“မဖယ်စကောင်း ဖယ်စကောင်း ”   တရုပ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ကျုယ်ခေါင်ထဲမှာနေပြီး စာအုပ်အနီကိုင်ထားတဲ့သူတွေကတစ်ပါတ်တစ်ခါ တော့ မြန်မာပြည်ဘက်ကို အထွက်ပြကြရပါတယ်။ ထွက်ပြီးရင်ပြန်ဝင်ပေ့ါ။ ပြီးခဲ့တဲ့ဥပုဒ်နေ့ကတော့ အပြင်ထွက်ရမယ့်ရက်နဲ့ အလုပ်ပိတ်ရက်ဆုံတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဘုရားဖူးထွက်ရင်ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဘယ်သွားရင်ကောင်းမလဲလို့ရုံးက ကလေးတွေနဲ့ တိုင်ပင်ကြည့်တော့မူဆယ်ဘက်က လှိုဏ်ဂူဘုရားကိုသွားမယ် ဘုရားကအပြန် မှာနမ်းခမ်းဘက်သွားတဲ့လမ်းက က္ကစာ္ဆာသယတောင်ကိုသွားမယ်ဆိုပြီး ခရီးစဉ်ဆွဲလိုက်ကြပါတယ်။ အားလုံးပေါင်းရှစ်ယောက်။ မနက်ရှစ်နာရီလောက်အပြင်ထွက် အသွားလမ်းမှာရှိတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးမှ ဝင်စားလိုက်ကြပါတယ်။ တစ်ပွဲငါးရာ အတော်လေးစားလို့ကောင်းပါတယ်။ တိုဟူးကျော်တွေဝက်ခေါက်ကြော်တွေထည့်စားတာမှ ငါးထောင်ဘဲကျပါတယ်။ စားသောက်ပြီးကြတော့လှိုဏ်ဂူဘုရားကိုသွားကြတာပေါ့။ လှိုဏ်ဂူဘုရားက မူဆယ်မြို့ကနေ မန်းလေးဘက်ထွက်တဲ့လမ်းမှာပါရှိတာပါ။ မြို့နဲ့သိပ်မဝေးပါဘူး။ ဆင်ဖြူဂိတ်ကနေဆယ့်ငါးမိနစ်လောက်မောင်းလိုက်ရင် ဘုရားသွားတဲ့လမ်းခွဲကို ရောက်သွားပါတယ်။ ဘုရားမုဒ်ဦးအဝင်ဝမှာကားထားပြီး ဘုရားတောင်ကုန်းလေးပေါ်ကိုတက်ခဲ့ကြပါတယ်။ သိပ်မမြင့်တော့ သက်တောင့်သက်သာပါဘဲ။ ဘုရား ဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်းမှာ လှိုဏ်ဂူလေးရှိပါတယ်။ လှိုဏ်ဂူထဲကိုအပြန်မှဝင်မယ်ဆိုပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဝင်စနားလေးမှာရေတံခွန်လေးလိုလုပ်ထားတဲ့နေရာလေးမှာအုပ်စုလိုက်ဓါတ်ပုံတွေရိုက်ကြပါတယ်။ ပြီးမှအုတ်လေခါးလေးကနေအပေါ်ဖက်ကိုတက်ခဲ့ကြပါတယ်။ လမ်းတစ်ဘက်ကတော့ တောင်နံရံအမြင့် […]


