ကာရံMay 13, 20131min01
မျက်ရည်ကျမှ မင်းဝမ်းဝတက်သူလား ထမင်းတစ်နပ်တန်ဖိုးကို မင်းသိတက်ရင် တောင်သူဦးကြီးတွေကို ဦးညွန့်လိုက်ပါကွာ ချွေးမြေကျအောင် လုပ်အားပေးပြီးမှ သိမ်းပိုက်လိုက်တဲ့ မြေယာတွေကြားမှာ သူတို့ဘယ်လိုအသက်ရှင်သန်မလဲဆိုတာ တွေးမိရဲ့လား မင်းတို့ရဲ့လောဘတွေအောက်မှာ သူတို့ဒူးထောက်နေတာ ကြောက်လို့မဟုတ်ဘူးဆိုတာ သိထားသင့်တယ် ကျေးစွပ်တက်တဲ့ အမူအကျင့်က လူမြင်ရင်တောင် မုန်းဒဏ်သင့်ပါတယ်ကွာ စာနာစိတ်လေးမင်းရတဲ့တစ်နေ့ အသက်ချွေးပေးဆပ်နေတဲ့ သူတွေကို ဦးညွန့်ပေးလိုက်ပါ မင်းလေးတစ်ယောက် ဝင်းပတဲ့ လပမာ နံဘေးမှာလဲ ကြယ်စင်ခယလာပါလိမ့်မယ်ကွယ်                                ပိတောက်မိုး


ကာရံMay 13, 20131min04
ချစ်တယ်ဆိုတာတဲ့စာသားတွေအောက်မှာ ငါဘယ်လောက်များ အိပ်ပျော်မိခဲ့ပြီလဲ လူတစ်ယောက်ကိုချစ်တာ တစ်ခါတစ်လေ ငါ့ရင်တွေ နစ်လောက်အောင်ကို မောပန်းလှတယ်ချစ်သူ မုသားလေလား ငါကျေနပ်တယ် အခုသူကလေ ငါ့ကိုသိပ်ချစ်တယ်တဲ့ မသိစိတ်က အလိုလိုဦးညွန့်လိုက်တဲ့နှလုံးသားလေးလဲ ဖူးငုံပွင့်စပန်းပမာ ရနံ့တွေကြွယ်နေတုန်းပေါ့ ကာရံလေးတွေအောက်မှာ ပျော်မြူးနေတဲ့ ငါ့ဘဝလေးက အခုဆိုရင် မင်းအချစ်တွေနဲ့ ကဗျာလေးတွေ တည်ဆောက်ခဲ့တာ အမိုးအကာစုံလောက်ပြီနော် အခန်းဖွဲ့ဖို့အတွက် မင်ပေးမယ့် မေတ္တာတရားနဲ့ သစ္စာတရားကို ငါယနေ့တိုင် စောင့်မျှော်နေစဲပါချစ်သူ……………………….. ချစ်သူ့ရင်ခွင် ပွင့်လန်းသည့်ပန်း အနမ်းခြွေလှမ်း ခူးရန်ခက်လှ ပင်မြင့်ပန်းဘဝ ထိုက်သူရမို့ အဝေးကမျှော် တွေးစကာရူး လေပွေမြူးသည့် ဆောင်းပန်းချီတစ်ချက် ဆေးစက်မသေချာ အိပ်မက်လေးထဲ နစ်မြောမိတာ ချစ်မိသူရဲ့ ရင်ထဲမှာ  မင်းကိုချစ်တာ ပေးဆပ်ခြင်းပါ                             ပိတောက်မိုး


ခင္ခMay 13, 20131min08
“ဘေးကင်းကြပါစေ´´   “ ဒိုင်း ´´ ကြားရအသံ ဘာသံလို့မေး ကချင်မြေတနင်း စစ်ခင်းနေသေး ထိုနေရာရှိ ရွာလူထုလည်း ဟိုပြေး ဒီပြေး ဪ စစ်ဘေး။   “ ဝုန်း ´´ ကြားရအသံ ဘာသံလို့မေး နာဂစ်ရေလှိုင်း ပုတ်ခတ်သံလေး ပြေးကြသူဌာ ဆူညံစွာနဲ့ ဪ ရေဘေး။   “ ရှီး ´´ ကြားရအသံ ဘာသံလို့မေး တစ်နာ၈ဝနှုန်း တိုက်တဲ့လေသံ မုန်တိုင်းဟန်တဲ့ ပြိုလဲသစ်ပင် လွှင့်ပျံသွပ်မိုး ပျက်စီးအဆောက်အအုံ ရွဲစိုကြရဲ့ ဪ လေဘေး။   “ ဟဲ ´´ ကြားရအသံ ဘာသံလို့မေး ဝါယာရှော့ဆိုလား ပေါ့စတာလား ဘာဘဲဖြစ်ဖြစ် အိုးအိမ်ပစ်လို့ ပြေးကြသူဌာ ငိုယိုကာနှင့် ဪ […]


