လမင်းရဲ့ဘေး ကြယ်စင်တေး …………

ကာရံMay 13, 20131min01

မျက်ရည်ကျမှ မင်းဝမ်းဝတက်သူလား

ထမင်းတစ်နပ်တန်ဖိုးကို မင်းသိတက်ရင်

တောင်သူဦးကြီးတွေကို ဦးညွန့်လိုက်ပါကွာ

ချွေးမြေကျအောင် လုပ်အားပေးပြီးမှ

သိမ်းပိုက်လိုက်တဲ့ မြေယာတွေကြားမှာ

သူတို့ဘယ်လိုအသက်ရှင်သန်မလဲဆိုတာ တွေးမိရဲ့လား

မင်းတို့ရဲ့လောဘတွေအောက်မှာ သူတို့ဒူးထောက်နေတာ

ကြောက်လို့မဟုတ်ဘူးဆိုတာ သိထားသင့်တယ်

ကျေးစွပ်တက်တဲ့ အမူအကျင့်က လူမြင်ရင်တောင် မုန်းဒဏ်သင့်ပါတယ်ကွာ

စာနာစိတ်လေးမင်းရတဲ့တစ်နေ့ အသက်ချွေးပေးဆပ်နေတဲ့ သူတွေကို

ဦးညွန့်ပေးလိုက်ပါ မင်းလေးတစ်ယောက် ဝင်းပတဲ့ လပမာ

နံဘေးမှာလဲ ကြယ်စင်ခယလာပါလိမ့်မယ်ကွယ်

                               ပိတောက်မိုး

One comment

  • မောင် ပေ

    May 13, 2013 at 7:44 pm

    လမင်း နဲ ့ကြယ်စင်များ ကြွေသွားသည့်တိုင်….. ( မျိုးကြီး သီချင်းစာသား )

    Reply

Leave a Reply

Your email address will not be published.