Kyi LwinMay 6, 20131min06
ဟိုရှေ့က မြန်မာပြည်။ ဟိုရှေ့က ဆူဆူညံ၊ ဘာသံလဲမေး။ ရခိုင်ပြည် ဘင်္ဂါလီ အရေး တွေးဆ ကွဲ့လေး။ ။ ဟိုရှေ့က ညှော်စော်နံ၊ ဘာတွေလဲ မေး။ လက်ပံတောင်းတောင် စမ်းသပ်တဲ့ ဘာဘီကယူး ပွဲတဲ့လေး။  ။ ဟိုရှေ့က ပူညံ ပူညံ၊ ဘာဖြစ်လဲမေး။ လယ်ယာမြေပြန်တောင်း တဲ့ လယ်သမားတဲ့လေး။  ။ ဟိုရှေ့က ဒိန်းဒိန်းသံ၊ ဘာသံလဲ မေး။ ကချင်ပြည်တိုက်နေဆဲမို့၊ ပြည်သူတွေပြေး။  ။ ဟိုရှေ့က ဖုံးဒိုင်း သံ ဘာသံလဲ ဝေး။ ကေအင်ယူ တိုက်ပွဲမို့ ပြည်သူတွေပြေးနေဆဲ ဝေး။  ။ ဟိုရှေ့က ရှမ်းရိုးမ ပေါ် ဘာတွေလဲမေး။ လက်နက်ကိုင် ရှမ်းတပ်ဖွဲ့နဲ့ တိုက်နေဆဲလေး။  ။ ဟိုနားက တဟေး […]


koyin sithuMay 5, 20131min016
ပြက္ခဒိန်အဟောင်းလေးတွေ တစ်ခုပြီးတစ်ခု နံရံပေါ်ကနေ ခုန်ဆင်းသွားကြလေပြီ။ သေးငယ်တဲ့ အစိတ်အပိုင်းများစွာထဲမှ ရန်လိုမှုတွေဟာ ကျွန်တော့် ဘဝကို ဦးဆောင်နေခဲ့ပါတယ်။ ယခု တစ်ခေါက် ကျွန်တော် ပင်လယ်ပြင်လုပ်သက် ၁ဝ လ ကျော်ခဲ့ပြန်လေပြီ။ မဝေးတော့တဲ့ အချိန်မှာ ရွှေပြည်ကို ပြန်လာရဖို့နီးလေလေ မင်္ဂလာဦးည ကုတင်ပေါ်က အပျိုဖြန်းလေးတစ်ယောက်ရဲ့ ရန်ခုန်မှုမျိုး ထပ်တူဖြစ်နေမယ်ဆိုတာ လများစွား ပေခံနေကြရတဲ့ ကျွန်တော်တို့ သင်္ဘောသားတိုင်းရဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုးပါ။ အထီးကျန်ခြင်းဆိုတဲ့ အချိန်အခါ တွေကို ကျော်ဖြတ်ဖို့အတွက် အချိန်အခါ မဟုတ်လည်း ကျွန်တော်က ပျော်ပျော်နေတတ်အောင် ကျင့်ယူ စိတ်မွေးမြူခဲ့ရပါတယ်။ ဒါကြောင့် လူဆိုတာ “အချိန်အခါမဟုတ်ပဲ… မပျော်ရွှင်ရဘူး” ဆိုတဲ့ စကားကို ကျွန်တော်က လက်မခံမိပါဘူး။ မလှပခဲ့တဲ့ ဘဝအချိုးအကွေ့တွေမှာ ဘယ်သူဟာ စကားလုံးတွေကို ယုံကြည်စွာ […]


naywoon niMay 4, 20131min013
ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ အမိုးပေါက်တာ ဖာနေရုံပဲလား ထုပ်တန်းမှာ ပိုးကိုက်နေတာကို အသစ် လဲမပစ်ကြဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ ဧည့်ခန်းဆောင် ဆက်တီ လဲရုံပဲလား ဘုရားဆောင်မှာ ပေါက်ပြဲနေတာတွေ မပြင်ကြတော့ဘူးလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ နံရံတွေကို ချေးပြောင်အောင်မချွတ်ပဲ ဆေးအသစ်ထပ်သုတ်နေကြသလား တံခါးပေါက်တွေ ရွဲ့စောင်းနေတာ ကြည့်ကောင်းနေကြသလား? ပြင်နေတယ် ….. ပြင်နေတယ်နဲ့ ဘယ်နားသွားပြင်နေကြသလဲဟေ့…….။ …………………………………………………………. …………………………………………………………. ?? အဲဒိလိုနဲ့ အဓိကကျတာနဲ့ အပေါ်ယံ အပြင်အဆင် အထားအသိုက လွဲနေတာ စဉ်းစားကြပါဦး……။ နေဝန်းနီ


