နေပါစေ မေမေ

သူကေလးApril 23, 20131min027

 

 

 

 

 

 

 

လမ်းလျှောက်ရင် ဖြတ်နင်းရတဲ့ မြေကြီးသာ အသက်ရှိမယ်ဆို

နေပါစေ … မေမေ

သမီး လိုရာခရီးရောက်ဖို့ သူ့အသား မနာကျင်စေချင်ဘူး ……..

 

ကောင်းကင်ကကြယ်ကြွေမှ ဆုတောင်းပြည့်မယ်ဆို

နေပါစေ မေမေ

သမိး စိတ်ချမ်းသာပျော်ရွှင်ဖို့ သူ, မကြွေလွင့်စေချင်ဘူး ……..

 

ထွန်းတောက်နေတဲ့နေမင်းကြီးဝင်သွားမှ အေးချမ်းတဲ့ညရောက်မယ်ဆို

နေပါစေ မေမေ

သမီး အမှောင်ထဲငိုကြွေးဖို့ သူ, အိပ်တန်းမတက်စေချင်ဘူး …….

 

လမင်းကြီးကွယ်ပျောက်မှ မနက်မိုးသောက်မယ်ဆို

နေပါစေ မေမေ

သမီး နေမင်းအလင်းရောင်နဲ့ နွေးထွေးဖို့ သူ, အလင်းမမှိန်စေချင်ဘူး ……

 

နယ်ရုပ်လေးချကျွေးမှ စစ်တုရင်ကစားပွဲမှာ အနိုင်ရယ်ဆို

နေပါစေ မေမေ

သမီး အောင်ပွဲရဖို့ သူ, မြေဇာပင်မဖြစ်စေချင်ဘူး ……

 

သူ့ကို ပိုင်ဆိုင်ရမှ သမီးအသက်ဆက်ရှင်နိုင်မယ်ဆို

နေပါစေ မေမေ

သူ လွတ်လပ်စွာ ပျံသန်းဖို့

သမီး အသက်ဆက်မရှင်တော့ဘူး ……

 

သူကလေး

(၀၆.၀၆.၂၀၁၂)

27 comments

  • ဒိန်း !!!!
    (ရင်ကို လာထိသံ)

    “………..

    သူ့ကို ပိုင်ဆိုင်ရမှ သမီးအသက်ဆက်ရှင်နိုင်မယ်ဆို
    နေပါစေ မေမေ
    သူ လွတ်လပ်စွာ ပျံသန်းဖို့
    သမီး အသက်ဆက်မရှင်တော့ဘူး ……

    …….”

    ကဗျာ မိုက်တယ်ဗျာ …
    ရင်နဲ့ အားပေးတွားဒယ် သူဂလေးရယ် …

    Reply

    • သူကလေး

      April 23, 2013 at 5:45 pm

      ရင်ကိုထိတာကလဲ ဒိန်းတဲ့ … တေနတ်နဲ့ပစ်လိုက်တာဟုတ်ဝူးနော် ..
      ရင်နဲ့အားပေးတွားတဲ့ တိုတိုအံကို ကျေးဇူးအထူး

      Reply

  • ခင်ခ

    April 23, 2013 at 2:11 pm

    ညှာတာမှု့ ထောက်ထားမှု့
    စာနာမှု့ တွေနဲ့ ပြည့်ကာပြောမိ
    နေပါစေ မေမေ ဆိုပေသည့်
    မနေ ပရစေနဲ့ သမီးရယ်
    အသက်လေးတော့ ရှည်စေချင်ပါတယ်။

    Reply

    • သူကလေး

      April 24, 2013 at 12:17 pm

      အသက်လေးရယ်ရှည်စေဖို့ … အခု မန်းရိပ်မှာခိုနေတယ်လေ အကိုခရယ် ငှဲငှဲ

      Reply

  • S@i S@i Fin K@i

    April 23, 2013 at 2:19 pm

    မေမေ မေမေ နဲ့ တ-တ ပီးရေးလာလို့
    ဟုတ်မလိုလိုနဲ့ အေ.. အောက်ဆုံးကျမှ ထဖောက်တယ်..
    ရဲဇားစာယီး ..

    :byae:

    Reply

    • သူကလေး

      April 24, 2013 at 12:22 pm

      အာဟိ …
      မီးကခေးပဲချိတေးတာ
      ရဲဇားစာပဲရေးတတ်တာပေါ့ယို့ 😀

      Reply

  • Mr. MarGa

    April 23, 2013 at 5:53 pm

    ဘာမှ မပြောဘူး
    ကဗျာကို ကဗျာလိုပဲ ခံစားလိုက်တယ်
    တစ်ခုပဲ

    လမ်းလျှောက်ရင် ဖြတ်နင်းရတဲ့ မြေကြီးသာ အသက်ရှိမယ်ဆို
    နေပါစေ … မေမေ
    သမီး လိုရာခရီးရောက်ဖို့ သူ့အသား မနာကျင်စေချင်ဘူး ……..

