Mr. PocketOctober 7, 20151min05
နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်… ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ… ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ.. ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့ လောကထဲ တစ်ဝမ်းတစ်ခါးစာ စစ်တိုက်ထွက်ကြတယ်..   ရစရာရှိတာ ရဖို့ အတွက် မဖြစ်စလောက်ပေးဆပ်ကြသလို.. အစွမ်းကုန်ပေးဆပ်ကြလည်း မဖြစ်စလောက်လေးနဲ့ တင်းတိမ်ရတဲ့သူတွေ အများပေါ့…   အတ္တတွေအနည်ထိုင် ငါ ငါ ငါ နဲ့ တစ်ကိုယ်ကောင်းဆန် ရွံစရာကောင်းသူတွေက အောင်အလံနဲ့ ပွဲတော်ခံကြတယ်…   အနစ်နာခံ ကိုယ်ကျိုးမငဲ့ကွက် သူတွေက တစ်ခါထပ်ပြီး ရင်ပါနာ ခပ်ဝေးဝေးမှာ ငြိမ်ကုပ်နေရတယ်….၊   အများသိတဲ့အတိုင်း အမှောင်ကအားကြီးလွန်းတယ် မဟုတ်လား… ဘာပဲဖြစ်ဖြစ်လေ… နောက်တစ်နေ့မနက်မှာတော့… နံနက်ခင်း အလင်းတို့ စတင်ဦးမော့လာချိန်… ငှက်တွေလိုအစာရှာထွက်လာတဲ့ လူတွေလူတွေ… ကိုယ်မှန်တယ်ထင်ရာ ယုံကြည်ချက်လက်နက်ကိုဆွဲ.. ကိုယ်နှစ်သက်ရာ မျက်နှာထား ချပ်ဝတ်တန်ဆာတွေကိုဆင်ယင်လို ့ လောကထဲ တစ်ဝမ်းတစ်ခါးစာ […]


Ko out of...October 7, 20151min015
– ငါအခုလို လူဖြစ်လာတာ ရှေးရှေးဘဝက ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့မိဘ၏ မေတ္တာစေတနာ အနစ်နာ စသည့် စသည့်ဖေါ်ပြလို့မကုန်နိုင်သည့် ငါ့မိဘ၏ကျေးဇူးတရားများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်… – ငါအခုလို ဖြောင်းသန်းသည့် ခရီးလမ်း လျှောက်လမ်းနိုင်တာ ရှေးရှေးဘဝက ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့ကို သွန်သင်ဆုံးမ လမ်းညွှန်ပြသည့် ဆရာသမားကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်…. – ငါအခုလို လောကအလည်မှာ အဆင်ပြေနေတာ ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘဝ ငါ့ကိုကူညီဖေးမ စောင့်ရှောက်ကြသည့် အပေါင်းအသင်းမိတ်ဆွေများနှင့် လူသားအများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်… ဘဝ၏အကောင်းအဆိုး အကြောင်းအကျိုးမှန်သမျှ ရှေးဘဝ ကုသိုလ်ကံက ပြဌာန်းတာမှန်ရင် လက်ရှိ ဘဝ ဇွဲလုံးလဝိရိယ ပြော၊ပြု၊၊နေကြ ပစ္စပန်ကံမှန်သမျှတွေကို အသိအမှတ်မပြုရာရောက်သလို မိမိကိုယ်မိမိမပိုင် သူများချုပ်ကိုင်ရာနောက် တကောက်ကောက်လျှောက်လမ်းကြပေရဦးမည်….ဒါကြောင့် စဉ်းစားမျှော်မြင် ဆင်ခြင်ကြလော???….


