်ခံဖို့ ဆိုတာ လွယ်မလိုနဲ့ အတော်ခက်တာကလား။
    ရိုးရိုးလေးပြောတဲ့ စကားတစ်ခွန်းကိုတောင် ….
    စိတ်ထဲ သံသယ၊ အစွဲ၊ အမုန်း၊ စတဲ့ စိတ်အခံတွေနဲ့ နားထောင်ရင်ကို …..
    အဲဒီ စကားရဲ့ အရှိအတိုင်းကနေ ဟိုး အဝေးကြီး အဓိပ္ပယ်ပေါက်သွားတတ်တာမျိုးကိုး။ 🙁

    ဘာမဆို အရှိအတိုင်း လက်ခံဖို့က စိတ်ရှင်းရှင်းလေး ထားဖို့လိုမယ် ထင်ပါတယ်။

    Reply

  • အရိပ်စစ်

    April 22, 2013 at 6:37 pm

    အတော်ခက်ပါ၏
    ကြိုးစား ကြည့်ပါမည် ဖြစ်ကြောင်းးးးး

    Reply

  • Mr. MarGa

    April 22, 2013 at 6:40 pm

    အရှိကို အရှိအတိုင်း လက်ခံမယ်
    သို့သော်
    လက်ရှိထက် ပိုလို့ သာလွန်ကောင်းမွန်အောင် လုပ်ဖို့တော့ အမြဲ ကြိုးစားနေရမယ်
    ဒီလိုမှမဟုတ်ရင် ကိုယ်တွေက ဒီနေရာကနေ မတက်ဘဲနဲ့
    နောက်မှာ ကျန်နေခဲ့မှာမို့

    Reply

    • နေဝန်းနီ

      April 23, 2013 at 9:55 pm

      အရင်ဆုံး အရှိကိုပဲ စိတ်ထဲက ကျေကျေနပ်နပ်နဲ့ လက်ခံလို့ရအောင်ကြိုးစားကြည့်စမ်းပါဦး ဦးမာဃ ရယ်

      Reply

  • ကျုပ်က ချောဒယ် …
    တစ်ယောက်ယောက်က ဟေ့ရောင် မင်း ရုပ်ဆိုးလိုက်တာလို့ လာပျောကျိ ..
    ကမ္ဘာမကြေ ဖြစ်သွားမယ် .. ဘာမှတ်နေရဲ …
    ဒီဂ အရှိကို အရှိအတိုင်းဘဲ လက်ခံမှာနော် …. :mrgreen:

    Reply

Leave a Reply

Your email address will not be published.