maungko uOctober 15, 20151min07
“မြန်မာအစ တကောင်း က” တဲ့။ သမိုင်းသင်တဲ့ ဆရာမ က သင်ပေးခဲ့တာ။ မြန်မာစာ ဆရာမလည်း ခဏခဏ ပြောဖူးတယ်။ ဟိုးရှေးရှေးတုန်းက…….. အိနိ္ဒယပြည် (မြန်မာတွေ ရဲ့ အခေါ်အရ ကုလားပြည်ပေါ့) မှာ ဘုရင် နှစ်ပါး စစ်ဖြစ်ကြတယ်တဲ့။ အဲဒီမှာ သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ့ရဲ့ မိ ဘုရားတွေ၊ မောင်းမတွေ၊ သားတော်တွေ၊ သမီးတော်တွေ၊ ဝန်ကြီးမှူး မတ်တွေ၊ စစ်သည်တော်သူရဲကောင်းတွေ၊ နန်းတွင်းသူ၊ နန်းတွင်း သားတွေခြွေရံသင်းပင်း အားလုံးနဲ့အတူ အိနိ္ဒယပြည် အရှေ့ဘက် နယ်မြေကို အသက်လုထွက်ပြေး လာခဲ့ရသတဲ့။ အဲဒီလို ပြေးလာရင်း ခု မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသကို ရောက်တော့ အဲဒီဒေသမှာ နေကြတဲ့ မြန်လည်းမြန်မာလည်းမာတဲ့ လူတွေကိုတွေ့သတဲ့။ အဲဒီလူတွေက […]


Mr. PocketOctober 15, 20151min017
အခုတလော တက္ကစီ တွေပဲ ဆက်တိုက် အစီးများဖြစ်တယ်ဆိုပါတော့..အဲ့ဒီလိုစီးဖြစ်တိုင်းလည်း ကျွန်တော့်ဝသီအတိုင်း တက္ကစီသမားကို ဟိုမေးဒီမေးအစုံမေးလေ့ရှိတယ်အဓိကပြောချင်တာကတော့ တက္ကစီသမားတွေရဲ့ ဘဝတွေကို နည်းနည်းမျှဝေချင်တာပါ.. ဘာမှထူးခြားတဲ့အကြောင်းမဟုတ်ပေမဲ့ သူတို့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို တင်ပြချင်တာသက်သက်ပါ(လျှာရှည်လို့ပြောလဲတတ်နိုင်ဘူး) တက္ကစီသမားနှစ်ယောက်ရဲ့ ဘဝကိုပဲ အခုလိုတိုတိုတုတ်တုတ် လေးပဲ တင်ပြလိုက်ရပါတယ်ခင်ဗျာ.. ပထမ တက္ကစီ သမားရဲ့ဘဝလေးက ဒီလို .. သူက အရင်က လိုင်းကားမောင်းတာတဲ့ ရှားရှားပါးပါး.. ယာဉ်နောက်လိုက်စပယ်ယာတွေရဲ့ အကြိုက်မလိုက်နိုင်လို့တဲ့.. အဲ့ဒါလေးကြားမိတော့ တစ်ခါတစ်ခါ လိုင်းကားစီးရင်းတွေ့မိတာလေးကို သတိရတယ်.. ကိုယ်စီးနေတဲ့ကားက ယာဉ်မောင်းဘယ်သူဆိုတာ မကွဲပြားတော့ဘူး.. driver ခမျာ စပယ်ယာပါးစပ်က ထွက်လာတဲ့ စကားအတိုင်း လိုက်မောင်းပေးနေရတယ်.. မမောင်းပေးရင်လည်း နောက်ကနေ အတင်းတုတ်တာ ခံရမယ် မတော်ရင် အဆဲပါခံရတာမလား… အင်း ခေတ်ကပြောင်းပြီလေ.. နွားရှေ့ထွန်ကျူးတဲ့ခေတ်မလား… ဒုတိယ တက္ကစီသမား.. သူကတော့ ဘဝစုံတယ်ပဲပြောရမယ်.. သူ ဘွဲ့ရတော့ ကုမ္ပဏီတစ်ခုမှာ […]