Mr. PocketOctober 6, 20151min01
သူမနဲ့အတူ လက်တွဲပြီး ဟိုး… အိမ်မက် မြစ်ဖျားကစ တို့နှစ်ယောက် တွေ့နေကျနေရာလေးကို တစ်လှမ်းချင်း လှမ်းလာခဲ့တယ်… သူမနဲ့အတူနေထိုင်ဖို့ တိမ်တိုက်တွေနဲ့ စံပျော်ရာဘုံလေးဆောက်ထားတယ်… အိမ်မက်သစ်ပင်လေးတွေကို စိတ်ကူးဥယျာဉ်ထဲမှာ ပျိုးထားတယ်.. သူမနဲ့အတူ အရိပ်လည်းနေမယ် အခက်လည်းချိုးမယ်… ပြီးနောက်… အာဒံနဲ့ဧဝတို့ဝဝလင်လင် မစားလိုက်ရတဲ့ အသီးတစ်မျိုးကို တို့နှစ်ယောက်ညစာအဖြစ် စားသုံးပြီးတဲ့နောက်မှာ.. နားခိုရာ ကြယ်စင်တွေကြား… ကိုယ်တို့နှစ်ယောက်လုံးကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ထပ်ကာထပ်ကာနဲ့ အဆက်မပြတ်ဖွင့်ထားမယ်.. ခွဲခွာချိန်ရောက်တော့ အိပ်စက်ရာကနေ ဘယ်သူမှ မနှိုးထရဘဲ နိုးထလာခဲ့တယ်… ငါဟာ သူမနဲ့ အိမ်မက်ထဲမှာ ဘဲ တွေ့ဆုံခွင့်ရခဲ့တယ်…    


ဇီဇီOctober 5, 20151min013
ကာတွန်းကားလေး တစ်ကား အကြောင်းပြောချင်တယ်။ ကာတွန်းကားထက်ပိုတဲ့ ကာတွန်းကား လေးမို့ပါ။ သာမာန်အားဖြင့် ကာတွန်းကား တစ်ကား ကို ကြည့်ဖို့ ကျနော် ပျင်းတတ်ပါတယ်။ သူတို့ ကာတွန်းကားတိုင်း ကောင်းတာမှန်းသိသိကြီးနဲ့ကို စကြည့်ဖို့ ဝန်လေးမိတာပါ။       Inside Out (2015) ဆိုတဲ့ ကားလေးကိုလည်း ဒီလိုပဲ။ စိတ်မပါ လက်မပါနဲ့ စကြည့်ဖြစ်တဲ့ အချိန်ကနေ နောက်ပိုင်းမထတမ်း ပြီး တဲ့ထိ ကြည့်မိအောင် ဆွဲဆောင်နိုင်တာကို ပြောပြချင်လာတာပါ။ Rating – 8.5/10 ဇာတ်လမ်းကတော့ သဘောပေါက်လွယ်ပါတယ်။ ကာတွန်း မောင်မောင် (လို့ထင်ပါတယ်) ဦးခေါင်းထဲက ဌာနလေးတွေ အလုပ်လုပ်ပုံ ကာတွန်းကို ဖတ်ဖူးရင် ပိုသဘောပေါက်လွယ်ပါတယ်။ နားတွင်း အလုပ်လုပ်ပုံ၊ မျက်လုံး အလုပ်လုပ်ပုံ […]


“သံယောဇဉ်အဖွဲ့”   တကယ်တမ်းပြောရရင် အိမ်မွေးတိရိစာ္ဆန်တွေနဲ့ ကျနော်ယဉ်ပါးခြင်းမရှိခဲ့။ အိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေရှိပေမယ့် ကျနော်က ဖာသိဖာသာနေတတ်သူ။ ဒါပေမယ့်လည်းတိရိစာ္ဆန်မုန်းတီးသူတော့လဲမဟုတ်။ ပွတ်သီးပွတ်သတ် တယုတယ မနေတတ်သူ လို့ဆိုကြပါစို့။ ပြီးခဲ့တဲ့ နှစ်ကတော့ အလုပ်တာဝန်အရ တစ်မြို့တစ်ရွာကို သွားနေရပါတော့တယ်။ ကျွန်တော်နဲ့အတူနေတဲ့ သူက “ငါးချစ်သူ”။ အိမ်မှာရွှေငါးတွေကို ကန်ကြီး ကန်သေးတွေနဲ့မွေးထားတဲ့သူ။ နေ့စဉ် နေ့တိုင်း ငါးတွေကို အစာကျွေးတာ ငါးအညစ်အကြေးတွေကို ဆယ်ပြီးလွှင့်ပစ်တာ သူ လုပ်သပေါ့။ ငါးကန်အကြီးထဲမှာ ဗိုက်ပူပူငါးလေးတွေနဲ့ခေါင်းလုံးလုံးထူထူငါးလေးတွေက ခြောက်ကောင်ရှိပါတယ်။ မြူနီစပါယ်ငါးလို့ခေါ်တဲ့ ရေညှိတွေကိုစားတဲ့ အမဲရောင်ငါးကတစ်ကောင်။ စဉ့်အင်တုံကြီးထဲမှာတော့ ဒေါင်းမြီးကွက်လိုငါးလေးတွေ အနီရဲရဲငါးလေးတွေက အကောင်နှစ်ဆယ်ကျော်လောက်။ လက်ဆေးကန်နားက မှန်ကန်လေးထဲမှာတော့ ငါးပေါက်စလေးတွေက အုံခဲနေလိုက်တာ ဘယ်နှစ်ကောင်မှန်းမသိလောက်အောင်များပါတယ်။ မနက်မနက်ဆိုရင်အစောကြီးထပြီး ငါးတွေကိုအစာကျွေးရပါတယ်။ ငါးအကြီးအတွက်ကတော့ ဘူုးကြီးနဲ့ထည့်ထားတဲ့ ငါးစာနီညိုရောင်အလုံးလေးတွေ။ ငါးအလတ်တွေအတွက်တော့ ဘူးအသေးလေးထဲကငါးစာအမူန့်တွေ။ မွေးခါစ […]


