naywoon niOctober 29, 20151min011
နာနာဘာဝ ဝိနာဘာဝ ——————– အစဉ်​အဆက်​​နေရာ​ပေးလာခဲ့တာဆို​တော့ အမှိုက်​ရှင်​းဖို့ ဆိုတာက လွယ်​တာမဟုတ်​ဘူး ။ ခင်​ဗျားတို့ရဲ့ ဗဟုယဉ်​​ကျေးမှု ( ဝါ ) ညွန်​့​ပေါင်​း ဓ​လေ့ထုံးစံကြီးက ​​နေရာတစ်​ကာ ရှေ့က ကာဆီး ထားတာ​လေ ……. အဲ့သည်​့​တော့ ဘာလုပ်​ရမလဲ “သူ” လာရင်​ ခရီး ဦးကြိုမပြုနဲ့ “သူ” ဆာရင်​ စားဦးစားဖျား မပသနဲ့ “သူ” ပြန်​ရင်​လည်​း နှုတ်​ခွန်​းဆက်​သ မပြု​လေနဲ့ ။ “သူ့ကို” သင်​အလိုမရှိ​ကြောင်​းပြပါ​လေ ။ “သူ့ကို ” သင်​မနှစ်​ချိုက်​​ကြောင်​းသိပါ​စေ ။ “သူ့ကို သင်​အ​ရောမဝင်​လို​ကြောင်​းပြပါ​လေ ။ “သူ့ အတွက်​ ” သင်​့မှာ ​နေရာမရှိ​ကြောင်​းသိပါ​စေ ။ ဒီလိုနဲ့ သင်​နဲ့ သူ ( […]


naywoon niOctober 29, 20151min02
ဘဝ ဆိုတာကို အရက်​​တွေနဲ့ ​ရော​ရောပြီးမျိုချ ငါဆိုတဲ့ အတ္တ ကို အမြည်​းလုပ်​ခဲ့​ပေါ့ ။ စကတည်​းက သိခဲ့ဖို့​ကောင်​းတာ ပန်​းတိုင်​ထိ ​ရောက်​​အောင်​ ​ပြေးနိုင်​မယ်​မဟုတ်​ဘူး ဆိုတာ …… ခု​တော့ ​ပြေးလမ်​း​ကြောင်​း​တွေရဲ့ အပြင်​ဘက်​ ထွက်​ထိုင်​​နေခဲ့ရသူ ​ပြေး​ဖော်​တစ်​ချို့ကို မုဒိတာပွားရင်​းအား​ပေး ပြိုင်​ဘက်​တစ်​ချို့ကိုလည်​း အ,မနာပ ဆဲ​ရေးရင်​း​ပေါ့ ။ တစ်​ကယ်​​တော့ ​ရေစီး​ကြောင်​းနဲ့ အလိုက်​သင်​့ မ​မျောပါတတ်​တဲ့ ဒိုက်​ဖတ်​ ကမ်​းစပ်​က သစ်​မြစ်​မှာငြိတွယ်​တဲ့ဒုက္ခ စကြာဝဠာကြီးထဲက မြူမှုန်​တစ်​မှုန်​ရဲ့အတ္ထုပ္ပ ဘယ်​သူမှ ဂရုမပြုမိတာ အဆန်​းတစ်​ကျယ်​ ကိစ္စ​တော့မဟုတ်​​ပေဘူး ။ ​နေဝန်​းနီ 2015 Oct 23 11:00 PM