ဇီဇီOctober 14, 20151min031
ဘဖော ပို့(စ) ထဲ ရိုလာကိုစတာမြင်တော့ ကိုယ်နဲ့ ရိုလာကိုစတာရဲ့ ရေစက်အကြောင်းကို သတိရသွားတယ်။ ဟိ။ :mrgreenn:   ရိုလာကိုစတာရယ်လို့ စသိ စမြင်ဖူးတာက ၁ဝ တန်းး၊ မန်းလေး ပိုက်ကျုံး ဘက်မှာ ကစားကွင်း အသစ်ဖွင့်တော့ အဲဒါတွေပါ ပါတယ်။ မန်းလေးထုံးစံ အသစ်အဆန်းများမလုပ်ဖူးရင် ခေတ်မမှီတာမို့ မောင်နှမ ၆ ယောက် နဲ့ အဒေါ်တွေ အမေတွေရော လူကြီးတွေ ပါ ကစားကွင်းကို ချီတက်ကြတာပေါ့။ စစချင်း တော့ ဘာမှန်းမသိ။ လူတွေက စီးပြီး အော်ဟစ်နေတာမြင်တော့ အပိုတွေပါကွာ ပေါ့။ ဂလောက်များပေါ့။ :mrgreenn: ဘာကို ကြည့်ပြီးတွေးတုန်းဆို နဂါးလှေကြီးလေ။ အမြင်အရတော့ ဘာမှ မဖြစ်သလိုပဲ။ ဒန်းစီးသလိုလေးလောက် ကို အကဲပိုတယ်မှတ်ခဲ့တာ။ […]


Ko out of...October 13, 20151min00
– မြန်မာက ” ရေ ” ကို အင်္ဂလိပ်က ” water” ကုလားက ” ပါနီ ” လို့ခေါ်တယ်… မြန်မာက ရေလို့ခေါ်မှ မှန်တယ်?…အင်္ဂလိပ်ကလည်း water လို့ခေါ်မှ မှန်တယ်?… ကုလားကလည်း ပါနီ ကအမှန်ဆုံး စသည်ဖြင့် ငြင်းခုံနေဖို့မဟုတ်ဘူး… ရေဆိုတာ ညစ်ပေနေသည့်အရာကို သန့်ရှင်းစေတယ်၊ လောကကိုအေးမြစေတယ်…ဆာလောင်မှုမှ သတ္တဝါတွေကို အငတ်ပြေစေပါတယ်…. ဒါကို “ပညတ်သမား” ကလည်း ရေ၊ water၊ ပါနီ လို့မခေါ်ဘဲ ဘာလုပ်လို့ရမှာလဲ လို့စောဒကတက် “ပရမတ်သမား ” ကလည်း ရေထဲမှာ H2O ပါတယ်… H2O မသိဘဲ ရေသောက်လို့မရဘူးလို့ပြောရင် လောက အတွက်ဘာများအကျိုးရှိမှာလည်း… တကယ်တော့ရေ၏ ပကတိသဘာဝဟာ ဖြူစင်သန့်ရှင်းပါတယ်…ကာလ၊ဒေသ၊ ပုဂ္ဂလ […]


ဇီဇီOctober 12, 20153min039
ငါ့ ကို မပေါင်းချင်ရင်တော့ ငါး ကို ပေါင်းရအောင်။ ဟိ။ အချိုနည်းရော၊ အစပ်နည်းရော။ ထုံးစံအတိုင်းးးးစားဖိုမှူးဘယ်သူတွေတုန်း ကြည့်  ကြည့်…!! :k: ~~~~~~~~~~~~~~~~ . ၁) ခရစ်နဲ့ ပေါင်း အဲလေ ခရစ် နည်းနဲ့ ပေါင်းရအောင်။   ငါးကိုသေချာဆေး… အရသာနယ်ဗိုက်ထဲစပါးလင်ထုထည့်… ဂျင်းစိပ်လေး.. ငြုပ်သီးစိမ်း.. ရှမ်းနံနံနည်းနည်းထည့်.. ပြီးရင်.ပြုတ်… ရေနည်းနည်းနဲ့ပြုတ်လို့.. တဖက်စီလှန်.. ငါးကျက်လောက်ရင်.. ပန်းကန်ထဲထည့်… ငြုပ်သီးစိမ်း..နံနံ..ပင်စိမ်း..ရှမ်းနံနံ..ကြက်သွန်ဖြူကြိတ်ပြီးငါးပြုတ်ရည်ထဲထည့်.. သကြား..နန်းပါ..သံပုရာသီးညှစ်.. အရသာပြင်..ငါးပေါ်လောင်း.. ကောင်းလယ်.. ~~~~~~~~~~~~~~~~~~ . . ၂) ဦးကျောက်ခဲ နည်း ပေါင်းကြမယ်။ ကကတစ်ကို အကောင်လိုက် ကျောဘက်ကနေ တစ်ခြမ်းခွဲ… ဂျင်းရည် နှမ်းဆီ ဆား/သကြားသဘောလောက် ပဲငံပြာရည်အကြည်နဲ့နှပ်ထား… စားခါနီးမှ ပန်းကန်ထဲ စပါးလင်ခံ […]


