~~ တစ်ခါက နှင့် ချစ်အာပုံ ~~

ေမာင္ရိုးOctober 16, 20151min022
12109315_10206869643213624_3236598386168776339_n
Photo – Credit to original uploader

 

 

အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည်

ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို

မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ

စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။

ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့်

အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။

 

ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။

အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” ပေးနိုင်မှပေး ” စနစ်ဖြင့်ပင် ရောင်းချပေးတတ်သေးသည် ။

အာပုံ နှင့်အတူ နောက်ထပ်ရောင်းသောမုန့်မှာ ဒေါ်ဆယ် (တိုရှည် ) ဖြစ်လေသည် ။ ဒေါ်ဆယ် (တိုရှည်) အား

အာလူးဟင်းအနှစ်စပ်စပ်လေးဖြင့် သုပ်ပြီးလျှင် လိပ်၍ပေးသဖြင့် အဆင်သင့် ကိုက်စားရုံသာ ……။

သူ့ဟင်းအနှစ်မှာ အလွန်စပ်လွန်းသဖြင့် တိုရှည်တစ်လိပ်စားပြီးတိုင်း အာပုံချိုချိုအီအီလေးနှင့် အမြဲအစပ်ဖြေရတတ်လေသည် ။

ဤသို့ဖြင့် အာပုံမှာ မောင်ဆာမိ၏ နေ့စဉ်မှီဝဲရာ အစပ်ဖြေ အဟာရတစ်ခုဖြစ်နေခဲ့လေတော့သည် ။

သို့သော် ……… အာပုံနှင့် မောင်ဆာမိ ခွဲခွါဖို့ရာ အကြောင်းဖန်လာခဲ့ရသည် ။

အာပုံရောင်းသော ကုလားမကြီးမှာ ချဲထီပေါက်သဖြင့် အာပုံရောင်းခြင်းအားစွန့်လွှတ်ပြီးလျှင် အခြားအလုပ်အကိုင်များပြောင်းလုပ်လေတော့သည် ။

မောင်ဆာမိမှာ ထိုအချိန်မှစ၍ ကြိုက်လှစွာသော ချစ်သောအာပုံနှင့် ဝေး၍ …… ဝေး၍ …………

~ နေ့စဉ်ရက်ဆက် ၊

ဖြေပြေခက်သည် ၊

တလျှက်မပြေ ၊

ရသာချွေခက်

အိမ်မက်ထဲက ချစ်အာပုံ …… ။

:mrgreenn:

.

.

.

ရာသီများ အလီလီပြောင်းခဲ့လေပြီ ။

အာပုံကြိုက်သော လေးတန်းကျောင်းသားလေးမောင်ဆာမိသည်လည်း နှစ်ပေါင်း၃ဝ ခန့်ကြာပြီးသည့်နောက် ရေကြည်ရာမျက်နုရာသို့ ပြောင်းရွှေ့ထွက်ခွါရင်း အိမ်ထောင်ရက်သားကျခဲ့သည်။

တစ်ခုသော သီတင်းကျွတ်ပွဲဈေးတန်းတွင်ဖြစ်သည် ။

၅ နှစ်အရွယ် သမီးကြီးကိုလက်ဆွဲလျှက် တစ်နှစ်ခွဲ အရွယ်သားငယ်ကိုချီပိုးပြီး ပွဲဈေးလျှောက်လေတော့သည် ။ပွဲဈေးတစ်လျောက် အကြော်ဆိုင်များ ၊ ရေမုန့် မုန့်ပျားသလက် မုန့်သိုင်းချုံ စသော ဆဟ်နှစ်ပွဲမုန့်သည်များအား ငေးမောရင်းအညှော်ခံနေမိလေ၏ ။

တစ်နေရာသို့ရောက်သောအခါ …… မောင်ဆာမိတစ်ယောက် ရုတ်တရက်ကြ်သီးဖြန်းဖြန်း ထသွားခဲ့သည် ။

ကိုယ့်မျက်လုံးကို ကိုယ်မယုံသည့်အလား ပွတ်သပ်၍ နှစ်ခါပြန်ကြည့်ပြီးသည့်နောက် ထိုနေရောသို့ အပြေးတစ်ပိုင်း သွားလေတော့သည်။ ေ