“  အိုကေ နားထား မာယာသမား “   “မာယာ” ဆိုတာ ပါဠိစကားလား ဘာလား ကွဲကွဲပြားပြား မသိပေမယ့် အထာစကားတွေနဲ့ ဘာညာ ဘာညာ လာလှည့်စားရင် “မာယာတွေများတယ်”လို့ ဆိုပါတယ်။   ဟိုရှေးကဆိုစကား “မိန်းမ မာယာ သဲကိုးဖျာ”ဆိုသဟာကို ခပ်ငေါ့ငေါ့နဲ့ ချေပ “မောင်တို့ယောက်ျားတွေများကျတော့ သဲကိုးဖျာတောင်မလောက်ပါတယ်”တဲ့။ မအေးမြင့် ပြောမယ်ဆိုလဲ ပြောချင်စရာဗျာ ပလီတိရယ်မှ ပလာတာ ညာချင်သလိုညာ ရေးချင်သလိုရေး ပြောချင်သလိုပြော မှားချင်သလိုမှား များချင်သလိုများ စားချင်သလိုစားခဲ့ကြတဲ့ မောင်တို့ယောက်ျားကြီးတွေက ပြောင်းလဲချိန်တန်ပြီ ဆိုကာမှ ကတိတွေပေးလို့ပေး လက်ဆောင်တွေနဲ့ မျှားလို့မျှား သဘောထားတွေ ပြောင်းလိုပြောင်း ရောင်းတမ်းဝင် မျက်နှာပေးတွေနဲ့ လေချိုတွေသွေးနေပြန်တော့ ဦးချစ်ကောင်းရဲ့စကား ခဏငှားပါအုံးမယ် “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”   […]


alinsettOctober 23, 20153min013
ရှမ်းပြည်ထဲကို အလည်အပတ်ခရီးအဖြစ် ကျနော်လာခဲ့တာ မဟုတ်ပါ။ ကျနော့် အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုကို မျှော်ကိုးပြီး လာခဲ့ခြင်း ဖြစ်တဲ့အပြင်…. အဲဒီ ဒေသခံ မိတ်ဆွေနှစ်ယောက်ကို ကူညီပေးချင်တာလေးတွေ ရှိလာလို့… ရှမ်းမြေကို ကျနော် ခြေချဖြစ်ခဲ့တာဆိုပါတော့… ။ ————————————————————- လည်ပတ်ချိန်ရယ်လို့ ထူးထူးထွေထွေ မရှိတဲ့ ဒီခရီးကို ကျနော် ပျော်ရွှင် ကျေနပ်မိပါတယ်။ ဘာလို့ ကျေနပ်သလဲ…ဆိုတော့… ရှမ်းမြေဟာ အတော်လေးကို ချစ်စရာကောင်းလို့ပါ။ မအားတဲ့ကြားက အချိန်လုပြီး ကျနော်ရောက်ဖူးအောင် အင်းလေးကန်ဆီလိုက်ပို့တဲ့ ဒေသခံမိတ်ဆွေ နှစ်ယောက်ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းချန်ပါတယ်။ အင်းလေးကန်ထဲ… စက်လှေတစ်စီးနဲ့… သွားလာရခြင်းဟာ … ကျနော် … နတ်သမီးနဲ့ အတူပျော်ပါးရတဲ့ အိပ်မက်လို…အရသာထူးလှပါတယ်။ .တောင်တန်းတွေ ပတ်လည် ကာရံထားတဲ့ အလည်မှာ… အင်းလေးရေပြင်ဟာ […]


ေမာင္ရိုးOctober 22, 20151min08
ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော့ မီးမျှောပွဲအကြောင်းလေး….. ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။ ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ့.မယ်။ ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်သီတင်းကျွတ်လပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။ ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် ကိုလှေနဲ.သွားပြီးဖြစ်စေ ၊ မီးကြာခွက်လေးတွေကို ရေထဲမှာမျှောကြတာပေါ. ။ ချောင်းရေပြင်တလျောက်မှာ ဆီမီးခွက်ရောင်စုံတွေနဲ. အရှင်မြတ်ရဲ. မီးရောင်စုံထွန်းညှိပူဇော်ထားတဲ.ဖေါင်တော်ကြီးက အလွန်ဘဲ […]


