၁၉၈၄ တိုင်းရေးပြည်ရေးတွေမကျန်းမာတဲ့ ကြားထဲ အမေက ကျွန်တော့်ကိုမွေးတယ်။ ၁၉၈၈ ငါတို့ အစ်ကို/ အစ်မ ငါတို့ ဦးလေး/ အဒေါ် လမ်းပေါ်မှာလူစုတွေ သူတို့ ဒီမိုကရေစီတောင်းရင်း သေနတ်တွေနဲ့ပစ်ခတ်ခံခဲ့ရ။ ၁၉၈၉ ကျောင်းတော်ကိုကျွန်တော် ရောက်တယ် အမေက မေးတယ် ငါ့သား ကြီးလာ ဘာလုပ်မယ် ကျွန်တော်မသိဘူး။ ၁၉၉၄ ကမာ္ဘကြီးမှာ အချစ်ဆိုတာ များပြားလှတာ ဒါပေမယ့်လည်း ကိုယ့်ဘဝမှာ အချစ်မရှိ။ အဲဒီ ကဗျာနဲ့ ရင်ဘတ်ကိုစတင်တော်လှန်ခဲ့။ ၁၉၉၈ ကဗျာ၊ ဝတ္ထု၊စာစီစာကုံးတွေက ကျွန်တော့်ဘဝကိုလွှမ်းမိုးလာတယ် အမေမသိအောင် ကျောင်းမှာခိုရေး ညမှာ ခိုးရေး ဘဝက ပျော်ဖို့ကောင်းလာ။ ၂၀၀၀ သချင်္ာ ဂုဏ်ထူးတစ်ခုနဲ့ ကျွန်တော်ဆယ်တန်းအောင် ပြီးတော့လည်းဘာမှ မဟုတ်ဘူး ကျွန်တော်ကဘာမှ မဖြစ်ချင်လို့။ ၂၀၀၁ ကွန်ပျူတာကသင်တယ် […]