    အိုက်လိုဆို ခီညား ဘယ်လိုသွားမှာလဲ ပြော………………. :mrgreen:

    Reply

    • နင် အတော်ညံ့ဒါဗျဲ ..
      ကိုယ်ဘိုင် လိန်ပျံဂျီး ဝယ်စီးမှာပေါ့ ဟဲ့ ..
      ဒါလေးတောင် သိဝူးလား .. :mrgreen:

      Reply

      • Mr. MarGa

        April 23, 2013 at 6:40 pm

        နင် ငါ့ကို နှက်တာတွေ များပနော်
        လိန်ပျံလဲ မြေကြီးကိုတော့ ထိရမယ်
        မထိဘူးဆိုမှ လာငြင်း :mrgreen:

        Reply

        • ထိဝူးကွာ …
          တိုက်ခေါင်မိုးပေါ်မှာ
          လိန်ပျံကွင်းဂျီး ဆောက်ထားမှာ ..
          ကိုင်းးး မှတ်ပလား .. :mrgreen:

        • Mr. MarGa

          April 23, 2013 at 6:51 pm

          ဆက်ပြီး ရွှီးစမ်းပါဦး
          နင် ဘယ်လောက်ပြောပြော မြေပေါ်မှာပဲ အခြေတည်ရမှာ
          ဒါဗျဲ :mrgreen:

        • ဟဲ့ .. သဂျား ..
          တန်ဒေါ့ .. တော်ဒေါ့ …
          နာဒို့ နှီယောက် အပြန်အလှန် ကစ်နေဂျရင် ..
          သူဂလေး စိတ်ချိုးတွားလိမ့်မယ် …
          သူဂလေး စိတ်ချိုးရင် ဟောဒီ ကိုကိုအံ ရင်မှာလေ ..
          တယ်ချိမှာ မဟုတ်လောက်ဘူး …. :mrgreen:

        • Mr. MarGa

          April 23, 2013 at 6:59 pm

          နာဂ အေးချေး နေတာလေ
          နင်က လာ စ တာ
          သူကလေးက နာ့ဆိုရင် အေးချေးရယ်
          နင့်ကိုသာ စိတ်ချိုးမှာ သိလား
          ဟုတ်တယ်နော သူကလေးရေ
          ဟုတ်တာပေါ့ ဃဃ ရယ်
          ကဲ တွေ့ပလား :mrgreen:

        • Mr. MarGa

          April 23, 2013 at 7:06 pm

          တွေ့တယ်မလား သူကလေး
          သူ့ဟာသူတောင် အဲဒါကို အသံထွက်ပြီး ဖတ်တတ်ရဲ့လားမသိဘူး
          ဘာတဲ့
          ဝွက် တဲ့
          သူကလေးကို ပြောတာနေမှာနော် :mrgreen:

        • ဝလုံး ကိုတောင်
          သုည နဲ့ ရေးဒဲ့တောင်ဂများ …
          နာဂ ဝလုံး နဲ့ ရေးဒါ ..
          သူဂ သုည ဂျီးနဲ့ … ဟီဟိ …
          သနွှားဘာဒယ် .. အားနာဒယ် ..
          သက်သက်ညှာညှာ ပေါလိုက်မယ် …
          တားမှာ တားမှာ … ဘာချိဒုန်းဟင်င်င် .. 🙄 :mrgreen:

        • Mr. MarGa

          April 23, 2013 at 7:16 pm

          တနားပါတယ်……………
          နာ့ကို နိုင်မလားလို့ ပြောတာ
          နိုင်လဲ နိုင်ရှာဘူး……………………….
          ဟီဟိ

      • သူကလေး

        April 24, 2013 at 12:39 pm

        ဟုတ်တယ် ကိုကိုအံပေါသလိုပဲ လိန်ပျံဝယ်စီးပီးနေမှာ
        ကိုကိုအံက ဝယ်ပေးမယ်တဲ့ အမောင်မာဃရဲ့
        လိန်ပျံမရှိလည်း အတောင်တပ်ပီးနေမယ်အေ
        သစ်ကိုင်းပေါ်နားမယ်
        နားရင်လည်း တစ်တီတူးလို ခြေထောက်ကိုမိုးပေါ်ထောင်ပြီးမှနားမှာ .. ငှဲလျောင်း ငှဲလျောင်း

        Reply

  • မောင် ပေ

    April 23, 2013 at 8:28 pm

    ကဗျာလေးကို ခံစား
    ကဗျာပိုင်ရှင်လေးရဲ ့ပရိုဖိုင်ပုံလေးကို ဆက်ခံစား
    ခြစ်စိတ်တွေ တဖြေးဖြေးပေါက်ဖွါး
    အဲဒါ အဲဒါ ခက်ပါပေါ့ကလား