၂၀၁၅ ကြိုတင် မဲ ပေး ဖို့ အတွက် စလုံး က လူတွေ ညအိပ်ပြီး စောင့်ကြတာ တန်း အရှည်ကြီး စီကြရတာ မဲစာရင်း ထဲ မပါ လို့ ငိုကြယိုကြတာ နေပူထဲ အကြာကြီး နေရလို့ မူးမေ့လဲကုန်ကြတာ ကို အိုဗာတင်း တွေ ပါ အလကား သက်သက် အပို လုပ်တာ ပါ ဆိုပြီး ပြောတဲ့ လူတွေ တွေ့လာတော့ ဆရာ မောင်မိုးသူ ဘာသာပြန် တဲ့ အိတ်ဇိုးဒပ် ဝတ္ထု ကို သွား သတိရတယ်။ ဂျူး တွေ အစ္စရေး နိုင်ငံ ထူထောင်တဲ့ အကြောင်း အဲ့ဒီ ဝတ္ထု ရဲ့ အစ […]


alinsettOctober 21, 20151min018
                        ကျနော် ငယ်ငယ်(အသက် ၁ဝ နှစ်လောက်)တုန်းက ရခိုင်ရိုးမတောင်တန်းကြီးပေါ်ကို ဖြတ်သန်းဖူးတယ်။ အခု အသက် ၂၈ နှစ် ပြည့်ပြီးချိန်မှာတော့ … ရှမ်းရိုမ တောင်တန်းကြီးတွေပေါ်ကို ရောက်ခဲ့ပြန်ပြီ။ ကျနော်ငယ်ငယ်က ဖြတ်သန်းဖူးတဲ့ ရခိုင်ရိုမတောင်တန်းကြီးနဲ့… အခု ရှမ်းရိုးမတောင်တန်းကြီးဟာ… တောင်တွေရဲ့ သဘောသဘာဝအရ… အကွေ့အဝိုက် အမြင့်အနိမ့်တွေ ထူးခြားပြီး ကွာခြားမနေပါဘူး ။ သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားကို ကိုယ်က အမြင့်ကြီးကနေ ငုံ့ကြည့်ရတာလည်း… ဘယ်ရိုးမပေါ်ဖြတ်ဖြတ်…အတူတူပဲ… ။ .တောင်ပေါ် ပတ်လမ်းကျဉ်းကျဉ်းကလေးမှာ ကွေ့ကာဝိုက်ကာ သွားနေတဲ့ ကားပေါ်မှာ … ကိုယ့်ရဲ့ တစ်ဖက်မှာ… တောင်နံရံကြီး.. […]


Mr. PocketOctober 21, 20151min09
ကြယ်စင်တွေကြား သူမများပုန်းနေမလား… အတွေးက ရင်မှာပူ ဘဝင်ဆူ ဒီလူအသည်း.. မဒီခင် ဆံနွယ်အလှပ်မှာ ကျွမ်းရော့လေသလား…၊ အတွေးမကြွယ်သူ.. ဗျာပါတွေများ.. ခုနှစ်စင်ကြယ်တွေများကြား ပုန်းရောနေသလား…၊ ခြေတုန်အောင်လျှောက် မြေကုန်မှာကြောက်ရတယ်… ပန်းမပွင့်သူ ဒီလူ့ရင်မှ… ပန်းတစ်ပွင့်သူ ခြွေယူချင်သလား… ၊ မပန်တတ်တော့ လျှောကျတဲ့ပန်းလို… လှမ်းဖို့မကြံတတ်တော့ မောရတဲ့အလွမ်းရယ်ကိုပ ပြောပြမယ်ချောနှမ နားစိုက်လို့ထောင်…. ကိုလူပျိုမြေပြင်ရပ်သူက မော်ကြည့်လို့မှန်းရတယ်.. ဟိုကြယ်စင်ခုနှစ်ထွေကြား ပုန်းရောနေသလား…     မှတ်ချက်.. သည်းခံကြပါကုန်လော….   သတ္တဝါတွေကျန်းမာချမ်းသာကြပါစေ …  