မာင်ဆာမိ တွေ့လိုက်သည့်အရာကားး …… နှစ်ပေါင်းများစွာ ခွဲခွါခဲ့ရလေသော ” ချစ်အာပုံ ” ။

ဟုတ်ပါသည် ။ ချစ်လှစွာသော အာပုံမုန့် ဖြစ်နေသည် ။

ပါးစပ်အာခံတွင်းတစ်လျောက် တစ်စိမ့်စိမ့်ဖြင့် သွားရေယိုရင်း ” ဂလု ဂလု ” ဟူသော တံတွေးမြိုသံတို့ထွက်ပေါ်လျှက် ………

ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တုန် တုန် ရီရီ မေးလိုက်မိသည် …… ၊။

“‘ ညီမလေး …… ညီမလေး …… အာပုံ ဘယ်ဈေးလဲ ဟင် …… “”

 

” ……ရှင် … ”

အာပုံသည်ကုလားမလေး မကြားသည် ထင့် …။ ပွဲဈေးတန်းမှ ဆူညံသံများ ဖုံးစေခြင်းငှါ အသံမြှင့်၍ ထပ်မေးလိုက်ပြန်သည် ။

” … ညီမလေး အာပုံဘယ်လောက် လဲ ဲ ဲ ဲ လို့ …… “”

” ဟားဟား ဟားးး ” ” ခွိခွိ ခွိ ” ” ခစ် ခစ် ခစ် ”

ဘေးနားမှ ရယ်သံများ ထွက်ပေါ်လာခဲ့သည် ။ မုန့်သည် ကောင်မလေးမှာလဲ ပြုံးစိစ်ိနှင့် …… ။

ရုတ်တရက် မောင်ဆာမိမှာလည်း ကြောင်စီစီ ဖြစ်သွားရသည် ။

ဘယ့်နှယ် … အာပုံဈေး မေးတာဘဲ ဘာများရီစရာပါလဲ လို့ ။

သို့နှင့် …… အာပုံ တစ်ခုနှစ်ရာကျပ်ပေး၍ ငါးခုဝယ်လိုက်သည် ။

အဆင်သင့် လုပ်ပြီးသားမရှိသဖြင့် ခဏတော့ စောင့်ရသေးသည် ။ မောင်ဆာမိတစ်ယောက် ကလေးနှစ်ကောင်ဖြင့် အာပုံငမ်းနေခြင်းအား လမ်းသွားလမ်းလာများ စောင်းငဲ့၍ကြည့်သွားကြသည် ။

အာပုံသည် ကုလမလေးလည်း ဘာကြောင့်ရယ်မသိ သူ့အာပုံများအားကတုန်ကရင်ထုတ်ပိုးပေးရင်း တစ်ထောင်ကျပ်တန်ပေးသည်ကို ၅၀ဝ ကျပ်ပြန်အမ်း ဖို့လုပ်ပြန်သေးသည် ။

မောင်ဆာမိကား …… အာပုံ ငါးခုပိုက်လျှက် မှိုရသောမျက်နှာဖြင့် အိမ်သို့ အမြန်ပြန်လေတော့သည် ။ နှစ်ပေါင်း ၃ဝ ကျော်ဝေးခဲ့ရသော ချစ်အာပုံနှင့် အြန်ဆုံရလေပြီ မဟုတ်ပါလား …… ။

“” မိန်းမရေ …… ဒီမှာ အာပုံတွေ ဝယ်လာတယ်ဟေ့ …… မြည်းကြည့်စမ်း “”

လေဒီဆာမိမှာ အာပုံကိုတစ်လှည့် မောင်ဆာမိကိုတစ်လှည့်ကြည့်ရင်း ပြုံးစိ ပြုံးစိ ………

ဤသို့လျှင် ………

ချစ်အာပုံနှင့်ပြန်ဆုံသောညသည် မောင်ဆာမိအတွက် ချိုမိန်ခဲ့ရလေတော့သည် ။

 

အခုတော့ သိပါပြီ ။

မောင်ဆာမိတစ်ယောက် ကောင်းကောင်းကြီးသိလိုက်ပါပြီ ။

မြန်မာတိုင်း ဂျာနယ်တွင်ပါလာသော အာပုံမုန့်အား ဘာသာပြန်လိုက်သောအဓိပ္ပါယ်ကြောင့် ဟိုစဉ်အခါက မောင်ဆာမိအားပြုံးစိစိ အကြည့်ခံခဲ့ရသည်များကို သိလိုက်ရပါပြီ ။