“ဘဝပန်းချီ” ဘဝ ဆိုသဟာကြီးမှာ ပါဝင်ကပြခြင်းအတွက် ကိုယ်တိုင် ဇာတ်လမ်းရွေးချယ်ခွင့်မရှိ။   ဇာတိ မှ ဇရာ ဗျာဓိ  မရဏာ အဆုံး သီကုံးရေးအပ် သတ်မှတ်ပေးထားသော ဇာတ်လမ်းတွင်သာ ပါချင်လဲပါ မပါချင်လဲပါ က ချင်လည်းက မက ချင်လဲက ဘဝဇာတ်ဆရာ အလိုတော်အတိုင်းသာ။   အစုံစုံသော ဘဝထဲမှာ တောင်းရမ်းသူ  ပေးကမ်းသူ ရောင်းသူ ဝယ်သူ လည်သူ နားသူ စားသူ မျှော်သူ မတူသော အရောင်များဖြင့် ဖွဲ့စည်းအပ်သော ပန်းချီကားအလား အချို့အဆင်းလှ အချို့အဆင်းမလှ အချို့ ချမ်းသာ ထားစရာနေရာမရှိ အချို့ကား စားစရာပင်မရှိအောင်ဆင်းရဲ ကံထူး ကံမြတ် ကံထပ် ကံပွင့် ကံလွင့် ကံမွဲ ကံနည်း ကံဆိုး အမျိုးမျိုးသောကံ […]


Mr. PocketOctober 2, 20151min04
ငါ့မျက်ရည်ကျတဲ့အခါ … အပိုတွေလို့နင်ပြောတဲ့အခါတိုင်း ကမန်းတမ်းနဲ့ ကျပြီးသားမျက်ရည်တွေ ပြန်ကောက်သိမ်းရတာ အမော…. ငါဟာနင်ပေးတဲ့ပျော်စရာတွေကို အားပါးတရ သုံးဆောင်ဖို့ပြင်တဲ့အချိန်တိုင်း…. နင်ပသတဲ့ ဝမ်းနည်းခြင်းအာဟာရတွေကိုသာ ဖြည့်တင်းခဲ့ရတာပါ…… တကယ့် တကယ်တော့… ငါဟာ ဥပေက္ခာပြုခံထားရတဲ့ စာခြောက်ရုပ်.. ငါဟာ အထီးကျန်ခြင်းမုဆိုးရဲ့ ဝမ်းစာဖြေဖို့အတွက် သားကောင်… ငါဟာ ဥပေက္ခာပြုတတ်သူတို့ရဲ့ အခမ်းအနားနဲ့ ဝေဒနာပေးအပ်ခြင်းခံရသူ… ငါဟာ အသက်ကိုဝဝရှုတဲ့ သက်မဲ့တစ်ကောင်… တကယ့်တကယ်တော့… ငါဟာ နှလုံးသားကို လျိုသပ် ကြိုးပေါင်းများစွာသွပ်သွင်းလို့.. နင့်ပါးစပ်အလှုပ်မှာ ကွေးနေအောင် ကရတဲ့… ဖေဇော်ဂျီ အရုပ်လေးတစ်ရုပ်…….။      ။  