အောက်တိုဘာ ၂၁ ငါ လူဖြစ်ချိန်မှာ နေမင်းကသာ ကောင်းကင်ကလည်း ပြာခဲ့မှာပဲလေ ၊ အသက် ၅ နှစ် ကျောင်းသား စဖြစ်တော့ ခေါင်းမော့လိုက်တဲ့အခါ ကောင်းကင်က ပြာနေဆဲပါ ၊ လာလေမစဲတဲ့ အထပ်ထပ်သော နေ့သစ်တွေကိုဖြတ်သန်း ၁ဝ တန်း မှသည် ဘွဲ့ရသည်အထိ ငါ့ဘဝရဲ့ ကောင်းကင်ဟာ ပြာလွင်လို့နေ တချို့တွေအတွက် မိုးလေတွေပက်ခဲ့ပေမယ့် အမေ့ရဲ့ အရိပ်အောက်မှာ သားဘဝဟာ ခါး ရတာမရှိ ပကတိငြိမ်းချမ်း စိမ်းလန်းတဲ့ ရှုခင်းကြားမှာ ပြာလဲ့ကြည်လင် ပျော်ရွှင်ခဲ့ပါတယ် ၊ ဒါပေမယ့်လေ ကိုယ့်လမ်းကိုဖောက် စ လျှောက်ရတဲ့အခါ တောက်ပခဲ့တာလည်းရှိ အောက်ကျခဲ့တာလည်းရှိ နောက်ကျခဲ့တာလည်းရှိ ကောက်ရခဲ့တာလည်းရှိ ဂျောက်ချခဲ့သူတွေလည်းရှိ ပျောက်ကျခဲ့သူတွေလည်းရှိ တအိအိနဲ့ ရွေ့လာခဲ့ရင်း သက်ပြင်းဆိုတာ ဘယ်လောက်မှန်းမသိ လမ်းမရှိတာကိုမှ […]


naywoon niMay 11, 20131min07
ယဉ်ကျေးမှု ဆိုတာက မထိန်းထားနိုင်ရင် သိမ်းထားလိုက်ရမဲ့အရာ အခုတော့ကွာ မင်းတို့ဟာက ထိန်းတာလည်းမရှိ သိမ်းတာလည်းမရှိ ဗရမ်းဗတာအသိနဲ့ လူကြည့်လို့မကောင်းအောင်ဖျက်ဆီးနေတာ အရမ်းကာရောလွန်လာပြီနော် ဟိုနေရာ ဒီနေရာ အရူးချိီးပန်း လျှောက်လုပ်နေတာက အိမ်ဦးခန်းတောင် မကျန်တော့ဘူး…..။ ကိုယ့်လက်ထဲမှာ ကောင်းသထက်ကောင်းအောင် ထိန်းမထားနိုင်ရင်တော့ ပြတိုက်ထဲမှာပဲ သိမ်းထားလိုက်တာကောင်းမယ်ထင်တယ်……။ နေဝန်းနီ • ထမင်းတစ်လုပ်စားဖို့ ယဉ်ကျေးမှု ဖျက်ဆီးနေသူများသို့ • 1970 လောက်က ယဉ်ကျေးမှုဆိုတာနဲ့ အခုယဉ်ကျေးမှုဆိုတာ တော်တော်လေး ပြောင်းလဲပျက်စီးသွားတာ နှမြောစရာကောင်းလွန်းလို့ ဒီကဗျာလေးရေးဖြစ်တာပါ…………။


ကာရံMay 10, 20131min02
ရှုပ်ထွေးနေခြင်းက အလုပ်အတွေး ကာရံတစ်ခုပါ ရှင်းလို့ရယ်မှမပြီးသေး  ညည်းငြူနေတဲ့ငါ့ဘဝ စားနေကျဘဲဥပမာ အစတော့ရှာရခက်သား တန်ဖိ်ုးကကြီး လှန်းလို့ရယ်မမှီပ မြင်သမျှအရာတွေက အကြင်ရပေဘူးပေါ့ ခင်နှမရေ တို့ဘဝလေးက အနေဆုပ်လှတယ်ကွယ် ပညာရယ် မကုန်ခန်းပေမို့ သင်သမျှအရာတွေသည် သင်ခါရမို့ မတိုးတက်တာ မစမ်းပါဘူး ကဲသူငယ်ချင်းရေ ကူညီစမ်းပါဦး သုံးမရတော့တဲ့ ငါ့အရည်အချင်းလဲ ဘယ်ရပ်ဌာနေ ဘယ်ဆီမြန်း ရှာပေးပါဦးလို့  ကြွေးကြော်ရင်း……………                   ပိတောက်မိုး