ခင္ခOctober 10, 20151min05
ဆရာဦးဆန်းထွန်းက ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်တို့ အနိုင်မရနိုင်ကြောင်း နက္ခတ်ဗေဒင်အရ ဟောထားတယ်။ ဆရာစံဇာဏီဘို ကလည်း နက္ခတ်ဗေဒင်အရ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ် လို့ဟောထားတယ်။   သူတို့တွေအဲလိုဟောကြလို့ ကျုပ်ခင်ခ လည်းတတ်သိပညာ မနေသာလို့ တိုင်းပြည်ကံကြမ္မာကို တွက်ချက်ကာဒီလိုဟောလိုက်မယ် မြန်မာပြည် ဆင်းရဲဇာတာ ပါရင် လက်ရှိအာဏာရ ကြံဖွတ်ပါတီက ဒီရွေးကောက်ပွဲ မှာ ညစ်နည်းပေါင်းစုံနှင့် အနိုင်ရမည်။ အဲ မြန်မာပြည် ကြီးပွားချမ်းသာဖို့ ဇာတာပါရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ NLD ပါတီ အနိုင်ရမည် ဟုဖြစ်လေ သတည်း။ အဘယ်ကြောင့်ဆိုသော် ကြံ့ဟူသည် လယ်လည်းထွန်းခိုင်း လို့မရ လှည်းလဲ ဆွဲဖို့အသုံးမကျ သူဖာသာဇိမ်ရစ် အချိန်တန် သူ့အတွက် ဝါးမယ်စားမယ်ဆိုတဲ့ ဟာမျိုး ဖွတ်ကတော့ သိကြတဲ့ အတိုင်း […]


မြစပဲရိုးOctober 10, 20151min08
သတင်း ဂျာနယ် တွေထဲ၊ အင်တာနက်စာမျက်နှာတွေထဲ စကားလုံး အကြီးကြီး တွေ နဲ့ ဝေဖန်မှုများ မရိုးနိုင် အောင် တွေ့နေရ။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုတောင် တွေ့လိုက်သေး။ .ဝေဖန်ကြပါ။ .ရင်ဖွင့်ကြပါ။ .ပြောကြပါ။ ဒါပေမဲ့ အဲဒီ စကားလုံး တွေ က တရားမျှတမှုအတွက် တိုက်ပွဲဝင်ပေးတာလား။ မတရားမှု ကို ပိုကြီး အောင် အားပေးနေတာလား။ ဆိုတာလေး ကို တော့ စမ်းစစ်ကြပါ။ မဟုတ်ရင်တော့ အဲဒါဟာ ပညာရှိ တဲ့ စကား မဟုတ် ဘဲ ပညာ တွေ ရိ နေတဲ့ စကားဘဲ ဖြစ်မယ်။ တစ်ချို့ က သိပ်ပြီး ပညာကြီးကြတယ်။ လက်ရှိမှာ ဖြစ်နေတဲ့ အကြပ်အတည်း ဒုက္ခ […]