    Reply

    • သူကလေး

      April 24, 2013 at 11:30 am

      တိန် !!~ 😛

      Reply

  • အရီးခင်လတ်

    April 23, 2013 at 11:14 pm

    {{
    နယ်ရုပ်လေးချကျွေးမှ စစ်တုရင်ကစားပွဲမှာ အနိုင်ရယ်ဆို
    နေပါစေ မေမေ
    သမီး အောင်ပွဲရဖို့ သူ, မြေဇာပင်မဖြစ်စေချင်ဘူး ……
    }}
    ဒါဆိုလဲ ဘာလို့ စစ်တုရင်ကစားဖို့ ကြိုးစားခဲ့တာလဲ သမီးရယ်။
    စစ်တုရင် မှာ နယ်ရုပ်တွေက ထိုးကျွေးဖို့ကို ဖန်တီးထားတာကလား။
    ကျွေးကွက်တော့ ပိုင်ရမှာပေါ့။

    နောက်တာနော်။
    ကဗျာအရသာပျက်အောင်လုပ်တာမဟုတ်ဘူး။ 😛

    Reply

    • သူကလေး

      April 24, 2013 at 10:22 am

      ရပါတယ် ရပါတယ်
      လွတ်လပ်စွာပြောဆိုဝေဖန်နိုင်ပါတယ်ရှင်…
      ကဗျာရေးတဲ့လူကလည်း အရာအားလုံးကိုငဲ့ညှာပီး အားလုံးကိုလက်မြှောက်အလျှော့ပေးချင်နေတဲ့လူတစ်ယောက်ရဲ့စိတ်ကို ပုံဖော်ပြီးရေးကြည့်တာမို့ပါ 🙂

      Reply

  • လူကလေး

    April 24, 2013 at 8:49 am

    အင်း. .ငါ အဲလောက်တော့ မရင့်ကျက်နိုင်ဘူးထင်ပ..

    ညလေး..အဲဒါတွေက သဘာဝတွေပါ. . . သဘာဝအတိုင်း စီးမျော လိုက်ပါခွင့် လူတိုင်းမှာ ရှိပါတယ်
    ကိုယ်ကြောင့် နာကျင် ရတယ်ဆိုတဲ့ အထဲမှာ အပေါ်က သဘာဝ တွေ မပါဘူး. . .

    အေးဆေးလေးနဲ့ လိုချင်တာကို ခံစားလိုက်ပါလို့.. ဒါအားလုံး ရဲ့ ရပိုင်ခွင့်ပါညလေး

    Reply

    • သူကလေး

      April 24, 2013 at 10:09 am

      ဒါဆိုလည်း ရသမျှ အကုန်ယူလိုက်မယ်နော် မမ…
      မမကလဲ ညလေးရပိုင်ခွင့်မို့ မမလည်း ရွက်ကျပင်ပေါက်မလုပ်နဲ့နော် I Owe U ! 😀

      Reply

  • KZ

    April 24, 2013 at 11:21 am

    နင်းမှာပဲ။ :mrgreen:
    ကြွေပါ့စေ။ :mrgreen:
    နေဝင်ချိန်ကို ကြိုက်တယ်။ :mrgreen:
    မိုးသောက်တဲ့ အချိန်ကိုလည်း ချစ်တယ်။ :mrgreen:
    စစ်တုရင်မှာ ကိုယ့် ဘုရင် မပါသွားဖို့ အရေးကြီးတယ်။ :mrgreen:
    အို။ ဘယ်တူတေတေ ငတေမာ ပီးရော။ :mrgreen:

    သူကလေး ပြောသလို ဆို နေစရာရှိမှာမဟုတ်။ :mrgreen:

    Reply

  • ရင် နင့် အောင်

    April 25, 2013 at 5:01 pm

    အေးဗျာ … ကျွန်တော့်ကို ကွန်မန့်လာလာပေးပေမယ့် … ခုမှ ခင်ဗျားရေးတာ လာဖတ်ဖြစ်တယ်။

    တွေ့ရတာ ဝမ်းသာပါတယ်။

    စာပေကို ဝါသနာပါတယ်ဆို လုပ်ဗျ။ ကဗျာ မဖြစ်သေးပေမယ့် စာစုတစ်ခုအနေနဲ့

    တော်တော် ဖတ်လို့ အဆင်ပြေနေတာ တွေ့ရတယ်။

    လေးစားစွာ ဖတ်ရှုသွားရင်း……………..။

    ရင်နင့်အောင်

    Reply

  • lady mobile

    April 28, 2013 at 6:00 pm

    မေမေ မေမေဆိုတော့ အမေကိုချစ်တဲ့ သမီးမှတ်နေတာ
    နောက်ဆုံး ဘဲကိုချစ်နေ ပေးဆပ်နေတာကိုး
    အဟဲ စတာနော် ….

    Reply

Leave a Reply

Your email address will not be published.