ကာရံMay 10, 20131min02
ရပ်တည်ခဲ့တဲ့နေရာ ခြေချစရာတောင်မရှိတော့ပြီပေါ့ တဖြေးဖြေးနဲ့ အငွေ့ပျံ မင်းတို့ပေးတဲ့ သင်ခန်းစာက ငါတို့ရိုးရာပြက်လုခမန်း ကဲ မင်းပြောစမ်းပါဦး စိမ်းလန်းသစ်ပင် မုန်တိုင်းရိုက်ခက် အရိုးပြိုင်းပြိုင်း တုနှိုင်းရရင် အငတ်မပြေတဲ့ မင်းတို့လောက အသွေးအသားကိုမောဟအဖြစ်စားသုံး အခုတော့ သဘာဝလေးလဲ အချိန်အခါမဟုတ် ပြိုလုပျက်စီး ကဲသူငယ်ချင်းရေ ပြောစမ်းပါဦး မင်းကမှားသလား ငါကနသလား သူခိုးကိုမှ ဓါးရိုးကမ်းသွင် မဖန်ဆင်းနှင့် ကိုယ့်မြေ ကိုယ့်ရေ တို့တစ်တွေဘဝ ပန်းကောင်း အညွှန့် မကျိုးစေဖို့ အသိစိတ်ဓါတ် ကာကွယ်ပြုသည် သဘာဝလေး ရေရှည်စေဖို့ ကဲ သူငယ်ချင်းရေ မင်းရော ဘယ်လိုလဲ လို့မေးစမ်းချင်ဘိ………….                              ပိတောက်မိုး


ကာရံMay 9, 20131min014
တရားရဲ့လက်နက်က အေးမြခြင်းပါ လူသားတိုင်းမစာနာတက်သေးတာ မာနကိုမှေးတင်နေတုန်းမို့ပါ သုညဆိုတဲ့ ကမ္ဘာမြေကြီးမှာ မင်းရော ငါရော သူတစ်ပါးတွေရော ဘယ်အက္ခရာနဲ့ အစပျိုးခဲ့ပြီလဲ ငိုခြင်းအစ သုညပါ သေတော့လဲ ဒီအက္ခရာလေးပါ တန်းဖိုးမရှိတဲ့ ဒီကမ္ဘာလေးမှာ မင်းဘာတွေကိုခင်တွယ်နေဦးမှာလဲ ချစ်ခြင်းလား ပိုင်ဆိုင်ခြင်းလား ငါဆိုတဲ့မာနတွေအောက်မှာ မင်းတို့ ဘယ်နှစ်ကြိမ်ဒူးထောက်ပြီးပြီလဲ မာနကရော ဘာတွေပြန်ပေးလိုက်ပြီလဲ မင်းသိပါတယ် ရလိုက်တာက ပူလှောင်ခြင်းတွေပါ နေမင်းဘေးမှာ အေးမြတဲ့ကြယ်စင်မရှိတာ မဆန်းတော့ပါဘူးလေ ဒါဆိုလမင်းကရော အထီးကျန်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကို သူလဲ လက်ကိုင်သုံးနေရတာဘဲလေ သောကတွေအလီလီနဲ့ မာနတွေအောက်မှာ ရင်သန်နေရတဲ့ လူသားအားလုံး အေးမြတဲ့ တရားရေအေးကို အစဉ်သုံးနိုင်ပါစေလို့ ဆန္ဒပြုရင်း……                                                       ပိတောက်မိုး