Mr. PocketOctober 1, 20151min010
လက်နဲ့နှိုက်ကြည့်ခိုက် မိမိရရဘာမှ မစမ်းမိခဲ့… ဗလာ နဲ့ နတ္ထိ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကြတဲ့ နေရာလေး…။ အမှားအမှန်မသဲကွဲ… အနိုင်အရှုံး မထင်ပေါ်တဲ့ နေရာလေး….။ မျှော်လင့်ချက်တွေ အစပျိုးသလို… သေဆုံးသလို ဘာမှမရေရာတဲ့ အနာဂတ်တစ်ခုက စတင်အမြစ်တွယ် ခဲ့…. အော်မိခင်…. ဖခင်မရှိတဲ့ နေရာလေးမှာ ငါ့ကိုမွေးဖွားခဲ့လေတယ်ကွယ်… ထားပါလေ… ဒါက ကိုယ့်ကံပဲလေ….။ ငါ့နေရာဝင်မဲ့ နောက်ထပ်ငါ့လိုလူ …. ငါ့လိုကံနဲ့ဝေး.. ဖထွေးနဲ့ဝေးပါစေ…….။    ။


ဇီဇီSeptember 30, 20151min028
ငိငိငိ။ ဘာမှ မဟုတ်ဘူးး ရွာထိန်း လူနည်းတုန်း ကိုယ် ကြွားချင်တာလေး လာထားတာ။ ဟိ။ :mrgreenn: . ဂဂ စီစဉ်တဲ့ Food Magazine မှာလေ ဝါသနာရှင် ချက်ပြုတ်နည်းမှာ သများ ပါတယ်။ :mrgreenn: :mrgreenn: :mrgreenn:         အာ့ဒါ သများလို့ လာပြောတာ။ ငိငိ။ :aa: ရန်သူက နည်းတယ်ဆိုတော့ ချောင်းရိုက်မှာ မကြောက် ဘာမကြောက် လာကြွားတာ အဟေးဟေးဟေးးး :kwi: ~~~~~~~~~~~~~~~~~~~~~   ဘီယာဘဲ       ပါဝင်ပစ္စည်း . ၁) ဘဲ – တစ်ကောင် ၂) ရှောက်ကောမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း […]


alinsettSeptember 29, 20151min020
အမေစု သို့–>>   —– ဒီနေ့မနက် ကျနော့်ကားကို အမျိုးသမီးတစ်ယောက် ငှားတယ်၊၊   မဂ်လာဒုံ ပန်းခြံကုန်းမှတ်တိုင်(ပြည်လမ်းပေါ်)နားက စစ်တပ်မိသားစုလိုင်းခန်းတွေထဲကို ငှားတာ၊၊ ပြည်လမ်းပေါ်ကနေ လိုင်းခန်းတွေရှိရာ ခြံဝန်းကြီးထဲ ချိုးကွေ့ဝင်ရမှာပေါ့၊၊   ဝင်ပေါက်ထဲကို ချိုးကွေ့အဝင်မှာပဲ အပေါက်စောင့်စစ်သားနဲ့ ကျနော် ပြဿနာတက်တယ် အမေစုရေ၊၊   ကျနော့်ကားကို အထဲ ဝင်ခွင့် မပေးနိုင်ဘူးတဲ့၊၊ စစ်သားတွေရဲ့ မျက်နှာက တင်းပြီး ထန်နေတာပဲ၊၊   ကျနော်က ဘာကြောင့်လဲ လို့ ပြန်မေးတာပေါ့၊၊ ကျနော့်အရှေ့မှာတင် တခြား Taxi တစ်စီး ဝင်သွားတယ်လေ၊၊ Taxi မဝင်ရလို့လည်း စာမရေးထားပါဘူး၊၊   ဝင်ခွင့်မပေးရတဲ့အကြောင်းက ကျနော့်ကားမှာ NLD အလံ တပ်ထားလို့ပါတဲ့၊၊   ဖြစ်ရလေ ဝိုင်းစိန်ရယ်—- […]


