ဆင်ခြင်စမ်းပါ သူငယ်ချင်းရာ

ကာရံApril 24, 20131min07

ပေးဆပ်ခြင်းလား ရယူခြင်းလား

အများနဲ့အတူတဲ့ မင်းရဲ့စိတ်က

လောကကို အလှဆင်ခြင်းလား

ဒေါသကို မွန်းမံနေခြင်းလား

ကြည့်စမ်းပါဦး

လောကအလည်မှာ သောကတွေ ဗလာပွနဲ့

တည်ရာမရသေးတဲ့ သူတွေအတွက်ရော

မင်းစဉ်းစားမိရဲ့လား……….

ဒေါသကိုအမှောင်ဖုုံးနေတဲ့ မင်းတို့ရဲ့လက်သုံးစကားက

သုံးမရအောင် ပျက်သုံးနေပြီဆိုတာ ဆင်ခြင်စမ်းပါကွာ

အေးချမ်းနေတဲ့ လူသားလောကကြီးကို ဘာကြောင့်များ

မုသားတွေသုံးပြီး ဖုံးနေရတာလဲ

အမှန်ကို အမြင်တာလား အမြင်တွေက မမှန်ကန်သေးတာလားလေ

တရားသံတွေရဲ့လမ်းလေးမှာ မင်းလျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်

သူငယ်ချင်းရေ ပန်းတွေအစဉ်တွေတော့မယ် မြို့သစ်လေးကို

ခွန်အားတွေပေးသနားရင် ကြင်နာတက်ပါစေလို့

                                           ပိတောက်မိုး

7 comments

  • တရားသံတွေရဲ့လမ်းလေးမှာ
    မင်းလျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင် …..
    … ဒါဆို အကောင်းဆုံးပေါ့ဗျာ ….
    ဒါပေမယ့် လွယ်တော့ မလွယ်လှဘူးဗျာ ….
    ဆိုးတာ က လွယ်တယ် ..
    ကောင်းတာ က မလွယ်ဘူး မဟုတ်လားဗျာ …
    လျှောက်လှမ်း လာနိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ……။

    Reply

  • ရွှေတိုက်စိုး

    April 25, 2013 at 8:53 am

    ခွန်အားတွေ ပေးသနားရင်း ကြင်နာတတ်ပါစေ……..
    အဲဒါလေး ကြိုက်သဗျာ..

    Reply

  • Mr. MarGa

    April 25, 2013 at 4:28 pm

    သူငယ်ချင်းတို့ ဆင်ခြင်သင့်ပြီနော…………

    Reply

  • padauk moe

    April 25, 2013 at 5:15 pm

    ကောင်းပါပြီတဲ့ဗျာ

    Reply

  • စဉ်ခြင် က ဆင်ခြင် ကို ဆိုလိုတာလားမသိဘူးနော်။
    (သတ်ပုံအဖွဲ့ ကြီး ပင်စင်ယူသွားပြီလားမသိဘူးနော်)

    Reply

    • kai

      April 26, 2013 at 1:29 am

      ခေါင်းစဉ်ထိ.. တက်မှားနေရင်တော့.. အမှတ်လျှော့ဖို့ကောင်းတယ်..။
      သတ်ပုံအဖွဲ့ ကြီးကို.. အဲဒီအာဏာအပ်မှနဲ့တူတယ်..။ :buu:

      Reply

  • lady mobile

    April 26, 2013 at 10:47 am

    စာသားအရေးသားလေးတွေသဘောကျလို့
    အားပေးသွာတယ်နော်…

    Reply

Leave a Reply

Your email address will not be published.