လူကေလးMay 2, 20131min010
သင်္ကြန်တရားစခန်းဝင်တုန်းက ရေးထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ နားလည်သဘောပေါက်သလောက်ကို ရေးထားခြင်းဖြစ်ပါတယ်။ ပါဠိ ထည့်ရေးဖို့ သိပ်မသိတာကတစ်ကြောင်း၊ အမှားများမှာ စိုးတာကတစ်ကြောင်းမို့ အဝိဇ္ဇာ လို့ ပေးမဲ့ ခေါင်းစဉ်တောင် မသိခြင်းများ လို့ ပြန်ပေးထားပါတယ်။ ကဗျာကို ဝိုင်းဖတ်ဝေဖန်ပေးကြတဲ့ တရားစခန်းအတူဝင် ယောဂီ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။   “မသိခြင်းများ” အသိမဲ့လုပ်ရပ်တစ်ခု သင်္ခါရကိုပြုခဲ့လို့ ငါမဟုတ်တဲ့လူ ပုံစံမျိုးစုံပြုပြီး ဒီခန္ဓာကိုပိုင်ဆိုင်ခဲ့တာ နင်သိရဲ့လား။   ။   ပိုင်ဆိုင်တဲ့ခန္ဓာ လိုချင်တာကိုသူတောင့်တ အဟုတ်မှတ်ပြီး နင်ဖြည့်ဆည်း ငါမဟုတ်တဲ့ “ရုပ်”.. ဟန်ဆောင်နေတာ နင်သိရဲ့လား။    ။   ရှည်လွန်းတဲ့နင့်ဆုတောင်းက နောင်ဘဝကောင်းစားရေးတဲ့လား ဘယ်ခန္ဓာ ဘယ်မှာဆိုက်လို့ ဘယ်ကပ်နဲ့ ကြုံလေမတုန်း မကြောက်မရွံ့.. နင်မို့ဆုတောင်းဝံ့။    ။   ဆန္ဒကို […]


ရုံး အနောက်တွင် ပင်ရွှေပိတောက် ပွင့်ပုံမပေါက်၍ မေးကြည့်လေရာ မိုးမလာသဖြင့် ပွင့်ချင်ပါလည်း အခွင့်မသာ ဖြစ်ပါရကြောင်း ပြန်ပြောင်းဖြေကြား မိုး မသနား၍ ပိတောက်သစ္စာ ပျက်ရရှာဟု ကြွေလုငုံဖူး ရူးမတတ်ဖြစ်ရှာ မျှော်သူမှာ ။  


ကာရံMay 1, 20131min02
မငိုပါနဲ့ချစ်သူ ငါ့နှလုံးသားက မျက်ရည်စက်တွေ တားဆီးဖို့အင်အား မွေးဖွားခြင်း မရှိသေးလို့ပါ မမုန်းပါနဲ့ချစ်သူ ငါ့အပြုံးတွေက အခုမှ အနှယ်ထိုင်ခါစမို့ပါ မမေ့လိုက်ပါနဲ့နော် ချစ်ခဲ့တဲ့ နေ့ရက်လေးတွေက အခုဆို တစ်ထောင့်ငါးရာ ပြည့်ခါနီးမို့ပါ မကြင်နာရင်နေပါချစ်သူ ငါ့ရင်မှာ ချစ်မယ့်သူက မင်းတစ်ယောက်ဆိုတာ အမှတ်ရတဲ့တစ်နေ့ ငါခင်းပေးတဲ့ ပန်းနုရောင် ချစ်ခရီးလမ်းလေးကို အလည်တစ်ခေါက် ကြိုလှမ်းနိုင်မယ်လို့ မျှော်လင့်ရင်း                                        ပိတောက်မိုး