CourageOctober 19, 20152min014
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၆ သီတင်းကျွတ်တော့မည် သီတင်းကျွတ်တော့မည် “ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးထိန်ထိန် ဆီမီးထိန်ထိန် လင်းပါလို့ မနှင်းတို့အိမ်”   မှတ်မိပါသေးတယ်။ ငယ်ငယ်က ခြံထဲမှာ ဟိုတစ်တိုင် ဒီတစ်တိုင် ဖယောင်းတိုင်တွေလိုက်ထွန်းနေတုန်း အဒေါ်က အနားကိုလပြီး “— — ဆီမီးထိန်ထိန်လင်းပါလို့ ခွေးကလေးတို့အိမ်” ဆိုပြီး မောင်ကာကြီး ခေါင်းကို ကိုင်လိုက်တာလေးတွေ၊ ရန်ကုန်ကိုရောက်တော့ တိုက်ရှေ့က သံဗမန်းမှာ မီးကြိုးတွေ သီနေတုန်း ဘေးတိုက်က လုံးကြီးပေါက်လှကောင်မလေး (အခုတော့ မင်းသမီးတောင်ဖြစ်နေပြီ) အခွေငှားသွားတာမြင်တော့ အိမ်အောက်အပြေးဆင်းပြီး စကားလိုက်ပြောတာတွေက မမေ့နိုင်စရာတွေပေါ့။ ပြီးတော့ အာလူးဗြောက်တွေ (ရန်ကုန်ကတော့ ပေသီးလို့ခေါ်ပါတယ်) ညီအကိုနှစ်ယောက် အပြိုင်ပေါက်ခဲ့တာ၊ ခြံရှေ့ တမံသလင်းမှာ မီးပန်းဆော့နေရင်း ပြစ်လိုက်တဲ့ ရှူးဒိုင်း […]


မြစပဲရိုးOctober 19, 20151min021
ဒီနေ့ မြ တစ်ယောက် သံရုံး ကို အလည်သွားသည်။ အိမ်က မနက် ၆နာရီ မထိုးခင် ထွက် ရန် လေးနာရီခွဲ ထဲ က အိမ်ရာထရသည်။ ၉နာရီ ခွဲကျော်ကျော်လောက်ရောက်သည်။ ၁ဝနာရီ မှ ဖွင့်မည် ဟု သတင်းပေးထားသော်လည်း ရောက်ချိန်မှာ ဖွင့်နေပြီး ဖြစ်၏။ တန်းစီသူပင် မရှိ။ အထဲရောက်တော့ အင်မတန် ယဉ်ကျေးပြီး ကူညီသူများ အများအပြားပင်ရှိနေသည်။ . ကော်ဖီ လက်ဖက်ရည် မုန့်များ ပင် တိုက်ကျွေးသည်။ အမှားဖြစ်မည် ကို စိုးရိမ်ပူပန်နေ၍ မည်သို့ စား၍ဝင်မည်နည်း။ သို့ရာတွင် စနစ်တကျ စီစဉ်ထားမှုများကို မြင်ရတော့ စိတ်နဲနဲအေးသွား၏။ သို့ရာတွင် သံသယစိတ်ဖြင့်တော့ အထပ်ထပ်စစ်မိသေးသည်။ . သူငယ်ချင်း တစ်ယောက် […]


ေမာင္ရိုးOctober 16, 20151min022
    အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည် ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။ ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့် အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။   ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။ အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” […]