CourageSeptember 28, 20151min016
ရှက်လိုက်တာ လက်ကုန်ပါပဲ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီနေ့ကျောင်းကအပြန် ဗိုက်နည်းနည်း ဆာလာတာနဲ့ အိမ်ကိုတန်းမပြန်ပဲ အိမ်နားက လက်ဘက်ရည်ဆိုင်ကို ဝင်ထိုင်လိုက်တယ်ပေါ့။ အဲ့ရောက်တော့ လက်ဘက်ရည်ရယ် ကြက်ဥပလာတာရယ်မှာပြီး အိပ်ထဲပါလာတဲ့ ipadကိုထုတ်ပြီး ဆရာ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထုကိုဖတ်လိုက်တယ်လေ။ သိပ်မကြာခင်အချိန်မှာ ဆိုင်ထဲကို အမျိုးသမီးနှစ်ဦး (အရွယ်ကတော့ သိပ်မကြီးသေးပါဘူး ကိုယ်တွေနဲ့မတိမ်းမယိမ်းလောက်ပဲ ရှိမှာပါ) ဆိုင်ထဲကိုဝင်လာတယ်။ တစ်ယောက်က ဖူးစကဒ်ဆိုဒ် စာအုပ်လေးကိုင်လို့ တစ်ယောက်က ယူခူလီလီ(Ukulele) ဂစ်တာလေးကိုင်လို့။ သိလိုက်ပါပြီ… ဒါအလှူခံတွေပဲ ဆိုတာကိုလေ။ ဒါနဲ့ပဲ နဂိုကတည်းက သဒ္ဓါတရား ထက်သန်သူဖြစ်တဲ့အလျောက် မျက်လုံးတောင် ပင့်မကြည့်တော့ပဲ မသိချင်ယောင်ဆောင်နေလိုက်တယ်လေ။ ဒါမဲ့ သိပ်မကြာပါဘူး ရှေ့ကဝိုင်းကို အလှူခံ ဂျေဆင်မရပ်စ်ရဲ့ အိုင်အမ်ရော့စ် သီချင်း တစ်ပိုင်းတစ်စဆိုပြပြီး အနားကိုရောက်လာလေရဲ့။ ပြောပြီးသလိုပဲ သဒ္ဓါတရားက သိပ်ကောင်းတာဆိုတော့ […]


မြစပဲရိုးSeptember 26, 20151min014
သူ မရှိတဲ့ အချိန် ဘယ်သူ့ ကို အားကိုးကြမလဲ တဲ့။ အဖြေ က ရှင်းရှင်း လေးပါ။ “စနစ်ကောင်း” တစ်ခု ကို အားကိုးချင် ပါတယ်။ “အားကိုးချင်” လို့ဘဲ ပြောတာ က “အားကိုးလို့ မရနိုင်သေး” လို့ ဆိုပါတယ်။ ဘယ်လူ ကို မှ ကြည့်နေ အားကိုး နေစရာ မလို တဲ့ ကောင်းမွန် ပြီး အားကိုးရတဲ့ စနစ်ကောင်း လေး တစ်ခု ရ အောင် လားရာတူ ကို ဝိုင်းပြီး တွန်း ပေးကြပါ။ ဒီတစ်ခါထဲ ပါ။ ဒီလို လူ တစ်ယောက် နောက်ထပ် မရနိုင်တော့ လို့ပါ။ သူ မရှိ […]


ဒီမနက် အိပ်ယာကနိုးနိုးခြင်း မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ၈နာရီကွက်တိ။ စိတ်ထဲ အတော်ကျေနပ်သွားတယ်။ ခါတိုင်းနေ ့တွေထက် နာရီဝက် တစ်နာရီပိုစောနိုးနိုင်လို ့။ ကွက်တိနိုးပေမပေါ ့ ဖုန်းနာရီကို alarm ပေးထားသကိုး။ တတီတီမြည်နေတဲ ့ ဖုန်းalarmကိုပိတ်ပြီး ဟိုတစ်လောက အင်တာနက်လေလိုင်းကနေတဆင် ့ ဖုန်းမန်မိုရီထဲရောက်လာတဲ ့ ဆံပင်ဖို ့ရိုးဖားယား  အမည်မှန်မသိရတဲ ့ နတ်မိမယ်လေးတစ်ပါးကို goodmorning အာဘွား တစ်ချက်ပေးလိုက်ပြီး တဖက်ကိုစောင်းလှဲ ့မှောက်လဲအိပ်လိုက်ရင်း ဒီကနေ ့ လုပ်ရမယ် ့ အစီအစဉ်တွေကို စဉ်းစားနေကြည် ့လိုက်တယ်။ ပထမဦးဆုံး အိပ်ယာကထမယ်။ ( ဒီအလုပ်က ဒီကနေ ့လုပ်ရမယ် ့ အလုပ်တွေထဲမှာ အခက်ခဲဆုံးနဲ ့ အပင်ပန်းဆုံးအလုပ်တစ်ခုဖြစ်လိမ် […]