naywoon niMay 1, 20131min013
လိမ်တယ် …. လိမ်တယ် ….. လိမ်တယ် တစ်ဦးတစ်ယောက်ချင်းလည်းလိမ်တယ် အုပ်စုဖွဲ့လို့လည်းလိမ်တယ် လိုင်စင်ဆောင်ပြီးတော့လည်း လိမ်တယ် လိုင်စင် မဆောင်ရသေးဘဲနဲ့လည်း လိမ်တယ်…..။ တရားဝင်လည်း လိမ်တယ် ….။ ဇယားမဝင်ဘဲလည်း လိမ်တယ် …..။ တစ်ချို့ ဝမ်းရေးအတွက် လိမ်တယ်…။ တစ်ချို့ လွမ်းရေးခက်လို့ လိမ်တယ် …..။ တစ်ချို့ အသပြာအတွက် လိမ်တယ် …..။ တစ်ချို့ ဘလချာနဲ့ လိမ်တယ်…..။ တစ်ချို့ မလိမ်မိုး မလိမ်မာမို့ လိမ်တယ်….။ တစ်ချို့ ဆန်ဘိုးဆီဘိုး အိမ်ပါဖို့ လိမ်တယ်….။ တစ်ချို့က ဝါသနာ ပါလို့လိမ်တယ် ……။ တစ်ချို့က လိမ်တာကို အကျင့်လို စွဲနေလို့ကို လိမ်တယ်….။ တစ်ချို့က ချစ်လို့ လိမ်တယ်….။ တစ်ချို့က မုန်းလို့ကို လိမ်လိုက်တယ် […]


ကာရံApril 30, 20131min03
မိဘဟူသည် မြတ်ဆရာမည်သို့ ထိန်းကျောင်းပဲ့ပြင် ငါတို့ရင်တွင်း လိမ္မာစေကြောင်း အစဉ်ပြုပြင် ချော့တစ်ခါ ချောက်တစ်လှည့် စိတ်ရိုင်းဟန်သွင်း ပြုသည့်ပမာ သားတို့ရင်မှာ အစဉ်သာတည်း နေဝင်ချိန်တန် အိုမင်းမစွမ်း အားအင်ကုန်ခမ်း နွမ်းသည့်ပမာ သားတို့ချစ်ခရီး ပေးစွမ်းသည်သို့ ချစ်မဝသေးခင် ပြိုလုသည့်ကမ်း လှိုင်းဂယက်ထန်စွာ ရှိုက်ခက်သည့်အလား ခွဲခွာမှုသည် သားတို့ရင်မှာ မချိသာတည်း ရင်မှဖြစ်ပေါ် ချစ်ခြင်းတရား အကြင်နာများသည် ဆုတောင်းမှုပြု ငါးဖြာဝတ်ဖြင့် ဦးခိုက်ရှစ်ခိုး ရွှေမြင့်မိုရ် ပြိုမှာစိုးတည်း                    ပိတောက်မိုး


ကာရံApril 30, 20131min01
သနားတက်တဲ့ ငါ့နှလုံးသားလေးက အခုတော့ အရှုံးသမားဘဝကို ပိုင်ဆိုင်လေရော့သလား ရင်နှစ်အောင်ချစ်ခဲ့ပြီးမှ ရနံ့ပြယ် ရွှက်ကြွေသည့်ပမာ အပြုံးတရားကို ရင်မှာပိုက် မုန်းမြို့တော်ချစ်စခန်းက ထွက်လှန်းဖို့ ငါအချိန်တန်လေရော့သလား ချစ်သူရေ မင်းရင်နာအောင် ငါမလုပ်ခဲ့ပေမယ့် ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းတွေကတော့ ခါးသီးတဲ့မိုးစက်ပမာ မင်းထင်ရက်လေရော့သလားကွယ် အမှတ်မထင် အရှိုက်မိခဲ့တဲ့ ပဲ့တင်သံ အပြန်ခရီးက သစ္စာမရှိတဲ့ မင်းအတွက်တော့ ပျားရည်စက်ချစ်ခရီး ဖြစ်မယ်ထင်နေရော့သလား ရင်မှကြွေသော မျက်ရည်စက်တွေက မင်းရဲ့ချစ်မှတ်တမ်းမှာ ငါ့သက်သေမှတ်တိုင် စိုက်ထူဖို့ နေရာမကျန်ရော့လေသလား ခြေရာဖျောက်မေတ္တာတိမ်တိုက်အောက်မှာ လေလွှင့်သွားတဲ့ ချစ်ပန်းတိုင်လေးက အခုတော့  ဘယ်ကမ်းဆိုက်ကပ်နိုင်တော့မလဲလေ တစ်ခဏအလည်လာသူမဟုတ်ပေမယ့် ရောက်ခဲ့တဲ့ အမုန်းမြို့တော်ထဲက အခုတော့လေ လွမ်းချစ်သူ ဖြစ်ရှာလေရော့မယ်ထင်တယ်                                                               ပိတောက်မိုး