( Facebook ပေါ်မှာ ) Facebook ပေါ်မှာ Like လိုချင်သူလည်းရှိ အမိုက်ပိုချင်သူလည်းရှိ Facebook ပေါ်မှာ အရုပ်ပြချင်သူလည်းရှိ အပုတ်ချချင်သူလည်းရှိ Facebook ပေါ်မှာ အပျင်းပြေချင်သူလည်းရှိ အတင်းဝေချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းငယ်ချင်သူလည်းရှိ မဲဆွယ်ချင်သူလည်းရှိ Facebook ပေါ်မှာ Like ခိုင်းချင်သူလည်းရှိ မိုက်ရိုင်းချင်သူလည်းရှိ Facebook ပေါ်မှာ ကဗျာရေးချင်သူလည်းရှိ အသာငေးချင်သူလည်းရှိ Facebook ပေါ်မှာ ဈေးရောင်းချင်သူလည်းရှိ အကြွေးတောင်းချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းကွဲပြချင်သူလည်းရှိ အလဲအကွဲချချင်သူလည်းရှိ Facebook ပေါ်မှာ အသည်းတောင်းချင်သူလည်းရှိ သူရဲကောင်းချင်သူလည်းရှိ Facebook ပေါ်မှာ အကြွားလုပ်ချင်သူလည်းရှိ အစားပုပ်ချင်သူလည်းရှိ Facebook ပေါ်မှာ ခရီးသွားချင်သူလည်းရှိ ကြီးပွားချင်သူလည်းရှိ Facebook ပေါ်မှာ ချစ်ချင်စရာတွေလည်းရှိ အပြစ်မြင်စရာတွေလည်းရှိ ပီဘိစရိုက်မျိုးစုံကြား […]


” ညီစေနော် ” ပူပူနွေးနွေး သိက်မကြာသေးခင်ကာလကပေါ့ မတိမ်းချင်လဲ တိမ်း မယိမ်းချင်လဲ ယိမ်း အရာရာ မလိုကျ စိမ်းဆိုမှ စိမ်းခဲ့ရသပေါ့။ မနောမှာ အာရုံ ကျ ကျ မကျ ကျ သဘောပါခဲ့ကြရတာ အမှန်ပါဘဲ။ လွန်မှ မလွန်ဆန်နိုင်ကြတာကိုးဗျ။ အခုတလောမတော့ အပြုသဘောပါတဲ့သူကလည်း ရှေ့မှာရပ်။ မကောင်းသော အဟောင်းကို စောင်းမှောက်ကာ တခေတ်ပြောင်းချင်သူများကလဲ အဆင်သင့်။ မရမခြင်း တွန်းလှန် ဝန်းရံသူများကလည်း တစ်တပ်တစ်အား။ မရပ်မနား အားစိုက်မှ တော်ခါကျမှာမို့ တွေဝေခါ ဗျာများမနေပါနဲ့တော့ အထွဋ်ကောင်းစီ ခွပ်ဒေါင်းနီ အလံတော်အောက်မှာလ ပြည်သူများရယ်က မြဲမြဲညီ ရဲရဲနီဘို့လိုပြီနော်။ ကိုပေါက်လက်ဆောင် အတွေးစဉ် ၁ ၁ဝ ၂၀၁၄