အော် ……… အာပုံ …… အာပုံ …… ချစ်အာပုံ ………

* တွေ့ဆုံကြုံကွဲ ၊

အဓိပ္ပါယ်လွဲလို့ ၊

ခွဲခဲ့ရပေ ၊

ဒို့တစ်တွေသည် ၊

တစ်ခါပြန်၍ ဆုံပါစေ …… ။

လေးစားလျှက်

မောင်ဆာမိ

 

 

22 comments

  • Alinsett @ Maung Thura

    October 16, 2015 at 10:05 pm

    အာပုံတော့ သိပ်မကြိုက်…
    တိုရည်ကိုတော့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ဖူးတဲ့ အရှိန်…မသေသေးသမို့…
    အခုတောင် စားချင်လာတယ်ဗျို့

    Reply

    • surmi

      October 16, 2015 at 10:56 pm

      အလက်ဆင်းက အာပုံသေခြာမစားဘူးသေးပုံရတယ်
      ချိုချို အီအီကြိုက်ရင်တော့ လွှတ်ကောင်းးးးးးး

      Reply

  • Ma Ma

    October 16, 2015 at 10:45 pm

    အာပုံနဲ ့တိုရှည်ပြဿ နာ တက်ခဲ့ဖူးတယ်။
    ငယ်ငယ်က သိခဲ့တဲ့ အာပုံဆိုတာ ကြီးလာတော့ တိုရှည်ဖြစ်နေတယ်။
    ကိုယ့်မြို့မှာ အခုပြောတဲ့အာပုံဆိုတာ မရှိဘူး။ မစားဖူးဘူး။
    မြို့ရောက်လို့ ပွဲဈေးမှာတွေ့လို့ အာပုံလို့ခေါ်ပြီးဝယ်တော့ ဈေးသည်က နားမလည်ဘူး။
    ကိုယ်နဲ့အတူပါလာတဲ့သူကလည်း အဲဒါအာပုံမဟုတ်ဘူး၊ တိုရှည်လို့ပြောလို့ ငြင်းလိုက်ရတာ။
    နောက်တော့လည်း အများပြောကြသလို တိုရှည်လို့ပဲ လက်ခံလိုက်ရတယ်။

    Reply

    • surmi

      October 16, 2015 at 10:53 pm

      တိုရှည် အသံထွက်နီးနီးစပ်စပ်က
      တော်ဆယ် လို့ခေါ်ကြတယ် အန်တီမမရေ ။
      တိုရှည်က ဒယ်ပြားပေါ်မှာကြော်ပြီး
      အာပုံက ဒဟ်အိုးခွက်မှာကြော်တာလေ။
      မုန့်နှစ်စပ်တာခြင်းလည်းမတူဘူး ။
      အခုတော့ တိုရှည်သည်တွေ ရှိနေသေးပေမယ့် အာပုံသည်တွေတော့ မတွေ့ရတော့သလောက်ပါဘဲ

      Reply

  • padonmar

    October 16, 2015 at 10:56 pm

    .ရန်ကုန်က ဘယ်လိုခေါ်လို့လဲ။
    .ကျမတို့မြို့မှာတော့ အဲသလိုပဲ ခေါ်တာ။ဒါပေမယ့် ကျမတို့က .သကြားနဲ့ပဲ စားရတယ်။အုန်းနို့မပါဘူး။
    .နောက်ပြီး အာဒက်ဆိုတာ ရှိသေးတယ်။ ဆန်ကြိတ်ထားတဲ့ .အရည် (မတ်ပဲလည်း ထည့်ကြိတ်တယ်ထင်တယ်) .ခပ်များများကို ဒယ်အိုးလုံးလုံးလေးထဲထည့် ၊ဟိုဖက်ဒီဖက်ကျက်အောင် ထား၊သကြားဖြူးပေးတယ်။ နွားနို့ထဲ .ဖဲ့ထည့်ပြီး စားရင် အဆိမ့်တွေ အကုန်ဝင်ပြီး .သိပ်စားကောင်းတာ။ဘိန်းမုန့်လည်း အဲသလိုပဲ နွားနို့နဲ့ .စိမ်စားတယ်။
    .အာဒက်ကို ကြက်ဥနဲ့ လုပ်ခိုင်းလို့လည်း ရတယ်။ ရှယ်ပဲ။ဟိန္ဒူ .ကုလားတွေ ရောင်းတာ။