ကာရံMay 9, 20131min04
မျက်ရည်စက်တွေကြားမှာ ကြီးပြင်းခဲ့ရတဲ့ငါ့ဘဝ အကြင်နာကင်းမဲ့တဲ့ လူ့လောကအလည်မှာ ထမင်းတစ်နပ်တောင် ဝမ်းမဝခဲ့ပေ မင်းတို့ပြောတဲ့ မေတ္တာတရားတွေအောက်မှာ အမုန်းလက်နက်တွေကို အလှဆင်ခြင်းလား သောကကို ပုခုံးမှာလွယ်နေတဲ့ ငါ့ဘဝကတော့ ခါးသီးတဲ့ထမင်းထုပ်ကို ဟန်လုပ်ပြီးမစားချင်တော့ဘူး အမှိုက်ဆိုပြီး ထားခဲ့တဲ့ မိဘတွေ အခုတော့ အကြင်နာတရားကင်းမဲ့ဇုန်မှာ ရပ်တည်တက်နေပြီလား ဘာကြောင့်များ လောကထဲကိုတွန်းပို့ရက်တာလဲဟင် မျက်ရည်ကအဖော်လား အမုန်းကအဖော်လား ရယ်စရာကောင်းလိုက်တာဗျာ စာနာပေးပါ အသင်လောက ချစ်ခြင်းမရှိတော့တဲ့ ပတ်ဝန်းကျင်မှာ နစ်မျောမယ့်အစား လေလွင့်နေတဲ့စိတ်ကဗျာလေးကို သွေးမျက်ရည်အဖြစ် ဖန်ဆင်းမထားရင် ငါကျေနပ်ပါပြီ                                     ပိတောက်မိုး


Kyi LwinMay 8, 20132min06
ဒီကဗျာကို ကူးပေးလိုက်တာပါ။ ဖတ်မိသူတိုင်း ရင်မော စေ၊ခံစားစေ လိုပါတယ်။   မ ေ န နို င် လို ့ ထ ေ ရ း တဲ့ က ဗျ ာ ေ အ ာ င် ေ ဝ း ေ မ ၇၊ ၂ ဝ ၁ ၃ မနေနိုင်လို ့ထရေးတဲ့ကဗျာ နေနိုင်သူတွေ မဖတ်နဲ ့။ တစ်နေ ့တစ်နေ ့ မီးလောင်ဗုံးနဲ ့ အဓိကရုဏ်းနဲ ့။ တစ်နေ ့တစ်နေ ့ သပိတ်စခန်းနဲ ့ ဒုက္ခသည်စခန်းနဲ ့။ […]


alinsettMay 7, 20131min012
ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…? ပြင်းပြတဲ့ သက်ပြင်းတွေကို ရေမရောပဲ ချ လို့ ငါ ပြိုလဲ စိုရွှဲခဲ့တဲ့ နေ ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ ဆိုးဆိုးဝါးဝါး နာကျင်မှုတွေနဲ ့ ငါ့ နှလုံးသား တဖျတ်ဖျတ် ကွဲအက် ကြေမွသွားတဲ့ နေ့က ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ အနုပညာနဲ့ မင်း မတန်သေးဘူး လို့ ငါ မင်းကို ပြောခဲ့တုန်းက မင်းကို ငါ ကိုယ်ချင်းစာခဲ့ပါတယ် အခုလို ပင်လယ်ကြီးတစ်ခုလုံး ငါ့အပေါ် ပိ ကျ တဲ့နေ့မှာတော့ ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ ပလေတိုရဲ့ ကြေးမုံကြီး ငါ့ကို ကြိုးတွေလို တုတ်ထားခဲ့လို့ သွေးစိမ်းရှင်ရှင် ကျပြီး ငါရုန်းထွက်ရတဲ့နေ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ […]


သမီးရေ အပြီးဖြေရမယ့် မေးခွန်းမဟုတ်ပေမယ့် အရှုပ်တွေရဲ့ ရာဇဝင်ထဲမှာ သမီးတို့ကို မပါစေချင် တစ်ခါလေလျင် ဘဝဆုံးတတ် အပြုံးရပ်မယ့် ဘဝမျိုး ဘယ်တိုးလို့ဖြစ်မလဲ မိုးလေတစ်ခွင်ထဲမှာ ဘယ်အရာဟာ အဆိုး ဘယ်အကျိုးက ဘယ်လိုအကြောင်း ကောင်းကောင်း သိဖို့လို အဖေဆိုတာ အမေလိုပါထိန်းနေရ သိကြသကွဲ့ဆိုရင် အဖေ ကြင်ရကျိုးနပ်ပြီကွယ် ၊  


KyaemonMay 6, 20137min010
  သူငယ်ချင်းက၂၀၀၉ ပြက်ခဒိန်ကိုInternet  ကနေပို့လာတာကကြာပါပြီ၊ ဟိုချိန်တုန်းကကွန်ပြူတာ အဟောင်းနဲ့ဆိုတော့ပုံတွေကိုမကူးနိုင်ခဲ့တာ ခုသတိရလို့ ရွာသားများအတွက်ခုမှဘဲ တင်ဖြစ်တာပါ၊   ———