WowOctober 8, 20151min022
ကဲ တရားနာပိတ်သတ် မတွေ့ရတာလဲကြာဘီ… အဝှာအုပဒေအောင်ပွဲခြိမ့်ခြိမ့်သဲပီး သကာလ ကျောက်ဖြုံသီးစကပ်နဲ့ အုပ်… မိုးကြိုးလွှဲပါ တရားနာ ပိတ်သတ်ရဲ့…. အားလုံးဝိုင်းမဆဲခင်… လိုရင်းလေး ပြောရရင်…. တမြန်နေ့က ဂျီးဒေါ်တို့ရုံးကို ချင်ကျားပူနှစ်ယောက် ရောက်လာပြီး marketing ဆင်းသပေါ့ကွယ်… (အဲ့လို လူကြုံရှိမှန်းသိ ဂျီးဒေါ်ချွိဆီက 6+ လေး အလှူခံခိုင်းလိုက်ပါတယ်) လူမိုက်ခင်ဇော်သာ နာမည်ကြီးနေတာ အလှူအတန်းအင်မတန်ရက်ရောပြီး ရုပ်ချော သဘောကောင်းလေးဘာာာာာာာာ ရှိတာ အကုန်ချွတ်လှူ… အဲလေ… အကုန်တော့မချွတ်ဝူးပေါ့….. ကလေးတွေ ပြန်ဂျပြန်ဂျ.. တန်းစီကြည့်မနေနဲ့ . . ပိတ်သတ်ကြီး…. အဝှာလေးဆက်ရရင် အဲလေ.. လိုရင်းလေးဆက်ရရင်…. ဘစ်ဇနက်အကြောင်း ဆွေးနွေးကြရင်း နိုင်ငံရေးပါလာသပေါ့ကွယ်…. ချင်ကျားနှစ်ယောက်က ရွေးကောက်ပွဲပြီးမှပဲ စီးပွားရေးတွေ ရင်းနှီးမြုတ်နှံမှုတွေ ပိုမိုပွင့်လမ်းလာမယ်ထင်ကြောင်း ပြောရင်းနဲ့ နိတို့ တိုင်းပြည်မှာဘယ်လို နာတို့တိုင်းပြည်မှာဘယ်လို […]


ခင္ခOctober 7, 20151min03
ငယ်တုန်းက ဆိုတဲ့ကဗျာ သတိရ မိတယ်ကွာ   ဂျပ်အေးသူ့ အမေရိုက် လုံးလည် ချာလည်လိုက်   သပွတ်အူထက် ရှုပ်လို့လည် အဆုံး မရှိဘူးကွယ်   ဒို့နိုင်ငံလည်း ဒီလိုဘဲ ချာလည်ချာလည် အမြဲ   ကောင်းနိုးကောင်းနိုး မျှော်တွေးတယ် နှစ်တွေကလည်း ကုန်လို့ဟယ်   သက်ပြင်းအခါခါ ချမိပ ဒို့နိုင်ငံ၏ ပြည်သူ့ဘဝ။   ခင်ခ။


ခင္ခOctober 7, 20151min03
“အခမဲ့ တန်ဖိုး´´     တန်းဖိုးသင့်ခ မပေးရဘူး ပိုက်ဆံပေးစရာ မလိုဘူး အလကားမတ်တင်းပါ မေတ္တာနဲ့ စေတနာနဲ့ အဲလိုမျိုးတွေကို ခြုံငြုံပြီးသုံးနှုန်းခေါ်တဲ့စကားရပ်လေးက “အခမဲ့´´ တဲ့။ ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ စာသင်တဲ့ကလေးတွေအတွက် ဘုန်းတော်ကြီးတွေက အခမဲ့ ပညာ သင်ပေးတယ်။ ဆရာဝန်လေးက စမ်းသပ်ခမယူဘူး အခမဲ့ မေတ္တာနဲ့ကုပေးရှာတာ ဆေးဘိုးတောင် အမြတ်မတင်ရှာပါဘူးအေ။ ဇီဝိတဒါန မျက်စီဆေးရုံးက လူနာတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးတယ်တော့။ နာရေးကူညီမှု့အသင်းက အခမဲ့ ပိုဆောင်ပေးတာလေ။ ဗြမ္မာစိုနာရေးကူညီမှုအသင်းက ဖွင့်ထားတဲ့ဆေးခန်းမှာ အခမဲ့ ရောဂါရှာဖွေစမ်းသပ်ပေးနေပါတယ်။ ကျောင်းဆရာမလေးက သူ့အိမ်အနီးနားက ကလေးတွေကို ညဖက်ကျရင် စေတနာနဲ့ စာအလကားပြပေးတယ် ပိုက်ဆံပေးလည်းမယူဘူး အခမဲ့ ပညာကုသိုလ်လုပ်တာတဲ့။ အဲဒီလိုအသံတွေမျိုး စာဖတ်သူတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုတွေလည်းပြောကြပါသေးတယ်ဆေးရုံကြီးသွားပြတာ အခမဲ့ မို့လားမသိဘူး ဆရာဝန်တွေက […]