ကာရံApril 29, 20131min04
ပင်ယံထက်ပန်း လှမ်းရန်အခူးခက် ပြိုမလိုမိုး အငြိုးနဲ့ရွာ ရင်ခွင်အလည်နွေ ခြောက်သွေ့နှလုံးသား အပြုံးများအကြွေ အမုန်းတရားဝေခဲ့ အချစ်ပြိုသည့်မိုး နှစ်လို့သည့်ရနဲ့ကြွယ် အနမ်းမဝေတဲ့ ဆောင်းလေပွေရှုး နှောင်းအတူ လျှောက်လှမ်းဖူးခဲ့ ခရေလမ်းလေးလဲ အကြွေပန်းများ ဖူးပွင့်ဝေဆာ အဖြေရှာလေတော့ ငါလေချစ်တာ သူသိပါစေတော့  ပိတောက်မိုး


ကာရံApril 29, 20131min04
မေမေကျွေးခဲ့ဖူးတဲ့ ပဲပြုပ်ထမင်းဆီဆမ်းလေးကို မှန်းဆလို့ ယနေ့ထိတိုင် တမ်းတနေဆဲပါ မေမေ သားဆိုးနွဲတိုင်း အပြုံးအပျက်ဘဲ နွေးထွေးတဲ့ ရင်ခွင်တစ်နေရာက သားအတွက်တော့ အေးမြတဲ့ နေရာသစ်လေးတစ်ခုပါ မေမေ ညအိပ်ရာဝင်တိုင်း ပြောတက်တဲ့ မေမေ့ရဲ့ ပုံပြင်အဆန်းလေးတွေကလေ သားအတွက်တော့ နိုးမထချင်တဲ့ မနက်ခင်းလေးပေါ့ မေမေရေ သားအသက်တွေဘယ်လောက်ကြီးကြီး မညည်းမငြူ ပြုစုတက်တဲ့ မေမေရဲ့ ချစ်မေတ္တာတွေကြားမှာ သားလေး ပျော်မွှေ့ချင်ပါသေးတယ် သံသရာခရီးရှည်ကြီးထဲမှာ ကြင်လည်နေရတဲ့ သားတို့ရဲ့ အမေ့အိမ်လေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ ကာရံကဗျာလေးဖြစ်နေမယ်ဆိုရင် မေမေရေ အစဉ်နွေးထွေးတဲ့  ချစ်မေတ္တာတွေကြားမှာ သားလေမြတ်နိုးခွင့် အစဉ်သာပိုင်ဆိုင်နေပါတော့မယ်                  ပိတောက်မိုး


alinsettApril 29, 20131min012
၁ ။ ။ မှားနေတဲ့ ကောင်းကင်ထဲ.. ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း… လန်းဆန်းချင်ယောင် ဆောင်နေမှတော့…… ၂ ။ ဟုတ်လိမ့်နိုးနိုး….အတွေးတွေနဲ ့…. ကိုယ့်ကို ကိုယ် ခွဲ စိတ်ကြည့်တော့လည်း… ကြည့်စမ်း…. ငါ့ရင်ထဲ… မိုးခါးတွေ…ရွာနေတယ် ။ ၃ ။ ။ အလင်းမဲ့တဲ ့ မနက်ခင်း…. ခပ်ပြင်းပြင်းလေး..လျှောက်တဲ ့ခြေသံတွေနဲ ့… ငါ့ဆီ..ရောက်လာတယ် ။ ၄ ။ ။ မလွမ်းလောက်ပါဘူး …. ဟောဒီ ကောင်../ ဟောဒီ ချောက် ကမ်းပါးစွန်းမှာ… ရပ်..နေတယ် ။ ဖြေဆေး တစ်ဖက်… အဆိပ်ခွက် တစ်ဖက် ကိုင် ဆွဲ ထားပေမယ့်… မလွမ်းလောက်ပါဘူး ။ ၅ […]