    Reply

    • surmi

      October 16, 2015 at 11:05 pm

      ရန်ကုန်ကလည်း အာပုံ လို့ဘဲခေါ်တာပါ အန်တီဒုံရယ် .……

      ခက်တာက ဗန်းစကားအနေနဲ့အခြားအဓိပ္ပါယ်တစ်ခုကို ဆွဲသုံးထားတာ ကျနော်တို့ကမသိခဲ့လို့ပါ ။
      အခုတော့ မြန်မာတိုင်း ဂျာနယ်က လူသိရှင်ကြား လုပ်ချလိုက်ပုံက အပေါ်က ပုံမှာတွေ့ရတဲ့အတိုင်းပါဘဲ ။
      ကြည့်ရတာ ဒီပို့စ်မှာပုံတင်ထားပေမယ့် မမြင်ရဘူးထင်တယ် ။
      ရွာဂရုမှာမခိုင်ဇာ ပို့စ်တင်ထားတယ်လေ ။
      အဲ့ဒါမြင်ပြီး အရင်ကအဖြစ်လေးတွေသတိယလာလို့ရေးလိုက်တာ :mrgreen:

      Reply

  • pooch

    October 17, 2015 at 11:01 am

    တခါမှ မစားဖူးဘူး ရယ် စားလို့ကောင်းမဲ့ပုံပဲ မန်းလေးမှာ မရှိဘူးလားလို့
    တိုရှည်လည်း တခါမှ မစားဖြစ်သေးဘူး
    အိမ်က အဒေါ်ကိုမေးကြည့်တော့ တိုရှည်ပဲ သိတယ် အာပုံ မသိဘူး
    အမေ့ကိုတော့ မမေးကြည့်ရသေးဘူး

    အာပုံ ( Indian Snack ) ဆိုရင် ရပြီ မှန်ပြီမလားလို့

    Reply

    • surmi

      October 17, 2015 at 1:27 pm

      အဲဒါ အဲဒါပြောတာလေ :mrgreenn:
      အခုတော့ သူတို့လုပ်မှ ဘာလိုလို ညာလိုလို
      အဲ့သဟာကြောင့် အဲ့ဒီမုန့်မရောင်းကြတာလား မသိ :mrgreen:

      Reply

    • ဟိုးအရင်ကမန်းလေးမှာလည်းအာပုံရှိတယ်။
      ဒါပေမယ့်ဘုရားပွဲတွေမှာဘဲရောင်းတာ
      အခုမရောင်းကြတော့ဘူး။

      ဒေါ် ဆယ်( ခ )တိုရှည်ကတော့

      ပန်းသခင်လက်ဖက်ရည်ဆိုင်မှာရတယ် မယ်ပုရေ

      Reply

  • ဇီဇီခင်ဇော်

    October 17, 2015 at 2:01 pm

    ကျနော်က မုန့် အာပုံ ကို မစားးဖူးးတာ..
    တိုဆယ်တော့ စားးဖူးးတယ် မကြိုက်ဘူးးးး

    ဆာဆာ မုန့်ဝယ် ပုံ က ဝီဝိ ဥပဒေ ညိတယ်ထင်
    :mrgreenn:

    Reply

  • kai

    October 17, 2015 at 2:09 pm

    လစ်ဘရယ်အကြောင်းလိုက်ရှာတာ.. အာပုံ.. အဲ..အဲ.. မိန်းမအခွင့်အရေးအကောင်းဆုံးမြှင့်တဲ့စာတွေ့လို့…

    Reply

    • ဇီဇီခင်ဇော်

      October 17, 2015 at 2:18 pm

      ပုံ ယူသွားဘီ တဂျီးး

      :k:

      Reply

  • ဦးကြောင်ကြီး

    October 18, 2015 at 4:40 am

    .ခြစ်အာပုံ
    .မေတ္တာထုံ
    .ကစ်ကွာအကုန်
    .သစ္စာယုန်။

    Reply

  • Courage

    October 20, 2015 at 8:17 am

    အာပုံ အား အသရေဖျက်မှုဖြင့် မြန်မာတိုင်းစ်ကို တရားစွဲသင့်ပါကြောင့် တောင်းဆိုပါသည်….. အဟိ