poochOctober 16, 201511min024
ဒီနှစ်ထဲတော့ အခါတွင်းပိတ်ရက်ကိုကိုယ်လိုက်နေကြတောင်တက်အဖွဲ့ကခရီးစဉ်မရှိတော့ ဝါသနာတူရာစုပြီး ကိုယ့်ဖာသာကိုယ် အစီစဉ်ဆွဲကြတာမှာချိုင်းနားကမဲပေါက်သွားပါတယ်။ ပြည်တွင်းမှာတက်ခဲ့တဲ့ တောင်ထဲအမြင့်ဆုံးကပေတသောင်းကျော်စွန်းစွန်းပဲရှိသေးတာမို့ သူများတကာတွေ ခါကာဘိုရာဇီလိုအမြင့်ဆုံးပေ ၁၉၀၀ဝ နီးနီးတွေ တက်တာအားကျလို့ ပေ ၁၇၇၀ဝ ရှိတဲ့ ဟာဘာရေခဲတောင် ( Haba Snow Mountain )ကိုရွေးပါတယ် ။ ကိုယ့်ခံနိုင်ရည်ကိုကိုယ်စမ်းသပ်ချင်တာလည်းပါပါတယ်။ ဒီရေခဲတောင်က မြန်မာကလူတွေ မြန်မာပြည်အမြင့်ဆုံးခါကာဘိုရာဇီမတက်ခင် လာလေ့ကျင့်လေ့ရှိကြပါတယ်။ ဆိုတော့ လွယ်လှတယ်တော့ မဟုတ်ပါဘူး။ ပြောရရင် ဘယ်တောင်ပဲတက်တက်လျှော့တွက်လို့ မရသလို Risk ကတော့ သူ့နည်းသူဟန်နဲ့သူအပြည့်ရှိပြီးသားပါ။ ကျမတို့ ခရီးစဉ်ကိုကားလမ်းကိုရွေးပါတယ် ။ လေယာဉ်နဲ့ဆိုလတ်မှတ်ခကအဲ့အချိန်မှာဈေးတက်နေတဲ့အပြင် ဗီဇာကကိုယ်သွားချင်တဲ့ပိတ်ရက်နဲ့ ကွက်တိရဖို့ သိပ်မသေချာတော့လို့ပါ။ ကားလမ်းကသေချာသလားဆိုတော့လည်းမန်းလေးမူစယ်လမ်းတကြောမှာကိုယ်သွားပါမယ်ဆိုမှ တိုက်ပွဲသံတညံညံနဲ့ပါ။ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းလည်းထွက်တယ်။ ကြက်ခြေနီတွေလည်းအပစ်ခံရတယ်။ ဆိုတော့ သွားဖို့ တွန့်သွားကြပါတယ်။ နည်းနည်းလည်းငြိမ်ရောသွားမယ်ဆိုပြီးစိတ်ဒုန်းဒုန်းချလိုက်ကြပါတယ်။ နောက်ဆုံးမသကာသူပုန်လက်ရောက်တော့လည်းအတွေ့ကြုံသစ်ပေါ့ ဆိုပြီးပေါက်ကရပြောပြီးကိုမိုက်ကြတာပါ။ အိမ်ကအမေတွေ […]


padonmarOctober 16, 20151min012
မှော်ပီဆရာသိန်းကြီးရဲ့ ဗျိုင်းနားမင်္ဂလာ စာတမ်း ပြန်ပုံနှိပ်ထုတ်ဝေတာဖတ်ရပါတယ်။မင်းလောင်းရွေးတော့ အဖေက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မယ်၊မင်္ဂလာဗျိုင်းနားပါစေ။ သားက သူသာမင်းဖြစ်ရင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်မယ်တဲ့။ ဗျိုင်းက သားခေါင်းပေါ် နားလိုက်တာ တိုင်းပြည်ကြီးလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကရော။ အဲဒါ ဘာ့ကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေ ကုသိုလ်ကံ မကောင်းလို့ပါတဲ့။ (ဒီနေရာမှာ ကုသိုလ်ကံဆိုတာကို ရှေးရိုးစွဲ ယူနေကျ အပေါ်ယံ လူအများမြင်ကောင်းရုံ လှူတာ ၊ဥပုသ်စောင့်တာ၊တရားအားထုတ်တာပဲ မယူဘဲ အတွင်းစိတ်ထားကောင်းများ ရှိတာမှ ကုသိုလ်ကံလို့ ယူစေချင်ပါတယ်)စည်းကမ်းမရှိ၊ ကိုယ်ချင်းစာစိတ်မရှိ၊လုံ့လဝီရိယမရှိ၊ဉာဏ်အမြော်အမြင်မရှိရင်တော့ မင်းကျင့်တရားနားမလည်တဲ့ သားပေါ်ပဲ ဗျိုင်းနားသွားပါလိမ့်မယ်။