အဝေးတစ်နေရာက မေမေ………………………

ကာရံApril 24, 20131min06

အိမ်လေးလဲဟောင်းအိုခြေပြီ

နှောင်းအတိတ် ခြေရာကောက်လို့

ခြောက်သွေ့တဲ့ ရွှက်ကြွေတွေကြားမှာ

ငါမရောက်တာ အတော်ကြာပေါ့

ဥဩဌက်တေးသီသံကြား

ခြားနားတဲ့ အတိတ်ပန်းချီကားတစ်ချပ်က

အော် အခုတော့ စိတ်စေရာကိုဖန်တီးနေသလားလေ

နှစ်မျောနေတဲ့ သံဇဉ်တွေကြားမှာ

ငါ့နှလုံးသားလဲ အမေ့အိမ်ကိုတမ်းတနေဆဲလေ

ငယ်ကာမှစလို့ ယခုထိတိုင် ကျွေးမွေးနေဆဲ

အမေ့မေတ္တာတွေအောက်မှာ သားမရောက်တာ

နှစ်ပေါင်းဘယ်လောက်များ ကြာနေပြီလဲ

မေမေရေ တမ်းတတိုင်း လွမ်းမဝလို့ သားကျတဲ့မျက်ရည်စက်တွေက

ပြုစုခွင့်မရလို့ မုန်းများနေပြီလားလေ

သားသိပါတယ်မေမေ

ဘယ်လောက်ဆိုးဆိုး ပြစ်မထားရစ်တဲ့ မေမေ့မေတ္တာတွေကတော့

အနန္တကမ္ဘာအိမ်ငယ်လေးပါ

အခြေအနေမပေးလို့ ဝေးကွာနေဆဲ ကာလတွေမှာ

သားလေးဘေးကင်းပါစေကြောင်း ဆုတောင်းနေတဲ့

မေမေ့ တေးသီသံလေးအောက်မှာ

သားနိုးမထချင်သေးဘူးမေမေ

အိပ်ရာဝင်ပုံပြင်လေးမဆုံးခင် အပြေးလာချင်တဲ့

ခြေလှမ်းတိုင်း မေမေပေးတဲ့ခွန်အားတွေနဲ့

သားလေ လောကကို အလှဆင်နိုင်တဲ့တစ်နေ့

ရင်ခွင်ဟောင်းရဲ့ တစ်နေရာကို

သားလေးအပြေးသာ လှမ်းလာချင်ပါတော့မယ်  မေမေရယ်

                                                       ပိတောက်မိုး

6 comments


  • အမေ့မေတ္တာတွေအောက်မှာ သားမရောက်တာ
    နှစ်ပေါင်းဘယ်လောက်များ ကြာနေပြီလဲ

    အင်းးး တစ်နှစ်လောက်တော့ ချိဘီ ….
    ပျံဖို့ဂလည်း မလွယ် …
    ဖုန်းနဲ့ဘဲ လွမ်းနေရဒယ် ……
    :byae: :byae:

    အဝေးတစ်နေရာက အမေ့ကို လွမ်းရင်းနဲ့
    ခညားရဲ့ ကဗျာလးကို အားပေးတွားဘာဒယ်ဂျာ ….

    Reply

  • KZ

    April 25, 2013 at 10:11 am

    :byae:

    အိုင် မစ်(စ) မိုင် မေမေ တူး။

    Reply

  • Mr. MarGa

    April 25, 2013 at 4:21 pm

    သားလေ လောကကို အလှဆင်နိုင်တဲ့တစ်နေ့
    ရင်ခွင်ဟောင်းရဲ့ တစ်နေရာကို
    သားလေးအပြေးသာ လှမ်းလာချင်ပါတော့မယ် မေမေရယ်

    အဲဒီနေ့ကို တကယ် ရောက်အောင် ကြိုးစားနိုင်ပါစေ

    Reply

  • padauk moe

    April 25, 2013 at 5:15 pm

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ

    Reply

  • lady mobile

    April 26, 2013 at 11:47 am

    လောကကိုအလှဆင်နိုင်ပြီး
    ကိုပိတောက်မိုးရဲ့မေမေဆီကို
    အမြန်ပြန်ရောက်နိုင်ပါစေလို့ဆုတောင်း
    ပေးလိုက်တယ်နော်…

    Reply

  • kyeemite

    April 26, 2013 at 3:55 pm

    မျက်နှာပန်းလှလှနဲ့ အိမ်ပြန်နိုင်ကြပါစေ…ဟုသာ

    Reply

Leave a Reply

Your email address will not be published.