    အမှန်အတိုင်းပြောရရင် အာပုံကို လုံးလုံးကို မစားဖူးဘူးဗျ။ ဦးဆာမိပြောမှပဲ စားကြည့်ဦးမှပါလေ…

    Reply

  • Shwe Ei

    October 21, 2015 at 1:24 pm

    -ဝယ်စားလို့ရမဲ့နေရာရှိရင် ပြေးဝယ်လိုက်ချင်တာ..
    -ချိုချိုအီအီ အသံကြားတာနဲ့ သရေယိုနေဘီ 😛

    Reply

  • kai

    October 21, 2015 at 2:16 pm

    ဘာပဲဖြစ်ဖြစ်.. မြန်မာတိုင်းမ်လို.. နိုင်ငံခြားသားဖတ်တဲ့ သတင်းစာကလုပ်ချလိုက်ပြီဆိုတော့… နောက်ပိုင်းဝင်လာမယ့် တိုးရစ်တွေ.. စားဖို့မေးလိမ့်မယ်..။
    ပရိုမိုးရှင်းပေါ့…။

    မုန့်လင်မယားကျ.. ဘယ်လိုပြန်မယ်မသိ..။
    Making love မုန့်လို့များပြန်မလား..။
    ကောင်းတာပါပဲ..။ :k:

    Reply

  • Wow

    October 24, 2015 at 9:39 am

    လှည်းတမ်းလမ်း၊ လှည်းတမ်းဈေးရှေ့.. ဆု ကော်ဖီဆိုင်ရှေ့နားမှာ ညနေဆို အာပုံရတယ်… အာပုံကြိုက်သူများ သွားစားဂျဘာာာ :mrgreen:

    Reply

  • Mike

    October 27, 2015 at 2:08 pm

    .အော်..ဖြစ်မှဖြစ်ရလေ
    .ဗိုလ်လိုပြန်လိုက်မှဂွမ်းသွားတော့တာကိုး Ar Pone အထိလောက်ရေးရင်ရပြီပဲကို :))

    Reply

  • naywoon ni

    October 27, 2015 at 8:10 pm

    ဆာဆာ အဲ့ ဗန်​းစဂါး ကို နီ တစ်​ဂယ်​ မသိဘူး​ပေါ့ အံ့ဘဟယ်​ ဘယ်​နား သွားအိပ်​​ပျော်​​နေဘာလိမ်​့ ။ ခက်​တာက ဗမာ​တွေကလည်​း ​တွေးလိုက်​ရင်​ အဲ့ဘက်​ချည်​့ပဲ ။ ခု​တောင်​လက်​ဖက်​ရည်​ဆိုင်​မှာ ” ​ပေါက်​စီ ဆမူဆာ အီကြာ​ကွေး ” ဤ သုံးမျိုး ခပ်​လှမ်​းလှမ်​းက​နေ ​အော်​မမှာရဲဘူး ။ အဲ့သုံးမျိုးကလည်​း သူ့ သီးခြား အဓိပ္ပာယ်​ တစ်​မျိုးစီ ရှိကြ​တော့သည်​ တစ်​မုံ 🙂

    Reply

  • Crystalline

    January 3, 2016 at 11:03 pm

    ထအာလူးဆနွင်းမကင်းရှာတာ…ဦးဆာရဲ့အာပုံနဲ့တိုး…… :loll: ကီလားစာတွေတော့မကြိုက်.. :))

    Reply

    • ဦးကြောင်ကြီး

      January 6, 2016 at 10:18 am

      ငခွစ်ကို ယီး….. ယီး….. ယီးဇားစာ ပေးမယ်….

      Reply

  • E-မြောက်မြောက်

    January 3, 2016 at 11:27 pm

    ကျနော်လဲ စမူဆာ ရှာနေတာ အာပုံနဲ့ တဲ့တဲ့တိုးပါကရောလားဗျာ
    မထူးပါဘူး ရောက်တုန်းရောက်ခိုက် ကြုံတောင့်ကြုံခဲ တပြားဆွဲသွားလိုက်ဦးမယ်

    Reply

Leave a Reply

Your email address will not be published.